Hello ECON
27/02/2026
ဒီနေ့မှာတော့ လုပ်ငန်းခွင်တခုရဲ့ Leading ပိုင်းမှာ တာဝန်ယူဆောင်ရွက်တဲ့အခါ မဖြစ်မနေ သိထားသင့်တယ် Types of Leadership style ပုံစံနဲ့ ဘယ်လိုအခြေနေမျိုးမှာ ဘယ်လိုသုံးသင့်လဲဆိုတာ ရှင်းပြသွားပေးပါမယ်__
ပထမဆုံး Leadership ပုံစံ General အားဖြင့် ၃မျိုးရှိပါတယ်_
👨💻Autocratic Leadership
ခေါင်းဆောင်တစ်ယောက်တည်း ဆုံးဖြတ်ချက်ချပြီး ဝန်ထမ်းများပါဝင်မှုနည်းသော စနစ်။
👨💻Democratic Leadership
ခေါင်းဆောင်က ဆုံးဖြတ်ချက်ချရာတွင် အဖွဲ့ဝင်များကို ပါဝင်စေသော စနစ်။
👨💻Laissez-faire (Lizzie fair) Leadership
ခေါင်းဆောင်က ဝန်ထမ်းများကို လွတ်လပ်စွာ ဆုံးဖြတ်လုပ်ဆောင်ခွင့်ပေးသော စနစ်။
📝လုပ်ငန်း Nature ပေါ်မူတည်ပြီး Centralization နဲ့ Decentralization တွေကို လိုသလို ထည်စဉ်းစားပြီး ဆုံးဖြတ်ချက်ချရပါတယ် _
၃ခုလုံးမှာ အားနည်းချက် အားသာချက်တွေကိုယ်စီရှိပါတယ်___
🏗️ဥပမာ- ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သတ်ပြီး Example ပေးသွားပါမယ်-- Construction Site မှာ Run နေတဲ့ Operation Process မှာ မတူညီတဲ့ Leadership ပုံစံနဲ့ သွားဖို့လိုပါတယ်--
👷♂️ဥပမာ Site Manager က General Workers, Painter, Bricklayers တို့ကို Leading လုပ်တဲ့အခါ Autocratic နဲ့ပဲ ပိုသွားရပါမယ်- ဘာလို့လဲဆိုတော့ Unskilled Employees အများစုကို Supervise လုပ်ရတာမို့လို့ သူတို့ဆီက Idea နဲ့ ကိုယ့် idea ကို အတူတကွဆွေးနွေးဖို့ဆိုတာလည်းမဖြစ်နိုင်သလို- သူတို့ရဲ့ Innovation Creation skills တွေမလိုအပ်ပါဘူး-- ဒါကြောင့် Operation site မှာ Stie Manager နဲ့ General Workers ကြားမှာ Autocratic Leadership style သုံးလေ့ရှိပါတယ်
👷နောက်တခုအနေနဲ့ Democratic Leadership မှာဆိုရင် Senior Project Engineer ကနေ Quality Controller - QC ကို Leading လုပ်တဲ့နေရာမှာ Democratic Leadership ပုံစံကို သုံးရပါလိမ့်မယ်- ဘာလို့လဲဆိုတော့ ဒီအဆောက်ဦးတခုက သတ်မှတ်ထားတဲ့ Minimum Standard နဲ့ကိုက်ညီမှုရှိရဲ့လား ဆိုတာ Inspection ဝင်ပြီး သူ့အမြင်ကိုယ့်အမြင် အားနည်းချက်တွေကိုထောက်ပြပြီး- ဘာတွေပြုပြင်သင့်လဲဆိုတာ တပြိုင်နက်ထဲအတူတကွ ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်---- Innovation Creation အပိုင်းမဟုတ်တဲ့အတွက် Laissez Fair ပုံစံနဲ့သွားဖို့ မလိုအပ်ပါဘူး
👷♀️နောက်ဆုံး တခူကတော့ Laissez Fair Leadership ပုံစံပါ- သူကတော့ Drawing ပိုင်းနဲ့ Architecture ပိုင်းကို တာဝန်ယူပြီး ဆောင်ရွက်နေတဲ့ သူတွေကို Leading လုပ်တဲ့နေရာမှာ အသုံးပြုလို့ရပါတယ် _ သူတို့ကို Project Consultant/ Advisor က ကိုယ့်ရဲ့ Idea ကို အရင်ချပြတာမျိုးမလုပ်ပဲ-- သူတို့ကို ကိုယ်ပိုင်တီထွင်ဖန်တီးခွင့် ဆုံးဖြတ်ခွင့်ပေးထားပြီး - ရလာတဲ့ Result ကိုမှ ကိုယ့်နဲ့ Discussion လုပ်ပြီး အသိမှတ်ပြုမှု Recognition နဲ့ အကြံဉာဏ် Suggestion ကို Balance ညီအောင်သွားပေးဖို့လိုပါတယ် --
💯ဒါမှပဲ လုပ်ငန်းခွင်တခုလုံးက efficiently ဖြစ်ပြီး Productively တက်လာမှာဖြစ်ပါတယ်-- အဲ့လိုဖြစ်မှပါ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ Satisfied ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရတဲ့အပိုင်းတွေမှာ Motivated ဖြစ်ပြီး ပိုကြိုးစားလာကြပြီး လုပ်ငန်းရဲ့ Final Target / Objective တွေကို အကောင်ထည်ဖော် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်--
💥ဘာလို့လဲဆိုတော့ လုပ်ငန်းတခုအောင်မြင်ဖို့က လူသားအရင်းမြစ် Human Resource က အဓိကပဲဖြစ်နေလို့ပါ---
💫ဒီလိုမျိုး တန်ဖိုးရှိတဲ့ လူသားအရင်းမြစ်တွေကို တာဝန်ယူပြီး Leading လုပ်နေရတဲ့ ခေါင်းဆောင်တွေကလည်း Effective ဖြစ်တဲ့ Leadership ပုံစံနဲ့ Balance ညီညီ သွားပေးနိုင်ဖို့ လိုအပ်ပါတယ် --- ဒါမှ ကိုယ့် လုပ်ငန်းရဲ့ Operation Process လေးကို Error , Mistake နည်းနည်းနဲ့ ဆောင်ရွက်နိုင်ပြီး Result ကောင်းကောင်းထွက်လာနိုင်မှာဖြစ်ပါတယ်
📝ဒါကြောင့်မို့ လုပ်ငန်းတိုင်းမှာ Leading လုပ်တဲ့အခါ မဖြစ်မနေ သိထားသင့်တဲ့ Leadership stype လေးကို Hello Econ က sharing လုပ်ပေးလိုက်ပါတယ်-
24/02/2026
🇺🇸The U.S. Constitution is the most important law of the country United States. It explains how the government works and protects people’s rights.
✅ 1. Sets rules for government
• The Constitution tells the government what it can and cannot do.
• It is the highest law of the country.
✅ 2. Creates branches of government
• It divides government power into three parts:
• Legislative → makes laws
• Executive → carries out laws
• Judicial → interprets laws
✅ 3. Protects people’s rights
• It protects freedom, equality, and justice.
• Example: freedom of speech, religion, and voting rights.
Burmese:
✅ ၁။ အစိုးရအတွက် စည်းမျဉ်းများ သတ်မှတ်ပေးသည်
• ဖွဲ့စည်းပုံအခြေခံဥပဒေက အစိုးရဘာလုပ်နိုင်၊ မလုပ်နိုင်ဆိုတာ သတ်မှတ်ပေးသည်။
• နိုင်ငံ၏ အမြင့်ဆုံးဥပဒေ ဖြစ်သည်။
✅ ၂။ အစိုးရဌာန ၃ ခု ခွဲထားသည်
• အာဏာကို ၃ ပိုင်းခွဲထားသည် —
• ဥပဒေပြုအာဏာ (Legislative) → ဥပဒေပြုလုပ်သည်
• အုပ်ချုပ်ရေးအာဏာ (Executive) → ဥပဒေကို အကောင်အထည်ဖော်သည်
• တရားရေးအာဏာ (Judicial) → ဥပဒေကို အဓိပ္ပါယ်ဖော်သည်
✅ ၃။ လူ့အခွင့်အရေးများကို ကာကွယ်ပေးသည်
• လွတ်လပ်ခွင့်၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို ကာကွယ်ပေးသည်။
• ဥပမာ — စကားပြောလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ မဲပေးခွင့်။
Click here to claim your Sponsored Listing.