Dr. Phonesithulwin
06/07/2026
#ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာကို_လက်တွေ့ကျကျအမှန်အတိုင်း_မြင်တာမဟုတ်ပဲ
#ကျွန်တော်တို့မြင်ချင်တွေ့ချင်ဖြစ်စေချင်တဲ့အတိုင်းမြင်နေကြတာပါ
( #အမြင်)
မျက်စိက မြင်တဲ့အရာကို ဦးနှောက်ဆီပို့လိုက်ပေမယ့် ဦးနှောက်က
- မျက်လုံးက ဝါးနေတာလား (ပါဝါတက်နေလား)
- ပတ်ဝန်းကျင်က အလင်းရောင်
- ကြည့်တဲ့အရာပေါ် အာရုံရှိခြင်း/မရှိခြင်း
- အရင်က ဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ
- အခု အချိန်ဖြစ်နေတဲ့ စိတ်ခံစားမှုအခြေအနေ (ပျော်နေလား/စိတ်တိုနေလား)
အစရှိတာတွေပေါ် မူတည်ပြီး ကျွန်တော်တို့ရဲ့ အမြင်တွေ ကွာခြားသွားကြပါတယ်။
မြင်သာအောင်ပြောရရင် - Photo က စာသား
တွန်းပါ ကို (း) တစ်ခုပျက်လို့ တွန့်ပါ လို့ဖြစ်နေတာ အပေါ်မှာ
1. မြင်သော်လည်း ဘာရေးထားမှန်း ဂရုမစိုက်ပဲ တံခါးဆွဲဖွင့်တဲ့ ဂရုမစိုက်တတ်သူတွေ
2. တွန်းပါ ရေးထားတာပဲ တွန်းပြီးဝင်သွားတဲ့ သာမန်သူ
3. ဒီလို ဆိုင်အနေအထားနဲ့ စာလုံးပျက်နေတာကို မပြင်ဘူး တော်တော်အသုံးမကျတဲ့ ဝန်ထမ်းတွေခန့်ထားတာပဲ လို့ အဆိုးမြင်တဲ့သူ
4. တွန့်ပါ ဆိုတော့ မဝင်ခင် တွန့်ပြရမှာလား လို့ ရယ်စရာအနေနဲ့ မြင်တဲ့သူ
စသဖြင့် အမြင်တွေ ကွဲပြားသွားပါတယ်။
အဲ့လိုပါပဲ မိမိ အပေါ်မှာလည်း ပတ်ဝန်းကျင်
- မိမိအပေါ် ချစ်ခြင်း/မုန်းခြင်း
- ထိုသူတွေရဲ့ စိတ်အခြေအနေ စသဖြင့် အပေါ်က ပြောတဲ့ အချက်တွေပေါ်မူတည်ပြီး မြင်တတ် ဝေဖန်တတ်ကြတာမို့
မိမိ အပေါ် ဝေဖန်မှုတွေရှိလာခဲ့ရင်
👉 ချီးကျူးခံရလျှင်လည်း အလွန်သာယာကြည်နူးမနေသင့်သလို
👉 ကဲ့ရဲ့ရှုတ်ချခံရလျှင်လည်း အလွန်တရာ ကြေကွဲဝမ်းနည်း မနေသင့်ပဲ
👍 မိမိ မှန်ကန်စွာလုပ်နေတဲ့ အလုပ်ကိုပဲ အာရုံစိုက်ပြီး ကြိုးကြိုးစားစား လုပ်ကြပါစို့
(Photo Credit ; YGN Cash)
စိတ်၏အေးချမ်းခြင်းမှသည်ကိုယ်၏ကျန်းမာခြင်းဆီသို့
Dr. ဘုန်းစည်သူလွင်
(စိတ်ခွန်အားပေးစာစုများ တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် စိတ်ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )
18/06/2026
#ခန္ဓာကိုယ်မှာ_အနီစက်လေးတွေ_ထွက်တယ်
#ဖျားတယ်_ကိုယ်လက်ကိုက်တယ်
ခုချိန်မှာ
- အဖျားကြီးတယ်
- ကိုယ်လက်ကိုက်တယ်
- အနီစက်လေးတွေ ထွက်တယ် ဆိုရင်
မိုးတွင်းလည်းဖြစ်တယ် ခြင်တွေလည်း အရမ်းကိုက်တော့
#သွေးလွန်တုပ်ကွေးရောဂါ ကိုလည်း သတိထားကြပါဗျို့
🚨 🚨 🚨
#ဖျားတယ် 🤒 High Grade Fever နဲ့ (၁၀၂-၁၀၃) လောက်ထိပဲ
😢 ဆေးသောက်၊ ရေပတ်တိုက်ခဏပဲ ကျတယ် ဆေးရှိန်ကုန်တာနဲ့ ပြန်ဖျားတော့တာပဲ
😢 နေ့စဉ်ရက်ဆက် ဆက်တိုက်ကို ဖျားတာ
😳 နှာမစေးဘူး၊ ချောင်းမဆိုးဘူး၊ လည်ချောင်းမနာဘူး၊ ရင်မကြပ်ဘူး
ကိုယ့်ကိုယ်ကိုယ်ကြတော့ 🤷♂️ ရိုးရိုးဖျားတာ (အပူရှပ်/အအေးပတ်တာ) လို့ထင်ကြတာကိုး
🏘️ အိမ်မှာပဲနေတယ် (နီိးစပ်ရာတွေ မေးမြန်းပြီး) 💊 ဆေးတွေ သောက်တယ်ပေါ့
👉 ခန္ဓာကိုယ်မှာ အနီိစက်လေးတွေ ထွက်လာတယ်
👉 ဗိုက်နာလာတယ် (ညာဘက်နံရိုးအောက်)
👉 အန်လာတယ် (ကော်ဖီရောင်တွေ)
👉 နှာခေါင်းသွေး လျှံလာမယ်
👉 ခေါင်းအရမ်းကိုက်မယ်
👉 ခြေဖျား လက်ဖျားအေးလာတယ်
👉 အထိုင်အထတွေ မိုက်ခနဲ မိုက်ခနဲ ဖြစ်နေတယ်
အဲ့လိုနဲ့ ဆေးရုံဆေးခန်း မသွားပဲ ဆက်နေရင်း
👉 ရုတ်တရက် အဖျားကျသွားတယ်
👉 အဖျားကျသွားသလို လူလည်းမလှုပ်နိုင်တော့ဘူး၊ ခြေဖျား လက်ဖျားအေးစက်ပြီး၊ ခေါင်းတောင်မထောင်နိုင်တော့ဘူး
😰 အဲ့လို အခြေအနေဆိုရင်တော့ မကောင်းတော့ပါဘူး
Shock ရပါပြီ။
Dengue လို့ခေါ်တဲ့ #သွေးလွန်တုပ်ကွေး ပါ
Dengue Shock ပါ
#သေတတ်ပါတယ်
အရင်က 🧒 ကလေးတွေမှာပဲ ဖြစ်တယ်လို့ ယူဆထားကြတာ 👉 လူကြီးတွေမှာဖြစ်ပါတယ် သေတတ်ပါတယ်
Shock အခြေအနေမျိုးထိမရောက်အောင် ကြိုတင်ကာကွယ်ကုသမှု ခံယူကြပါ
>>>>>>>>
Click here to claim your Sponsored Listing.
Category
Contact the practice
Website
Address
Yangon
11041