Beauty With Me

Beauty With Me

Share

05/05/2024

ကိုယ့်အိမ်ရဲ့🚽🚽🚽🚽ထဲ နေရာယူထားတဲ့ ပစ္စည်းလေး
#အမျိုးသမီးနေ့စဉ်သုံး

04/05/2024

ယူတို့ကရော ဘာပိုင်လဲ😝😝😝

Photos from Beauty With Me's post 04/05/2024

Lavender ပန်းလေးကပြောတယ်🪻💜
" ငါ့ဆီပြန်လာတဲ့အထိ ငါစောင့်နေပါ့မယ် "တဲ့

🌻

01/05/2024

💁🏻‍♀️ သင့်မှာ ဒီလိုစစ်မှန်တဲ့ သူငယ်ချင်းရှိရင် တန်ဖိုးထားပါ💗

✨ စစ်မှန်တဲ့ သူငယ်ချင်းကောင်း တစ်ဦးဆီမှာ
တွေ့ရမယ့် လက္ခဏာ ၉ ချက် 🫂

လူတစ်ရာကို ခဏလေးအတွင်း သူငယ်ချင်းလုပ်ဖို့ လွယ်ကူပေမယ့် စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရရှိဖို့တော့ ခက်ခဲပါတယ်။ ဘဝမှာ အတုအယောင် သူငယ်ချင်းတွေ အများကြီးရှိဖို့ထက် စစ်မှန်တဲ့ သူငယ်ချင်း တစ်ယောက်ရှိဖို့က ပိုအရေးကြီးပါတယ်။

ကိုယ့်သူငယ်ချင်းက ကိုယ့်အတွက် စစ်မှန်တဲ့သူငယ်ချင်း ဟုတ်၊ မဟုတ်ကို အချက် ၉ ချက်နဲ့ သုံးသပ်ကြည့်ရအောင်။

1. ကောင်းတဲ့အချိန်မှာရော၊ ဆိုးတဲ့အချိန်မှာရော ကိုယ့်အနားမှာ သူရှိနေခဲ့ပါတယ်။ အရာရာကို မျှဝေခံစားပေးခဲ့ပါတယ်။

2. ကိုယ့်အတွက်ဆို အချိန်ပေးနိုင်တယ်။ ဆက်သွယ်ရတာ လွယ်ကူပြီး အမြဲလိုလို အဆင်သင့်ရှိနေတတ်ပါတယ်။

3. ကိုယ့်ရဲ့ ရင်ဖွင့်သံတွေကို အမြဲတမ်းနားထောင်ပေးတယ်။ တိုင်ပင်ပေးတယ်။ အကြံပေးတယ်။ အားပေးဖေးမတယ်။

4. သူနဲ့ကိုယ့်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိသလောက်ပါပဲ။ ကိုယ့်အကြောင်းကို ကိုယ့်ထက်တောင် သူက ပိုသိနေသလိုပါပဲ။

5. အလိုမလိုက်ပါဘူး။ လမ်းမှားမရောက်အောင် အမြဲ ဂရုစိုက်ပေးပါတယ်။ ကိုယ်ဒုက္ခရောက်မယ့်အရာတွေဆို အမုန်းခံပြီး တားဆီးတတ်ပါတယ်။

6. သူနဲ့အတူရှိနေတဲ့အချိန်ဆို လွတ်လပ်ပြီး ပျော်ရွှင်ရပါတယ်။ အချိန်ပြည့် ဟာသတွေဖြစ်နေပြီး ရယ်မောနေရပါတယ်။

7. ကိုယ့်ရဲ့ဖြစ်တည်မှုမှန်သမျှကို သူက လက်ခံပြီးသားဖြစ်ပါတယ်။ ကိုယ့်အပေါ် နားလည်မှု အပေးနိုင်ဆုံးသူလည်း ဖြစ်ပါတယ်။

8. ကိုယ့်ရဲ့မကောင်းကြောင်းကို ဘယ်တော့မှ အတင်းတုပ်မယ့်သူ မဟုတ်ပါဘူး။ သူများသွေးထိုးရင်တောင် သူက ကိုယ့်ဘက်ကပဲ ရပ်တည်မယ့်သူဖြစ်ပါတယ်။

9. သစ္စာရှိပါတယ်။ ကိုယ့်အနောက်မှာ အမြဲရပ်တည်နေပြီး ကိုယ့်နောက်ကျောကို ဘယ်တော့မှ ဓားနဲ့ထိုးမယ့်သူ မဟုတ်ပါဘူး။

“ကမ္ဘာပေါ်မှာ သင့်အတွက် စစ်မှန်တဲ့သူငယ်ချင်းကောင်း တစ်ယောက်ရှိနေပြီဆိုရင် သင်အရမ်းချမ်းသာနေပါပြီ” လို့ Alistair Begg က ဆိုထားပါတယ်။

ဒါကြောင့် ကိုယ့်သူငယ်ချင်းက ကိုယ့်အပေါ် စစ်မှန်တာသေချာရင် သူ့ကို တန်ဖိုးထားပါ။ ဂရုစိုက်ပါ။ ကိုယ့်ကလည်း သူ့အတွက် စစ်မှန်တဲ့သူငယ်ချင်းတစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ သူငယ်ချင်းဆိုတာ ဘဝအတွက် တန်ဖိုးအရှိဆုံးသူတွေ ဖြစ်ပါတယ်။ ချစ်သူ၊ ရည်းစားထက်တောင် အဖိုးတန်ပါတယ်။

🌻🤍
---

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon