Green Light Academy

Green Light Academy

Share

08/05/2023

အလိုလိုက်အကြိုက်ဆောင် မိဘအုပ်ထိန်းမှုပုံစံ

သားသမီးကို ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ထားသည်ဟု ပြောဆိုတတ်သည့် မိဘမျိုးဖြစ်သည်။ လက်ညှိုးညွှန်ရာရေဖြစ်စေ ဆိုသကဲ့သို့ ကလေးပူဆာသမျှ တစ်ခုမကျန်ဖြည့်ဆည်းပေးကာ အရာရာတွင် အလိုလိုက် ခွင့်ပြုထားသော မိဘများဖြစ်ကြသည်။ စည်းကမ်းသတ်မှတ်ခြင်းများ မရှိသလောက်ဖြစ်ကာ သတ်မှတ်ထားပါကလည်း ချိုးဖောက်မှုပြုသည်ကို မသိကျိုးကျွံပြုထားတတ်ကြသည်။ မှန်သည်မှားသည်ကို ခွဲခြမ်းစိတ်ဖြာမပြဘဲ ကလေးလုပ်သမျှကို အကောင်းမြင်ကာ ကလေးဘက်မှ ကာကွယ်ပေးတတ်သည်။ ကလေးမျက်နှာအညိုမခံဘဲ လိုအပ်ချက်ကို တောင်းဆိုစရာမလိုအောင် ဖြည့်ဆည်းပေးနေတတ်သည်။ ကလေးကိုယ်တိုင်လုပ်ရန် တိုက်တွန်းအားပေးခြင်း အလျဉ်းမရှိဘဲ အရာရာ မိဘအားကိုးရန်သာ လိုလားသည်။

Permissive parenting styleထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာသော ကလေးများသည် သူတပါးကို နားလည်ပေးနိုင်ရန် အားနည်းတတ်ကြသည်။ မျှဝေခြင်းစာနာခြင်း မရှိကြဘဲ မိမိအလိုဆန္ဒကိုသာ ဦးစားပေးကြသည်။ လိုချင်လုပ်ချင်သော မိမိ၏ စိတ်ဆန္ဒကိုမထိန်းချုပ်နိုင်ဘဲ မိမိစိတ်ကို အလိုလိုက်ကြသည်။ မိမိအလိုရှိသည်ကိုမရပါက ပေါက်ကွဲတတ်ကြကာ အခြားသူများနှင့် ဆက်ဆံရေးတွင် ပြဿနာများဖြစ်ကြသည်။ မိမိကိုယ်မိမိ အကောင်းထင်မှု များနေနိုင်သော်လည်း ပတ်ဝန်းကျင်နှင့်လူများအပေါ်တွင် အကျိုးမပြုနိုင်ကြပါ။

Tr. Kyi Hnin Khaing

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

7/96, AungThitSar Street, Shwepyithar
Yangon

Opening Hours

09:00 - 15:00