A Beautiful Note for MHYT
05/01/2022
သင်္ဏန်းခြုံထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ sexual harassment နဲ့ ပက်သက်ပြီး မြင်ရတော့
သမီးရယ် တကယ်တော့ လောကကြီးမှာ ဘာသာတရားဆိုပြီး တံဆိပ်ကပ်ထားတွေပါ။
သမီးက ဖေဖေတို့ ကိုးကွယ်တိုင်းနဲ့ ဘာမှကိုးကွယ်စရာမလိုဘူး ကိုယ်တိုင် သိမြင် ယုံကြည် လက်ခံပြီးမှ ရွေးချယ်စေချင်တယ်။
သမီးရယ် တကယ်တော့ လောကကြီးမှာ ဘယ်ဘာသာတရားမှ မကိုးကွယ်နဲ့ဦး ကိုယ်ချင်းစရာတရားရှိပြီး လူသားတစ်ယောက်လို နေထိုင်တက်ရင် လောကကြီးက ချစ်ဖို့ကောင်းပါတယ်။
ဘာမှအများကြီး သိနေစရာမလိုဘူး လူတွေကို လူတွေလို့ မြင်တက်ရင်ပဲ သမီးဘဝက လှနေမှာပါ။
ချစ်တဲ့
ဖေဖေ
10/09/2021
သမီးရေ
တခါတလေတော့ ဘဝကြီးက မိုးလေဝသကြေငြာသလိုပဲ ရွာရန်ရာနှုန်း ၅၀ ဖြစ်ရင် သိပ်ကောင်းမှာ။ ဆိုလိုတာက ဖြစ်ချင်တာ ဖြစ်ချင် ဖြစ်မယ် မဖြစ်ချင် မဖြစ်ဘူးပေါ့။ သင်္ချာသဘောတရားအရတော့ ဟုတ်နေတာပါပဲကွယ်။ တကယ်တော့ ဘဝမှာ မညီမျှခြင်း (in-equation)တွေ အကြောင်း ဖေဖေ သေချာပြောပြချင်သေးတယ်။
20/08/2020
သမီးလေး
ဘာလိုလိုနဲ့ သမီးဖေဖေတို့ဘဝထဲကိုရောက်လာခဲ့တာ ဒီနေ့ဆို ၂လပြည့်ပြီနော်။ ဖေဖေလဲ သမီးမွေးကတည်းက ဒီနေ့မှ သမီးအတွက် စာပြန်ရေးနိုင်တယ်။ ဒီ၂လအတွင်း ဘာလို့အခုမှစာပြန်ရေးနိုင်လဲဆိုရင်တော့ သမီးအနှီးလေးပြေးလျှော်လိုက်၊ ရုံးလေးတက်လိုက်၊ ဖေဖေ့ကျောင်းကိစ္စလေးလုပ်လိုက်နဲ့ ဖေဖေရော မေမေရော လုံးလည်ချာလည်လိုက်နေတာ သမီးကတော့ Taylor Swift ရဲ့ Only the Young လေးနဲ့အိပ်တက်နေခဲ့ပြီ။ ဝမ်းသာတယ် သမီးလေး။ သမီးသီချင်းသံကြားရင် ခြေလက်လေးတွေ လှုပ်လာတာ ဂစ်တာသံကြားရင် တစ်ကိုယ်လုံးကိုတုန်ပြီးပြုံးလာတာတွေ မြင်ရတော့ ပိုပြီးတော့ ဝမ်းသာတယ်။ Henry Fold ပြောခဲ့သလိုပေါ့ သမီးရယ် 'If I'd ask customers what they wanted, they would've told me a faster horse. ' People don't know what they want until you show it to them. တခါတလေကြရင် လူတွေကသူတို့ဘာလိုချင်လို့ လိုချင်နေမှန်း မပြခင်အထိ မသိကြဘူး။ တခြားအရာတွေ အခုအချိန်မှာ သိဖို့မလိုသေးပေမယ့် ဂီတကိုခံစားနားဆင်တက်ရင်ပဲ သမီးလေးဟာ ချစ်ခြင်းမေတ္တာကိုကောင်းကောင်းခံစားသိမြင်နေဖို့ ဉာဏ်ပညာပါလာခဲ့ပြီလေ။ ဘာလို့လဲဆိုတော့ ဂီတသံစဉ်တွေဟာ ကျည်ဆံတွေထက် ပိုစွမ်းအားကြီးတယ်လေ သမီးရဲ့။
20/06/2020
သမီးလေး
ဖေဖေအမြဲတမ်းစပြီး သမီးလေး မေမေကိုDaddy is the best ဆိုပြီး ပြောပြောနေခဲ့တယ်
အခုလက်တွေ့မှာ သမီးမေမေရဲ့ ရဲရင့်တဲ့ချစ်ခြင်းမေတ္တာက လက်တွေ့ပြပြီး သမီးလေးကို လူ့လောကကြီးထဲ အောင်မြင်စွာ ခေါ်ဆောင်လာနိုင်ခဲ့ပြီ Mommy is the best ပါ သမီးလေးရေ ❤️။
Hey I love you guys ❤️
Click here to claim your Sponsored Listing.