Double K

Double K

Share

03/03/2023

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့
3.3.2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာက နေအိမ်တွေကို မီးရှို့ပြီးပြန်ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို (Double.K)PDFနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။

အဲ့ဒီစစ်ကြောင်းကို မနေ့က မတ်လ ၁ ရက် မနက်ပိုင်း ၉ နာရီလောက်မှာ ကုန်းရွာနဲ့ စားတော်ပြင်ကြားအရောက် အမေရေယာဥ်နတ်နန်းအရှေ့ဘက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၂ နာရီခန့်အထိ ကြာခဲ့ကာ စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းများတဲ့အတွက်ကြောင့် ၁၁နာရီဝန်းကျင်မှာ လေကြောင်းနဲ့ ၁နာရီကျော်ကြာ လာရောက် ပစ်ကူလာပေးခဲ့သည်။မဟာမိတ်ရဲဘော်များဘက်မှာလည်း ထိခိုက်ဒဏ်ရာ
ရမှုတွေအနည်းငယ်ရှိခဲ့ပါသည်။

တိုက်ခိုက်မှုကို (Double K)PDFနှင့်အတူ
DBTF ၊ ULF(မဟာမိတ်တပ်ပေါင်းစုမှ) အဖွဲ့ဝင်မများဖြစ်ကြသော KLG(တပ်မဟာ)၊ Alpha Special Force၊ Truth Of Force၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local (PDF)၊ Triple Two၊ ဗိုလ်မုတ်ဆိတ်တပ်ခွဲ၊ ဗျတ္တညီနောင်၊B21kani PDF| ရတနာပုံတပ်ဖွဲ့၊ ချိုမိုင်မိုင်၊ ချင်းတွင်း တိုက်ဂါးForce၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ GZ 21(Yinmarbin)၊ Yinmarbin PDA၊ဗိုလ်ဆံရှည် ပ.က.ဖ နှင့် တခြားမဟာမိတ်များနဲ့ ပူပေါင်းတိုက်ခိုက်ခဲ့ကြပါသည်။
. M.B. MRDAတပ်ခွဲ
K

Photos from Double K's post 21/02/2023

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း
----------------------------------------
ရက်စွဲ။ ၂၀ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၃ခုနှစ်

၁၉.၂.၂၀၂၃ ခုနှစ် ညနေ (၅:၃၀)နာရီခန့်က
ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် ကြားရှိ ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားသော ရန်သူစစ်ကောင်စီတပ်၏နေရာကို ဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့ပါသည်။

တိုက်ပွဲကြာချိန် (၁:၃၀) အတွင်းမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မူ့ရှိခဲ့ပီး ရန်သူစစ်ကောင်စီဘက်မှ ထိခိုက်Tay ဆုံးမူ့ များစွာရှိခဲ့ပီး လက်နက်ခဲယမ်းများလည်း များစွာ သိမ်းဆည်းရမိခဲ့ပါသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများမှာ
M-14 နင်းမိုင်း အလုံး (40) စနစ်တံ ပါ
MG-1 ပလက်စတစ် လက်ပစ်ဗုံး အလုံး (30)
MM-5 ရှေ့ထွက်မိုင်း အလုံး (50)
Anti Drone Gun တစ်လက် သိမ်းဆည်းရမိခဲ့ပါသည်။

တိုက်ပွဲအတွင်းမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့ထဲမှ
ရဲဘော်တစ်ဦး နိုင်ငံ့အတွက်အသက်ပေးလှူသွားပီး
နောက်ထပ် ရဲဘော်တစ်ဦးလည်း အသက်အန္တရာယ်မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါသည်။

ယင်းတိုက်ပွဲတွင် ကျနော်တို့(Double k )နှင့််အတူနဂါးညီနောင်အထူးတပ််ဖွဲ့(DBTF) နှင့် KLG တပ်မဟာ၊ Alpha Special Force၊ Triple Two Force၊ ချင်းတွင်းဂဋ္ဌုန်ရာဇာ၊ Yinmarbin Local PDF၊ B 21 PDF၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး(Force)၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ Yinmarbin PDA၊ Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့ ၊ယင်းမာပင်၊ဆားလင်းကြီး၊ကနီ မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ ပူးတွဲ mission ဖော်ဆောင်ခဲ့ပါသည်။

အရေးတော်ပုံအောင်တော့မည် ။

13/11/2022

မိဘပြည်သူများသို့အသိပေးတင်ပြခြင်း..
ကျွန်တော်တို့Double K PDFအဖွဲ့အနေနဲ့FCG 99mmတာ​ဝေးပစ်
မောင်းပြန်ကိုထုတ်လုပ်နိုင်ခဲ့ပါပြီ။
ဒီသေနတ်ကိုထုတ်လုပ်ဖို့အချိန်ရောလူရောအများကြီးပေးပြီးမှထုတ်လုပ်နိုင်ခဲ့ပါတယ်
FCG99mmသေနတ်ကိုမြို့ပြ
UGတေနဲ့..ကင်းစောင့်..ဂိတ်စောင့်..သက်စောင့်တေမှာသုံးဖိုးရည်ရွယ်ထားပါတယ်ဗျ
ကျွန်တော်တို့အနေနဲ့FCG99mmသာမကတိုက်ပွဲသုံးPlanတစ်ခု...ခုကိုအကြီးကြီးကိုလည်းထုတ်လုပ်ဖို့ကြိုးစားနေပါတယ်
တော်လှန်ရေးအင်အားကိုတစ်ထောင့်တစ်နေရာကနေအားကောင်းစေဖို့..လှုပါ.. ကူပါ..ထောက်ပံကြပါ..
#အရေးတော်ပုံအောင်ရမည်
#တော်လှန်ရေးရဲဘော်အားလုံးကိုလေးစားလျှက်

Photos from Double K's post 24/08/2022

ပြည်တွင်းပြည်ပ အလှူရှင်များ ကို အစဥ် လေးစားလျက် ပါ။
အလှူရှင်များ၊ မြန်မာပြည်သူ/သားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာကြပါစေ။

Double K (YinMarBin)

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon