She - Health Tips for Ladies
03/03/2025
ခြံခုန်သွားလို့… အသစ်တွေ့သွားလို့…. Relationshipတွေ ပြတ်ကြပါတယ်ဆိုတာကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရော ကျွန်တော်တို့ကိုယ်တိုင်ရော ကြုံတွေ့ဖူးကြမှာပါပဲ။
တတိယ လူပေါ်လာတာဟာ Relationship တွေကို ပြတ်သွားစေနိုင်တယ်ဆိုပေမယ့် သူ တစ်ခုတည်းကြောင့်တော့ ပြတ်သွားကြတာမဟုတ်ပါဘူး။
အစကတည်းက မချစ်ဘဲ အပျော်တွဲခဲ့ကြတယ်ဆိုရင်သာ ပြတ်သွားနိုင်ပေမယ့် ချစ်ခဲ့ပြီးတွဲခဲ့ကြတယ်ဆိုရင်တော့ တခြားအကြောင်းအရင်းများစွာနဲ့လဲ သက်ဆိုင်မှုရှိပါတယ်။
တတိယလူကို ပိုအသက်ဝင်စေပြီး ကိုယ့်ရဲ့ Relationship တွေကို ပြတ်စီးသွားစေတဲ့ အဓိကအကြောင်းအရင်းကတော့
(၁) အသက်ဝင်နေတဲ့ Conflict တွေကြောင့်
အမြင်မတူညီမှုပြဿနာတွေ၊ နှစ်ယောက်ကြားရန်ပွဲတွေ၊ သူများနဲ့ နှိုင်းယှဉ်မှုတွေ၊ တစ်ယောက်ကပဲ အမြဲ နစ်နာသူအဖြစ်ရှိနေမှုတွေဟာ သိသာ အသက်ဝင်နေတဲ့ Conflict တွေပဲဖြစ်ပါတယ်။
ဒီလိုဖြစ်နေပေမယ့် တစ်ယောက်ကိုတစ်ယောက်သေချာအချိန်ပေးပြီး ခံစားချက်တွေကိုနားလည်အောင်လုပ်တာ၊ ပြဿနာရဲ့ တကယ့် အရင်းအမြစ်ကို ရှာဖွေတာမျိုးတွေကတော့ ဒီ Conflict ကို ရပ်တန့်သွားစေနိုင်ပါတယ်။ Relationship Counselling Section တွေရယူတာမျိုးတွေကလဲ ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို ပြင်ဆင်တာမျိုး ကြိုးစားတာမျိုးမရှိဘူးဆိုရင်တော့ နောက်လူဝင်လာတဲ့အခါ “သူက ကိုယ့်ကို ပိုနားလည်ပေးတယ်၊ ဒုက္ခမပေးဘူး” ဆိုတဲ့ ခေါင်းစဉ်နဲ့ နောက်လူ နဲ့ပိုနီးစပ်သွားမှာပဲဖြစ်ပါတယ်။
(၂) ဥပေက္ခာသဘောမျိုး Conflict တွေကြောင့် ?
တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုမှုတွေနည်းလာတာ၊ အလေးထားမှုတွေနည်းလာတာ၊ ချစ်ခြင်းကို ဖော်ပြချင်စိတ်မရှိတော့တာ၊ emotional Distance လို့ခေါ်တဲ့ နီးနေပေမယ့် ခံစားချက်ခြင်းက ဝေးကွာနေတာတွေ၊ တည်ငြိမ်နေပေမယ့် အသက်မဝင်တော့တဲ့ ဆက်ဆံရေးတွေဟာ ဥပေက္ခာသဘောမျိုး Conflictတွေပဲဖြစ်ပါတယ်။
နှစ်ယောက်သားကြားမှာ ရန်ဖြစ်နေတာ အချေအတင်ပြောဆိုနေတာတွေမရှိဘဲ တည်ငြိမ်နေပေမယ့် အဆင်ပြေနေတဲ့ဆက်ဆံရေးတော့မဟုတ်ပါဘူး။ စိတ်ကုန်နေပြီ ဆိုတဲ့ အဓိပ္ပာယ်မျိုးမို့ ဒီ Relationship မပြတ်သွားအောင်တော့ ထိန်းသိမ်းဖို့ကတော့ တော်တော် ခက်ခဲနိုင်ပါတယ်။
ဒီအခြေနေမှာ တတိယ လူပေါ်လာခဲ့ရင် ကိုယ်အရမ်းလိုချင်ပြီး ပျောက်နေတဲ့ပစ္စည်းတစ်ခုကို သူတစ်ပါးကပြန်လာပေးသလို ဖြစ်နေပါလိမ့်မယ်။ ဒီRS ကြားမှာ ပျောက်နေတဲ့ ချစ်ခြင်းခံစားမှုတွေကို တတိယလူစီမှာ ပြန်ရလိုက်တဲ့အခါ တတိယ လူကိုပဲပြတ်သားစွာ ရွေးချယ်သွာတတ်ကြပါတယ်။
ဒါကြောင့် သင်တို့ဝေးရတာဟာ ကြားလူအပြင် သင်တို့ကြားမှာ ရှိနေတဲ့ ဆက်ဆံရေးအခြေနေတွေနဲ့လဲများစွာသက်ဆိုင်ပါတယ်။
Conflict တွေ ကိုညှိနှိုင်းပါ၊ Relationshipကို အမြဲအသက်ဝင်နေအောင်လုပ်ပါ၊ လိုအပ်ရင် Relationship Counselingတွေရယူပါ။ Conflict တွေ ထိန်းမရတော့ဘူးဆိုရင်တော့ တတိယလူ တွေ ဝင်လာပြီး သင်ဘယ်လိုပဲဖြစ်နေနေ တတိယလူကိုပဲ ရွေးချယ်ဖို့ပဲ အကြောင်းများစွာရှိနေမှာပါပဲ။..................................................
Relationship အကြောင်းတိုင်ပင်ဆွေးနွေးရင်း ကိုယ့်ကျန်းမာရေးအတွက် HIV ရှိ မရှိ စစ်ဆေးချင်တယ်ဆိုရင်တော့ ထွန်းအခမဲ့ဆေးခန်းမှာ အခမဲ့ စစ်ဆေးလို့ရတယ်နော်။
အသေးစိတ်ကို messenger နဲ့ Hotline 09259512012 မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ထွန်းအခမဲ့ဆေးခန်း
Click here to claim your Sponsored Listing.
Culinary Team
Attire
Telephone
Website
Address
Yangon