Vibe Clothing Brand

Vibe Clothing Brand

Share

05/06/2026

#ချည်သားစစ်စစ်မှ ကြိုက်ရင် Vibe ရဲ့ ဟာဝေယံရှပ်လေးတွေရှိတယ်နော်။
ရင်ဆိုဒ် ၃၄ ကနေ ၄၀ အထိရလို့ Tween အရွယ် သားသားမီးမီးတို့ရော မေမေရော ရှယ်ပလန်နဲ့ လန်းလို့ရပြီ။
Vibe က ဝယ်ရင် ဒါတွေစိတ်ချ —အသားကောင်း၊ ချုပ်ရိုးသေသပ်၊ စိတ်ကျေနပ်မယ့် service

ဈေးကလည်းမေးဦး ဘယ်ဆိုဒ်ယူယူ #18000 ကျပ်ပဲ။

Ninja Van ရောက်တဲ့မြို့တိုင်းလည်း အိမ်ရောက်ငွေချေရဦးမှာ။

၁၀ ထည် အထက်ကိုလည်း လက်ကားဈေးနဲ့ရဦးမှာ။

ဆိုတော့ တွေးနေငေးနေရင်း Stock ကုန်သွားဦးမယ်နော်။

အခုပဲ လာလိုက်တော့ CB ကို 😁 Online shop သီးသန့်မို့ cb ခေါ်တာပါရှင့် ☺️☺️☺️

ဝယ်ယူအားပေးချင်တဲ့ ဖေဖေမေမေတို့အတွက်
🗨️Viber - 09—759981426
📱09—759981426/09—43041656
💬Page Messenger https://m.me/vibeclothingbrand54
သို့လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။

04/06/2026

🌧️ မိုးရာသီမှာ အဝတ်အစားတွေ ဘာကြောင့် အောင်းနံ့ထွက်တာလဲ 🤔🤔

☔မိုးတွင်းရောက်လာပြီဆိုတာနဲ့ အိမ်ရှင်မတွေအတွက် ခေါင်းခဲစရာတစ်ခုက အဝတ်အစားတွေ ကောင်းကောင်းမခြောက်တဲ့ ပြဿနာပါပဲ။ လျှော်ပြီးခါစက သန့်ရှင်းနေတဲ့ အဝတ်တွေဟာ လှန်းထားရင်းနဲ့ အောင်းနံ့၊ မှိုနံ့တွေ ထွက်လာတတ်ပါတယ်။ အဲ့ဒီအနံ့က အဝတ်အစားတွေ ညစ်ပတ်နေလို့မဟုတ်ဘဲ စိုထိုင်းဆများတဲ့ ပတ်ဝန်းကျင်မှာ ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ဖွားလာတာကြောင့် ဖြစ်ပါတယ်။

☔ဒီပြဿနာကို လျော့ချဖို့ အဝတ်လျှော်တဲ့အခါ ရှာလကာရည် အနည်းငယ် ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါ ထည့်လျှော်ပေးနိုင်ပါတယ်။ ဒါက အနံ့ဆိုးဖြစ်စေတဲ့ ပိုးမွှားတွေကို လျော့နည်းစေပြီး အဝတ်တွေကို ပိုမိုလန်းဆန်းစေပါတယ်။

☔လျှော်ပြီးတဲ့အခါမှာလည်း အဝတ်တွေကို တစ်ထည်နဲ့တစ်ထည် ကပ်မထားဘဲ ခပ်ခွာခွာလှန်းဖို့ အရေးကြီးပါတယ်။ လေဝင်လေထွက် ကောင်းလေလေ အဝတ်ခြောက်မြန်လေလေ ဖြစ်ပြီး အောင်းနံ့ဖြစ်နိုင်ခြေ နည်းလေလေပါပဲ။ အိမ်ထဲမှာ လှန်းရတဲ့အခါ ပန်ကာဖွင့်ထားပေးရင် ပိုပြီး ထိရောက်ပါတယ်။

☔တကယ်လို့ အဝတ်တွေက အနံ့စွဲနေပြီဆိုရင် အမွှေးဆီဖျန်းရုံနဲ့ မလုံလောက်ပါဘူး။ ရှာလကာရည်ရောထားတဲ့ ရေနွေးနွေးထဲမှာ ခဏစိမ်ပြီး ပြန်လျှော်ပေးတာက ပိုပြီး အကျိုးရှိပါတယ်။

☔နောက်ထပ် သတိထားရမယ့် အချက်တစ်ခုက အဝတ်တွေ လုံးဝခြောက်သွေ့မှ ဘီဒိုထဲ ထည့်သိမ်းဖို့ပါ။ မခြောက်တခြောက် အဝတ်တစ်ထည်ကြောင့် ဘီဒိုတစ်ခုလုံး အနံ့ဆိုးစွဲသွားနိုင်ပါတယ်။

☔မိုးရာသီဟာ အဝတ်ခြောက်ဖို့ ခက်ခဲတဲ့ ရာသီဖြစ်ပေမယ့် နည်းလမ်းမှန်မှန်နဲ့ ဂရုစိုက်မယ်ဆိုရင်တော့ အဝတ်အစားတွေကို သန့်ရှင်းမွှေးပျံ့စွာ ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

​💡 အိမ်ရှင်မတွေနဲ့ အဝတ်လျှော်ရတဲ့သူတွေအတွက် အရမ်း အသုံးဝင်လို့ မိမိချစ်ရသူတွေပါ သိအောင် Share ပေးသွားပါဦး။

​ဒီထဲက ဘယ်နည်းလမ်းကို အသုံးအများဆုံးလဲဆိုတာကိုလည်း Comment မှာ ပြောခဲ့ပေးဦးနော်။ 👇✨

03/06/2026

Feedback ကောင်းတွေအများကြီးပေးပြီး မှာယူအားပေးကြတဲ့ Customer တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

30/05/2026

အခုခေတ်က အသက် ၅ နှစ်ကျော်ဆိုရင်ကို အဝတ်အစားနဲ့ပတ်သက်ပြီး ညှိနေရပြီနော်။ 😬

မင်မင်တော့ အိမ်က ၆ နှစ်သားနဲ့ အပြင်တစ်ခါသွားရင် တစ်ခါ စကားများရတယ်။ အခုလို မိုးတွင်းဆို လက်ရှည်ဝတ်ရေး မဝတ်ရေး အမြဲတိုင်ပတ်၊ ဟော တစ်ခါတလေ သူဝတ်ချင်တာနဲ့ သွားမယ့်နေရာနဲ့ မအပ်စပ်၊ ‌တစ်ခါ သူဝတ်ချင်တဲ့ အင်္ကျီနဲ့ ဘောင်းဘီက ခေါ်မနေတာမျိုး လည်းရှိသေး။ 😂 ဒါမယ့် တစ်ခါတလေကျ သူ့ဟာနဲ့သူ ဖက်ရှင်ကျနေပြန်ရော။ 🥰

မင်မင်ကတော့ပုံထဲကလို နည်းလမ်းနဲ့ ဉာဏ်များပြီး ဝတ်ခိုင်းရပါတယ်။ ပြောလို့ရတဲ့အခါရပေမယ့် တစ်ခါတလေတော့ အလွန်ဂျစ်ပြီး အမေဝတ်ခိုင်းသလို လုံးဝ မဝတ်တဲ့အချိန် ကျ လက်လျော့ရတာပါပဲ။

မေမေတို့ရော ဘယ်လိုနည်းတွေသုံးကြလဲ comment မှာ ပြောပြပေးသွားကြပါဦးနော်။

29/05/2026

မေမေတို့ရေ... ကိုယ့်ကလေးတက်နေတဲ့ International School က MOE အောက်မှာ တကယ်ရှိမရှိ ဘာလို့ သိဖို့လိုအပ်တာလဲ ဆိုတာနဲ့ပတ်သက်ပြီး Knowledge Sharing လေးပြောပြချင်ပါတယ်။

၁။ MOE ရဲ့ တရားဝင် မှတ်ပုံတင်ခွင့်ပြုချက်အောက်တွင် ရှိသောကျောင်းများ (Private School)

မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်း (KG to Grade 12) အတိုင်း သင်ကြားပေးနေတဲ့ ပြည်တွင်း ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း အများစုကတော့ ပုဂ္ဂလိကပညာရေးဥပဒေ အရ MOE အောက်မှာ တရားဝင် မှတ်ပုံတင် (Register) လုပ်ပြီး ဖွင့်လှစ် ထားရ တာ ဖြစ်ပါတယ်။

၂။ နိုင်ငံတကာသင်ရိုး သင်ကြားသောကျောင်းများ ( International School)

Cambridge (IGCSE), American သို့မဟုတ် IB သင်ရိုးတွေ သင်တဲ့ နိုင်ငံတကာကျောင်း (International School) ကြီးတွေကတော့ မြန်မာနိုင်ငံအတွင်း တရားဝင်တည်ရှိလှုပ်ရှားခွင့်အတွက် MOE အောက်မှာ “နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်း” အဖြစ် မှတ်ပုံတင်ထားလေ့ ရှိပါတယ်။

၃။ MOE အောက်တွင် မရှိဘဲ သီးခြားလည်ပတ်နေသောကျောင်းများ

အချို့သော အွန်လိုင်းကျောင်းများ (Online Schools)၊ ဘာသာရေးအခြေပြုကျောင်းအချို့ သို့မဟုတ် ကနဦးအဆင့် သင်တန်းကျောင်း (Learning Center) အဆင့်သာ ဖွင့်လှစ်ထားပြီး International Exam တွေပဲ တိုက်ရိုက်ဖြေခိုင်းတဲ့ ကျောင်းငယ်လေးအချို့ကတော့ MOE အောက်မှာ တရားဝင်ကျောင်းအဖြစ် မှတ်ပုံတင်ထားခြင်း မရှိဘဲ ကုမ္ပဏီမှတ်ပုံတင် (DICA) ဖြင့်သော်လည်းကောင်း၊ သီးခြားသော်လည်းကောင်း လည်ပတ်နေတတ်ပါတယ်။

🏫 သားသားမီးမီးတို့ကို International School ထားတော့မယ်ဆိုရင် အဆိုပါကျောင်းဟာ ပညာရေးဝန်ကြီးဌာန (MOE) အောက် မှာ တရားဝင်မှတ်ပုံ တင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးဖို့ အလွန်အရေးကြီးပါတယ် မေမေတို့ရေ။

📌MOE အသိအမှတ်ပြုကျောင်းဖြစ်ဖို့ ဘာကြောင့်အရေးကြီး တာလဲ။

MOE အသိအမှတ်ပြုကျောင်းမဟုတ်ခဲ့ရင် ကလေးကျောင်းတက်နေရင်း ကျောင်းပိတ်ခံလိုက်တာမျိုးဖြစ်နိုင်သလို၊ တရားဝင်မှုမရှိပါက နောက်ပိုင်း အခြားကျောင်းပြောင်းရွှေ့သည့်အခါ ကျောင်းပြောင်းလက်မှတ် (Transfer Certificate) အခက်အခဲဖြစ်နိုင်ပြီး ပြည်တွင်းအစိုးရစစ် စာမေးပွဲများ ဖြေဆိုခွင့်ပါ ဆုံးရှုံးနိုင်လို့ ဘယ်လို စစ်ဆေးရမလဲဆိုတာကို နည်းလမ်း (၃) မျိုးနဲ့ဖော်ပြပေးလိုက်ပါတယ်ရှင့်။

🔍 International School ကျောင်း တရားဝင်၊ မဝင် စစ်ဆေးနည်း (၃) သွယ်

၁။ ကျောင်းကို တိုက်ရိုက်မေးပါ

ကျောင်းအပ်စဉ် (သို့မဟုတ်) ရုံးခန်းသို့ စုံစမ်းစဉ် “ကျောင်းက ပညာရေးဝန်ကြီးဌာန (MOE) မှာ တရားဝင် တည်ထောင်ခွင့်လိုင်စင် ကျထားတာ ဟုတ်ပါသလား၊ လိုင်စင်သက်တမ်း ရှိသေးလား” ဟု ရဲရဲဝံ့ဝံ့ မေးမြန်းပါ။

၂။ MOE Official Web Link တွင် စစ်ဆေးပါ

MOE ဝဘ်ဆိုက်၏ “နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများ” ကဏ္ဍတွင် ဝင်ရောက်စစ်ဆေးနိုင်ပါသည်။

👉 https://www.moe.gov.mm/my/node/5357

(မှတ်ချက် - ဝင်ရခက်ပါက VPN ပိတ်ပြီး ဝင်ကြည့်ပါ)

၃။ သက်ဆိုင်ရာ မြို့နယ်ရှိ ပညာရေးမှူးရုံးတွင် သွားရောက်စုံစမ်းပါ။

သားသားမီးမီးတို့ရဲ့ ပညာရေးအနာဂတ် ခိုင်မာတောက်ပစေဖို့အတွက် ကျောင်းမအပ်နှံခင် (သို့မဟုတ်) တက်ရောက်နေစဉ်မှာ ဒီအချက်လေးတွေကို သေချာစစ်ဆေးဖို့ မမေ့ကြပါနဲ့နော်။ မေမေတို့ရဲ့ မိတ်ဆွေတွေလည်း သိရှိသွားအောင် Post လေးကို Share ပြီး သတိပေးလိုက်ပါဦးရှင်။ 👇❤️

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Kant Kaw Street
Yangon
11441