Smart Lady
28/11/2020
Hello အားလုံးပဲမဂ်လာပါရှင့် Smart Lady ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် မင်မင်စျေးနှုန်းသက်သက်သာသာလေးနဲ့ Cosmetic ပစ္စည်းလေးတွေရောင်းပေးမယ်နော် အားလုံးပဲလိုချင်တာလေးတွေရှိရင်လဲမေးလို့ရပါတယ်ရှင့် အရင်ဆုံးဘာလေးရောင်းပေးရင်ကောင်းမလဲအချစ်တို့ရေ😍
30/07/2020
တိုက်တန်းနစ် သင်္ဘောကြီး မြုပ်တော့
အနီးအနားမှာ သင်္ဘော ၃စီး ရှိနေခဲ့ပါတယ်။
တစ်စီးကတော့ "ဆမ်ဆွန်" ဆိုတဲ့ သင်္ဘော ဖြစ်ပြီး တိုင်းတန်းနစ် နဲ့ ၇ မိုင်အကွာမှာပဲ ရှိနေခဲ့တာပါ။ အန္တရာယ်ကျရောက်နေကြာင်း အချက်ပြတဲ့ မီးကျည်တွေကို သူတို့ မြင်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ပင်လယ်ဖျံတွေကို တရားမဝင် ခိုးဖမ်းနေတဲ့ သင်္ဘော ဖြစ်နေတော့ အဖမ်းမခံချင်တာကြောင့် တိုက်တန်းနစ် နဲ့ ဆန့်ကျင်ဘက်ကို လှည့်ထွက်သွားခဲ့ပါတယ်။ ဒီသင်္ဘောဟာ တခြားသောသူတွေ အကူအညီ လိုအပ်နေချိန်မှာ အသိအမှတ် မပြုနိုင်ဘဲ နေစိမ့်တဲ့၊ ကိုယ့်အကုသိုလ်နဲ့ကိုယ် အလုပ်များနေတဲ့ လူတွေနဲ့ အလားတူပါပဲ။
နောက်တစ်စီးကတော့ "ကယ်လီဖော်နီးယန်း" ဆိုတဲ့သင်္ဘောပါ။ တိုက်တန်းနစ်ကနေ ၁၄ မိုင်အကွာမှာ ရှိနေတာပါ။ ကပ္ပတိန်က အပြင်ထွက်ကြည့်တဲ့အခါ အချက်ပြမီးကျည်တွေကို မြင်ပေမယ့်လည်း သင်္ဘောပတ်ပတ်လည်မှာ ရေခဲတောင်တွေနဲ့ ပိတ်နေတာမို့ အခြေအနေက အခွင့်မသာ၊ မှောင်ကလည်း မှောင်နေတာကြောင့် မနက်ကျမှ သွားတော့မယ်ဆုံးဖြတ်ပြီး အခန်း ပြန်အိပ်နေခဲ့ပါတယ်။ သင်္ဘောသားတွေလည်း 'ဘာမှ မဖြစ်နိုင်ပါဘူးလေ ဆိုပြီး ကြိုးစား စိတ်ဖြေနေရတာပေါ့။ အဲဒီသင်္ဘောကျတော့ 'အခုလောလောဆယ်တော့ ဘာမှ မလုပ်နိုင်ဘူး' လို့ ပြောတတ်တဲ့ လူတွေကို ကိုယ်စားပြုနေတာပေါ့။ အခြေအနေတွေက သိပ်ကောင်းသေးတာ မဟုတ်ဘူး။ အခြေအနေတွေ ပြည့်စုံကောင်းမွန်မှ ထွက်မယ်ဆိုပြီး စောင့်နေတဲ့ လူမျိုးတွေပေါ့။
နောက်ဆုံးသင်္ဘောကတော့ "ကာပါသီယာ" ပါ။ တကယ်တမ်းက ရေဒီယိုကနေ ဘေးအန္တရာယ်ကျရောက်လို့ ကယ်ဆယ်ဖို့ ပန်ကြားချက် ကြားရတဲ့ အချိန်မှာ အဲဒီသဘောင်္ာဟာ တိုင်တန်းနစ်ကနေ ၅၈ မိုင်အကွာအဝေးမှာ ရှိနေပြီး တောင်ဘက်ကို ဦးတည်ခုတ်မောင်းနေတာပါ။ သင်္ဘောကပ္ပတိန်ဟာ တိုင်းတန်းနစ်သင်္ဘောရှိရာဘက်ကို မျက်နှာမူ ဒူးထောက်ထိုင်ချလိုက်ပြီး ဘုရားသခင်ထံ ဆုတောင်းပါတယ်။ ပြီးတာနဲ့ သင်္ဘောကို တစ်ပတ်ပြန်လှည့်၊ ရေခဲတောထဲက ဖြတ်ပြီး စက်ကုန်ဖွင့် မောင်းခဲ့ပါတယ်။ အဲဒီသင်္ဘောကနေ တိုင်းတန်းနစ်သင်္ဘောက သေကံမရောက်သက်မပျောက် ကျန်ရစ်သူ ၇၀၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
နှိုင်းယှဉ်သုံးသပ်ချက်…တာဝန်မယူချင်လို့ အကြောင်းပြချက်ပေးတာတွေ၊အတားအဆီးတွေကတော့ အမြဲ ရှိနေတာပါပဲ။ဒါပေမယ့် အဲဒါတွေကို လက်ခံပြီး လုပ်စရာရှိတာ လုပ်သင့်တာ လုပ်တဲ့သူတွေကိုတော့ လူတွေရဲ့ ရင်ထဲမှာ အမြဲ အမှတ်ရနေကြမှာပါ။ဘဝမှာ ဆမ်ဆွန် နဲ့ ကယ်လီဖော်နီးယန်း တို့လို မဟုတ်ဘဲ ကာပါသီယာသင်္ဘောသားတွေလို ကျွန်တော်တို့အားလုံး ဖြစ်နိုင်ပါစေလို့ တကယ့်ကို ဆန္ဒပြုပါတယ်။အဲဒါဆို ဒီကမ္ဘာကြီးဟာ နေချင်စရာကောင်းပြီး ပိုမိုလှပတဲ့နေရာတစ်ခု ဖြစ်လာမှာပါ
: Dr.Shwe Tun
Click here to claim your Sponsored Listing.