Future Computer Training and Sale Center

Future Computer Training and Sale Center

Share

19/02/2024

တွေ့ရာဖိုင်တွေ လျှောက်ပြီး download မဆွဲကြနဲ့အုံး😬
လိုအပ်လို့ download ဆွဲမယ်ဆိုရင်လဲ သေချာစစ်ဆေးလေ့လာပြီးမှလုပ်ကြပါဗျ🤧

Photo crd

13/12/2023

သူလဲ ရေချိုးချင်ရှာမှာပေါ့🤧

Photo crd

24/11/2023

❗အခမဲ့ ကွန်ပျူတာသင်တန်း❗

😇Future Computer သင်တန်းကျောင်းမှ စေတနာရှေ့ထားပြီး ဖွင့်လှစ်ပေးတဲ့ အတန်းလေးဖြစ်ပါတယ်။ Online Classမဟုတ်ပါ။ သင်တန်းကျောင်းမှာ လာတက်ရမှာဖြစ်ပါတယ်ဗျ။စိတ်ပါဝင်စားပါက အဆုံးထိဖတ်စေချင်ပါတယ်ဗျ။😇

📌နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ နောက်ကျမကျန်ခဲ့ဖို့အရေးကြီးပါတယ်။ နောက်ကျ မကျန်ဖို့အတွက်ဆိုရင် အနဲဆုံးတော့ ပညာရပ်တစ်ခုခုကို တတ်ကျွမ်းထားဖို့လိုအပ်ပါတယ်။ အဲ့လိုပညာရပ်တွေထဲမှာဆိုရင် ကွန်ပျူတာပညာရပ်ဟာလဲ မရှိမဖြစ် တတ်ထားသင့်တဲ့ ပညာရပ်တွေထဲက တစ်ခုအပါဝင်ဖြစ်ပါတယ်။
ဒါ့ကြောင့်ပဲ မသိလိုက်ရ၊မတက်လိုက်ရ မရှိရလေအောင် အခုပဲ Future Computer မှာစာရင်းပေးသွင်းပြီး မိမိတို့ရဲ့ Skillတွေကို Upgrade လုပ်လိုက်ပါ။📌

📢 လစဉ် အခမဲ့ ကွန်ပျူတာအခြေခံသင်တန်းများအတွက် စုစုပေါင်း သင်တန်းသား (၃၀) သာလက်ခံပါမည်။ စာရင်းတွေလာပေးထားလို့ ရပါပြီဗျ။ 📢

ဘယ်လိုလူတွေ တက်ရောက်သင့်လဲ
✅ကျောင်းသား/ကျောင်းသူများ
✅ကွန်ပျူတာ မသုံးဖူးသေးသော သူများ
✅ကိုယ်ပိုင် ကွန်ပျူတာမရှိသေးသူများ
✅ကွန်ပျူတာအ‌ေကြာင်း စိတ်ပါဝင်စားသူများ
✅ကွန်ပျူတာကို ပြန်လည်၍ လေ့ကျင့်လိုသူများ
✅Office Staff အလုပ်လျှောက်ထားမည့်သူများ
✅လုပ်ငန်းခွင်ဝင်မည့်သူများ

ဘာတွေသင်ကြားပေးမှာလဲ
📖 သင်ကြားပေးမည့် သင်ခန်းစာများ 📖
⭕Computer Essential for Beginners ⭕Microsoft Word ⭕Microsoft Excel ⭕Microsoft PowerPoint ⭕Email and Internet
===========================
🔸 သင်တန်း အချိန်ဇယားများ 🔸
For Class A1
📆 တနင်္လာ - အင်္ဂါ (တပတ်၂ရက်)
🕗 1:00PM - 3:00PM
သင်တန်းစမည့်ရက် - 4 Dec

For Class A2
📆 ဗုဒ္ဓဟူး - သောကြာ (တပတ် ၃ ရက်)
🕗 9:00AM - 10:30AM
သင်တန်းစမည့်ရက် - 4 Dec

For Class B1
📆 ဗုဒ္ဓဟူး - သောကြာ (တပတ် ၃ ရက်)
🕗 1:00PM - 2:30PM
သင်တန်းစမည့်ရက် - 4 Dec

For Class B2
📆 ဗုဒ္ဓဟူး - သောကြာ (တပတ် ၃ ရက်)
🕗 5:30PM - 7:00PM
သင်တန်းစမည့်ရက် - 4 Dec

For Class C1
📆 စနေ - တနင်္ဂနွေ (တပတ်၂ရက်)
🕗 9:00AM - 12:00PM
သင်တန်းစမည့်ရက် - 2 Dec

For Class C2
📆 စနေ - တနင်္ဂနွေ (တပတ်၂ရက်)
🕗 1:00PM - 4:00PM
သင်တန်းစမည့်ရက် - 2 Dec
===========================
🚨 Certificate နဲ့ Exam fees အတွက်တော့ ၂၅၀၀၀ ကျပ်သွင်းပေးရပါမယ်ဗျ။ တခြားဘာေကြးမှ ထပ်မံပေးသွင်းဖို့ မလိုတော့ပါဘူးဗျ။ 🚨

🏆အတန်းချိန်မှန်မှန်တက်ပြီး Exam ဖြေဆိုအောင်မြင်‌ေသာ ကျောင်းသား၊ကျောင်းသူများကို သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမှာ ဖြစ်ပါတယ်ဗျ🏆

⚠️အပြင် သင်တန်းဖြစ်သောကြောင့် အတန်းကို စောစောလာေရာက်ပေးဖို့လိုအပ်ပါတယ်ဗျ။⚠️

🛑အတန်းတက်ရန် Page Messenger တွင် အခမဲ့အတန်းစုံစမ်းရန်ဟူေသာ စာသားကိုနှိပ်ပြီး အချက်လက်ဖြည့်ကာ စာရင်းေပးသွင်းနိုင်ပါပြီ။🛑

🚌 သင်တန်းသို့ရောက်ရှိသော YBS ကားနံပါတ်များ
111/103/112အစရှိသော ကားနံပါတ်များအား စီး၍ "70ရုံးရှေ့ မှတ်တိုင်"မှာ ဆင်းပြီး မဏိစည်သူလမ်းအတွင်းသို့ တည့်တည့်လျှောက်လာရမှာ ဖြစ်ပါတယ်။

Google Map
16.873575,96.255336

🏠 သင်တန်းလိပ်စာ
၂၁၀၂/က မဏိစည်သူလမ်း (၇၁)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

☎️ ဖုန်း။ 09786196150

19/11/2023

Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေကို ဘယ်နေရာတွေမှာ အသုံးချနိုင်မှန်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိမယ်မထင်ပါဘူး... Function Key တွေရဲ့အသုံးအပြုအများဆုံး ယေဘုယျ လုပ်ဆောင်ချက် တွေကို ကျွန်တော် သိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်...

F1 = Program အားလုံးနီးပါးမှာ အကူအညီလိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်.. F1 Key ကိုနှိပ်လိုက်တဲ့အခါ လက်ရှိ Active ဖြစ်နေတဲ့ Program ရဲ့ အကူအညီ ( Help ) Screen ပေါ်လာမှာဖြစ်ပါတယ်..

F2 = Select လုပ်ထားတဲ့ File သို့မဟုတ် Folder ကို Rename လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်.. နောက်တစ်ခုက Windows Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်ရင် BIOS Setting ကိုရောက်ပါတယ်.. ဒါကတော့ ကွန်ပျူတာအားလုံးမှာ လုပ်ဆောင်နိုင်မှာမဟုတ်ပေမယ့် တော်တော်များများမှာတော့ Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်လိုက်ရင် BIOS Setting ကိုရောက်ပါတယ်..

F3 = လက်ရှိ ဖွင့်ထားတဲ့ Program အတွက် Search Box ကိုဖေါ်ပြဖို့အတွက်သုံးပါတယ်...

F4 = Alter Key နဲ့ F4 Key ကိုတွဲနှိပ်လိုက်ရင် လက်ရှိဖွင့်ထားတဲ့ Program သို့မဟုတ် Windows Explorer Box ကို ပိတ်ပစ်နိုင်ပါတယ်..

F5 = Windows Desktop ကို Refresh လုပ်ဖို့ အသုံးပြုနိုင်ပါတယ်.. အင်တာနက် Browser မှာ ဖွင့်ထားတဲ့ Page ကို Reload လုပ်ဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်... Microsoft Office Ward မှာတော့ Find and Replace Dialog Box ပေါ်လာပြီး Go To မှာ Active ဖြစ်နေပါမယ်...

F6 = အင်တာနက် Browser ကိုအဖွင့်ပြီးအသုံးပြုနေစဉ်မှာ F6 ကိုနှိပ်လိုက်ရင် Address Bar မှာ Active ဖြစ်သွားပါမယ်... Adobe Pagemaker မှာတော့ Bold Type ကိုပြောင်းဖို့သုံးပါတယ်...

F7 = Microsoft Office Word မှာတော့ Spelling and Grammar Check လုပ်ဖို့သုံးပါတယ်..

F8 = Windows Loading လုပ်နေစဉ်မှာ F8 ကိုဖိထားရင် Safe Mode ကိုရောက်ပါတယ်.. ဖိမထားဘဲ တစ်ချက်တည်းနှိပ်လိုက်ရင်တော့ Boot Menu ကိုရောက်ပါတယ်..

F9 = Microsoft Office Word မှာ Document ကို Refresh လုပ်ဖို့သုံးပါတယ်.. Microsoft Office Outlook မှာတော့ Send and receive email ကိုရောက်သွားပါမယ်...

F10 = ဖွင့်ထားတဲ့ Program ရဲ့ Menu ကို Active လုပ်ဖို့သုံးပါတယ်.. နောက်တစ်ခုက Shift Key နဲ့ F10 ကိုနှိပ်ရင် Mouse ရဲ့ Right Click နဲ့ အတူတူဖြစ်ပါတယ်..

F11 = Full Screen Mode ကိုပြောင်းတာဖြစ်ပါတယ်.. ဘယ် Program မဆို F11 ကိုနှိပ်လိုက်ရင် Full Screen မြင်ရမှာဖြစ်ပါတယ်..

F12 = Microsoft Office Word မှာတော့ Save as Dialog Box ပေါ်စေပါတယ်.. File Name, File Type, File Location တွေကိုပြောင်းလဲသိမ်းဆည်းလိုတဲ့အခါ အသုံးပြုပါတယ်...

အထက်မှာဖေါ်ပြခဲ့တာကတော့ ကျွန်တော်သိသလောက် Function Key တွေကို အသုံးပြုနိုင်တဲ့ Feature တွေဖြစ်ပါတယ်.. Program အလိုက် ပြောင်းလဲနိုင်ပါတယ်..

- Original Author

Future Computer မှ လေးစားစွာဖြင့် ပြန်လည်မျှဝေအပ်ပါသည်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

2102/A Manisithu Street, 71 Ward, South Dagon
Yangon
11431

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00