Human Resources Development Institute

Human Resources Development Institute

Share

Photos from Human Resources Development Institute's post 26/03/2025

ဒီမိုကရက်တစ်လူငယ်ကောင်စီ၊စစ်ကိုင်းဒေသဖက်ဒရယ်ယူနစ်တာဝန်ခံအဖွဲ့မှနေ၍ စစ်ကိုင်းဒေသ၊ပုလဲမြို့နယ်အတွင်းရှိ လူငယ်များအား အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပေးလျှက်ရှိပြီး စာစီစာရိုက်၊Photoshop, Microsoft နှင့် အခြား ကွန်ပျူတာဆိုင်ရာ ပညာရပ်များကို လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူ့၏ တစိတ်တပိုင်းအဖြစ် ဖွင့်လှစ်လျှက်ရှိကြောင်း သိရှိရပါသည်။

လက်ရှိတွင် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်းအနေဖြင့် စစ်ကိုင်း၊တနင်္သာရီဒေသဖက်ဒရယ်ယူနစ်နှင့် ရှမ်းပြည်နယ် တို့တွင် ဖက်ဒရယ်ယူနစ်/ပြည်နယ် တာဝန်ခံအဖွဲ့များ ဖွဲ့စည်းခဲ့ပြီး ဆက်လက်၍လည်း ပဲခူး၊ဧရာဝတီ နှင့် ကရင်နီ၊ချင်းပြည်နယ်တို့တွင်လည်း ဖက်ဒရယ်ယူနစ်/ပြည်နယ် တာဝန်ခံအဖွဲ့များ ဖွဲ့စည်း၍ နိုင်ငံရေးလှုပ်ရှားမှုများ၊ဒီမိုကရေစီ၊ဖက်ဒရယ် စသည့် နိုင်ငံရေးသင်တန်း၊အသက်မွေးဝမ်းကြောင်းနှင့် လူမှုစီးပွါးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုများ နှင့် လေကြောင်းနှင့် ပါရာမီတာ အန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် လေ့ကျင့်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။

လက်ရှိတွင်လည်း အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူ၊ဘဏ္ဍာ၊နည်းပညာ အရင်းအမြစ်များ လိုအပ်လျှက်ရှိပြီး မည်သူမဆို ပါဝင်ကူညီနိုင်ပါကြောင်းလည်း တပါတည်းဖိတ်ခေါ်အပ်ပါသည်။

ဥက္ကဌရုံး
ဒီမိုကရက်တစ်လူငယ်ကောင်စီ

11/03/2025

Academic Democracy Studies (ADS 2001)
🍂🍁ဧပြီလ အထူးတန်း 🍂🍁

ဒီမိုကရေစီ လေ့လာမှုသည် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းကို ပြန်လည်ပုံဖော်ရာတွင် အရေးပါသော အခြေခံမှတ်တိုင်တစ်ခုဖြစ်သည်။ ဤသင်တန်းသည် ဒီမိုကရေစီ၏ သဘောတရားများ၊ သမိုင်းကြောင်းနှင့် လက်တွေ့အသုံးချနည်းများကို နက်ရှိုင်းစွာ ထိုးထွင်းလေ့လာနိုင်ရန် ရည်ရွယ်ပါသည်။ အထူးသဖြင့် မြန်မာ့နွေဦးတော်လှန်ရေး (Spring Revolution)၏ ပကတိအခြေအနေတွင် ဒီမိုကရေစီကို မည်သို့ အကောင်အထည်ဖော်နိုင်မည်၊ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရာတွင် ကျောင်းသားများ၏ ပါဝင်မှုက မည်သို့ အရေးပါသည် ဆိုသည့် အဖြေများကို ADSသင်တန်းမှ ရှာဖွေပေးသွားနိုင် မှာပဲဖြစ်ပါသည်။

သင်တန်းအကျိုးကျေးဇူး

* ဒီမိုကရေစီဆိုင်ရာ နိုင်ငံတကာ အတွေ့အကြုံများနှင့် သင်ခန်းစာများ လေ့လာခွင့်ရရှိခြင်း။
* မြန်မာ့အခြေအနေနှင့် ကိုက်ညီသော လက်တွေ့ကျသော ဖြေရှင်းနည်းများ ရေးဆွဲနိုင်ခြင်း။
* သင်တန်းပြီးဆုံးပါက Certificate လက်မှတ်ရရှိမည်ဖြစ်ပြီး ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပါဝင်ရန် အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်။

အဘယ်ကြောင့် အရေးကြီးသနည်း

* မြန်မာ့နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အပါအဝင်အာဏာရှင်စနစ်ဟူသမျှကို အဆုံးသတ်ပြီး ဒီမိုကရေစီအခြေခံသည့် ဖက်ဒရယ်နိုင်ငံရေးစနစ်တည်ဆောက်ရန် သံဓိဌာန်ချမှတ်ထားခြင်းဖြစ်သည်။။ Academic Democracy Studies သည် အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် လိုအပ်သော အသိပညာ၊ဝေဖန်တွေးခေါ်မှုနှင့် ဗျူဟာများကို ပေးစွမ်းနိုင်လိမ့်မည်ဖြစ်သည်။
* ဒီမိုကရေစီ၏ အခြေခံမူများကို နားလည်ခြင်းဖြင့် လူထုပါဝင်မှု၊ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ရာတွင် ဦးဆောင်နိုင်သော ခေါင်းဆောင်များ ပေါက်ဖွားလာစေရန် အထောက်အကူဖြစ်စေသည်။

သင်တန်းကာလ - ၅ပတ်
သင်တန်းချိန်- ညနေ ၆:၃၀ မှ ၇:၃၀ အထိ
သင်တန်းနေ့ - အပတ်စဉ် ကြာသပတေးနှင့် သောကြာ
သင်တန်းလက်ခံမည့် နောက်ဆုံးရက်
မတ်လ ၂၅ရက်နေ့

“လူငယ်မှ လူငယ်သို့ “ အစီအစဉ် သင်တန်းများရေရှည်ဖွင့်လှစ်ရပ်တည်နိုင်စေရန် တစ်ဦးချင်းဖြစ်စေ၊အစုအဖွဲ့အလိုက်ဖြစ်စေ လှူဒါန်းပေးခြင်း၊စေတနာ့ဝန်ထမ်းအဖြစ် ပြန်လည်ပါဝင်ခြင်း စသည့် ပါဝင်မှုများကိုလည်း လက်ခံပေးသွားမည် ဖြစ်ပါသည်။

သင်တန်းလျှောက်ထားရန် ဤနေရာတွင် နှိပ်ပါ။

https://forms.gle/kHsuL55m59ZjWvLZ7

သင်တန်းများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖေါ်ပြပါ သင်တန်း Link အား ချိတ်ဆက်ပေးထားနိုင်ပါသည်။
https://t.me/YouthProgram_DYC

ဒီမိုကရက်တစ်လူငယ်ကောင်စီ
လူငယ်နိုင်ငံရေးအဖွဲ့အစည်း

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon