Accounting Service
28/10/2025
💚 အသက်အာမခံကိုယ်စားလှယ်တွေကို တွေ့ဆုံခွင့်ရခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
1. အသိပညာတိုးပွားမှု
ကိုယ့်ဘဝအတွက် ဘယ်လိုအာမခံမျိုး လိုအပ်သလဲဆိုတာ သိလာနိုင်ပါတယ်။
အနာဂတ်အတွက် ငွေစာရင်းစီမံနည်း၊ Health Coverage စတဲ့ အသိပညာအသစ်တွေ လေ့လာနိုင်ပါတယ်။
2. စီးပွားရေးအနာဂတ် စီမံခန့်ခွဲမှု
ကိုယ့်ဝင်ငွေ၊ အသက်အရွယ်၊ မိသားစုအခြေအနေအပေါ် အခြေခံပြီး အာမခံအစီအစဉ်တစ်ခုကို အတိအကျ ဖော်ပြပေးနိုင်ပါတယ်။
မျှော်မှန်းမထားတဲ့ အကြောင်းအရာ (နာတာရှည်ရောဂါ၊ သေဆုံးမှု၊ ငွေကြေးအခက်အခဲ) ဖြစ်လာချိန်မှာ မိသားစုအတွက် အားထားနိုင်တဲ့ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။
3. အခမဲ့ အကြံဉာဏ်ရရှိခြင်း
ကိုယ်စားလှယ်တွေက အခမဲ့ဖြစ်တဲ့ အကြံဉာဏ်ပေးသူတွေလည်း ဖြစ်ပါတယ်။
ငွေထုတ်မစခင် သေချာအောင် နားလည်ဖို့ အကြံဉာဏ်ရယူနိုင်တာက သာလွန်တဲ့အကျိုးတစ်ခုပါ။
4. စိတ်အေးချမ်းမှု (Peace of Mind)
မိသားစုအနာဂတ်ကို စီစဉ်ထားတယ်ဆိုတာကြောင့် စိတ်အေးလာတတ်ပါတယ်။
မဖြစ်မနေသိမ်းဆည်းရမယ့် အနာဂတ်ဘက်သို့ စည်းကမ်းရှိတဲ့ ငွေသုံးစွဲစနစ် တစ်ခုလည်း ဖြစ်လာပါတယ်။
5. အချိန်နှင့်အတူ ပိုမိုတန်ဖိုးရှိလာခြင်း
အသက်အာမခံအစောပိုင်းဝင်သူများအတွက် ပိုအနည်းဆုံး premium နဲ့ ပိုမိုကျယ်ပြန့်တဲ့ protection ရနိုင်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ investment value တိုးလာနိုင်ပါတယ်။
“အသက်အာမခံကိုယ်စားလှယ်တွေကို တွေ့ခွင့်ပေးခြင်းက ရောင်းသူကိုသာ အကျိုးရှိတာမဟုတ်ပါ —
သင့်ဘဝအတွက် အရေးကြီးဆုံး ငွေကြေးစီမံအချက်အလက်တစ်ခုကို သင်တိုင် ရရှိနိုင်တာပါ။”
#အသက်အာမခံကိုယ်စားလှယ်တွေကိုတွေ့ဆုံခွင့်ရခြင်းဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးများ
15/10/2025
ဆွေးနွေးပွဲတက်ရောက်ရန်ဖတ်ခေါ်ပါတယ်ရှင်
အားလုံးမင်္ဂလာပါ....
မန္တလေးမြို့ကြီးမှာ Manulife ကနေ လစဥ်ပြုလုပ်နေကြဖြစ်တဲ့ Life Planning Seminar ပွဲကြီးကို အခုတစ်ခါမှာတော့ “ ချစ်ခြင်းမေတ္တာဆိုတာ ကြိုတင်ပြင်ဆင် ကာကွယ်ပေးထားခြင်းပါ ” ဆိုတဲ့ ခေါင်းစဥ်နဲ့ Oct လ အတွက် အဆင်သင့်ဖြစ်နေပါပြီ...
ဒီ Life Planning Seminar ကိုတော့ ၁၉ ရက်နေ့ အောက်တိုဘာလ ၂၀၂၅ (19.10.2025 ,Sunday), 1:00 PM မှ 3:00 PM ထိ Ease Hotel မှာ ကျင်းပသွားမှာဖြစ်ပါတယ်...
Insurance နဲ့ပတ်သတ်တဲ့ အကြောင်းအရာများအပြင် စိတ်၀င်စားစရာကောင်းတဲ့ Sharing လေးလည်းတွေနဲ့အတူ ပါဝင်သွားမှာဖြစ်ပါတယ်.
ဆွေးနွေးပွဲအတွက် စာရင်းပေးသွင်းရန် - https://forms.office.com/r/KTcNnsU4ph
11/10/2025
ဦးကြီး ကျွန်တော့်အသိအစ်ကိုတစ်ယောက်က ကိစ္စလေးရှိလို့ အာမခံထားထားတာ ရပ်ရင်ကောင်းမလားဆိုပြီး လာတိုင်ပင်လို့။ အဲဒါဆိုရင် သူပေးခဲ့တဲ့ ပရီမီယံတွေက အကုန်ပြန်ရမှာလား။ ရတယ်ဆိုရင်ရော ဘယ်လောက် ပြန်ရနိုင်လဲဗျ။
တူမောင်ရေ။ ဒီလို အာမခံပေါ်လစီရပ်လိုက်တဲ့ အခြေအနေမျိုးအတွက် အာမခံကုမ္ပဏီတွေက ပြန်ထုတ်ပေးမယ့် ပမာဏ (Surrender Value) ဆိုပြီး သတ်မှတ်ထားတဲ့ ငွေပမာဏတစ်ခု ရှိတယ်ကွ။ အာမခံပရီမီယံကြေးသွင်းနေတုန်း သက်တမ်းမကုန်ခင်ကာလမှာ ကိုယ်က ပေါ်လစီကို ရပ်လိုက်ချင်တဲ့အခါ အာမခံကုမ္ပဏီဘက်က ပြန်ထုတ်ပေးတဲ့၊ မင်းပြန်ရမယ့် ငွေပမာဏ တစ်ချို့တစ်ဝက်ကို ပြောတာပေါ့။ မင်းရဲ့ အာမခံထားထားတဲ့ ပိုက်ဆံတွေက အကာအကွယ်နဲ့ စုဆောင်းမှုဆိုပြီး နှစ်မျိုးအတွက် ထားခဲ့တာ။ မမျှော်လင့်ထားတဲ့ အခြေအနေ တစ်ခုခုမဖြစ်ခဲ့ဘူးဆိုရင်တောင် ပေးသွင်းခဲ့တဲ့ ပရီမီယံကြေးနဲ့ ဒီကာလတစ်လျှောက်လုံး ကိုယ့်အတွက် အကျိုးရှိမယ့် အရေးပေါ် အာမခံအကာအကွယ်ကို ဝယ်ယူခဲ့ပြီး ရှိနေခဲ့သလို ပြန်ရတဲ့ Surrender Value ဆိုတာကလည်း ငွေစုဆောင်းထားသလို ဖြစ်နေတာပေါ့။
အော် အဲဒါဆို ပရီမီယံပေးထားတဲ့ အားလုံးတော့ ပြန်မရဘူးပေါ့နော် ဦးကြီး။
ဟုတ်တယ်။ အားလုံးတော့ ပြန်မရဘူးပေါ့ ဒါပေမယ့် ဒီလိုစဉ်းစားကြည့်။
ဦးကြီးကတော့ ကိုယ့်အတွက် အာမခံအကာအကွယ် ရနေတာကို ဘာလို့ အာမခံ ပေါ်လစီကို ရပ်လိုက်မှာလဲ၊ ရပ်လိုက်မယ့်အစား ကိုယ့်ကို ဆွေးနွေးအကြံပေးနေတဲ့ အသက်အာမခံ အကြံပေးနဲ့ တိုင်ပင်ပြီး ဘယ်လို စီစဉ်လို့ရမလဲ ညှိနှိုင်းကြည့်သင့်တယ်လို့ ထင်တယ်။ ဒါ့အပြင် ငွေပေးသွင်းဖို့ အကြောင်းကိစ္စတစ်ခုခုကြောင့် အဆင်မပြေ ဖြစ်နေတယ်ဆိုရင်တောင် အာမခံကုမ္ပဏီတွေက သတ်မှတ်ကာလတစ်ခုထိ စောင့်ဆိုင်းပေးလေ့ရှိတယ်ကွ။ ဒါကြောင့် အတတ်နိုင်ဆုံးက ပေါ်လစီကို မရပ်ပစ်လိုက်ဘဲ ဆက်ထိန်းထားဖို့ ဦးကြီးက အကြံပေးချင်တယ်။
ဟုတ်တယ်နော် ဦးကြီး။ ကျွန်တော်လည်း အဲလို ဆုံးဖြတ်တာ ပိုသင့်တော်မယ်လို့ ထင်တယ်။ သေချာ အကြံပေးရှင်းပြလို့ ကျေးဇူးပါ ဦးကြီးရေ။
“ချစ်ခြင်းများစွာဖြင့်” အစီအစဉ်ဟာ ဦးကြီးနဲ့ တူမောင် နှစ်ဦးကြား အာမခံနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ ယုံတမ်းစကားတွေကို အမေးအဖြေပုံစံနဲ့ အပတ်စဉ် တနင်္ဂနွေနေ့ ညနေ (၆) နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့ နောက်အပတ်တွေမှာလည်း ဘယ်လိုဗဟုသုတတွေကို မျှဝေသွားမလဲဆိုတာကို စောင့်မျှော်ဖတ်ရှုပေးသွားပါဦး။
Uncle, one of my friends came to me asking about something. He said, “If I stop my insurance policy, will I get back all the premiums I’ve paid? If yes, how much will I actually get back?”
Nephew, for situations like this, insurance companies have a set amount called the Surrender Value. This is the amount the company pays you back if you decide to stop your policy before its term ends. It’s basically a partial return of your premiums that you’ve paid up until then.
Oh, so that means I won’t get back all the premiums I’ve paid, right Uncle?
That’s correct. You won’t get all of it back. But think about it this way. The money you’ve been paying is for two purposes: protection and savings. Even if nothing unexpected happened, during all this time you’ve had emergency coverage protecting you. And the Surrender Value is like a savings portion you’re getting back.
So even if I don’t get back all the premiums I’ve paid, at least I’ve had protection and haven’t lost anything, right Uncle?”
That’s exactly right, Nephew. That’s why I always advise to keep the policy active instead of surrendering it whenever possible.
“With Lots of Love” program shares insurance knowledge and tips through Q&A conversations between Uncle and Nephew. Catch new posts every Sunday at 6 PM to see what valuable insights will be shared next.
#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
01