DigitalNet Myanmar

DigitalNet Myanmar

Share

10/08/2023

Facebook Password မေ့သွားပါက ပြန်လည်ဆယ်တင်နည်း

Link: https://www.facebook.com/login/identify

12/07/2023

အဝတ်အစား page တွေရောင်းအားတက်ချင်မှသာ ဖတ်ပါရန်

Online Shop ရောင်းချသူတွေအနေနဲ့ ရောင်းအားတက်ချင်တာ မှန်ပေမယ့် လက်တွေ့မှာ ရောင်းအားက ထင်သလောက်မကောင်းဘူးဆိုရင် ဒီအချက်လေးတွေပြင်ပေးဖို့ လိုနေလို့ ဖြစ်ပါတယ်။ တော်တော်များများ ပစ္စည်းတွေရောက်တယ်၊ ပုံရိုက်မယ်၊ content ကိုအဆင်ပြေသလိုလေးရေးပြီး boost ထိုးမယ်၊ တစ်ချို့ service အပ်ကြတယ်...လက်တွေမှာ ထင်သလို ဖြစ်မလာပဲ စိတ်ညစ်နေကြရပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင်-

✍🏼Content ကိုဒီအချက် ( ၃ )ချက်နဲ့ အရင်ပြင်ရေးပေးဖို့ လိုပါတယ်...

🎯ကိုယ်ရောင်းချင်တဲ့ အဝတ်အစားက ဘယ်လိုလူတွေကို Target ထားတာလဲ အရင်သတ်မှတ်ပါ (လူငယ်တွေကို Target ထားရင် လူငယ်တွေနဲ့သက်ဆိုင်ပြီး popular ဖြစ်စေမယ့် အသုံးအနှုန်းလေးတွေနဲ့ ညှပ်ရေးပေးသင့်ပါတယ် - "အပြင်ထွက်တဲ့အခါ ပေါ့ပေါ့ပါးပါးလေးနဲ့ ပေါ်လွင်နေချင်ရင်တော့"၊ "လူတွေကြားထဲ ထင်းကနဲ ပေါ်လွင်ပြီး လှပကျော့ရှင်းနေချင်တယ်ဆိုရင်" စသည်ဖြင့် အသုံးပြုသင့်)

🎯Location သတ်မှတ်ပါ - ကိုယ်ရောင်းတဲ့ products ကအရမ်းခေတ်ဆန်ပြီး လူငယ်တိုင်းကြိုက်တယ်ဆိုပေမယ့် ရန်ကုန်၊ မန္တလေးမြို့လောက်ပဲ ဝတ်လို့အဆင်ပြေတာ ရှိပါတယ်။ ကိုယ်ကမြန်မာတစ်နိုင်ငံလုံးအနှံပို့ပေးတယ်ဆိုပေမယ့် ကိုယ်ရောင်းတဲ့ products ကနယ်မြို့တွေနဲ့ သင့်တော်လား? အဆင်ပြေနိုင်လား? နယ်ကလူတွေအနေနဲ့ ဝတ်လေ့ဝတ်ထရှိရဲ့လား? စဉ်းစားပေးဖို့ လိုအပ်ပါတယ်။ (ကိုယ်ရောင်းတဲ့ products ပေါ်မူတည်ပြီး ဝယ်နိုင်ချေရှိတဲ့ Location တွေကိုပဲ ဖိပြီး ကြော်ငြာတာက ရောင်းရနိုင်ချေပိုများပါတယ်)

🎯Boost လုပ်မယ့်ကြော်ငြာ Post ကရိုးရိုးရှင်းရှင်းနဲ့ အချက်အလက်ပြည့်စုံပါစေ။ ရိုးရှင်းတဲ့ content လေးတွေကို လူတွေကကြိုက်ကြပါတယ် ဒါပေမယ့်...

✅ယိုးဒယားမိတ်
✅ဈေးနှုန်းဘယ်လောက်

အာ့လိုရိုးရှင်းပေမယ့် လူတွေမဝယ်ကြသေးပါဘူး ဒီတော့

✅အသား Quality လေးကောင်းတယ်
✅ရေလျော်ခံပြီး အသီးလည်းမထတဲ့အပြင် ပုံထဲအတိုင်းလေး ချွတ်ဆွတ်ပါနော် (အပြင်ပုံလေးလည်း ထည့်ပေးထားပါတယ်)

ဒီလိုလေးထပ်ထည့်ရင် သူတို့စိတ်ထဲက သံသယကိုပါ မိမိကမြင်ပြီး ကြိုရေးရှင်းပြပေးထားလို့ ရောင်းရနိုင်ချေ ပိုတိုးလာပါလိမ့်မယ်။ ဒီလိုလေးရေးပေးခြင်းက ဝယ်ယူမယ့်သူများအတွက် ယုံကြည်မှုတိုးလာစေနိုင်တဲ့အပြင် သက်တောင့်သက်သာ ရှိစေပါတယ်။ ဒီလိုအချက်လေးတွေထည့်ပြီးရင်တော့ ဆိုင်ရှိရင်ဆိုင်မှာလာကြည့်လို့ရကြောင့် Online Shop ဆိုရင်လည်း Deli နဲ့အိမ်အရောက် ငွေချေဆောင်ရွက်ပေးကြောင်း နယ်ဆိုလည်း ဘယ်လိုပို့ပေးကြောင်း ရှင်းလင်းစွာပြောပေးဖို့လိုအပ်ပါတယ်။

နောက်ဆုံးအပိတ်လေးကိုလည်း CTA (Call to Action) လို့ခေါ်တဲ့ Customers တွေကို တိုက်တွန်းတဲ့ ပုံစံမျိုး " ရောက်ကုန်လေးတွေမို့ မြန်မြန်မှာထားမှ စိတ်ချရမယ်နော် " " လက်ကျန်ရှင်းတာမလို့ ဒီဈေးနဲ့ရတာနော် " " ဒီတစ်ခေါက်ပဲ ဒီဈေးနဲ့ရမှာနော် " စသည်ဖြင့် တိုက်တွန်းတဲ့ပုံစံမျိုးလေးနဲ့ ဝယ်သူရဲ့စိတ်ကို ဝယ်ချင်အောင်နှိုးဆွပေးဖို့လည်း လိုအပ်ပါတယ်...

♦️ဒီ post လေးက သင့်အတွက် တစ်ခုခုအကျိုးရှိတယ်ဆိုရင် comment မှာ "Yes" လို့ရေးပေးခဲ့ပြီး အခြားသူများလည်း သိရှိအောင် "Share" လေးလုပ်ပေးဖို့တောင်းဆိုပါရစေနော်...

♦️♦️♦️ဒီလို content မျိုးလေးတွေနဲ့ ပုံတွေ(အခမဲ့) services အပ်ချင်ရင်တော့ DigitalNet Myanmar မှာ $5 ကနေ Boost Service အပ်လို့ရနိုင်ပြီး Monthly Package များလည်း ရယူနိုင်စေရန် Cb ကနေ " Hi " လုပ်လိုက်ပါတော့...

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်
DigitalNet Myanmar

28/06/2023

Page လေးမှာ လူတွေစည်ကားနေစေချင်တယ် ဆိုရင်တော့ ဒီ E-3 လုံးနဲ့ VRC Formula လေးလိုပါတယ်

✨E - Educate မိမိတို့ရောင်းတဲ့ products or services နဲ့ဆိုင်တဲ့ knowledge content တွေတင်ပေးရမယ်
✨E - Entertain ဖျော်ဖြေမှု/ Moti တစ်ခုပါရမယ်
✨E- Engage ကိုယ်ကကြီးပဲတင်ပြီး ပစ်ထားလို့မရပါဘူး၊ စာဖတ်သူနဲ့ အပြန်အလှန် စကားပြောလို့ရမယ့် မေးခွန်းလေးတွေ၊ ဉာဏ်စမ်းလေးတွေကဲ့သို့ စကားစမြည်ပြောစရာ အကြောင်းအရာရှိရမယ်
✨V- Valuable တန်ဖိုးရှိရမယ်
✨R- Relevant မိမိပြောချင်တာကိုပြောတာထက် ဖတ်တဲ့သူ/customers ကြားချင်တာ သိချင်တာ ဖြစ်ရမယ်
✨C- Consistent ပုံမှန်တင်ပေးနေရမယ်

ဒီအချက်လေးတွေကို အချိန်(၁/၂)လ လောက်စမ်းလုပ်ကြည့်သင့်ပါတယ်။ ချက်ချင်းလုပ် ချက်ချင်းရမယ့်ဆေးနည်းမဟုတ်ပါဘူး (အာ့လိုဆေးနည်းလည်းမရှိပါဘူး)။ အချိန်အတိုင်းအတာတစ်ခု ရောက်တဲ့အခါ မိမိ page လေး စိုပြေပြီး ရောင်းအားလည်း တက်လာစေမှာ ဖြစ်တဲ့အပြင် အမြဲတမ်း Royal Customers များရလာနိုင်စေမှာပဲ ဖြစ်ပါတယ်။

ဒီလိုအကျိုးရှိစရာလေးများကို တင်ပြပေးနေမှာဖြစ်လို့ Follow လေးလုပ်ပြီး အားပေးခဲ့ပါဦးနော်...

DigitalNet Myanmar 19/06/2023

Facebook Tips လေးများသိရှိနိုင်စေရန် Page ကို Like လုပ်ခဲ့ပေးနိုင်ပါတယ်ခင်ဗျာ...

DigitalNet Myanmar

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

No. 5, Kamarkyi Street
Yangon
11071