M.M.M Group
27/09/2022
သင့်ကို လျို့ဝှက်ချက်ပြောပြရဲတဲ့လူဆိုတာ
သင့်ကို လုံးဝယုံကြည်လို့ဖြစ်တယ်။
ဘယ်တော့မှ မပေါက်ကြားပါစေနှင့်။
သင့်ကို အားနည်းချက် ပြရဲတဲလူဆိုတာ
သင့်ကို အလွန်ခင်မင်လို့ဖြစ်တယ်။
ဘယ်တော့မှ သွားမထိခိုက်မိပါစေနှင့်။
သင့်ကို ပိုက်ဆံချေးရဲတဲ့လူဆိုတာ
သင့်ကို လုံးဝ စိတ်ချတဲ့လူ ဖြစ်တယ်။
ဘယ်တော့မှ သူ့အကြွေး မဆုံးရှုံးပါစေနှင့်။
လူတစ်ဦးကို ယုံကြည်ဖို့
အလွန်ခက်ခဲပါတယ်။
နေ့တွေလတွေ အချိန်တွေ
အများကြီး ပေးရပါတယ်။
ယုံကြည်မှု ပျက်အောင်
လုပ်ရတာ အလွန်လွယ်ကူပါတယ်။
တစ်ခါ ကတိပျက်ရုံ တင်
လုံလောက်ပါတယ်။
ယုံကြည်မှုဆိုတာ
ကောင်းကောင်းထိန်းသိမ်းနိုင်ရင်
မင်္ဂလာတစ်ရပ်ပါ။
တစ်ဘက်က အပြည့်အ၀ယုံတယ်။
အခြားတစ်ဘက်က
လုံးဝသံသယကင်းတယ်။
ယုံကြည်မှုကို
ယုံကြည်မှုခြင်း တုန့်ပြန်တယ်။
စိတ်ကို စိတ်ချင်း ပေါင်းကြတယ်။
အိမ်ထောင်ရေးမှာဖြစ်ဖြစ်
သူငယ်ချင်းကြားမှာဖြစ်ဖြစ်
လုပ်ဖေါ်ကိုင်ဘက် ကြားမှာဖြစ်ဖြစ်
ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ရင်
ဟိုကောင်းကျိုး၊ ဒီကောင်းကျိုး
ခဏဘေးဖယ်ထား
အနည်းဆုံးတော့၊ ဘ၀မှာ
အနစ်သာရ ပိုရှိပါတယ်။
ဒါကြောင့်မို့လို့
သင့်ကို ချစ်ခင်တဲ့လူတွေကို
ရင်မကွဲမိပါစေနှင့်။
သင့်ကို ယုံကြည်တဲ့လူ
နောင်တ မရမိပါစေနှင့်။
လူလူချင်းဆိုတာ
ရှေ့ မှာ သဘောမတူကြလို့
ရန်ဖြစ်လို့ရပါတယ်။
ကွယ်ရာမှာ ဓါးနဲ့ခိုးမထိုးဖို့ လိုတယ်။
ရှေ့ မှာ အချေအတင်ငြင်းခုန်လို့ ရပါတယ်။
ကွယ်ရာမှာ အတင်းမတုတ်ဖို့ လိုပါတယ်။
ယုံကြည်မှုကို လက်နက်အဖြစ်
အသုံးမပြုသင့်သလို
အလွှဲသုံးစားပြုတာမျိုးလည်း
လုံးဝရှောင်ကျဉ်ရပါမယ်။
အကျိုးအမြတ်ကို
ယုံကြည်မှုနဲ့ပေးဆပ်ရမယ်ဆိုရင်
ဘ၀တစ်သက်တာ
စိတ်ချမ်းသာမှု အတွက်
ရဲရဲသာ လွတ်ချလိုက်ပါ။
အနှစ်ချုပ်အနေနဲ့ ပြောရရင်...
လူဆိုတာ၊ သူများကိုယ့်ကို
ယုံတာ မယုံတာ ခဏထားပါ။
ယုံကြည်ထိုက်တဲ့လူတစ်ယောက်
ဖြစ်အောင်တော့
အစဉ်ကြိုးစားနေဖို့လိုပါတယ်။
လူ့ဘ၀ ပိုမို အနှစ်သာရ ရှိစေဖို့ပါ။
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေး
12/09/2022
Everything comes to you at right time. Be patient and have trust in Almighty.
06/09/2022
ပြီးစီးတော့မယ့် လုပ်ငန်းလေး
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon