Kitchen Story

Kitchen Story

Share

Photos from Kitchen Story's post 23/04/2026

ဒါ တဘူး တသောင်းက ဖြစ်စလတ်ခတ်တန်တာနော်
အရောင်လေးလည်း အရမ်းလှ😍💚

✔️1500ml size
✔️BPA Free ကော်အထူသား

21/04/2026

ပေါ့ပေါ့ပါးပါးရေးတာနော်
ချစ်သဲတွေလည်း အပျင်းပြေသဘောပဲဖတ်ပါရှင့်💁🏻‍♀️💟

Silicone၃ချောင်းတွဲsetရဲ့ စျေးပေါင်းစုံဂယက်
-နှစ်သောင်းမကျော်တဲ့စျေးတန်းရယ်
-နှစ်သောင်းခွဲပတ်ချာလည်စျေးတန်းရယ်
-သုံးသောင်းကျော်စျေးတန်းရယ် အမျိုးမျိုးရှိနေတာ အမြတ်ကြီးစားတာတွေ အောက်စျေးနှိုက်တာတွေထက် အဓိကက qမတူတာရယ်

osသက်တမ်းတလျှောက် လက်လီလက်ကား ရာချီ ရောင်းဖူးတဲ့itemမို့ အမျိုးစုံကြုံဖူးလို့ sharingလုပ်တာပါ

စျေးအမျိုးမျိုး qအမျိုးမျိုးနဲ့ မာယာများတဲ့itemကြီး😆

သူက အဝင်လမ်းကြောင်းတွေမတူသလို စျေးမတူ qမတူပါဘူး
ဇွန်းပြားအကြီး/အသေး ဆီလီကွန်အထူ/အပါး လက်ကိုင်သစ်သားကို qကောင်းပေးထားလား/qလျှော့ပြီးထုတ်ထားလား စသဖြင့် စသဖြင့် ကွာပါတယ် .. မြင်ဖူးရောင်းဖူးနေကြမျက်လုံးတွေဆိုရင်တော့ ကြည့်တတ်တယ်ရယ်

ဆီလီကွန်ဇွန်းပါဆိုမှ ကွာလတီအလျှော့လွန်ပြီး ဆီလီကွန်ခပ်ပါးပါးနဲ့ အောက်ကသံပြားကိုမြင်နေရတဲ့ကွာလတီမျိုးလည်း တွေ့ဖူးတယ်😆

ဟိုဘက်ကိုလှမ်းမှာတဲ့အခါ လက်လီဆိုင်တဆိုင်ကပဲ တခါနဲ့တခါ ထည့်ပေးတဲ့qမတူတာဘဲ ဂျင်းတာမျိုးလည်းရှိတယ် အခုတခါ qကြိုက်လို့ နောက်တခါထပ်မှာရင် စျေးကျတော့အတူတူယူပြီး qလျှော့ပြီးတော့ ပို့ပေးတာ
အဲ့အခါကျ ရောင်းစျေးကို ပထမတခါစျေးအတိုင်းရောင်းလို့မရ .. တန်ရာတန်ရာစျေးတန်းတခုနဲ့ အရှုံးခံပြီး လျှော့ရောင်းရတာပါပဲ

မင့်pageမှာတော့ ဒီနေ့အထိ လက်လီလက်ကားရောင်းခဲ့သမျှsetတွေကို သူ့qနဲ့တန်တဲ့စျေးတန်းအတိုင်း အပြင်ကိုယ်တိုင်ရိုက်ပုံတွေတင်ပြီးတော့ပဲ ရောင်းခဲ့တာတွေချည်းပါပဲရှင့်💟

မင်မင့်စီမှာ အခုလက်ရှိ 22000ရောင်းတာ 22000တန်qပါ
မင့်pageကို အမြဲကြည့်တဲ့သူတွေဆိုသိမယ်
အမည်းရောင်တချောင်းချင်းစီဆို 10500ရောင်းပါတယ် .. 10500တန်qမို့ပါ

Cusတွေဘက်ကကြည့်ရင် ပစ္စည်းတူတူကိုပဲ ဟိုဆိုင်ကစျေးများတယ် ဒီဆိုင်ကစျေးသက်သာတယ် အဲ့လိုထင်တတ်ကြပါတယ် ဒါသူတို့ရဲ့အပြစ်လည်းမဟုတ်ဘူးရယ် အပေါ်မှာပြောထားသလို သေချာမသိလို့ဖြစ်တာဆိုတော့

ဘာရယ်မဟုတ် ကြုံတုန်းဆုံတုန်းရေးမိတာပါ အသဲတို့ရေ💁🏻‍♀️💟
မင် ခရီးသွားဖို့ရှိတာမို့ deliအမှီလိုချင်ရင် အော်ဒါလေးတွေ မြန်မြန်တင်ပေးထားနော်
သကြ်န်ပိတ်ရက်တုန်းက တက်ထားတဲ့အော်ဒါတွေကတော့ အကုန်နီးပါး အပ်ထားပြီးပါပြီ

ပုံကတော့ မာလာဘဲစပ် အရမ်းစားချင်နေလို့🥹

Photos from Kitchen Story's post 21/04/2026

-သင်္ကြန်အပြီး INOCHI items price update အကုန်စျေးတက်သွားပါပြီ
မနေ့ကနဲ့ ဒီနေ့အထိမှာတဲ့အမှာတွေကိုတော့ မင် စျေးဟောင်းတွေနဲ့ဖြတ်ပေးလိုက်ပါတယ်

-ဒီညစပြီး အောက်ပုံက itemsတွေကို ရေးထားတဲ့စျေးတွေအတိုင်း စပြီးဘောက်ချာဖြတ်ပါတော့မယ်လို့

-ပုံမှာမပါတဲ့ ကျန်itemတွေကိုတော့ အရင်စျေးတွေအတိုင်း ထိန်းရောင်းပေးပါမယ်

-အထူးသဖြင့် Marble ceramic panတွေ စျေးတော်တော်တက်သွားပါတယ် .. မင်ကတော့ bufferလုပ်တဲ့အနေနဲ့ ၃/၄ထောင်ပဲ စတက်ထားပါတယ်
ဒါကြောင့်ဝယ်ဖို့စိတ်ကူးရှိရင် အခုချိန်သာဝယ်ထားပါလို့ အသဲတို့ရေ💟

Photos from Kitchen Story's post 20/04/2026

Microwave userလေးတွေအတွက် နောက်တမျိုး လာပြီဗျို့📣📣

📌Microwave steamer ပါရှင့်

သူက ကိုယ်နွှေးချင်တဲ့အစားအစာကို ပန်းကန်လုံးခံစရာမလို ဒီထဲတိုက်ရိုက်ထည့်ပြီး အဖုံးလေးဖုံးပြီးနွှေးရတာပါ

✔️Reheat, Serve, Eat, Store - ALL IN ONE သုံးလို့ရတာမို့ mw coverတို့trayတို့ထက် ဒါကသုံးရတာ ပိုconvenientဖြစ်တယ်နော်
✔️Steamerလည်း တထပ်ပါသေးတယ်
✔️Ventilation holeပါတယ်

🇹🇭SUPER LOCK THAILAND MADE
✅BPA Free
📏24.7cm x 12cm
📌33,000

Want your business to be the top-listed Furniture Store in Yangon?
Click here to claim your Sponsored Listing.

Website

Address

Banyardala
Yangon