Koe V_log
26/08/2021
လူတယောက်က အလုပ်တခုကို ထူးချွန်အောင်
လုပ်နိုင်တယ်ဆိုတာ...
(1) သူ့ရဲ့ အတွေးကို လေးစားပြီး လွတ်လပ်ခွင့်
ပေးထားတဲ့ အသိုင်းအဝိုင်း...
(သို့မဟုတ်)
(2) လုပ်သမျှကို ပံ့ပိုးပေးနိုင်တဲ့ အသိုင်းအဝိုင်း
အဲ့လို အသိုင်းအဝိုင်းတွေ ပိုင်ဆိုင်ထားတဲ့ သူဟာ
သူများထပ် ပိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိ
သလို...
အရာအားလုံးက ကြိုးစားရင် ကြိုးစားသလောက်
ဖြစ်မှာပဲလေ... .... ....
22/08/2021
" ကိုယ့်ကိုယ်ကိုယ်ချစ်လို့"🖤
ရန်မဖြစ်တတ်လို့မဟုတ်ဘူး။
ရန်ဖြစ်ဖို့စကားလုံးတွေ
တွေးတာနဲ့တင်
ပူလောင်လို့ပါ။
ဒေါသမရှိတာ မဟုတ်ဘူး။
တစ်ဖက်လူကဒုတိယ
ကိုယ်ကပထမ
ပူလောင်လို့ပါ။
မာနမရှိတာမဟုတ်ဘူး။
ရေပွက်ပမာ
ဘဝခဏတာမှာ
လူမုန်းမများချင်လို့ပါ။
အမုန်းမရှိတာမဟုတ်ဘူး။
သူတစ်ပါးအတွက်နဲ့
မိမိစိတ်အညစ်အကြေး
မစွန်းလိုပါ။
လောဘမရှိတာမဟုတ်ဘူး။
အသောမသတ်တဲ့
သေဘာတရားက
ပူလောင်လို့ပါ။
အညှိုးအတေးမရှိတာ
မဟုတ်ပါဘူး။
ပြန်တွေးမိတိုင်း
ပူလောင်လွန်းလို့
ဥပကျခောနဲ့လဲလိုကတြာပါ။
တကယ်တော့
ပုထုဇဉ်လူသား
တစ်ယောက်ပဲလေ။
အကုန်ရှိတာပေါ့။
ဒါပေမယ့်
အသိကိုသတိလေးနဲ့
ထိန်းချုပ်ရင်း
သူတပါးအတွက်နဲ့
မိမိစိတ်ကိုအရောင်
မစွန်းထင်းဖို့
မိမိစိတ်ချမ်းသာဖို့
လုပ်နေတာဟာ...
ကိုယ့်ကိုယ်ကိုယ်ချစ်လွန်းလို့ပါ။
Crd- မဟူရာ နတ်သမီး.
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
Click here to claim your Sponsored Listing.
Website
Address
Yangon
11182