Classical 90

Classical 90

Share

08/09/2025

ယူနိုက်တက်ဂိုးသမား အင်ဒရေအိုနာနာ ဟာဒီနေ့မှာ ဘတ်ဆစ်တပ်အသင်းနဲ့ တစ်နှစ်အငှားစာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းပေးချေရတဲ့ အိုနာနာ အတွက်တစ်နှစ်လစာငွေပမာဏမှာ (47) သန်းဖြစ်ပြီး ဘတ်ဆစ်တပ်အသင်းဖက်ကလည်း ဒီလစာအတိုင်းပဲပေးချေသွားမှာဖြစ်ပါတယ်။ စာချုပ်မှာ ထည့်သွင်းထားတဲ့အချက်အလက်အရ အိုနာနာ ကိုရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်မပေးဘူးလို့ ရေးသားထားပါတယ်။ ဆိုလိုတာက တချို့အငှားစာချုပ်တွေမှာ ဒီတစ်ရာသီပြီးလို့ ငှားတဲ့အသင်းဖက်က, ကစားသမားကိုသဘောကျတယ်ဆိုရင် စာချုပ်သက်တမ်းပြည့်တဲ့အခါအပြီးသတ်ခေါ် ပြောင်းရွှေ့ကြေးပမာဏတဟ်ရပ်နဲ့ အပြီးသတ်ခေါ်ထားလိုက်နိုင်မှာဖြစ်ပေမယ့် အိုနာနာ ကိုတော့ ရာသီကုန်မှာ အပြီးသတ်ခေါ်မယ်ဆိုရင်ထပ်မံဆွေးနွေးမှုတချိုံပြုလုပ်ရဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းက အိုနာနာ ကိုအငှားချထားပေမယ့် ပုံမှန်အတိုင်းလစာဆက်ပေးသွားနေမှာဖြစ်တယ်လို့လည်း Daily Mail ကရေးသားထားပါတယ်။ ဘတ်ဆစ်တပ် အစားပေးတာမျိုးမဟုတ်ပဲ ဘတ်ဆစ်တပ် ကသပ်သပ် ယူနိုက်တက်ကသပ်သပ်စီ လစာပေးသွားမှာဖြစ်ပါတယ်။ ဒီလိုပုံစံအရ အိုနာနာ ကအခုနှစ်ဘောလုံးရာသီတစ်ခုလုံးစာအတွက် ပုံမှန်သူ့ရဲ့လစာငွေနှစ်ဆကိုရရှိနေမှာပါ။

23/08/2025

' ကစားသမား‌တွေကြားက ကွာခြားချက်ကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ စွမ်းဆောင်ရည်ပိုင်းအရည်အသွေးကိုကြည့်ပြီးဆုံးဖြတ်ရတာမဟုတ်ဘူး၊ ဒါကတစ်စိတ်တစ်ပိုင်းပဲ၊ တကယ်တမ်းက သူတို့ရဲ့စိတ်ဓာတ်နဲ့နေထိုင်မှုပုံစံဟာဘယ်လောက် သပ်ရပ်ပြီးစည်းကမ်းရှိသလဲ၊ ကိုယ့်အလုပ်အပေါ်မှာကြိုးစားလိုစိတ်ဘယ်လောက်ပြင်းပြသလဲ ဒီအရာတွေကအဓိကကျပြီး ရေရှည်မှာကစားသမားနှစ်ယောက်ကွာခြားသွားစေတဲ့အချက်တွေပဲ '

ကာလိုအန်ဆယ်လော့တီ (ဘရာဇီးနည်းပြ)

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon