Maths Magic Myanmar
25/01/2026
လွန်ခဲ့တဲ့ နှစ်နှစ်တည်းက Maths Teaching and Leaning Center လေးစဖို့ စိတ်ကူးရှိခဲ့ပေမယ့် လက်ရှိသင်နေတဲ့ကျောင်းတွေ အလုပ်တွေနဲ့ အချိန်လုံးဝပြည့်နေတာမို့ မစဖြစ်ခဲ့တဲ့ စိတ်ကူးလေးကို 2026 မှာ အကောင်အထည်ဖော်ပါမယ်။
Maths Teacher အဖြစ် စတင်အလုပ်ဝင်တည်းက ကျွန်မက Fun and Learn ဆိုတာကို တအားသဘောကျပါတယ်။ အထူးသဖြင့် Primary (မူလတန်း) ကလေးလေးတွေမှာ သင်ယူရတာ ပျော်မှ သင်ခန်းစာကိုနားလည်ပြီး တော်အောင်ကြိုးစားချင်စိတ်ရှိလာတာပါ။ လက်ရှိမှာ အတန်းငယ်လေးတွေရော အတန်းကြီးတွေပါသင်နေပေမယ့် မှတ်မှတ်ရရ ရှိတာကတော့ ကလေးလေးတွေကို Maths သင်ရတာပါပဲ။ သင်ခန်းစာတစ်ခုမစခင်မှာကလေးတွေရဲ့ အာရုံစူးစိုက်မှုရော ဉာဏ်စမ်းပုစ္ဆာတွေကို တွေးရတာ တွက်ရတာ ပျော်စေချင်တာကြောင့်ရော စဉ်းစားရတဲ့မေးခွန်းခက်တာလေးတွေ Maths Quiz လေးတွေ မေးလေ့ရှိပါတယ်။
နောက် Cambridge Maths နဲ့ပတ်သတ်တဲ့ online webinar တစ်ခုတက်ရင်း “Mathemagic” ဆိုတဲ့ စကားလုံးလေးကို သတိထားမိပါတယ်။ စိတ်ဝင်စားစရာ ပျော်စရာကောင်းတဲ့ Maths tricks လေးတွေပေါ့။ ကလေးလေးတွေ သင်္ချာကို ပျော်ပျော်ရွှင်ရွှင်သင်ယူပြီး သင်္ချာလိုတွေးတတ်စေဖို့ ရည်ရွယ်ပြီး “Maths Magic Myanmar” ဆိုတဲ့ Mathematics Teaching and Learning Centre လေးကို 2026 မှာ စတင်ပါမယ်။
Academic Maths တွေဖြစ်တဲ့ Cambridge Maths, Singapore Maths အတန်းတွေ နှစ်သက်ရာရွေးချယ်တက်ရောက်လို့ရပါတယ်။ သင်တန်းနဲ့ ပတ်သတ်တဲ့ အသေးစိတ်ကို page မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 2026 မေလမှာ နောက်စာသင်နှစ်အတွက် အတန်းသစ်တွေစတင်မှာဖြစ်ပြီး Summer Special အစီအစဉ်လေးတွေလည်းရှိမှာဖြစ်လို့ MMM page လေးကို like and follow လုပ်ထားပါဦးနော်...
ပျော်ရွှင်ဖွယ် 2026 ဖြစ်ပါစေ ✨
📺 What are square numbers?????
Click here to claim your Sponsored Listing.
Category
Website
Address
Yangon