AutoLive Car Accessories
22/09/2022
Philips Diamond Vision
HB4 - Highbeam/ Lowbeam
ပစ္စည်းရောက်ပါပြီ
Pre-order သမားများ Monday ပစ္စည်း စပို့ပေးပါမယ်
Price 80000/pair
Discount 20% on limited items
Contact 095082745/ cb
Mercedes-Benz keychain
တစ္ခု ၁၀၀၀၀
Mercedes/ BMW Instock ရောက်ပါပြီ
အခြား ကားများလဲ မှာယူနိုင်ပါသည်
095082745/ Viber/ CB
🔶🔶 Coating နဲ့ PPF ဘာကွာလဲ၊ ဘယ်ဟာ ပိုကောင်းလဲ၊ ဘာကို ရွေးရမလဲ 🔶🔶
ကားဆေးသား ထိန်းသိမ်းကာကွယ်တဲ့နည်းတွေကို Polish, Coating နဲ့ PPF ဆိုပြီး အလွယ်ပြောနေကြလို့သာ နားမလည် သဘောမပေါက်တွေ ဖြစ်နေကြတာပါ။ အမှန်က
1. Polish + Sealant
2. Polish + Coating နဲ့
3. Polish + PPF လို့ ပြောရမှာပါ။
🔶 ဆိုတော့ 3 မျိုးစလုံးမှာ မဖြစ်မနေလုပ်ရတဲ့ Polish အကြောင်းကို အရင်ရှင်းပြပါ့မယ်။
Polish ဆိုတဲ့စာလုံးရဲ့ အဓိပ္ပာယ်ကိုက အညစ်အကြေးတွေကို ဖယ်ရှားပြီး ပိုမိုသစ်လွင်တောက်ပလာအောင်လုပ်တာပါ။ ဒါကြောင့် ကားတစ်စီးကို Polish တိုက်ပြီဆိုရင် ကားရဲ့ဆေးသားပေါ်က ဂျေးတွေ၊ အစင်းရာခပ်ပါးပါးတွေ၊ ငှက်ချေးကွက်တွေ၊ ရေဂျိုးကွက်တွေ၊ Oxidation ကြောင့်ဖြစ်တဲ့ ဆေးသားအဝါရောင်သမ်းနေတာတွေနဲ့ တခြား Minor Imperfection တွေကို ခပ်ပါးပါးလေး စားချပြီး အရင်ဖျောက်ပစ်ရပါတယ်။ ပြီးတော့မှ ကားရဲ့အရောင် စိုဝင်းတောက်ပလာဖို့အတွက် Gloss Enhance လုပ်ပေးတဲ့ ဆေးတွေကိုသုံးပြီး Shining ပြန်တင်ရပါတယ်။
ဒါကြောင့် ကားတစ်စီးဟာ Polish တိုက်ပြီးသွားရင် စိုဝင်းသစ်လွင်ပြီး ဖိတ်ဖိတ်လက်နေတာပါ။ အဲ့လို ဖိတ်ဖိတ်လက်နေတာကို ဒီအတိုင်းထားလိုက်ရင် ကြာရှည်မခံပါဘူး။ မိုးရည်နဲ့တွေ့၊ ငှက်ချေးကျ၊ ဖုန်တွေတင်၊ နေရောင်ကပြင်း၊ ရေဆေးရင် ပြောင်အောင်မသုတ်တော့ ရေခြောက်ကွက်တွေကကျန်နဲ့ တစ်လနှစ်လလောက်အတွင်းမှာ အရင်အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ်။ ဒါဆို ကြာရှည်ခံအောင် ဘယ်လိုလုပ်ကြမလဲ?
အဲ့ဒီအတွက် Sealant, Coating နဲ့ PPF ဆိုပြီး ရွေးချယ်စရာ ၃ မျိုးဖြစ်လာတာပါ။ တစ်ခုချင်းစီကို သေချာရှင်းပြပါ့မယ်။ အချိန်ပေးပြီး ဖတ်ကြည့်ကြည့်ပါ...
🔶 Polish + Sealant
ခုနက Polish တိုက်ထားလို့ ဖိတ်ဖိတ်လက်နေတဲ့ဆေးသားပေါ်မှာ Sealant ဆိုတဲ့ဆေးနဲ့ ပြန်အုပ်ပေးလိုက်ရင် ဖိတ်ဖိတ်လက်နေတဲ့ ဆေးသားဟာ နေရောင်ခြည်ကလာတဲ့ UV ဒဏ် နဲ့ အခြားရာသီဥတုဒဏ်တွေကို အတိုင်းအတာတစ်ခုထိ ခံနိုင်သွားပါတယ်။ Sealant က ဆေးသားကို Soft Bonding အလွှာတစ်ထပ်အနေနဲ့ ကာကွယ်ပေးလိုက်တဲ့သဘောပါ။
ကားဆေးသားကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း ၃ မျိုးထဲမှာမှ Polish + Sealant က ဈေးအသက်သာဆုံးနည်းလမ်းဖြစ်ပေမဲ့ ကျန်တဲ့နည်းလမ်း ၂ ခုနဲ့ ယှဉ်လိုက်ရင်တော့ ကြာရှည်သိပ်မခံပါဘူး။ ဘယ်လောက်ထိပဲခံလဲ ဆိုတာကတော့ သုံးတဲ့ Sealant အမျိုးအစားနဲ့ ကွာလတီအပေါ်မှာ မူတည်သလို ကိုယ်က ကားကို ဘယ်လိုထိန်းသိမ်းသလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။
ဥပမာပြောရရင် US Brand တစ်ခုဖြစ်တဲ့ Chemical Guys ကထုတ်တဲ့ Jet Seal ဆိုတဲ့ Sealant ဆိုရင် 12 လ ခံတယ်လို့ ရေးထားပေမဲ့ ကိုယ်က ကားကို ကြာကြာမှတစ်ခါ ရေဆေး၊ ဆေးရင်လည်း ဖူဂျီဆပ်ပြာတို့ အီလန်ဆပ်ပြာတို့လို ဂျေးချွတ်အားပြင်းတဲ့ ဆပ်ပြာတွေနဲ့ ဆေး၊ ရေဆေးပြီးရင် ဖယောင်းကလည်းမတင်ဘူးဆိုရင်တော့ သူပြောထားတဲ့အတိုင်း 12 လ ခံမှာ မဟုတ်ပါဘူး။
ပြီးတော့ Sealant ဟာ Soft Bonding ဖြစ်တာကြောင့် Shining မကျသွားအောင်လောက်ပဲ ကာကွယ်ပေးထားနိုင်မှာဖြစ်ပြီး ခြစ်ရာရှရာတွေ ငှက်ချေးဒဏ်တွေကိုတော့ ခံနိုင်မှာမဟုတ်ပါဘူး။ ဒါကတော့ Polish + Sealant နည်းနဲ့ ကားဆေးသားကို ထိန်းသိမ်းကာကွယ်တာပါ။
🔶 Polish + Coating
ခုနက Polish တိုက်ထားလို့ ဖိတ်ဖိတ်လက်နေတဲ့ဆေးသားကို ကြာရှည်ခံအောင်၊ နေရောင်ခြည်ကလာတဲ့ UV ဒဏ် နဲ့ အခြား ရာသီဥတုဒဏ်တွေကို ခံနိုင်အောင် နောက်တစ်နည်းလုပ်လို့ရတာကတော့ Coating တင်တာပါ။ Coating တင်တယ်ဆိုတာက Polish တိုက်ထားတဲ့အပေါ်မှာ ကြွေအလွှာလေးတစ်ထပ် (သို့မဟုတ်) နှစ်ထပ် ထပ်တင်ပေးလိုက်တာပါ။ Hard Bonding ပေါ့။
Hard Bonding ဖြစ်တဲ့အတွက်ကြောင့်လည်း Sealant (Soft Bonding) ထက် အများကြီးပိုခံပြီး ပိုကာကွယ်ပေးနိုင်ပါတယ်။ ဥပမာပြောရရင် Shining မကျသွားအောင် ကာကွယ်ပေးနိုင်တဲ့အပြင် ပွန်းရာခြစ်ရာခပ်ပါးပါးတွေ၊ ငှက်ချေးဒဏ်တွေ၊ မိုးရေဒဏ်တွေ၊ နေရောင်ခြည်ကလာတဲ့ UV ဒဏ်တွေနဲ့ တခြားရာသီဥတုဒဏ်တွေကို အတိုင်းအတာတစ်ခုထိ ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း အရမ်းနက်တဲ့ ပွန်းရာခြစ်ရာတွေနဲ့ အက်ဆစ်ဓာတ်ပြင်းတဲ့ ငှက်ချေးဒဏ်တွေကိုတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။
Coating တစ်ခါလုပ်ထားရင် ဘယ်လောက်ခံလဲဆိုတာကတော့ ကိုယ့်ဟာကိုယ်ရွေးချယ်ရမှာပါ။ 6 လ Warranty ပေးတဲ့ Coating ကနေပြီးတော့ 5 နှစ်လောက်ထိ Warranty ပေးတဲ့ Coating အထိ အစားစားရှိပါတယ်။ ဈေးကလည်း သုံးတဲ့ Coating ဆေးနဲ့ Warranty ကာလအလိုက် အစားစားပါပဲ။ Warranty ပေးတဲ့အတိုင်း တကယ်ခံဖို့ကလည်း ကိုယ့်ရဲ့ ကားထိန်းသိမ်းမှုပေါ်မှာ မူတည်နေပါသေးတယ်။ ဒါကတော့ Polish + Coating နည်းနဲ့ ကားဆေးသားကို ထိန်းသိမ်းကာကွယ်တာပါ။
🔶 Polish + PPF
PPF ဆိုတာကလည်း ပေါလစ်တိုက်ထားလို့ ဖိတ်ဖိတ်လက်နေတဲ့ ဆေးသားတွေကို ကာကွယ်ပေးတာပါပဲ။ သူကတော့ TPH သား (သို့မဟုတ်) TPU သားနဲ့ (မျက်စိထဲမြင်အောင် ပြောရရင်တော့ အလွန်ပျော့ပျောင်းတဲ့ ပလတ်စတစ်အကြည်သားတွေနဲ့) ကားဘော်ဒီပေါ်မှာ ထပ်အုပ်ပြီး ကပ်လိုက်တာမို့ Material Bonding လို့ ပြောလို့ရပါတယ်။
အဲ့လို Material Bonding ဖြစ်တဲ့အတွက်ကြောင့်လည်း Shining မကျဖို့နဲ့ ငှက်ချေးဒဏ်တွေ၊ စင်းရာခြစ်ရာတွေ၊ နေရောင်ခြည်ကလာတဲ့ UV ဒဏ်တွေနဲ့ တခြားရာသီဥတုဒဏ်တွေကို Sealant (Soft Bonding) နဲ့ Coating (Hard Bonding) ထက် အများကြီး ပိုကာကွယ်ပေးနိုင်ပါတယ်။ ကွာလတီကောင်းတဲ့ PPF တွေဆိုရင် တော်ရုံအပွန်းအစင်းလောက်ကို အပူနည်းနည်းပြလိုက်တာနဲ့ သူ့ဟာသူ Self Healing လုပ်ပေးပြီး ဖျောက်ပေးနိုင်တဲ့ ဂုဏ်သတ္တိမျိုးပါ ပါလေ့ရှိပါတယ်။ နည်းလမ်း ၃ ခုထဲမှာ ကာကွယ်ပေးနိုင်မှု အမြင့်မားဆုံးဖြစ်သလို ဈေးကလည်း အကြီးဆုံးပါပဲ။
PPF မှာလည်း သုံးတဲ့ Material Quality နဲ့ Warranty ကာလအလိုက် ဈေးကွာသွားပါတယ်။ Warranty ကာလများလေ ဈေးကြီးလေပေါ့။ PPF ကပ်တော့မယ်ဆိုရင် တစ်ခုသတိထားစေချင်တာက လက်ရာသေသပ်ပြီး အာမခံ ကောင်းကောင်းပေးနိုင်တဲ့ဆိုင်ကို ရွေးဖို့ပါ။ ကွာလတီမကောင်း၊ လက်ရာမကောင်းရင် ပြန်ကွာတာတို့၊ အနားစွန်းတွေလန်တာတို့၊ PPF အသား ဝါသွားတာတို့ ဖြစ်တတ်တဲ့အတွက်ကြောင့်ပါ။ ဒါကတော့ Polish + PPF နဲ့ ကားဆေးသားကို ထိန်းသိမ်းကာကွယ်လို့ရတဲ့နည်းပါ။
အပေါ်မှာပြောခဲ့တာတွေ အားလုံးကို အဆီထုတ်အနှစ်ချုပ်ပြီး ပြန်ပြောရရင်တော့ Polish လုပ်တယ်ဆိုတာ ဂျေးချွတ်ပြီး ဆေးသားစိုဝင်းတောက်ပလာအောင်လုပ်တာဖြစ်ပြီး အဲ့ဒါကို ရေရှည်ခံအောင် ကာကွယ်ထားဖို့အတွက် Sealant, Coating နဲ့ PPF ဆိုပြီး 3 မျိုး ရွေးချယ်နိုင်ပါတယ်။ အဲ့ဒီ 3 မျိုးက ကြာရှည်ခံမှုလည်း မတူ၊ ကာကွယ်ပေးနိုင်ပုံချင်းလည်း မတူ၊ ဈေးလည်းမတူတဲ့အတွက် ကိုယ့်ရဲ့လိုအပ်ချက်အရ ကိုယ့်ရဲ့ဆန္ဒအရပဲ ရွေးချယ်ရမှာပါ။
ဒီလောက်ဆို Polish, Coating နဲ့ PPF အကြောင်းကို နားလည်ကြပြီလို့ ထင်ပါတယ်။ ဒီပို့စ်က မပြည့်စုံလို့ ထပ်ဖြည့်ချင်တာပဲဖြစ်ဖြစ်၊ ကိုယ်သိထားတာနဲ့မတူလို့ ငြင်းခုန်ချင်တာပဲဖြစ်ဖြစ်၊ တခြားထပ်သိချင်တာတွေပေါ်လာလို့ မေးချင်ရင်ပဲဖြစ်ဖြစ် comment ထဲမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပါတယ်။
ကားပိုင်ရှင်များအားလုံး ပူပင်သောကမရှိ ကားမောင်းနိုင်ကြပါစေ...
Credit to IVORY auto work
08/09/2020
New Item Promotion
NUKABANK Nano Spray
Normal price 14000
25% discount 10500
Polysiloxome ပါဝင်သော နာနို နည်းပညာ
ဆေးသားအား...
1.30 micro cm ပိုမိုထူသော coating အလွှာပါးအဖြစ်ကာကွယ်ပေးသည်
2.PH 2-12 အတွင်းကာကွယ်ပေးနိုင်သည်
3. အပူချိန် 760 C အထိကာကွယ်ပေးနိုင်သည်
4. သာမန်အစင်းရာများအား ဖျောက်ဖျက်ပေးနိုင်သည်
5. ပိုမိုတောက်ပြောင်သော ဆေးသားအဖြစ် ဖန်တီးပေးနိုင်သည်
စုံစမ်း/ မှာယူလိုပါက
095082745/ cb
08/09/2020
16-31/ August အတွင်းမှာယူထားသော order များ ရောက်ရှိပါပြီ
Customer များအား ယနေ့ည ဆက်သွယ်ပါမည်
မနက်ဖြန်မှ စတင်ပြီး ပစ္စည်းထုတ်ယူနိုင်ပါပြီ
Order တင်ထားပြီး ဖုန်းcontact မရသော customer များကျေးဇူးပြုပြီး msger မှ ဆက်သွယ်ပေးပါခင်ဗျာ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon