July & Partners
ဥပဒေရေးရာနှင့်အမှုကိစ္စများတိုင်ပင်ဆွေးနွေးပေးခြင်း၊ အမှုကိစ္စများလိုက်ပါဆောင်ရွက်ပေးခြင်းနှင့် ဥပဒေနှင့်ဆိုင်သည့်ဝန်ဆောင်မှုပေါင်းစုံကို ကျွန်ုပ်တို့ထံမှ ဝန်ဆောင်မှုများပေးနေပါသည်။
24/12/2020
ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေးဖြစ်ပါစေလို့....
ကျွန်ုပ်တို့ Law Firm မိသားစုများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....။
14/12/2020
#အမျိုးသမီးတစ်ဦးစ-နောက်ခံရရင်
#(လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု)
တစ်နေ့က ဘေးအိမ်ကသူငယ်ချင်းမက "ငါအပြင်ထွက်တိုင်း တချို့ယောကျာ်းတွေလိုက်စ,နောက်တာတွေ မကြာခဏခံရတယ်... လိုက်စ၊နောက်တတ်တဲ့သူတွေကို ဥပဒေအရတရားစွဲလို့မရဘူးလား"တဲ့ တော်တော်သည်းမခံနိုင်တော့တဲ့ပုံစံနဲ့ ကျွန်မကိုလာမေးတယ်။
သူမ ဘယ်လောက်တောင် အစ,နောက်ခံနေရလည်းမသိ ပုံစံကြည့်ရတာကလည်း တော်တော်စိတ်ရှုပ်နေပုံပေါ်တယ်။ သူငယ်ချင်းမကတော့ မိန်းမလှလေးတစ်ယောက်ဖြစ်တယ်။ သူမကို ကျွန်မကြည့်မိပြီး စိတ်မကောင်းလည်းဖြစ်မိတယ်။
"ဥပဒေအရ အရေးယူလို့ရတာပေါ့သူငယ်ချင်းရယ်... လူအတော်များများက ဥပဒေဗဟုသုတမရှိတာရော ဒါနဲ့ပတ်သက်ပြီးတရားစွဲလို့ ရတယ်ဆိုတာကိုရော မသိကြတော့ ဒီအတိုင်းညိမ်ခံခဲ့ရပေါင်းတွေလည်း များလှကြပြီ...။"
"နင် ခုခံစားနေရတာနဲ့ ကြုံတွေ့နေရတာကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုလို့ခေါ်တယ်...။"
"ဟုတ်လား...ဘယ်လိုမျိုးတွေလဲဆိုတာ ငါ့ကိုရှင်းပြပေးပါလား...။"
"အေးပါ ငါရှင်းပြတာကို သေချာနားထောင်နော်... #လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုဆိုတာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဖြစ်နိုင်တယ်...။ လိင်အတွက်ခြိမ်းခြောက်တဲ့ #ချည်းကပ်မှုတွေ၊ #တောင်းခံမှုတွေ၊ #နှုတ်နဲ့ကျူးလွန်ခြင်း၊ #ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ #အပြုအမူများနဲ့ မဖွယ်မရာပြသခြင်း၊ #မဖွယ်မရာစိုက်ကြည့်ခြင်းတွေကြုံရလို့ တစ်ဖက်အမျိုးသမီးမှာ #စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်ဖြစ်ပြီး #ကာအိန္ဒြေပျက်ပြားခြင်းတွေဖြစ်တယ်။ "
"ခု ...နင်ကြုံရတဲ့ဟာက နှုတ်နဲ့ကျူးလွန်ခံနေရတာ... #ရာဇသတ်ကြီးဥပဒေပုဒ်မ၅၀၉ အရအရေးယူလို့ရတယ်...။ #ရာဇသတ်ကြီးပုဒ်မ၅၀၉ ဆိုတာမိန်မတို့ ကာအိန္ဒြေ ကို စော်ကားရန် ရည်ရွယ်သောစကား သိုတည်းမဟုတ် ကိုယ်အမှုအရာ သိုတည်းမဟုတ် ပြုလုပ်မှု တခုခုကို ကျူးလွန် ရင် ပြစ်ဒဏ်က အများဆုံး အလုပ်မဲ့ထောင်ဒဏ်(၁)နှစ်နဲ့ ငွေဒဏ်ဆိုပြီးသတ်မှတ်ထားတယ်။ ဒဏ်နှစ်ရပ်လုံးလည်းကျခံနိုင်တယ်...။လောလောဆယ် နင်ဒီလောက်အထိပဲမှတ်ထားဟာ...နောက်မှ အေးဆေးငါ တစ်ချက်ချင်းဆီနဲ့ ပြစ်ဒဏ်တစ်ခုချင်းဆီသေချာလေးရှင်းပြပေးမယ်...။"
"ရပါတယ်ဟာ...ဒီလောက်ရှင်းပြပေးတာနဲ့တင် ငါ့သူငယ်ချင်းကြီးကို ကျေးဇူးတင်လှပါပြီဟ...ခုတော့တရားစွဲလို့ရမှန်းသိသွားပြီ...။မနက်ဖြန်ကစပြီး ငါ့ကိုလိုက်စ,နောက်တဲ့သူတွေ သေဖို့သာပြင်ထား...ဟင်း...။ဟဲ့ နေပါဦး ငါ...အဲလိုအစခံရရင် ဘေးနားမှာ ဘယ်သူမှမရှိဘူးဆိုရင် တရားစွဲလို့ရရဲ့လား...။"
"ရပါ့ ...နင့်တစ်ယောက်ထဲရှေ့မှာတောင် အဲလိုစ နောက်ခံနေရရင် ကျူးလွန်သူကို နင်က ၅၀၉ နဲ့စွဲဆိုနိုင်ပြီး အများရှေ့မှာ မဖွယ်မရာ စ, နောက်ခံရရင် #ရာဇသတ်ကြီးဥပဒေပုဒ်မ၂၉၄ နဲ့ပါစွဲလို့ရနိုင်ပါသေးတယ်...ရှင်...။
ကိုးကားသည့်စာအုပ်- #ရာဇသတ်ကြီးဥပဒေ
&
Click here to claim your Sponsored Listing.