A's Notes

A's Notes

Share

31/07/2023

Germanyမှာ ကျောင်းလျှောက်ရင်ဘာတွေလိုအပ်တယ်ဆိုတာကို လက်ရှိ ကျောင်းတက်နေတဲ့အမက videoနဲ့သေချာရှင်းပြထားပါတယ် ကျောင်းတက်ဖို့ information နဲ့ student life ကိုသိချင်တယ်ဆိုရင် ဒီအမရဲ့ pageကို followလုပ်ထားသင့်တယ် 🍀

20/02/2023

Germanyမှာကျောင်းလျှောက်ခြင်း (Part-2)

Ada ရဲ့ Master's degree အတွက် ကျောင်းလျှောက်တုန်းကအတွေ့အကြုံဖြစ်ပါတယ်။

♦️ ကျောင်းလျှောက်ရန် လိုအပ်တဲ့ Documents

1.Letter of Motivation
2. CV
3. Language proficiency test( TOEFL/IELTS/CambridgeCAE, etc.)
4. Academic transcript နဲ့ ဘွဲ့လက်မှတ်( Certified True Copy)
4. ဆယ်တန်းအောင်လက်မှတ် နဲ့ အမှတ်စာရင်း ( Certified True Copy)
5. Passport copy
6.masterအတွက် English taught program တွေမှာ တချို့ကျောင်းတွေက German A1/A2 ဖြေထားတဲ့ certificate ရှိရပါတယ်။

Additional documents

- Bachelorတုန်းကလုပ်ခဲ့တဲ့ Thesisကိုပြရတဲ့ကျောင်းတွေရှိပါတယ်။ Thesisမလုပ်ခဲ့ဘူးဆိုရင်လည်း research proposal တင်ရပါတယ်။
- GREအမှတ်

♦️ကျောင်းလျှောက်ခြင်း

Public University တွေကိုပဲလျှောက်ဖို့အကြံ ပေးချင်ပါတယ်။ Privateတွေက စျေးများသလို ကျောင်းပြီးရင်လည်း public university တွေလောက်အလုပ်အကိုင်အခွင့်အလမ်းမသေချာပါဘူး။
ကျောင်းတော်တော်များများက Uni-assist website ကနေတဆင့်လျှောက်ရတာပါ။ ဒီwebsiteက ကိုယ့် document တွေစုံမစုံ legitဖြစ်မဖြစ် စစ်ပေးပြီး ကိုယ်လျှောက်မဲ့ကျောင်းကိုလွှဲပေးတာပါ။ Ada ဒီwebsiteကနေ ကျောင်း ၃ကျောင်းလျှောက်တာ data handling fee 135 euro ကျပါတယ်။ လျှောက်တဲ့ကျောင်းများလေ ပိုပေးရလေပါ။

ကျောင်းရဲ့ website မှာတိုက်ရိုက်လျှောက်လို့ရတဲ့ကျောင်းတွေကျတော့ ပိုက်ဆံမကုန်ပဲလျှောက်လို့ရပါတယ်။ တချို့ကျောင်းတွေက ဝင်ခွင့်စာမေးပွဲဖြေရမှသာ 30 euro စသဖြင့်ကောက်တာရှိပါတယ်။ ဥပမာ- Deggendorf Institute of Technology
ဒီနေရာမှာအကြံပေးချင်တာက application စဖွင့်တာနဲ့ အစောဆုံးလျှောက်ပါ deadlineနီးမှ ကပ်မလျှောက်ပါနဲ့

♦️ဝင်ခွင့်စာမေးပွဲအတွေ့အကြုံ

ထင်ထားသလောက်မလွယ်ပါဘူး။😄
AI/ Data scienceဆိုရင် linear algebra calculus, matrix , statistics ပါထည့်ဖြေရပါတယ်။ Ada က Göttingen University ကိုAI/ Data Science လျှောက်တာ basic knowledge in AI, math, Computer Science , matrix and statistics
ဆိုတော့လွယ်တယ်ထင်တာ စာမေးပွဲရောက်တော့ 1နာရီစာ multiple choiceတွေချည်း theoryတွေပဲမေးတာပါ။ ကိုယ်တွေကမြန်မာeducation systemနဲ့သင်ခဲ့တာဆိုတော့ တွက်ရမယ်ဆိုရင်တွက်တတ်တယ် theoryနဲ့ပြောဆိုရင် မသိတော့တာတွေဖြစ်ပါတယ်။ အဲ့ဒီတော့မဖြေနိုင်ခဲ့ပါဘူးရှင်။ တခြားကျောင်းတွေကတော့ သူ့လောက်မခက်ပေမဲ့ သူ့လိုပါပဲ bachelorတုန်းကသင်ခဲ့တဲ့ မသိမဖြစ်တွေပြန်မေးတာပါ။ Adaက ကျောင်းမှာ statistics ကို basicပဲသင်ခဲ့ရတော့ ကျောင်းဝင်ခွင့်ဖြေဖို့ကို statistics ပြန်လေ့လာရပါတယ်။ mathလည်းအတူတူပါပဲ။ မေ့ကုန်လို့ calculus, linear algebra, matrixတွေ အကုန်ပြန်လုပ်ရပါတယ်။
Cognitive science ( AI specialisation)လည်းလျှောက်တာဖြစ်တဲ့အတွက် အပေါ်ကပြောထားတာတွေအပြင် interviewအတွက် psychology, neuroscience basics တွေပါ လေ့လာခဲ့ပါတယ်။ fieldကrelatedဖြစ်ပေမဲ့ ပိုspecificဖြစ်တာကြောင့် ဘာကြောင့်ဒီဘာသာရပ်ကိုသင်ချင်တယ်ဆိုတဲ့အကြောင်း ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်သင်ခဲ့တဲ့ဘာသာရပ်တွေကို ဆက်စပ်ပြီး Letter of motivation ကို ကောင်းကောင်းရေးရပါတယ်။

နောက်ဆုံးတော့ ၇ ကျောင်းလျှောက်တာ 3ကျောင်း ကရွေးခံရပြီး Cognitive Scienceသင်ဖို့ ရွေးလိုက်ပါတယ်။

♦️ကုန်ကျစရိတ်

ဂျာမနီက public university တွေက semester တခုကို 300-500 euro လောက်ပဲပေးရပါတယ်။ Baden-Württemberg ပြည်နယ်ထဲက တက္ကသိုလ်တွေကတော့ ကျောင်းလခအပြင် ပြည်နယ်ကိုပါ 1500euro ပေးရပါတယ်။

Ada တက်မဲ့ကျောင်းက Public University ဖြစ်တဲ့အတွက် ကျောင်းလခ( တကယ်တော့ administration feeနဲ့ student union feeပါ) semester တစ်ခုစာကို 335 euroပဲသွင်းရပါတယ်။ အဲ့ဒီကျောင်းလခက ကျောင်းရှိတဲ့မြို့ထဲနဲ့ ကျောင်းနဲ့၁-၂နာရီအကွာအဝေးမှာရှိတဲ့မြို့ ၄-၅မြို့သွားဖို့ bus, train ticket တွေအတွက်coverဖြစ်ပြီးသားပါ။

နေစရိတ်အတွက်ကတော့ blocked accountထဲကို 11208 euro သွင်းထားရပါတယ်။(ဒီamountက ကုန်စျေးနှုန်းပေါ်လိုက်ပြီးနှစ်စဥ်ပြောင်းတတ်ပါတယ်) အဲ့ထဲကမှ လစဥ် တလစာပဲ ပြန်ထုတ်လို့ရပါတယ်။
ကျောင်းသားတွေက တပတ်ကို နာရီ၂၀အလုပ်လုပ်ခွင့်ရှိပြီး အခြေခံလစာက တနာရီကို 12 euroကစပြီးရနိုင်ပါတယ်။

ဂျာမန်အစိုးရကတွက်ထားတဲ့ ခန့်မှန်းခြေ လစဥ်နေစရိတ်စားစရိတ်ကတော့ 950 euroဝန်းကျင်ပါ။ ဒါက ကိုယ်နေတဲ့နေရာပေါ်မူတည်ပြီးအနည်းငယ်ကွာခြားနိုင်ပါတယ်။ Munich, Frankfurt, Stuttgart လိုမြို့ကြီးတွေမှာဆိုရင်တော့ လူနေမှုစရိတ်ကြီးပြီး မြို့ငယ်လေးတွေမှာဆိုရင်တော့ သက်သာနိုင်ပါတယ်။

♦️အလုပ်အကိုင်အခွင့်အလမ်း

ကျောင်းပြီးရင် ၁၈လအလုပ်ရှာခွင့်ရှိပါတယ်။ အလုပ်ရမရကတော့ မိမိအရည်အချင်းအပေါ်မှာမူတည်ပြီး Germanဘာသာစကားပြောတတ်ဖို့လည်းလိုပါတယ်။ German B2 level လောက်အထိတောင်းလေ့ရှိပါတယ်။ ခြွင်းချက်အနေနဲ့ ITပိုင်းမှာဆိုရင်တော့ English နဲ့တင်အဆင်ပြေတာလည်းရှိပါတယ်။ ကိုယ်ကရေရှည်နေမယ်လို့စဥ်းစားထားရင်တော့ Germanစကားတတ်ကိုတတ်ထားသင့်ပါတယ်။

နောက်ရက်တွေမှာလည်း ပညာရေး နဲ့ language learning နဲ့ပတ်သတ်တာတွေ knowledge sharingလုပ်ပေးမှာမလို့ pageကို Like & followလုပ်ထားဖို့မမေ့ပါနဲ့နော်။

Ada
20.2.2023

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon