Metamorphosis Tarot

Metamorphosis Tarot

Share

22/04/2026

🦋 Today Energy - 22.4.2026 ဗုဒ္ဓဟူး 🦋

ဒီနေ့အတွက် Today Energy ကတ်ကတော့ Lust ဖြစ်ပါတယ်။

အချစ်ရေးနဲ့ပတ်သတ်ပြီး ၃ပွင့်ဆိုင်အနေအထားကြုံတွေ့ရတတ်ပါတယ်။

ယခင်ကာလမှ အချစ်ဟောင်း အဆက်ဟောင်းများပြန်လည်ပတ်သတ်လာခြင်း အဆက်အသွယ်ရခြင်းရှိပါမယ်။

အမျိုးသမီးများနဲ့ပတ်သတ်ပြီး စိတ်ရှုပ်စရာကိစ္စတချို့ကြုံတွေ့ရတတ်သည်။

အနုပညာ စာပေ ဂီတ နဲ့ ပတ်သတ်ပြီး ကောင်းမွန်သော အခွင့်အလမ်းများရရှိတတ်သည်။

ပညာရေးအနေဖြင့် စိတ်ပျံ့လွင့်ပြီး အာရုံစူးစိုက်မှု
လျော့နည်းနေတတ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်များရဲ့ကျန်းမာရေးအားနည်းတတ်ပါတယ်။

🦋

21/04/2026

"မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါ"
Metamorphosis Tarot မှကြိုဆိုပါတယ်။

ကျနော့် Page မှာ Tarot မေးမြန်းဖို့အတွက်
ရရှိနိုင်တဲ့ Package အမျိုးအစားတွေကို
ဖော်ပြပေးချင်ပါတယ်။

မေးမြန်းမယ့်မိတ်ဆွေအနေနဲ့
-နာမည်
-မွေးနေ့ မွေးနံ
-ဓာတ်ပုံ ပေးပို့ရန် လိုအပ်ပါတယ်။

🌷1.Yes or No Question 🌷
Only 1 Question - (3000Ks)
(တိတိကျကျ Yes or No မေးခွန်းတစ်ခုတည်းသာဖြေကြားပေးပါတယ်)

🌷2.General Reading 🌷 - (10000Ks)
ခေါင်းစဥ်တစ်ခုတည်းအတွက်သာ
ဖတ်ကြားပေးပါတယ်။
(အချစ်ရေး/ပညာရေး/စီးပွားရေး/ကျန်းမာရေး
စသည်ဖြင့် အကြောင်းအရာကိစ္စရပ်
တစ်ခုတည်းအတွက်သာ မေးမြန်းနိုင်ပါတယ်။ )
မေးသူ ဘက်မှလည်း ပွင့်ပွင့်လင်းလင်းနဲ့တိတိကျကျမေးမြန်းပြောဆိုဖို့လည်းလိုအပ်ပါတယ်။

🌷3.Normal Reading🌷 -(20000Ks)
-လတ်တလောမေးသူအပေါ်သက်ရောက်နေတဲ့
ကံကြမ္မာအနေအထား
-ကံကောင်း/ကံဆိုးနှငိ့သတိပြုဆင်ခြင်စရာ
ဆောင်ရန်ရှောင်ရန် အကြောင်းအရာများ
-အထွေထွေအကြောင်းခြင်းရာများ
-ပညာရေး/လူမှုရေး/အချစ်ရေး/ကျန်းမာရေး/စီးပွားရေး အလုပ်အကိုင်အပါအ၀င် မေးမြန်းသူဘက်မှသိလိုသောအကြောင်းအရာများ မေးမြန်းန်ိုင်ပါတယ်။

🌷4.Personal Reading
Astrodice Reading & Unlimited Questions (30000Ks)
-12 Zodiac Spreds အပါအ၀င်မေးမြန်းသူသိလိုသောအကြောင်းအရာများမေးမြန်းနိုင်ခြင်း
-Astrodic ဖြင့်ပါဖတ်ရှုပေးခြင်း
-ဆောင်ရန် ရှောင်ရန်အကြောင်းအရာများအပါအ၀င်
သတိပြုဆင်ခြင်စရာများပါဖတ်ရှုပေးခြင်း
-ပညာရေး/လူမှုရေး/အချစ်ရေး/ကျန်းမာရေး/စီးပွားရေး
အလုပ်အကိုင် Career စသည့်အကြောင်းအရာအသေးစိတ်အပါအ၀င် မေးသူဘက်မှ သိလိုသောအကြောင်းအရာများပါမေးမြန်းနိုင်ခြင်း
-လိုအပ်ပါက မေးသူအတွက်
အဆောင် Wallpaper/
Print ထုတ်၍ဆောင်ရန် လိုအပ်တဲ့တစ်ဦးချင်း Personal သီးသန့်အသုံးပြုဖို့အတွက် Sigil/Rune ပါစီရင်ထည့်သွင်းပေးခြင်း
-မေးသူဘက်မှ မေးခွန်းအရေအတွက်
အကန့်အသတ်မဲ့မေးမြန်းနိုင်ပါတယ်။

🌷5.တစ်လတာ အတွက် ကံကြမ္မာဖတ်ကြားခြင်း
(- 30000 - Ks)
မေးမြန်းသူရဲ့ အချစ်ရေး ပညာရေး စီးပွားရေး
လူမှုရေး နှင့် အခြားဆက်စပ်သည့်အကြောင်းအရာများအပါအဝင် တစ်လတာ အတွက် သတိထားစရာ
ဆောင်ရန် ရှောင်ရန်များ ကို အသေးစိတ်ဖတ်ကြားပေးခြင်းဖြစ်ပါတယ်။

🌷6.တစ်နှစ်တာ အတွက် ကံကြမ္မာဖတ်ကြားခြင်း
( - 45000 - Ks)
မေးမြန်းသူရဲ့ အချစ်ရေး ပညာရေး စီးပွားရေး
လူမှုရေး နှင့် အခြားဆက်စပ်သည့်အကြောင်းအရာများအပါအဝင် တစ်နှစ်တာ အတွက် သတိထားစရာ
ဆောင်ရန် ရှောင်ရန်များ ကို အသေးစိတ်ဖတ်ကြားပေးခြင်းဖြစ်ပါတယ်။

7.❤ Love Reading ❤ (35000 Ks)

အချစ်ရေးအတွက် သီးသန့်ဖြစ်ပြီး
သင့်နဲ့ သင့် Partner ရဲ့
နာမည် မွေးနေ့ ဓာတ်ပုံ လိုအပ်ပါတယ်။

အချစ်ရေးနဲ့ပတ်သတ်တဲ့ ၂ဦးကြား
လက်ရှိ Current Energy အနေအထား
ရှေ့ဆက်ဖြစ်လာနိုင်ချေ များ
သတိထားစရာ ဆောင်ရန် ရှောင်ရန်များပါ
ဖတ်ကြားပေးမှာဖြစ်ပါတယ်။

RS အပြင် Crush / Ex / Old flame စတာတွေအတွက်ပါ မေးမြန်းဖတ်ရှုနိုင်ပါတယ်။

8.⚜️Rune Divination⚜️
တိတိကျကျ သိလိုသော မေးခွန်း 7 ခု - {10000Ks}

9.🍀Lenormand Divination🍀
တိတိကျကျ သိလိုသော မေးခွန်း 7 ခု - (10000Ks)

10.🦋Oracle Messages🦋
တိတိကျကျ သိလိုသော မေးခွန်း 7 ခု - (10000Ks)

11.♥️♣️Cartomancy Reading♦️♠️
တိတိကျကျ သိလို​​သော မေးခွန်း 7 ခု - (10000Ks)

12.🌹 Angels & Divine Messages 🌹
- 15000 Ks

(ဒီ Package ကတော့မေးသူဘက်မှ မေးခွန်းမေးဖို့မလိုဘဲ ဖော်ပြလာတဲ့Angel Message များကိုသာ
မေးသူအတွက်ပြောကြား ပေးမှာပဲဖြစ်ပါတယ်)

13.🕷️ Demons & Infernal Old Gods Messages
🐍 - 15000 Ks

(ဒီ Package ကတော့မေးသူဘက်မှ မေးခွန်းမေးမြန်းဖို့မလိုဘဲ Demons တွေဘက်မှ မေးသူကို​ပေးချင်တဲ့ အဓိကကျတဲ့ Message တွေကိုပြောကြားပေးမှာပဲဖြစ်ပါတယ်)

မေးသူ မိတ်ဆွေတို့အနေနဲ့ Package တွေကိုရွေးချယ်ပြီးပါက ကြိုတင်ငွေလွှဲဖို့လိုအပ်ပါတယ်။
ငွေလွှဲ Confirm ဖြစ်မှသာ ဖတ်ကြားပေးသွားပါမယ်။

🔮-Wave/ Kpay - 🔮
✨09404520785 (U Kyaw Thura Naing)

🕕ဖတ်ကြားပေးမည့်အချိန်🕚
6:00PM - 12:00AM

(ကြိုတင်နာမည် စာရင်းပေး Booking
တင်ထားရန်လိုပါတယ်)

🌻မိတ်ဆွေများအားလုံးပဲ
စိတ်ရောကိုယ်ပါရွှင်လန်းကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ဗျာ။🌻

🦋

08/04/2026

အရဟံ သိဒ္ဓိ ဟု တစ်ကြိမ်ရွတ် ပုတီးတစ်လုံးချ တစ်နေ့လျှင် ၂၇ ပတ် ဘာလို့စိတ်စေချင်သလဲဆိုတာ ရှေးဆရာတော်ဘုရာကြီးပြောခဲ့သော မိန့်ခဲ့သော အရာကိုလုပ်ခဲ့သောကြောင့် ပြောင်းလဲသွားသော လူတစ်ယောက်အကြောင်း အောက်ပါအတိုင်း ဗဟုသုတရဖွယ်ရေးသားဖော်ပြအပ်ပါသည်။

အရဟံ ဦးဆင်
===========

ဆရာတော်ကြီး : င ဆင် နင့်ခန္ဓာကိုယ်ထဲမှာ ခုမှ အရဟံ ဂုဏ်တော် ကိန်းတယ် ဟ။ နင် ထူးခြားတော့မယ်။ ဆက်ကြိုးစား ကြားလား
(အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး)

စစ်ကြီး ပြီးခါစလောက်က မန္တလေးမြောက်ဘက် မတ္တရာနယ်က ပိုင်ရွာ တစ်၀ိုက်မှာတော့ အရဟံ ဦးဆင် ဆိုတာ မသိသူ မရှိသလောက်လို့ ဆိုရလောက်အောင် လူသိများခဲ့ပါတယ်။

သူ့ကို လူတွေ အသိများတာဟာ ဆန်စက်ပိုင်ရှင် သူဌေးကြီးတစ်ဦးဖြစ်လို့ဆိုတာထက် အပေါ်ဗလာ၊ လုံချည်ဖာတစ်ရာနဲ့ နွားကျောင်းသားဘ၀က ဗြုန်းစားကြီး ဆန်စက်ပိုင်ရှင် အဖြစ် ပြောင်းလဲသွားတာရယ်၊

သေသည် အထိ ပုတီးတစ်ကုံးနဲ့ ပုတီးမပြတ် စိပ်နေလေ့ရှိတာရယ်၊ သူ့အိမ်၀မှာ အရဟံ ဆိုတဲ့စာလုံးဆိုင်းဘုတ်အကြီးကြီးရေးထားတာရယ်တို့ကြောင့်ပါပဲ။

ဒီ အရဟံဆိုတဲ့စာလုံးဆိုင်းဘုတ်ကြီးကြောင့်ပဲ သူ့ကို အရဟံ ဦးဆင် လို့ လူတွေက သိကြခေါ်ကြတာပါ။

ဦးဆင်၏ ငယ်ဘဝ

ဦးဆင်ဆိုတာ ငယ်ငယ်က သာမဏေဘ၀နဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက် ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသ (နောင် အဘိဓဇမဟာရဋ္ဌဂုရု) ထံမွာ နေသွားခဲ့ဖူးတယ်။

ရဟန်းမဖြစ်ခင်မှာဘဲ သူ့ဒကာကြီး ဆုံးပါးသွားလို့ မိခင်နဲ့ လူမမယ် (မည်) ညီ၊ ညီမငယ်တွေကို လုပ်ကိုင်ကျွေးဖို့ လူထွက်လိုက်ရတယ်။

လယ်ယာမြေပိုင် မရှိတဲ့အတွက် သူများအိမ်မှာထွန်ယက်နွားကျောင်းသူရင်း ငှားဘ၀နဲ့လုပ်ကိုင်စားရတဲ့ဘ၀မှာ မိသားစုကစားအိုးကြီးတဲ့အတွက် အသက်ထိန်းရုံ အရှက်လုံရုံ အနိုင်နိုင်ဘဝပါ။

လုံချည်ခါးနွမ်း ကျောနေလှမ်းဘ၀မှာ အိမ်က ခနော် ခနဲ့ခေတ်သစ် ကာက၀လိယလို့တောင် ဆိုနိုင်လောက်ပါ သတဲ့။

ဆရာသမားရဲ့ ဂုဏ်ကျေးဇူးကို အမြဲ ဦးထိပ်ထားတတ်တဲ့ မောင်ဆင်ဟာ မစိုးရိမ်ဆရာတော်ဘုရားကြီး မွေးနေ့ နီးပြီဆိုရင်တော့ မစိုးရိမ်ကျောင်းတိုက်ကို အမြဲရောက်အောင် လာတယ်။

လှူဖွယ်၀တ္ထုရယ်လို့ မပါပေမယ့် ဆရာသမားကို ၀တ်ကြီး၀တ်ငယ် ပြုပေးရင်း ထင်းခွဲ၊ ရေခပ်၊ တံမြက်လှည်း စတဲ့ အလုပ်ကြမ်း မှန်သမျှ အားလုံး ဒိုင်ခံပြီး လုပ်လေ့ရှိပါသတဲ့။

မွေးနေ့ပြီးလို့ အပြန်မှာတော့ အင်္ကျီဗလာနဲ့ တပည့်ကို မကြည့်ရက်တဲ့အတွက် ဆရာတော်ကြီးက ငါ့တပည့်လို သံဃာ့ဝေယျာဝေစ္စ လုပ်သူအတွက် ပေးကောင်းတယ်ကွဲ့။အပ်စပ်ပါတယ်။

အင်္ကျီချုပ်၀တ် လို့ ပြောပြီး အဲဒီခေတ်က နာရေးကန်တော့ ပွဲတွေမှာ ပါလာလေ့ရှိတဲ့ ပိတ်စကလေးတွေကို ချီးမြှင့်တတ်ပါတယ်။

ဆရာတော်ကြီးက မိမိအတွက် အင်္ကျီချုပ်ဖို့ဆိုပြီး ပေးစွန့်ပေမယ့်အိမ်မှာအရွယ်ရောက်စ ပြုနေပြီဖြစ်တဲ့နှမတွေညီငယ်တွေအတွက်ပဲသင့်သလိုချုပ်ပေးပြီး မောင်ဆင်ကတော့ ထုံးစံအတိုင်း ယက်ချည်ထက် ချုပ်ချည်ကတောင် ပိုများ နေပြီလား ထင်ရတဲ့ လုံချည်ဖာတစ်ရာ ကျောဗလာပဲ နေရတာပါ။

မွေးနေ့နီးတိုင်း နှစ်စဉ် မှန်မှန်ရောက်လာပြီး ကျောပြောင်ကြီး ပိုပြီး မွဲခြောက် လာတာက လွဲလို့ ဘာမွ တိုးတက် ပြောင်းလဲမလာတဲ့ တပည့်ကို ကြည့်ပြီး ဆရာ တော်ကြီးက-

ငဆင် နင် မချမ်းသာချင်ဘူးလား လို့ မေးတော့-

ဘယ့်နှယ် မိန့်လိုက်ပါလိမ့်ဘုရား။ တပည့်တော်သူများတွေလို သူဌေးဖြစ်အောင် မချမ်းသာချင်နေပါစေ။ အစားအ၀တ် ပြည့်ပြည့်စုံစုံနဲ့ မိုးလုံလေလုံလောက် နေရရင်ကို ကျေနပ်လှပါပြီ။ ဆရာတော်မစနိုင်ရင် မစပေးတော်မူပါဘုရား လို့ လျှောက်ထားပါသတဲ့။

ဆရာတော်ကြီးက ဟဲ့ ငဆင်ရဲ့၊ ကံ ကံ၏အကျိုးဆိုတာ နင်လည်း သိသားပဲဟာ။ နင့်ကို ငါက မစလို့ ဘယ်ရမလဲဟဲ့။ နင်ကိုယ်တိုင် ရုန်းပြီး ရပ်မှ မတ်လာမှာပေါ့ ဆိုတော့

မှန်ပါတတ်နိုင်သမျှတော့ကြိုးစားတာပါပဲဘုရား။မိသားစုကလည်း များ၊ ညီတွေညီမတွေကလည်း လက်လုပ်လက်ကိုင်လေးမှ အကူအညီက မရေသး။

ဒီကြားထဲ လောကအလျောက် အိမ်ထောင်ကလည်းကျပြီး ဆိုတော့ အလုပ်နဲ့၀င်ငွေက မတိုးဘဲ ပါးစပ်ပေါက်တွေသာ တိုးနေတဲ့အတွက် ဒီလိုပဲ လုံးချာလိုက်နေတာပဲ ဘုရား လို့ ပြန်လျှောက်ပါတယ်။

ဆရာတော်ကြီးက အေးနင့်ကို ငါက မ,ထူပေးလို့တော့ မရဘူး။ နင့် ကိုယ်နင် ရုန်းထနိုင်အောင် အထောက်အကူတော့ ပေးလိုက်မယ်။ ရော့ ဟောဒီ ပုတီးကို ယူသွား။

ဘာမွ နည်းတွေများမနေနဲ့ အရဟံ တစ်လုံးကို အဓိပ္ပာယ်ပါ အာရုံပြုပြီး မပြတ်ပွားပေရော့ ဆိုပြီး အနားမှာရှိတဲ့ ပရိက္ခရာပုံထဲက ပုတီးတစ်ကုံး ကို ပေးလိုက်ပါတယ်။

ဆရာတော်ကြီးက မတာ မဟုတ်ဘူးဆိုပေမယ့် မောင်ဆင်ကတော့ ဒါဟာ ဆရာတော်ကြီးက သူ့ကို မစလိုက်တာပဲ ဆိုပြီး ဆရာတော် မိန့်ကြားတဲ့အတိုင်း မပြတ်ပွားပြီး စိပ်တော့တာပဲ။

ခါတိုင်း ကိုယ်အထက်ပိုင်းမှာ ဗလာကျင်းနေတဲ့ မောင်ဆင်မှာခုတော့အလုပ်လုပ်နေချိန်ဆိုရင်လည်း လည်ပင်းမှာ ပုတီးတစ်ကုံး ဆြဲထားတာ တွေ့ရပြီး အလုပ်နားတာနဲ့ ပုတီးနဲ့ လက်မပြတ်အောင် စိပ်တော့တာပဲ။

နွားကျောင်းရင်လည်း ပုတီးစိပ်က မပြတ်တော့ ဒုစရိုက်ရယ်လို့ ကျူးလွန်ချိန်ကို မရှိတော့ဘူး။

နောက်တစ်နှစ် ဆရာတော်ကြီးမွေးနေ့မှာ မောင်ဆင် ရောက်လာတော့လည်း ဘာမှ ထူးခြားပြောင်းလဲမှု မရှိသေးဘူး။ ဆရာတော်ကြီးထံပါးမှာ ၀တ်ချတော့.

ငဆင် ဘာတွေများ ထူးခြားလာသလဲဟဲ့

ဘာမွ မထူးသေးပါဘုရား

အေး လာစမ်း ဒီနား ဆိုပြီး ဖြန်း ခနဲ ရိုက်လိုက်တော့ အမလေးဘုရား လို့ လန့်အော်တယ်။

ဆရာတော်ကြီးကနင် လိုသေးတယ်၊ ဆက်ကြိုးစားဦး လို့ မိန့်ပါတယ်။နောက်နှစ်နှစ် သုံးနှစ် ဒီအတိုင်းပဲ၊ မထူးဘူး။

အဲ လေးနှစ်မြောက်အရောက်မှာတော့ ဆရာတော်ကြီး ငဆင် လာစမ်း ဒီနား ဖြန်း ဆိုတော့ အရဟံ အရဟံ အရဟံ လို့ အော်လိုက်ပါသတဲ့။

အေး နင့်ခန္ဓာကိုယ်ထဲခုမှ အရဟံ ဂုဏ်တော်ကိန်းတယ်ဟ။ သုံးလေး နှစ်အတွင်း ခန္ဓာကိုယ်ထဲ အရဟံဘုရား အမြဲကိန်းအောင် တည်နိုင်တာ နင် မဆိုးဘူး၊ နင် ထူးတော့မယ်။ ဆက်ကြိုးစား ကြားလား

မှန်ပါဘုရား

အချိန်က ဂျပန်တွေ မြန်မာပြည်၀င်လာခါစ၊ မြန်မာပြည်ကို စစ်ငွေ့စစ်ရိပ်များ သန်းလာပြီ။

မတ္တရာနယ်က ပိုင်ရွာမှာရှိတဲ့ ဆန်စက်ပိုင်ရှင် အိန္ဒိယအမျိုးသား မိသားစုတို့က စစ်ဘေးဒဏ်ကို တိမ်းရှောင်ရင်း သူတို့ဆွေမျိုးများရှိရာ အိန္ဒိယကို ပြန်လိုတဲ့အတွက်

သူတို့မရှိတုန်းမှာ သူတို့ပိုင်တဲ့ ဆန်စက်ကို အစောင့်အရှောက်အဖြစ် လွှဲအပ်ခဲ့ဖို့ နယ်မှာရှိတဲ့ အကြီးအကဲများ၊ မိတ်ဆွေသင်္ဂဟများနဲ့ တိုင်ပင်တဲ့အခါ

အဲဒီနယ်သူကြီးက-သူရင်းငှားလုပ်နေတဲ့ မောင်ဆင်ဟာ ဆင်းရဲပေမယ့် ရိုးသားပြီး သစ္စာရှိ တယ်။

မစိုးရိမ်ဆရာတော်ကြီးရဲ့တပည့်ဖြစ်လို့ ဆရာကောင်းတပည့်ပီပီ ရိုးသား တည်ကြည်တယ်၊ သူများပစ္စည်းကို အလွဲသုံးစားလုပ်မယ့်သူငယ် မဟုတ်ဘူး။

ဆရာသမားများရဲ့ အရှိန်အဝါကြောင့်လည်း ဆရာကောင်းတပည့် မပီသတဲ့ အလုပ်မျိုးလုပ်မှာ မဟုတ်တာ သေချာတယ်။ သူ့ကိုပဲ လွှဲအပ်ပြီး စောင့်ရှောက်ခိုင်းတာ အကောင်းဆုံးပဲ လို့ အကြံပေးကြတယ်။

ဆန်စက်ပိုင်ရှင်များကလည်းဟိန္ဒူအမျိုးသားများ ဖြစ်တဲ့အတိုင်း မစိုးရိမ်တိုက် ဆိုတာကို ကြားဖူးပြီး အထင်ကြီး လေးစားကြတဲ့အတွက် သဘောကျပြီး မောင်ဆင်နဲ့သွားတွေ့

အကျိုးအကြောင်း ပြောဆိုညှိနှိုင်းကြပြီး နှစ်ဦးနှစ်ဖက် သေဘာ တူကြလို့ မောင်ဆင်လက်ထဲ ဆန်စက်ကို လွှဲအပ်ပြီး အိန္ဒိယပြန်သွားကြတယ်။

မောင်ဆင်လည်း မမျှော်လင့်ဘဲဆန်စက်နဲ့လုပ်ကိုင်စားသောက်ခွင့် ရရှိသွားလို့ ဆန်စက်ပိုင် မဟုတ်ပေမယ့် ဆန်စက်ကိုင် သူဌေးလေးဘ၀ ရောက်သွားတော့တယ်။

အဲဒီနှစ် မစိုးရိမ်ဆရာတော်ကြီးရဲ့ မွေးနေ့ကို သွားတဲ့အခါမှာတော့ မောင်ဆင်ဟာ နှစ်တိုင်းနဲ့ မတူတော့ဘူး။ အ၀တ်အစား သပ်သပ်ရပ်ရပ်နဲ့ လှူစရာ ဆန်အိတ်တွေ ဘာတွေ သယ်လာပြီး မိသားစုနဲ့အတူ ရောက်လာကြတယ်။

ဆရာတော်ကြီးက-ငဆင် ဒီနှစ် ထူးလာပြီလား ဟ ဆိုတော့ မှန်ပါ၊ ထူးဆို တပည့်တော်စိတ်ကူးနဲ့တောင် မမှန်းဆရဲခဲ့ဖူးတဲ့အထိကို ထူးတာဘုရာ့။

အခု တပည့်တော်ဆန်စက်တစ်လုံးကိုစောင့်ရှောက်ရင်း လုပ်ကိုင် စားသောက်ခွင့်ရလို့ တပည့်တော် တောင့်တခဲ့တဲ့ စား၀တ်နေရေး ပြည့်စုံပြီး မိုးလုံ လေလုံနေနိုင်ဖို့ဆိုတဲ့ အဆင့်ထက်တောင် လွန်နေပြီ ဘုရာ့။

ဒါတွေဟာ ဆရာတော် မ,လိုက်တဲ့ ဆရာတော့် ကျေးဇူးတွေပါပဲ ဘုရားဆိုပြီး၀မ်းသာမျက်ရည်နဲ့ လျှောက်ထားရှာတယ်။

ဟဲ့ငဆင်ရဲ့၊ နင့်ကို ငါမလို့ မရဘူး။ နင့်ကိုယ်နင် ရုန်းကန်ထရမှာလို့ အစကတည်းက ပြောထားသားနဲ့၊ ဘယ်ကလာ ငါက မရမှာလဲ၊ အဲဒါ ငါမတာ လည်း မဟုတ်ဘူး၊ နံဘေးမှာရှိတဲ့ ဘုရားတွေက မတာလည်း မဟုတ်ဘူးဟဲ့။

နင့်ခန္ဓာကိုယ်ထဲမှာ နင်ကိုယ်တိုင်မပြတ်ပွားထုံပြီး တည်ထားတဲ့ အရဟံ ဘုရား က မတာ။ မတယ်ဆိုလို့ ဘုရားတန်ခိုးသက်သက်နဲ့ ချမ်းသာလာတယ် မထင်လိုက်နဲ့၊

ကံမျိုးစေ့ အောင်မြင်လာတော့ အနုတ္တရံ ပုညခေတ္တံ လောကဿ ဆိုတဲ့ သာသနာခေတ်ကြီးမှာ ဉာဏ်နဲ့ လုံ့လစိုက်ထုတ်နိုင်သလောက် အကျိုးဖြစ်ထွန်းတာပေါ့။

သမ္မသကတ သမ္မာဒိဋ္ဌိ အမြင်မှန် လက်မလွတ်စေနဲ့၊ မေမ့မေလ်ာ့ ဆက်ကြိုးစား ကြားလား လို့ မိန့်ကြားပါတယ်။

မောင်ဆင်ရဲ့ဘ၀ဘယ်လိုပြောင်းလဲသွားပေမယ့် မစိုးရိမ်ဆရာတော်ကြီး မွေးနေ့ရောက်တဲ့ အခါမှာတော့ အရင်က လုပ်နေကျအတိုင်း ထင်းခွဲ၊ အမှိုက်ရှင်း၊ ရေခပ် စတဲ့ အလုပ်ကြမ်းမှန်သမျှ မိသားစုပါ ၀ိုင်း၀န်းပြီး ဆောင်ရွက်မြဲ ဆောင်ရွက် ပါတယ်။

စစ်ကြီးပြီးစလောက်မှာတော့ အိန္ဒိယ ပြန်သွားတဲ့ ဆန်စက်ပိုင်ရှင်များက သူတို့မိသားစု ဟိုမှာလည်းအလုပ်အကိုင်အဆင်ပြေနေတဲ့အတွက် ဟိုမှာပဲ အခြေချတော့မယ်။

ဆန်စက်များကိုလည်း ရိုးသားပြီး သစ္စာရှိတဲ့ မောင်ဆင်ကိုပဲ အပြီးအပိုင်ပေးပါတယ် လို့ စာနဲ့ လွှဲအပ်ပါတယ်။

စစ်ပြီးစလောက်တုန်းကမတ္တရာနယ်တစ်၀ိုက်မှာတော့ ဆင်းရဲသား (ကျောမွဲစစ်စစ်) ဘ၀က ဆန်စက်ပိုင်ရှင် သူဌေးကြီးဖြစ်သွားတဲ့ အရဟံ ဦးဆင် အကြောင်း လူတိုင်းလိုလိုက တအံ့ တသြ ပြောမဆုံးအောင် တစ်နယ်လုံးကို ဟိုးလေးတကျော် ဖြစ်ရပ်ပါပဲတဲ့။

ဒီနေရာမှာ အထူး သတိထားရမွာကေတာ့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ၊ နှုတ်ကပါဌ်တွေမှာ ဘယ်ဂုဏ်က ဘယ်ဂုဏ်ထက် ပိုသာတယ်၊ ဘယ်ဂါထာက ဘယ်ဂါထာထက် ပိုသာတယ်၊

ဘယ်ဂါထာက ဘယ်ဂါထာထက် ပိုပြီး အစွမ်းထက် တယ်လို့ ကွဲပြားခြားနားမှု မရှိပါဘူး။ ရတနာသုံးပါးနဲ့ ပတ်သက်ရင် နည်းကောင်း နည်းညံ့ ခွဲဖို့ မလိုဘူး။ နည်းမြဲဖို့ပဲ လိုတယ် ဆိုတဲ့ အချက်ပါပဲ။

ပဋ္ဌာန်းဒေသနာတော် အလိုအရတော့ အာသေ၀နပစ္စည်းတပ်တယ်လို့ ခေါ်ပါတယ်။ ကံအနေနဲ့ ပြောရရင်တော့ မပြတ်လေ့ကျက်နေတဲ့ အာစိဏ္ဏကံ ပါပဲ။

အာစိဏ္ဏကံ ထက်သန်မြဲမြံလာရင် ပစ္စုပ္ပန်မှာ မျက်မြင်ဒိဋ္ဌ ခံစားရတဲ့ ဒိဌဓမ္မ ဝေဒနိယ အကျိုးကော နောင်အဆက်ဆက် သမ္ပရာယိက အကျိုးကိုပါ ထင်ထင်ရှားရှား ကြီးကြီးမားမား ပေးတတ်စမြဲ ဖြစ်ပါတယ်။

ပြီးတော့ အခုဘ၀မွာ အသစ်ပြုလုပ်တဲ့ ကံတွေဟာ ကိုယ်တိုင်အကျိုးပေးနိုင်တဲ့ ဇနကသတိ္တ ဆိုတာ ရွိသလို ကံဟောင်းတွေကို အားကောင်းပြို အကျိုးပေးခွင့်ရလာအောင် ထောက်ပံ့ ကူညီပေးတတ်တဲ့ ဥပထမ်ဘကသတိ္တ ဆိုတာလဲ ရှိပါတယ်။

ဒါကြောင့် ကုသိုလ် တိုင်းဟာ ပြုဆဲဘ၀မှာပဲ ကောင်းကျိုးတွေပေးတတ်,တိုးစေတတ်တယ်ဆိုတာ အရဟံ ဦးဆင်လို ဖြစ်ရပ်များအရ သိသာထင်ရှားပါတယ်။

[မစိုးရိမ်ဆရာတော်ကြီးထံမှကြားနာမှတ်သားခဲ့ရသည့်အတိုင်းအမရပူရမြို့တူမောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမေဓိယ (အဂ္ဂမဟာပဏ္ဏိတ)ထပ်ဆင့်မိန့်ကြားဆုံးမချက်ကို မျှေ၀တင်ပြလိုက်ပါတယ်။]

ဓမ္မဘေရီအရှင်၀ီရိယ-တောင်စွန်း

မူရင်းမျှဝေပေးပါသောဆရာအား လေစားစွာဖြင့် ဂါရဝပြုပါသည်။

မူလမျှဝေရေးသားပေးသောသူများကို Credit ပေးအပ်ပါသည်။

အရဟံ သိဒ္ဓိ ပုတီးစိပ်ကြပါ စိပ်နည်းသိလိုပါ မိမိအခက်အခဲအလိုက် စိပ်နည်းရှိပါသည်။ လိုအပ်ပါကမေးနိုင်ပါသည်။

#အရဟံသိဒ္ဓိ #ဆရာဘုန်း #အရဟံဦးဆင်

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Opening Hours

Monday 18:00 - 23:00
Tuesday 18:00 - 23:00
Wednesday 18:00 - 23:00
Thursday 18:00 - 23:00
Friday 18:00 - 23:00
Saturday 18:00 - 23:00
Sunday 18:00 - 23:00