Modern Engineering Group

Modern Engineering Group

Share

13/05/2024

Estimate Load Calculation ( ခန့်မှန်းတွက်ချက်ခြင်း )

Ko Aung Kyaw San ရေးသားသည်။

မိမိလိုချင်တဲ့လိုအပ်တဲ့ Transformer Size, Generator Size , Breaker Size, Cable Size တွေ ရရှိဖို့အတွက် မိမိသုံးစွဲမဲ့ Load ပမာဏ ဘယ်လောက်ရှိနိုင်သလဲဆိုတာ BQ ( Bill of Quantity) သေချာသိ သေချာတွက်ဖို့လိုအပ်လှပါမယ်။ မိမိလက်ရှိအသုံးပြုနေသော Load ပမာဏကို အနီးစပ်ဆုံးသိရပြီဆိုရင်တော့ ရေရှည်မှာ Load ဘယ်လောက်တိုးနိုင်သလဲဆိုတဲ့အပေါ်မှာ အနည်းဆုံး 25% ကနေ 35% လောက်ထိပိုတွက်ထားနိုင်မှ အဆင်ပြေနိုင်မယ်ခင်ဗျ။ အဆောက်အဦးတစ်ခုတွက် လျှပ်စစ်လိုအပ်ချက်က လျော့နည်းသွားလေ့မရှိပဲ ထပ်တိုးတိုးလာတာပဲတွေ့မြင်နေကြရမှာပါ။ အချို့သော Shopping center တွေ အထပ်မြင့်အဆောက်အအုံတွေမှာဆို မီးစက်တစ်လုံးက နှစ်လုံး နှစ်လုံးက သုံးလုံး တပ်ဆင်ထားတာတွေ့ဖူးမှာပေါ့။ အဲ့အခြေနေတွေကို ရှောင်ရှားနိုင်ဖို့ဆိုရင် ရေရှည်မှာတိုးလာနိုင်တဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကြိုတင်ကာကွယ်ဖို့ဆိုရင် Desing စတင်တွက်ချက်ကတည်းက Save Side ယူတွက်ချက်တာအကောင်းဆုံးပဲလို့ယူ ဆပြီးတိုက်တွန်းပါရစေ။ လျှပ်စစ်ဓာတ်အား ပိုနေ( X’mer , Genset ကြီးနေ) လို့အပြစ်မြင် ဆန်းစစ်တဲ့လူရယ်လို့တွေ့ရခဲပေမဲ့ လျှပ်စစ်မီးအားမလောက် မငှ ဖြစ်ရင်တော့ အဲ့ဒီဇိုင်းကိုစတင်တွက်ချက်တဲ့ အင်ယာ ညံ့တယ်လို့ပဲ အကြမ်းမျဉ်းသုံးသပ်ကြတာတွေ့ရပါတယ်။ ယခုလောလောဆယ် မှာဖွင့်လှစ်ထားတဲ့ နာမည်ကြီး ရှော့ပင်းတစ်ခုမှာ လျှပ်စစ်မီး မလုံလောက်လို့ဆိုတာလည်း တွေ့မြင်ကြားသိနေရတယ်ခင်ဗျ

ကိုယ့်နေရာ/ ကိုယ့်အခန်းတစ်ခုတွက် လျှပ်စစ် ( Watt ) အား ဘယ်လောက်လိုအပ်နိုင်သလဲဆိုတာကို ခန့်မှန်းတွက်ချက်ကြည့်ကြရအောင်။ ကျနော်တွက်ပြတာထက် ပိုကောင်းမဲ့ အဆင်ပြေမဲ့တွက်နည်းတွေ့ထားခဲ့ရင်လည်း ရှိုတော့မထားနဲ့ အလင်းလေးတော့ပြခဲ့ကြအုံး

ရန်ကုန်မြို့နေ တိုက်ခန်းအများစုရဲ့ အကျယ်အ၀န်းကတော့ တစ်ခန်းနဲ့တစ်ခန်း
ဧရိယာသိပ်မကွာလှတာတွေ့ရမှာပါ။ ဒါကြောင့် အကျယ်ဆုံးအနေနဲ့ယူဆပြီးတော့( ၁၅ပေ
×ပေ ၆၀ ) ဒီအတိုင်းလေး တွက်ကြည့်မယ် ။ အခန်းတစ်ခန်းမှာ အသုံးပြုမယ့် Watt အားကို အနီးစပ်ဆုံးတွက်လို့ရပြီဆိုရင် ၈ လွှာ တိုက်ခန်း ဘယ်ညာအတွက် စုစုပေါင်း (၁၆) တွက်ဆိုရင် (၁၆) ခန်းနဲ့ မြှောက်ချလိုက်မယ်ဆို ရနိုင်ပြီပေါ့။ ၁၆ ခန်းတွက် ရလာတဲ့ စုစုပေါင်း Load (A ) ပေါ်မူတည်ပြီးတော့ 25% to 35% လောက်ပိုတွက်ထားလိုက်ရင် ထပ်တိုးလာနို်င်တဲ့ Load တွေတွက်လည်း Cover ဖြစ်သွားပြီပေါ့ ။

အိုကေဗျာ..အခန်းတစ်ခန်းကို နမူနာယူပြီး အကြမ်းမျဉ်း အနီးစပ်ဆုံး တွက်ချက်ကြည့်ရအောင်။ ကျနော်ရေးပြ တွက်ပြတာလိုအပ်ချက်ရှိနေရင်လည်း ထောက်ပြဝေဖန်ပေးပါလို့ ကြိုတင်တောင်းဆိုပါတယ်။ ဒီတွက်ချက်မှုက လုံးဝြပီးပြည့်စုံတယ်လို့ မမှတ်ယူစေချင်ဘူး။ အနည်းဆုံးတော့ သင် အခန်းတစ်ခု အဆောက်အအုံတစ်ခုကို အနီးစပ်ဆုံးခန့်မှန်းတွက်ချက်သွားနိုင်တယ်ဆိုရင်ပဲ ၁၀၀ ရာခိုင်နှုံးကျ နော် ကျေနပ်နေချင်ပါတယ်။

Length = အခန်းအလျား = ၆၀ ပေ
Width = အခန်းအနံ = ၁၅ ပေ
Area = အခန်းဧရိယာ = ၆၀×၁၅
Squareft = ၉၀၀ စတုရန်းပေ အကျယ်သတ်မှတ်ပြီး တွက်ကြည့်ရအောင်လား။

Varandah ( ၀ရံတာ တစ်ခု )
Parlour ( ဧည့်ခန်းတစ်ခန်း )
Bed Room ( အိပ်ခန်း တစ်ခန်း )
Kitchen ( မီးဖိုချောင် )
Bath Room ( ရေချိုးခန်း )
Toilet Room ( အိမ်သာခန်း )
½ Hp pump ( ရေမော်တာ တစ်လုံး )
ရှိမယ်လို့ သတ်မှတ်ပြီး တွက်ချက်ကြည့်ရအောင်။

BQ ( Bill of Quantity + Estimte Calculation )
*************************************************

1.Parlour ( 15’ × 10’) = TV + 2× Fans+ 4’ lamp + 2×Socket outlet
= (200 + 2×50 + 40 + 2×200 ) W
= 740 W ( ~ 800 W)

2.Bed Room(15’× 20’) = 1Hp Air-Con+2×Socket outlet + 4’ lamp
= (746 + 2×200 + 40 ) W
= 1186 W ( ~1200 W )

3.Kitchen Room(15×10) = Hotplate+1× Socket out let + 4’ lamp
= (1000 + 1× 200 + 40 ) W
= 1240 W (~1300 W )

4.Bath Room (15×10 ) = 1×2’ lamp + 1× Socket outlet
= ( 20 + 200 ) W
= 220 W
5.Toilet Room (15× 6’ ) = 1 Bulb
= 20 W
6.Varandah ( 15’ × 4’ ) = 2 Bulb
= 2× 20W
= 40 W
7.1/2 (0.5 Hp) Pump = 373 W

Totally Estimate Load = ( 800+1200+1300+220+20+40+373 ) W
= 3953 W

Power ( W ) = Volt ( V ) × Ampere ( I )
3953 W = 220 V × I
Ampere (I) = 3953 ÷ 220
I = 17.97 A

အခန်းတစ်ခန်းတွက် အသုံးပြုမဲ့ Watt ကိုသိလို့ အခန်းတစ်ခန်းတွက် အသုံးပြုမဲ့ Load ( A ) အနီးစပ်ဆုံးရပြီဆိုတော့ Breaker တွေ Cable တွေ ရွေးချယ်လို့ရပါပြီ ။ အထက်က ကောက်ယူခဲ့တဲ့လျှပ်စစ်ပစ္စည်းတွေက တချိန်တည်း တစ်ပြိုင်တည်းအသုံးပြုမှာတော့မဟုတ်ပါဘူး။ လိုအပ်သလို ဖွင့်ပ်ိတ်ပြီးသုံးစွဲကြမှာဖြစ်ပါတယ်။ အခုကောက်ယူထားတဲ့ Watt က အခန်းတစ်ခန်းမှာ အများဆုံးသုံးနိုင်မယ်ထင်တဲ့ ပမာဏလို့ယူဆပြီးတွက်ချက်တာဖြစ်ပါတယ်။
အထက်မှာတွက်ချက်မှုအရ Ampere (Load) ကို ရပြီဆိုရင် အလွယ်ကူဆုံး အနီးစပ်ဆုံး အသုံးပြုနေကြတဲ့ Cable ဆိုဒ်ရွေးနည်း Circuit Breaker ရွေးနည်းကတော့

Cable Size = Load Ampere × 1.5
= 17.97 × 1.5
= 26 A ( 4 mm2 cable ဆိုက်ကို ရွေးလျှင်သင့် )

Circuit Breaker= Full Load Ampere × 1.25
= 17.97 × 1.25
= 22.4625 A ( 32 A အသုံးပြုသင့် )

Lighting တွေဖြစ်တဲ့ မီးချောင်း ၊ မီးလုံး ၊ အလှဆင်မီးလုံးတွေတွက်တော့ Φ1.5 mm2 cable size ကိုအသုံးပြုလေ့ရှိပြီး
Power တွက် Socket Outlet ဆိုလျှင်တော့ Φ2.5 mm2 cable size ကို အသုံးပြုတယ်လို့အကြမ်းဖျဉ်းမှတ်ထားရင်အဆင်ပြေနိုင်မယ်ထင်ပါတယ်။
အိမ်တွေမှာအသုံးပြုတဲ့ Air_Con တွေမှာ့ Φ2.5 mm2 cable size ကိုအများဆုံးအသုံးပြုပေမဲ့ တကယ့်စီးပွားရေးအဆောက်အအုံဆိုရင့် Φ 4mm2 cable size သုံးစွဲတာတွေ့နိုင်ပါတယ်။ မိမ်ိအသုံးပြုမဲ့နေရာက Power Soure နဲ့ဝေးနေတယ်ဆိုရင်တော့ Save ဖြစ်ဖို့တွက် ကြိုးဆိုဒ်ကို တစ်ဆိုဒ်ကြီးပြီးသုံးတတ်ကြပါသေးတယ် ။ ဘာကြောင့် ကြိုးဆိုက်ကို နည်းနည်းပိုကြီးသလဲဆိုရင် အကြောင်းတစ်ခုခုကြောင့် Shock ဖြစခဲ့်ရင် ကြိုးနဲ့ လျှပ်စစ်ပစ္စည်းများ ထိခိုက်မှုနည်းအောင်ဖြစ်ပြီး…Breaker ကို ကျသွား စေချင်တဲ့အတွက်ဖြစ်ပါတယ်။ တကယ်လို့ Breaker Size ကကြီးနေရင် Breaker မကျပဲ ကြိုးနဲ့လျှပ်စစ်ပစ္စည်း ထိခိုက်ရဖို့ဖြစ်လာနိုင်လို့ပါပဲ။

***** ဒီတွက်နည်းက ကျနော်မှတ်သားမိသော မှတ်သားထားသော အနီးစပ်ဆုံးတွက်ချက်မှုသာလျှင်ဖြစ်ပြီး တကယ့် သီအိုရီ ကျကျတွက်ဖို့အတွက်ဆိုရင် အချက်လက်တွေ၊ CP ( Code of practices) တွေစုံလင်စွာ မိမိတွေ့ကြုံခဲ့ရတဲ့အတွေ့ကြုံတွေနဲ့ပေါင်းစပ်ပြီ့း ရှု့ထောင့်စုံကနေ အဆင့်ဆင့် တွက်ချက်ရယူပါလို့တိုက်တွန်းလိုပါတယ်။ အထက်မှတွက်ပြခဲ့တဲ့ အခန်းတစ်ခုကို နမူနာယူပြီး မိမိအခန်း ၊ မိမိအိမ်မှာတပ်ဆင်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေကို Watt ဘယ်လောက်ရှိလည်း ဘယ်လောက်သုံးထားလဲဆိုတာ သေချာ လေ့လာပြီး ပြန်လည်တွက်ချက်ကြည့်မယ်ဆိုလျှင် ဒီထက်ကြီးမားသော အဆောက်အအုံတွေတွက် ထပ်မံလေ့လာလိုက်မယ်ဆိုလျှင် တဖြည်းဖြည်းနဲ့မိမိအရည်အသွေး တိုးတက်လာမယ်လို့မျှော်လင့်မိပါတယ်။ အထက်မှာတွက်ပြခဲ့တာကတော့

P= VI Single Phase ( 220 V ) ပေါ်မူတည်ပြီး နမူနာတွက်ပြထားချင်းသာဖြစ်ပါတယ်။ တကယ့် စီးပွားရေးသုံးလျှပ်စစ်အတွက်ဆိုလျှင်တော့

P = Sq root 3 * VI Cos Φ Three Phase ( 380/440V ) ပေါ်မူတည်ပြီးတွက်ချက်ရမှာဖြစ်ပါတယ်။

ကျနော်တွက်ပြထားတာက ဘာနဲ့ဆင်တူသလဲဆို …ကျ နော်တို့ မူလတန်း အလယ်တန်း အထက်တန်းသင်္ချာ ဘာသာရပ်မှာ Example တွက်ပြထားတာတွေ့ဖူးတယ်မဟုတ်လား 1+1= 2 စသဖြင့်ပေါ့ တွက်ချက်ပြထားတာကို ကြည့်လိုက်ရင် လုံး၀ လုံး၀ လွယ်လွယ်လေးရယ် မျက်စိမှိတ်တွက်လည်းရနိုင်တယ်။ အဲ တကယ့်တကယ် ပုစ္ဆာတွက်ပြီဆိုရင်….ဘယ်ကစပြီး ဘယ်လိုတွက်ရမလဲ ဖြစ်ခဲ့ဖူးသလိုပေါ့။ နမူနာပြထားတာနဲ့လည်း မတူတော့ အချင်းချင်းခေါင်းချင်းဆိုင် ခေါင်းလေးကုတ်ပြီး ဆရာမကြည့်နေရင် အထင်ကြီးစေချင်တော့ တကယ်ကြီးစဉ်းစားလေဟန် လုပ်ခဲ့သလိုပေါ့ ။ အားငယ်စရာတော့မရှိပါဘူးဗျ ကျနော်တို့အားလုံး ကလေးဘ၀ ကခဂ ကနေစလာတာ ယနေ့အချိန်ခါ ထိလေ့လာပြီး ရင်ဆိုင်ဖြတ်သန်းခဲ့ကြပြီပဲ…ဘယ်သူမှ ဘယ်အင်ဂျင်နီယာမှ မလေ့လာပဲ မကြိုးစားပဲတော့တော်နေတတ်နေတဲ့သူ မရှိနိုင်ပါဘူး။ မိမိက လေ့လာသင်ယူကြိုးစားနေရင်တော့ တော်တဲ့အင်ဂျင်နီယာဖြစ်မလာသေးရင်တောင် တတ်သိနားလည်တဲ့ အင်ဂျင်နီယာဖြစ်လာမယ်ဆိုတာတော့ကျနော်ရဲရဲကြီးပြောရဲပါတယ်။ ဒီလိုပြောလို့ ကျနော်ကော ကျွမ်းနေပြီလား တော်နေပြီလား တတ်နေပြီလား မေးရင် ဟုတ်ကဲ့…..လေ့လာနေဆဲအဆင့်လို့သာ ၀န်ခံပါရစေ။

မူရင်းရေးသားသူ 🙏

Photos from Modern Engineering Group's post 07/05/2024

MEP Project in YGN

လူကြီးမင်းတို့၏
နေအိမ်
ရုံးခန်း
Restaurant
Hotel Etc.

M&E လုပ်ငန်းများ လုပ်ဆောင်လိုပါက ကျွန်တော်တို့ Modern Engineering Group မှလက်ရာသေသပ်စွာဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်ခင်ဗျာ

အောက်ဖော်ပြပါလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာ
- Electrical System
- Mechanical System(Plumbing & Sanitary System)
-ACMV System
- ELV System (Data, Tel CCTV, Card Access, MATV, Nurse Call, IPTV, Video Intercom,Fire Alarm )





https://www.facebook.com/profile.php?id=100082995055697

သင်ဆရာ
မြင်ဆရာ များအား

လေးစားလျက်
Modern Engineering Group
MEP Service
09969893182

if u have any clarification , pls free to free contact me.

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 30, 2 Qtr, Ba Htoo 5 Street, 3 Htate
Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00