Pace Customer Service

Pace Customer Service

Share

13/05/2026

IELTS ဖြေဖို့ စိတ်ကူးရှိပေမယ့် "ငါ ဘယ်ကစရမလဲ?" "ဘယ်လောက်ကြာမှာလဲ?" ဆိုပြီး ခေါင်းမီးတောက်နေတဲ့ သူငယ်ချင်းတို့အတွက်... Pace Forwardမှာ (၆) လအတွင်း Targeted Score ရစေမယ့် Roadmap လေးရှိတယ်နော်! 😎 ✨

အင်္ဂလိပ်စာ အခြေခံ Intermediate Level ရှိထားရုံနဲ့ ဒီ (၆) လ Roadmap အတိုင်း လေ့လာပြီး ဖြေဆိုလို့ရပါပြီ။

IELTS ဆိုတာ အခြေခံ "အုတ်မြစ်" မခိုင်ရင် Score တက်ဖို့ တော်တော်ခက်ပါတယ်။ ဒါကြောင့် ပထမဦးဆုံး ၃ လမှာ Skill (၄) ခုလုံးအတွက် အခြေခံကို သေသေချာချာ စနစ်တကျ တည်ဆောက်မယ်။ အခြေခံခိုင်သွားပြီဆိုမှ အမှတ်တွေက "အလိုလို" တက်လာမှာပါနော်! ✨

အခြေခံ ပိုင်နိုင်သွားပြီးရင်တော့ နောက် ၃ လမှာ Exam Format တွေ၊ မေးခွန်းဟောင်းတွေကို အပီအပြင် Practice လုပ်မယ့်အပြင် အမှတ်များများယူနိုင်မယ့် Killer Techniques တွေကိုပါ အထူးပြု သင်ကြားပေးသွားမှာပါ။ 💯

🔥 Pace Forward ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

👨‍🏫 1-on-1 Online Class ဖြစ်တာမလို့ ကိုယ်အဆင်ပြေတဲ့နေရာ၊ ကိုယ်အဆင်ပြေတဲ့အချိန်မှာ တီချယ်နဲ့ တစ်ဦးချင်း သေသေချာချာ သင်ကြားရတာမလို့ IS Exam အတွက် လိုအပ်ချက်တွေကို အသေးစိတ် ပြင်ဆင်နိုင်မယ်။

⏳မနက်၉နာရီကနေ ည၁၀နာရီအထိ ကိုယ်ကြိုက်တဲ့အချိန်တက်ရောက်နိုင်တာမလို့ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ IELTS ဖြေမယ့်သူတွေအတွက် အချိန်ညှိယူလို့ရမယ်

📈 ကိုယ့်ရဲ့ တိုးတက်မှုကို ကျောင်းဘက်ကနေ အမြဲစောင့်ကြည့်ပေးနေမှာဆိုတော့ စိတ်ချရတယ်လေ။

ပြီးတော့..Online မဟုတ်ဘဲ လူကိုယ်တိုင် In Person တက်ချင်တဲ့သူတွေအတွက် Private Class လေးတွေရှိတာဖြစ်လို့ Bangkok မှာပဲဖြစ်ဖြစ်၊ Yangon မှာပဲဖြစ်ဖြစ် IELTS အတန်းလေးတွေတက်ရောက်နိုင်အောင် စီစဥ်ပေးထားပါတယ်နော် ။

IELTS အတန်းလေးတွေရဲ့ သင်တန်းကြေးအတိအကျနဲ့ အတန်းတွေအကြောင်း အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ -
💬Pace Messenger - https://m.me/paceforward 👈 ဒီ Link လေးကိုနှိပ်ပြီး ဆက်သွယ်စုံစမ်းနိုင်သလို
📞 Phone number - 09 786 009 509, 09 786 009 609
တို့ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။

05/04/2026

တစ်ခါတလေ Social Media မှာ New Feed ဆွဲရင်းနဲ့ အချိန်တွေ ကုန်သွားတာမျိုး ဖြစ်ဖူးမှာပါ။ အဲ့ဒီအချိန်လေးတွေကို Skill အသစ်တစ်ခုသင်ယူဖို့ သုံးလိုက်ရင်ရော?

Pace Forward ရဲ့ Nano Learning App မှာဆိုရင်...

✅ အချိန်မရှိလို့ မလေ့လာနိုင်သူတွေအတွက် ၁ မိနစ်စာ Video လေးတွေရှိတယ်။
✅ ဘာသာစကားတွေအပြင် အခြား skills တွေကိုပါ အခမဲ့ စမ်းလေ့လာလို့ရတယ်။
✅ အလုပ်ခွင်မှာ အသုံးဝင်မဲ့ Skills တွေကိုလည်း အလွယ်တကူ ရှာဖွေနိုင်တယ်။

အိမ်က "ဘာလို့ ဖုန်းကြီးပဲ တစ်နေကုန်ကြည့်နေတာလဲ" လို့ အမေးခံရရင် "တိုးတက်ရာ တိုးတက်ကြောင်းတွေလုပ်နေတာ" လို့ ပြန်ပြောလိုက်တော့နော်။ 😉

Download Now on Google Play Store.

📍Contact Us: https://m.me/paceforward

Hotline Number - 09 786 009 509, 09 786 009 609

14/03/2026

Hello Pacers လေးတို့ရေ💡

ကိုရီးယားမှာ ကျောင်းသွားတက်ချင်တဲ့ pacers လေးတို့အတွက် Knowledge and experience sharing အပြင် Q&A session လေးပါ, ပါမယ့် webinar လေး စီစဉ်ပေးထားပါတယ်နော် 🥳

Korea မှာ University Scholarship ရရှိထားတဲ့ Speakers တွေက သူတို့ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို ဝေမျှပေးမှာဖြစ်လို့ "Korea Pathway Webinar" ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

📅 Date : 15 March, 2025 (Sunday)
⏰ Time : 6 PM – 7 PM (Myanmar Time)

🎤 Guest Speakers

• Khit Min – GKS 4-Year Scholarship Winner, Ajou University, Computer Science Major

• Su Lei Lei Naing – 4-Year Scholarship Winner, Kyung Hee University (CS),Ajou Language School Full Scholarship Winner

Webinar တက်ရောက်သူများအတွက် Korean Class နှင့် IELTS Class များတွင် အထူး Discount များ ရရှိဦးမှာဖြစ်လို့ အမြန်ဆုံး register လုပ်ထားလိုက်တော့နော် 🫶🏻

Registration Form Link - https://forms.gle/JfBdLVqf4DFiDviq5

💡 ကိုးရီးယားမှာဘာကြောင့်ကျောင်းတက်သင့်လဲ?

ကမ္ဘာ့အဆင့်မီ ပညာရေးကို အခမဲ့နီးပါး တက်ရောက်နိုင်မယ့် Korea Scholarship လမ်းကြောင်းဟာ အခုချိန်မှာ အကောင်းဆုံး အခွင့်အလမ်းတစ်ခု ဖြစ်နေပါပြီ။

💡 ကိုရီးယားကို ဘာကြောင့် ရွေးသင့်တာလဲ?

Full Scholarships: ကျောင်းလစာတင်မကဘဲ လစဉ်ထောက်ပံ့ကြေးပါ ရနိုင်တဲ့ GKS လို Scholarship မျိုးတွေ ရှိတယ်။

World-Class Quality: အနောက်နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နည်းပညာနဲ့ Business ကျောင်းတွေ။

Global Career: ကျောင်းပြီးရင် ကိုရီးယားမှာတင်မကဘဲ နိုင်ငံတကာ ကုမ္ပဏီကြီးတွေမှာ အလုပ်အကိုင် အခွင့်အလမ်း ပေါများပါတယ်။

💡 Korea Scholarship လျှောက်ဖို့ ဘာတွေ ပြင်ဆင်ထားသင့်လဲ?

✔ IELTS score ကောင်းကောင်းရှိထားရင် University options ပိုများပါတယ်။
✔ Korean Language အခြေခံရှိထားရင် Scholarship ရနိုင်ချေ ပိုတက်နိုင်ပါတယ်။
✔ Scholarship application timing နဲ့ process ကို မှန်ကန်စွာ သိထားဖို့လည်း အရေးကြီးပါတယ်။

ဒါတွေကို တစ်နေရာတည်းမှာသေချာသိနိုင်ဖို့ Korea မှာ University Scholarship ရရှိထားတဲ့ Speakers တွေက သူတို့ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို ဝေမျှပေးမယ့် "Korea Pathway Webinar" ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

📅 Date : 15 March, 2025 (Sunday)
⏰ Time : 6 PM – 7 PM (Myanmar Time)

🎤 Guest Speakers

• Khit Min – GKS 4-Year Scholarship Winner, Ajou University, Computer Science Major

• Su Lei Lei Naing – 4-Year Scholarship Winner, Kyung Hee University (CS),Ajou Language School Full Scholarship Winner

ဒီ Webinar က Event တစ်ခုတင်မဟုတ်ဘဲ Pacer တို့ရဲ့ Study Abroad Journey ကို စတင်နိုင်မယ့် လမ်းစတစ်ခု ဖြစ်နိုင်ပါတယ်။

Webinar တက်ရောက်သူများအတွက် Korean Class နှင့် IELTS Class များတွင် အထူး Discount များ ရရှိဦးမှာပါနော်..

Registration Form Link - https://forms.gle/JfBdLVqf4DFiDviq5

26/01/2026

ကိုယ်ကျက်သမျှ၊မှတ်သမျှ စာတွေက သူနဲ့ဆောက်ခဲ့ဖူးတဲ့ လေထဲက တိုက်အိမ်လေးလို ခဏလေးအတွင်း ပျောက်ကွယ်သွားတတ်လို့ စိတ်ညစ်နေကြပြီလား 🫵🫩

ညစ်နေတာတွေ ပျောက်သွားချင်ရင်တော့ ဒီpost လေးမှာ share ပေးမယ့် tips လေးတွေကို သေချာ‌ဖတ်ကြည့်လိုက်နော်👇

🙌🏻 Tip 1: Feynman technique

ကိုယ်လေ့လာမယ့် topic တစ်ခုကို‌ရွေးပြီး လေ့လာပါ။ ပြီးရင် အခြားတစ်ယောက်ကို ပြန်သင်ပြသလိုမျိုး ရှင်းပြကြည့်ပါ။ ကိုယ့်ဘာတွေ မှတ်မိဖို့ လိုအပ်နေသေးလဲဆိုတာကို ဆန်းစစ်ပြီး ပြန်လေ့လာပါ။ ကိုယ်လေ့လာထားတဲ့ topic ရဲ့ သဘောတရားကို ရိုးရိုးရှင်းရှင်းနဲ့ ပြန်ပြီး ရှင်းပြနိုင်တဲ့အထိ ထပ်ကာထပ်ကာ လေ့လာကြည့်မယ်ဆိုရင်တော့ စာတွေ ရှေ့ကြည့်နောက်မေ့ ဖြစ်တော့မှာမဟုတ်ပါဘူး။

🙌🏻 Tip 2: Mind mapping

ဒီနည်းလမ်းလေးကတော့ visual learner တွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းလေးပါ။ mind mapping ဆိုတာကတော့ အဓိကကျတဲ့ အကြောင်းအရာတွေ၊ ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို diagram တစ်ခုလို ပုံဖော်ပြီး မှတ်သားတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ mind map ဆွဲပြီး လေ့လာတဲ့အခါ အရေးကြီးတဲ့ သဘောတရားတွေကို စုစည်းထားသလိုဖြစ်တဲ့အပြင် မှတ်မိဖို့လည်း လွယ်ကူစေပါတယ်။

🙌🏻 Tip 3: Elaborative Interrogation

Elaborative Interrogation ဆိုတာကတော့ ကိုယ်လေ့လာနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး "why" "how" ဆိုတဲ့ မေးခွန်းလေးတွေ မေးကြည့်တာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကိုယ်က Industrial revolution အကြောင်းလေ့လာနေတယ်ဆိုရင် "Revolution ဘာကြောင့်ဖြစ်ရတယ်" "နောက်ဆက်တွဲအနေနဲ့ ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်" စသဖြင့် မေးခွန်းတွေမေးပြီး ကိုယ့်ရဲ့ knowledge ကို ကျယ်ပြန့်စေတာပဲဖြစ်ပါတယ်။ ဒီ technique လေးက topic တစ်ခုကို နက်နက်နဲနဲ နားလည်စေတဲ့အပြင် ကိုယ်သိထားတဲ့ အကြောင်းအရာတွေနဲ့ ထပ်ပြီးလေ့လာရမယ့် သဘောတရားတွေကို ချိတ်ဆက်ပေးနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေထဲက ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းကိုသုံးပြီး စာလေ့လာမယ်ဆိုရင် သူနဲ့ဆောက်ခဲ့တဲ့ လေထဲကအိမ်လေးကိုသာ မေ့ချင်မေ့မယ် စာတွေကိုတော့ လုံးဝမေ့တော့မှာ မဟုတ်ဘူးနော် 😉✨

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Room No. 303, 3rd Floor, Excel Treasure Hotel, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00