Yangon Healthcare Unit
Emergency, hospital hotlines and supplies contact will also be provided accordingly. ကျွန်တော်တို့ Yangon Healthcare Unit Channel မှ Oxygen ဖြည့်တင်းနိုင်မည့်နေရာတွေကို မနက် (၉ နာရီ) ဝန်းကျင်တစ်ကြိမ်, ညနေ (၃ နာရီ) ဝန်းကျင် တစ်ကြိမ်, ည (၁၂နာရီ) တစ်ကြိမ်ကိုယ်တိုင်ဖုန်းဆက် အတည်ပြုပြီး တင်ပေးသွားမှာဖြစ်ပါတယ်။
အရေးပေါ် ကယ်ဆယ်ရေးနဲ့ ဆေးရုံတွေရဲ့ ဆက်သွယ်ရန် ဖုန်း၊ လိပ်စာတို့ကိုလည်း တစ်နေ့တစ်ခါ မနက် ၁၀ နာရီဝန်းကျင်မှာ တင်ပေးပြီး Pin Post လုပ်ပေးထားမှာ ဖြစ်ပါတယ်။
Telegram: @healthcareunit
#YHU
30/08/2022
ယခုလို ခက်ခဲတဲ့အချိန်ကာလတွေမှာ လူတိုင်းဟာ စိတ်ဖိစီးမှုအနည်းနှင့်အများ ဖြစ်လေ့ရှိကြပါတယ်။ သိသာထင်ရှားတဲ့လက္ခဏာတွေကတော့ အိပ်ရခက်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ ဝမ်းနည်းနေခြင်း၊ အာရုံစူးစိုက်ရန်ခက်ခဲခြင်း၊ အလွယ်တကူ စိတ်အနှောင့်အယှက်ဖြစ်တတ်ခြင်း၊ မျှော်လင့်ချက်မဲ့နေခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုမရှိတော့ခြင်း စတာတွေပဲဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာနေခြင်းဟာလည်း ခန္ဓာကိုယ်ကျန်းမာခြင်းနည်းတူ အရေးကြီးတာကြောင့် နေ့စဥ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကြားမှာ မိမိရဲ့စိတ်ကျန်းမာရေးကို မေ့လျော့နေလို့မဖြစ်ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုတွေကနေကျော်လွှားပြီး နေ့ရက်တွေကို အဆင်ပြေပြေဖြတ်သန်းနိုင်ဖို့ နည်းလမ်းအချို့ကို မျှဝေပေးချင်ပါတယ်။
နည်းလမ်းတွေကတော့ -
💌 အရာရာကိုအကောင်းမြင်စိတ်ထားပါ
💌 မျှော်လင့်ချက်ထားပါ
💌 ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာကိုစားပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
💌 အွန်လိုင်းလူမှုကွန်ယက် အသုံးပြုမှုကို လျော့ပါ
💌 တရားထိုင်ပါ
💌 မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတို့ကို ခံစားချက်ဝေမျှပါ
နေ့စဥ်ဘဝမှာ စိတ်ဖိစီးမှုကင်းကင်းနှင့် ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ယခုပြောပြတဲ့အချက်လေးတွေက အထောက်အကူဖြစ်စေမှာပါ။ မိမိချစ်ခင်ရသူတွေအတွက်လည်း ဒီနည်းလမ်းကောင်းလေးတွေကို မျှဝေပေးဖို့ မမေ့နဲ့ဦးနော်။ 💌
06/03/2022
⛔️ နိုင်ငံ တော်တော်များများမှာ Omicron ရဲ့ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ BA 2 ရဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပါပြီ ⛔️
Omicron ထက်အဆပေါင်းများစွာ ကူးစက်လွယ်တဲ့ BA 2 Virus ကို ခံစားရပြီဆိုရင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်ပြီး Delta ကဲ့သို အဆုတ်လေပြွန်ကို တိုက်ရိုက်သက်ရောက်တာဖြစ်လို့ ယောင်ရမ်းပျက်စီးစေနိုင်ပါတယ်။
အခုလက်ရှိမှာဆိုရင် ဟောင်ကောင် နဲ့ ထိုင်ဝမ်မှာ အပြင်းအထန်ဖြစ်ပေါ်နေပြီး အနောက်နိုင်ငံတော်တော်များများကိုလည်း ကူးစက်ပျံ့နှံနေပြီဖြစ်ပါတယ်။
အရင်ရက်သတ္တပတ်တုန်းကဆိုရင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ကူးစက်မှုနှုန်း ၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲအစည်း (W. H. O) ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါတိုမှာလည်း စ,တင်ဖြစ်ပေါ်နေပြီဆိုတာ သိထားရပါတယ်
ဒါပေမယ့် Omicron BA 2 မှာဆိုရင် အရင်က Covid တိုလို စမ်းသပ်လို့ မရနိုင်ဘဲ ရောဂါလက္ခဏာတွေပြသမှသာ သိရှိနိုင်တာဖြစ်လို့ သတိထားကာကွယ်စေချင်ပါတယ်။
🚫 ဗဇပြောင်းမျိုးကွဲ BA 2 က ပုံမှန်ထက်လည်း အကူးမြန်သလို ခန္ဓာကိုယ်ထဲမှာ Syncytia ပိုးတွေ မျိုးပွားနိုင်တာဖြစ်လို့ ကူးစက်ခံရတာနဲ့အမျှ အဆုတ်ကို ထိခိုက်လာနိုင်ပြီး လေပြွန်ပျက်စီးခြင်းနဲ့ သွေးကြောမျှင်ပိတ်ဆိုခြင်း စတာတွေ ဖြစ်စေလာနိုင်ပါတယ်။
ဒီကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး လူတိုင်းသိချင်နေကြတဲ့ အချက် (၂) ချက်ရှိပါသေးတယ်။
✅ BA 2 ရဲ့ ဖြစ်ပွားမှုနှုန်းက Omicron ထက် အရှိန်မြင့်နိုင်လား?
✅ အရင် Covid တုန်းကကဲ့သို ရောဂါပြင်းထန်သူတွေကို ဆေးရုံမှာထားရမလား? ဆိုတဲ့မေးခွန်းတွေပါ။
ဒါပေမယ့် ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဆေးပညာရှင်တွေမှာ တိကျတဲ့အဖြေ မရှိသေးပါဘူး ❎
📌 ဒန်းမတ်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ အဆိုအရဆိုရင် ဒီ BA 2 ရောဂါပိုးဟာ ယခင် Omicron ဖြစ်ဖူးတဲ့သူတွေဆီကိုလည်း ပြန်လည်ကူးစက်နိုင်ပြီး ပိုမိုပြင်းထန်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။
📌 BA 2 ရဲ့ ကူးစက်နိုင်စွမ်းက အရင်က Covid Shield ကို အကြိမ်ရေအပြည့်ထိုးထားတဲ့သူတွေအပါအဝင် Covid ဖြစ်ဖူးတဲ့သူတွေကိုပါ ပြန်လည်ကူးစက်နိုင်ပါတယ်။ အကယ်၍ ဒီလိုလက္ခဏာလေးတွေပြရင် သတိထားနေထိုင်ဖို့ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။
⚠️ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်အတွင်းမှာ လည်ချောင်းနာပြီး နှာစေးခြင်းဖြစ်ခဲ့ပြီး ဒီရက်ပိုင်းမှာ အရင် Covid ဖြစ်ခါနီးတုန်းကလို လက္ခဏာတွေ ပြန်ပြလာရင် သတိထားနေထိုင်ဖို့လိုအပ်ပါတယ်။
🚫 ဥပမာ အနံ့ပျောက်ခြင်း ၊ လည်းချောင်းနာခြင်း ၊ ကိုက်ခဲခြင်း
ဒါ့ကြောင့် Test Kit စစ်ဆေးလို့ မရတာဖြစ်လို့ Positive ဖြစ်မှန်းမသိနိုင်လို အရင် Covid ကလိုမျိုး လက္ခဏာတွေ ပြန်လည်ပြသလာပြီဆိုရင် သတိရှိထားကြဖို့ လိုအပ်ပါတယ်နော်။
Ref: CNBC Website
Link: https://tinyurl.com/cuhm83u8
11/02/2022
အဝေဖန်ခံရရင် ဘယ်လိုရင်ဆိုင်ကြမလဲ?
လူတွေက တစ်ယောက်ထဲမနေတတ်ကြတဲ့ သူတွေမို့ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုတွေနဲ့ နေ့စဉ် ဆက်ဆံရပါတယ်။
လူအမျိူးမျိူး၊ စိတ်အထွေထွေမို့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောတဲ့အခါ ဝေဖန်မိတာမျိူးလဲ ရှိနိုင်ပါတယ်။
ရည်ရွယ်ပြီး ဝေဖန်တာဘဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲ ဝေဖန်တာဖြစ်ဖြစ် ကိုယ်မနှစ်သက်တဲ့ စကားကို ကြားရရင် စိတ်ထဲမှာ ခံစားရတတ်ပါတယ်။
တစ်ချိူ့တွေကတော့ အဝေဖန်ခံရလဲ ဘာမှမဖြစ်ပေမယ့် တစ်ချိူ့ကတော့ သူပြောလိုက်တဲ့ စကားကို ခဏခဏ ပြန်တွေးပြီး ကိုယ့်ရဲ့ ယုံကြည်မှူကို ထိခိုက်စေတာမျိူးပါ။
ဥပမာ - ကိုယ်သဘောကျတဲ့ အင်္ကျီလေးဝယ်လာမယ်၊ ကိုယ်နဲ့ လိုက်မယ်လို့ ထင်လို့ ပျော်နေတယ်၊ ဒါပေမယ့် သူငယ်ချင်းက နင်နဲ့ အဲ့ဒါနဲ့ မလိုက်ဘူးလို့ ပြောလိုက်တဲ့ အခါ တစ်ကယ်မလိုက်ဘူးလားလို့ ကိုယ့်ကိုကိုယ် သံသယဖြစ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှူ လျော့ကျသွားတာမျိူးပါ။
ဒီလို အဝေဖန်ခံရတဲ့အခါ
⚡️ကိုယ့်ရဲ့ ရှိရင်းစွဲယုံကြည်မှုလေး လျော့နည်းသွားမယ်
⚡️ဝေဖန်တဲ့သူကို ရှောင်ချင်လာမယ်
⚡️တခြားသူတွေရဲ့ အမြင်ကို ပိုဂရုစိုက်မိလာမယ်
ဒီလိုမျိူးလေးတွေ ဖြစ်တတ်ပါတယ်။
ဘယ်လိုရင်ဆိုင်ကြမလဲ?
☀️မိမိရဲ့ ယုံကြည်မှူကို ပြန်လည်တည်ဆောက်ဖို့ ကိုယ့်ကိုကိုယ် ပြန်လည်မေးကြည့်ပါ။
ကိုယ့်အမြင်ထက် သူများတွေ အမြင်က တကယ်ပိုအရေးကြီးသလားဆိုတာ ပြန်လည်ဆန်းစစ်ပါ။
☀️ကိုယ့်ရဲ့ ထူးခြားမှုကို ကိုယ်အသိအမှတ်ပြုပါ။ ကိုယ့်ရဲ့ ပင်ကိုယ်အကျင့်၊ ပုံစံအမှန်၊ အတွေးအခေါ်ကို ဘယ်သူမှ အသိအမှတ်မပြုရင်တောင် ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပေးပါ။
☀️စိတ်ဓာတ်ကျစေမယ့်အတွေးတွေကို လျှော့ချပါ။ တခြားသူပြောတဲ့စကားကို ထပ်တလဲလဲတွေးနေမိရင် ဒါသူတစ်ယောက်ထဲရဲ့ အမြင်ဆိုတာ မမေ့ပါနဲ့။ သူအမြင်က မှန်ပြီး ကိုယ့်အမြင်မှားနေတယ်လို့ တွေးပြီး စိတ်ဓာတ်ကျနေမယ့်အတွေးတွေကို လျှော့ချပေးပါ။
☀️ကိုယ့်ကိုကိုယ်ယုံကြည်မှု တည်ဆောက်တဲ့အခါ စိတ်ရှည်ပေးပါ။
☀️အရမ်းကြီး ဖိအားမပေးဘဲ ကိုယ့်ရဲ့ တန်ဖိုးရဲ့ မူလပုံစံကို လက်ခံပေးတဲ့ပတ်ဝန်းကျင်မှာလဲ နေနိုင်ဖို့ ကြိုးစားပါ။
❤️ မိမိကိုယ်ကိုယုံကြည်မှု ရှိနိုင်ကြပါစေ။ ❤️
shorturl.at/LSTZ8
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
11181