VITAL PLUS
@
06/09/2021
Brand: WHIPURE PREMIUM MASK
KF94 Mask 3D
Made in Korea
No of Mask: 50 per box
Price: 45,500 kyats
Waiting time: 3 to 4 weeks
Oximeter အသုံးပြုပုံပြုနည်း
-------------------------------
Oximeter နဲ့ အောက်ဆီဂျင်တိုင်းမယ်ဆိုရင်
(၁) လက်သည်းနီဆိုးထားရင်ဖျက်ပါ။ လက်သည်းတုတပ်ထားရင် ဖယ်ပါ။
(၂) လက်အေးနေရင် နွေးအောင် လက်နှစ်ဖက်ကို ပွတ်လိုက်ပါ။
(၃) မတိုင်းမီ ၅ မိနစ်လောက် ငြိမ်ငြိမ်နေပါ။
(၄) လက်ကို ရင်ဘတ်၊ နှလုံးနဲ့တစ်တန်းထဲနေရာမှာထားပြီး ငြိမ်နေပေးပါ။
(၅) Oximeter ခလုတ်ကို ဖွင့်ပြီး လက်ညှိုး (သို့) လက်ခလယ်ထည့်တိုင်းပါ။ လက်ချောင်းကို မှောက်လျှက်ထည့်ရပါမယ်။ ကလေးလက်လေးသေးလွန်းရင် လက်မထည့်ပေးလည်း ရပါတယ်။
(၆) အဖြေဖတ်ဖို့ အချိန်အနည်းငယ် ယူပါလိမ့်မယ်။ တစ်မိနစ်လောက် အနည်းဆုံး ငြိမ်ငြိမ်လေးနေပေးပါ။
(၇) အဖြေပေါ်လာတဲ့အခါ အမြင့်ဆုံးအဖြေကို ဖတ်ပါ။
(၈) တစ်နေ့ကို နှစ်ကြိမ်တိုင်းပေးပါ။ တစ်နေ့နဲ့တစ်နေ့ တိုင်းတဲ့အချိန်တူပါစေ။
🔺Oximeter ဖတ်နည်း
-------------------------
Oximeter က စက္ကန့်ပိုင်းအတွင်း ကိုယ်တွင်း အောက်ဆီဂျင်ပမာဏ(SPO2) အပြင် သွေးခုန်နှုန်း (BPM) ပါ တိုင်းပေးပါတယ်။
🔹SP02 % ဆိုတာ အောက်ဆီဂျင်ပမာဏပါ။ ပုံမှန်ဆိုရင် 95% အထက်ရှိသင့်ပါတယ်။ နာတာရှည်အဆုတ်ရောဂါသည်တွေနဲ့ Sleep Apnea ရှိသူတွေမှာတော့ 90% ဝန်းကျင်မှာ ရှိတတ်ပါတယ်။ 90% အောက်ဆို စိုးရိမ်ရပါပြီ။
🔹PR & BPM ဆိုတာကတော့ သွေးခုန်နှုန်းပါ။ တစ်မိနစ်မှာ ဘယ်နှချက်ခုန်လဲဆိုတာ တိုင်းပေးတာပါ။ 70 ကနေ 100 ကြားဆို ပုံမှန်ပါ
🔹PI% ဆိုတာကတော့ သွေးခုန်အားပါ။ 0-5 ဆိုရင်အားပျော့ပြီး 5ထက်ကျော်ရင် အားပြင်းပါတယ်။
အားလုံးကျန်းမာပြီး ရောဂါကပ်ဆိုးကြီးကနေ အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြပါစေ
Crd
Click here to claim your Sponsored Listing.