Tu Tu Lay

Tu Tu Lay

Share

22/04/2026

ရုံးသမား၊ ကျောင်းသမားတွေအတွက် မနက်ခင်းတိုင်း အချိန်နဲ့လုပြီး ထမင်းချိုင့် ပြင်ဆင်နေရတဲ့ ဒုက္ခ၊ ဟင်းချက်ရတဲ့ ဒုက္ခကနေ ကင်းဝေးစေဖို့ တုတုလေးက အနားမှာ ရှိနေပါတယ် 🍱✨

မနက်ခင်းဆိုတာ အိပ်ရာကနေ နိုးလာပြီဆိုတာနဲ့ ကိုယ်စီ ကိုယ်စီ အလုပ်သွားဖို့ ပြင်ဆင်နေရတာနဲ့တင် အချိန်က ကုန်နေပြီလေ။

ရုံး ထမင်းချိုင့်၊ ကျောင်း ထမင်းချိုင့်အတွက် ဖွယ်ဖွယ်ရာရာဖြစ်အောင် ဟင်းအမယ်စုံစုံလင်လင် ချက်ပြုတ်နေဖို့ဆိုတာ တော်တော် မလွယ်ကူတဲ့ ကိစ္စပါ။

ဒါပေမဲ့ တုတုလေးရဲ့ မန်ကျည်းသီး ပုဇွန်​ခြောက်​ကြော် အသင့်စား အထုပ်ကလေးနဲ့သာဆိုရင် အရာရာက လွယ်ကူအဆင်ပြေသွားမှာပါ။ 🤗

ထမင်းဘူးလေးထဲကို ပူပူနွေးနွေး တည်ထားတဲ့ ထမင်းဖြူလေးရယ်၊ လွယ်လင့်တကူ ကြော်လှော်ထားတဲ့ ဟင်းလေးတစ်ခွက်ရယ်နဲ့ အရံဟင်းလေး တစ်ခွက်အတွက် ချဉ်ငံစပ် အရသာနဲ့ ပြည့်စုံတဲ့ တုတုလေး တစ်ထုပ်သာ ထည့်သွားလိုက်ရင် အိမ်ချက်လက်ရာအတိုင်း ပြီးပြည့်စုံတဲ့ နေ့လည်စာကို ရရှိစေမှာပါ။

ဟင်းမကောင်းလို့ ထမင်းချိုင့် မထည့်သွားချင်တဲ့နေ့ရက်တွေကို အခုပဲ နှုတ်ဆက်လိုက်ပါ။

တုတုလေး သာ ရှိရင် နေ့လည်စာက အမြဲတမ်း ထမင်းမြိန်နေစေမှာပါ 🥰

‎​✅ တစ်ထုပ် - ၁၀၀၀ ကျပ်တည်း
‎✅ အိတ်ဆောင် (၄၀ ဂရမ်) အထုပ်လေးမို့ ဘယ်သွားသွား အလွယ်တကူ သယ်သွားရုံပဲ။
‎✅ လက်လီ/ လက်ကား မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံ့ 𝐃𝐞𝐥𝐢 ပို့ဆောင်ပေးပါတယ်။

‎​📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: အမှတ် (၃၆၄)၊ (က) ရပ်ကွက်၊ ဝေဘာဂီလမ်း၊ မြောက်ဥက္ကလာပမြို့နယ်။
#တုတုလေး #မန်ကျည်းသီးပုဇွန်ခြောက်ကြော်

18/04/2026

တုတုလေး ရဲ့ မန်ကျည်းသီး ပုဇွန်ခြောက်ကြော် အထုပ်ကလေးတွေကို ကြာရှည်ခံအောင် ဘယ်လိုနည်းလမ်းတွေနဲ့ သိမ်းဆည်းရမလဲ ❓

အနံ့ရော၊ အရသာရော ဘာမှအပြစ် ပြောစရာမလိုတဲ့ တုတုလေး မန်ကျည်းသီး ပုဇွန်ခြောက်ကြော်ကို အချိန် အကြာကြီး အထားခံအောင်လို့ အခုပြောပြမဲ့ နည်းလမ်းလေးတွေအတိုင်း အိမ်ရှင်တွေအနေနဲ့ ကိုယ်တိုင် သိမ်းဆည်းပေးပါနော်… 🥰

✅ အေး၍ ခြောက်သွေ့သော နေရာနှင့် နေရောင်ခြည် တိုက်ရိုက် မထိတွေ့သောနေရာတွင် ထားပါ။
✅ ပစ္စည်း 𝐄𝐗𝐏 𝐃𝐚𝐭𝐞 သက်တမ်း မကုန်မီ စားသုံးပေးပါ။
✅ အိတ်ကို ဖွင့်ဖောက်ပြီးတာနဲ့ အသင့်စားသုံးပေးပါ။
✅ အထုပ်ဖောက်ပြီးပါက လေလုံသောဗူးဖြင့် ထည့်ပြီး သိမ်းဆည်းထားပေးပါ။
✅ ရေခဲသေတ္တာထဲ ထည့်၍ သိမ်းဆည်းထားပေးပါ။
✅ စားသုံးတဲ့အခါတိုင်း ဇွန်းသန့်သန့်ဖြင့်သာ ကိုယ်လိုအပ်သလောက် ပမာဏ ခပ်ယူ၍ စားသုံးပေးပါ။

တကယ်လို့ တုတုလေး မန်ကျည်းသီး ပုဇွန်ခြောက်ကြော်ထဲတွင် ပါဝင်တဲ့ ပစ္စည်းများနဲ့ ဓာတ်မတည့်လို့ပဲ ဖြစ်ဖြစ်၊ အထုပ်ထဲတွင် မှိုတက်နေတာကို တွေ့လို့ပဲ ဖြစ်ဖြစ်၊ ပုံမှန်မဟုတ်ဘဲ အနံ့ အရသာ ပျက်စီးနေတာပဲ ဖြစ်ဖြစ် လုံးဝ မစားသုံးဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်။

သက်တမ်းကုန်ဆုံးရက်စွဲအား အိတ်ပေါ်တွင် သေချာကြည့်ရှုပြီး သက်တမ်းကုန်ဆုံးရက်မတိုင်မီ အမြန်ဆုံး စားသုံးပေးနိုင်ရင်တော့ အကောင်းဆုံး အရသာကို ရရှိစေမှာပဲ ဖြစ်ပါတယ်နော် 🤗

အိမ်ရှင်မတွေအနေနဲ့ ကိုယ့်ရဲ့အိမ်ထမင်းဝိုင်းလေးမှာ တုတုလေး နဲ့အတူ ထမင်းမြိန်စေဖို့အတွက် အပေါ်က နည်းလမ်းလေးတွေအနေနဲ့ သိမ်းဆည်းပေးဖို့ မမေ့ပါနဲ့။ 🙌

#တုတုလေး
#မန်ကျည်းသီးပုဇွန်ခြောက်ကြော်

18/04/2026

စားဖူးသူတိုင်းရဲ့အသဲစွဲ တုတုလေး မန်ကျည်းသီးပုစွန်ခြောက်ကြော်

#အသင့်စား #တုတုလေး #မန်ကျည်းသီးပုစွန်ခြောက်ကြော်

17/04/2026

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့လေးမှာ မြန်မာပြည်သူပြည်သားအပေါင်းနှင့် သတ္တဝါများ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြီးပွားကြပါစေကြောင်း Tu Tu Lay မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ် 💦🙏


#တုတုလေး
#နှစ်သစ်ကူးဆုတောင်း #မန်ကျည်သီးပုဇွန်ခြောက်ကြော်

16/04/2026

မြန်မာ့ရိုးရာ အိမ်ထမင်းဝိုင်းလေးမှာ တုတုလေး ရဲ့ မန်ကျည်းသီး ပုဇွန်ခြောက်ကြော် အထုပ်လေးက တကယ့်ကို မပါမဖြစ်ပဲ… ​🍛

မြန်မာလူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ ဘယ်လောက်ပဲ ဟင်းကောင်းတွေနဲ့ ဖွယ်ဖွယ်ရာရာ ပြည့်စုံနေပါစေ… အတို့အမြှုပ် အစုံအလင်နဲ့ တွဲဖက်စားလို့ရမဲ့ အရန်ဟင်းတစ်ခွက်လောက် မပါရင် ထမင်းမမြိန်ဘူးဆိုတာ အိမ်ရှင်မတိုင်း သိကြမှာပါ။

အလုပ်တွေရှုပ်နေလို့ပဲ ဖြစ်ဖြစ်၊ ဟင်းချက်ဖို့ အလျင်မမီတဲ့နေ့မျိုးမှာပဲ ဖြစ်ဖြစ်တုတုလေး ပုဇွန်ခြောက်ကြော် ရှိရုံနဲ့တင် ထမင်းမြိန်ဖို့ အာမခံပါတယ်။ 😋

မန်ကျည်းသီးရဲ့ အချဉ်ဓာတ်နဲ့ ပုဇွန်ခြောက်ရဲ့ အချိုဓာတ်ကို အချိုးကျကျလေး ပေါင်းစပ်ထားပြီး ရိုးရာမပျက်အောင် ချဉ်၊ ငန်၊ စပ် အရသာလေးက…

အသင့်စား အထုပ်ကလေးနဲ့ စနစ်တကျ ထုပ်ပိုးပေးထားလို့ ဖောက်လိုက်ရုံနဲ့တင်ကို အိမ်ချက်လက်ရာအတိုင်း အနံ့၊ အရသာနဲ့ ပြည့်စုံလွန်းပါတယ်။

ရိုးရာအရသာ စစ်စစ်ကို အချိန်ကုန်မခံဘဲ လွယ်လင့်တကူ အသင့်စားချင်တယ်ဆိုရင် တုတု​လေး - မန်ကျည်းသီး ပုဇွန်ခြောက်ကြော်လေးကိုသာ ဆောင်ထား… 🤗

မြန်မာ့အိမ်ထမင်းဝိုင်းလေးနဲ့ သိပ်ကို လိုက်ဖက်ညီမယ်လို့ 💯အာမခံပါတယ်။

​✅ တစ်ထုပ် - ၁၀၀၀ ကျပ်တည်း
✅ အိတ်ဆောင် (၄၀ ဂရမ်) အထုပ်လေးမို့ ဘယ်သွားသွား အလွယ်တကူ သယ်သွားရုံပဲ။
✅ လက်လီ/ လက်ကား မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံ့ 𝐃𝐞𝐥𝐢 ပို့ဆောင်ပေးပါတယ်။

​📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: အမှတ် (၃၆၄)၊ (က) ရပ်ကွက်၊ ဝေဘာဂီလမ်း၊ မြောက်ဥက္ကလာပမြို့နယ်။

#‌တုတုလေး
#မန်ကျည်းသီးပုစွန်ခြောက်ကြော် #အိမ်ချက်လက်ရာ

13/04/2026

𝐇𝐚𝐩𝐩𝐲 𝐌𝐚𝐡𝐚 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 (𝐖𝐚𝐭𝐞𝐫 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥) 𝟐𝟎𝟐𝟔

မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအချိန်ကာလဖြစ်တဲ့ မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်ကျန်းမာ ဘေးရန်ကင်းကွာစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်း 𝐓𝐮 𝐓𝐮 𝐋𝐚𝐲 မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်နော် 💦❤


#တုတုလေး
#အတာရေသဘင်ပွဲတော် #သင်္ကြန်အကြိုဆုတောင်း
#မန်ကျည်းသီးပုဇွန်ခြောက်ကြော်

12/04/2026

တုတုလေးရဲ့ မြန်မာ့အရသာ စားတိုင်းစွဲမက် အိမ်တိုင်းအတွက်

✨ အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ မြန်မာ့အရသာစစ်စစ် Tu Tu Lay - တုတုလေး မန်ကျည်းသီးပုဇွန်ခြောက်ကြော်

ထမင်းဝိုင်းတိုင်းမှာ မိသားစုဝင်တွေ အကြိုက်တွေ့စေမဲ့ အရသာတစ်ခု ရှိနေဖို့ဆိုတာ အိမ်ရှင်မတိုင်းရဲ့ ဆန္ဒပါပဲ။ 🏡

Tu Tu Lay - တုတုလေး မန်ကျည်းသီး ပုစွန်ခြောက်ကြော်ဟာ...

✅ သန့်ရှင်းလတ်ဆတ်တဲ့ ကုန်ကြမ်းတွေကို အခြေခံထားလို့ ယုံကြည်စိတ်ချရခြင်း၊

✅ မြန်မာ့ရိုးရာ လက်ရာစစ်စစ်အတိုင်း ဖော်စပ်ထားလို့ စားတိုင်းစွဲမက်စေခြင်း၊

✅ Ready-to-eat အိတ်ကလေးဖြစ်လို့ ဘယ်အချိန်ပဲဖြစ်ဖြစ် အဆင်သင့်ရှိနေခြင်း

စတဲ့ အချက်တွေကြောင့် အိမ်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Brand တစ်ခုဖြစ်ပါတယ်။

အမေချက်တဲ့ လက်ရာအတိုင်း စေတနာအပြည့်နဲ့ ထုတ်လုပ်ထားလို့ အိမ်တိုင်းရဲ့ ထမင်းဝိုင်းတိုင်းမှာ Tu Tu Lay - တုတုလေး ရှိနေဖို့ လိုတယ်နော်။ ❤️

#တုတုလေး

11/04/2026

တုတုလေးကို ဘယ်လိုဟင်းတွေနဲ့ တွဲဖက်စားရင် အကောင်းဆုံးလဲ⁉️

ထမင်းစားတဲ့အခါတိုင်း ဘာဟင်းနဲ့တွဲစားရမလဲဆိုပြီး စဉ်းစားရခက်နေပါသလား။ 🤷‍♀️

ဒါဆိုရင်တော့ Tu Tu Lay - တုတုလေး မန်ကျည်းသီး ပုစွန်ခြောက်ကြော်ကို မမေ့လိုက်ပါနဲ့။

နံနက်၊ နေ့လည်စာ စားချိန်မှာပဲ ဖြစ်ဖြစ် ညစာ စားချိန်မှာပဲဖြစ်ဖြစ် ထမင်းစားချိန်တိုင်းကို ပိုပြီး အရသာရှိရှိ ပြီးပြည့်စုံသွားစေဖို့ Tu Tu Lay - တုတုလေးက အဆင်သင့်ရှိနေပါတယ်။

Tu Tu Lay - တုတုလေး ဘယ်လို ဟင်းလျာလေးတွေနဲ့ တွဲဖက်ပြီး စားသုံးနိုင်သလဲဆိုရင်တော့ ... 🍽️

✅ ထမင်းပူပူလေးနဲ့ တွဲစားမယ်

ဘာဟင်းမှမလိုဘဲ ထမင်းပူပူလေးရယ်၊ Tu Tu Lay - တုတုလေး တစ်ဇွန်းနဲ့ပဲ နယ်ဖက်ပြီး စားသုံးမယ်ဆိုရင် ထမင်းတစ်ပန်းကန်လုံး ကုန်သွားစေမှာပါ။

✅ ဟင်းသီးဟင်းရွက် အပြုတ်၊ အတို့အမြှုပ်တွေနဲ့ တွဲစားမယ်

ကျန်းမာရေးနဲ့ညီညွတ်တဲ့ တို့စရာစုံစုံလင်လင်ကို Tu Tu Lay -တုတုလေးနဲ့ တို့စားလိုက်ရင် ချဉ်၊ ငံ၊ စပ် အရသာလေးက တကယ့်ကို စွဲမက်စရာပါပဲ။

✅ အကြော်စုံလေးတွေနဲ့ တွဲစားမယ်

ဘူးသီးကြော်၊ ကန်စွန်းရွက်ကြော် စတဲ့ အကြော်စုံ ပူပူလေးတွေနဲ့ Tu Tu Lay - တုတုလေးကို တွဲစားရင် ပိုပြီး အရသာထူးကဲစေပါတယ်။

✅ အသားဟင်း၊ ငါးဟင်းတွေနဲ့ တွဲဖက်ပြီး ထမင်းမြိန်မြိန်စားမယ်

မိမိ ကိုယ်တိုင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားတဲ့ အသားဟင်း၊ ငါးဟင်း စတဲ့ ဟင်းလျာလေးတွေရဲ့ ဘေးနားမှာ အရန်ဟင်းလေးအဖြစ် Tu Tu Lay - တုတုလေး မန်ကျည်းသီးပုဇွန်ခြောက်ကြော်ကို ထည့်သုံးခြင်းဖြင့် ထမင်းဝိုင်းလေးကို ပိုမိုစုံလင်သွားစေမှာပါ။

🎁 ဒါကြောင့် ဘယ်လိုဟင်းတွေနဲ့ပဲ တွဲတွဲ… Tu Tu Lay - တုတုလေးက တကယ့်ကို ပြည့်စုံတဲ့ အရသာပါပဲ။ 😋

ထမင်းစားတဲ့အခါတိုင်း ပိုပြီး အရသာရှိရှိ သုံးဆောင်နိုင်ဖို့ အိမ်တိုင်း အိမ်တိုင်းမှာ Tu Tu Lay - တုတုလေးကို ဆောင်ထားလိုက်ပါဦးနော်။

‎✅ တစ်ထုပ် - ၁၀၀၀ ကျပ်တည်း
‎✅ အိတ်ဆောင် (၄၀ ဂရမ်) အထုပ်လေးမို့ ဘယ်သွားသွား အလွယ်တကူ သယ်သွားရုံပဲ။
‎✅ လက်လီ/ လက်ကား မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံ့ Deli ပို့ဆောင်ပေးပါတယ်။

‎📍 Location: အမှတ် (၃၆၄)၊ (က) ရပ်ကွက်၊ ဝေဘာဂီလမ်း၊ မြောက်ဥက္ကလာပမြို့နယ်။

#တုတုလေး
#မန်ကျည်းသီးပုစွန်ခြောက်ကြော်
#ထမင်းမြိန်

10/04/2026

Happy Maha Thingyan (Water Festival) 2026

မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအချိန်ကာလဖြစ်တဲ့ မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်ကျန်းမာ ဘေးရန်ကင်းကွာစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်း Tu Tu Lay မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်နော် 💦❤


#တုတုလေး
#အတာရေသဘင်ပွဲတော် #သင်္ကြန်အကြိုဆုတောင်း
#မန်ကျည်းသီးပုဇွန်ခြောက်ကြော်

Photos from Tu Tu Lay's post 03/04/2026

တုတုလေး shooting ရိုက်ကူးရေး ပုံရိပ်များ

သိပ်မကြာခင်မှာ TikTok Video လေးတွေ တင်တော့မှာမို့ Page လေးကို Like & Follow လုပ်ပေးကြပါအုံးနော်...

TikTok - https://www.tiktok.com/?_r=1&_t=ZS-95E89POBdsF

"ထူးခြားရသာ ထမင်းမြိန်တာ တုတုလေးပါ"

#ထမင်းဝိုင်းတိုင်းမပါမဖြစ်

31/03/2026

TVCလေးထွက်လာရင်အားပေးကြပါဦးနော်

28/03/2026

ဗိုက်သိပ်ဆာနေတဲ့အချိန်မျိုးမှာ... အငွေ့တထောင်းထောင်း ထွက်နေတဲ့ ထမင်းဖြူ ပူပူလေး တစ်ပန်းကန် ရှေ့မှာ ရှိနေပြီဆိုပါစို့ဗျာ 🍚

​အဲဒီထမင်းပူပူလေးပေါ်ကို တုတုလေး ရဲ့ မန်ကျည်းပုဇွန်ခြောက်ကြော်လေး တစ်ထုပ် ဖောက်လောင်းချလိုက်တဲ့အခါ... ပုဇွန်ခြောက်နံ့ သင်းသင်းလေးနဲ့အတူ ဆီရွှဲရွှဲလေးက ထမင်းလုံးလေးတွေကြားထဲ စိမ့်ဝင်သွားတာ မြင်ယောင်ကြည့်လိုက်ပါ။

ထမင်းဖြူဖြူလေးနဲ့ တုတုလေးရဲ့ မန်ကျည်းပုဇွန်ခြောက်ကြော် ရောနှယ်ထားတဲ့ ဇလုံထမင်းနယ်လေးကို
​လက်နဲ့ပဲ အားရပါးရ နယ်ပဲစားစား… 😋
ဇွန်းလေးနဲ့ပဲ ခပ်စားစား... 🤗

ပုဇွန်ခြောက်ရဲ့ အချို အရသာ၊ မန်ကျည်းသီးရဲ့ အချဉ်နဲ့ ငရုတ်သီးရဲ့ အစပ်အရသာ သုံးမျိုးစလုံးက လျှာပေါ်မှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားမယ့် ခံစားချက်မျိုးကို ကွက်တိ ပေးစွမ်းနိုင်တယ်နော် 💥

​တစ်လုပ် စားပြီးတိုင်း နောက်ထပ် တစ်လုပ်ကို မနားတမ်း ခပ်စားမိစေမယ့် ​ရွှေမျိူး​တောင်​မေ့သွား​စေမယ့် အရသာမျိုးပေါ့။

အိမ်ချက်လက်ရာစစ်စစ်မို့ ခံတွင်းပျက်နေတဲ့သူတောင် ထမင်းနှစ်ပန်းကန် ပြောင်သွားစေရမယ်လို့ လုံးဝ အာမခံပါတယ်။

​ကဲ… အလုပ်တွေရှုပ်လို့ ဟင်းမချက်နိုင်ရင်တောင် တုတုလေးရှိရင် ထမင်းမြိန်စေဖို့အတွက် အာမခံတာမလို့ အခုပဲ 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭𝐛𝐨𝐱 ကို လာခဲ့ပြီး အိမ်အရောက် မှာယူလိုက်တော့နော် 💌

​✅ တစ်ထုပ် - ၁၀၀၀ ကျပ်တည်း
✅ အိတ်ဆောင် (၄၀ ဂရမ်) အထုပ်လေးမို့ ဘယ်သွားသွား အလွယ်တကူ သယ်သွားရုံပဲ။
✅ လက်လီ/ လက်ကား မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံ့ 𝐃𝐞𝐥𝐢 ပို့ဆောင်ပေးပါတယ်။

​📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: အမှတ် (၃၆၄)၊ (က) ရပ်ကွက်၊ ဝေဘာဂီလမ်း၊ မြောက်ဥက္ကလာပမြို့နယ်။

​ #‌တုတုလေး
#မန်ကျည်းသီးပုစွန်ခြောက်ကြော် #အိမ်ချက်လက်ရာ

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

အမှတ် (၃၆၄) ၊ (က) ရပ်ကွက် ၊ ဝေဘာဂီလမ်း ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့။
Yangon