Hyper Engineering Group

Hyper Engineering Group

Share

Photos from Hyper Engineering Group's post 16/07/2025

🚩အဲကွန်းထဲကဂက်စ်တွေဘယ်ပျောက်သွားလဲ?

အဲကွန်းထဲမှာ အဲကွန်းဂက်စ်အဖြစ်သုံးမယ်ဆိုရင်
ဘယ်လိုဓာတ်ငွေဖြစ်ဖြစ် သုံးလို့ရပါတယ်။
ဒါတွေနဲ့ကိုက်တယ်ဆိုအ‌ေကာင်းဆုံးပေါ့
🔺အဲကွန်းဂက်စ်ကအလွယ်တကူမီးမလောင်သင့်ပါ
🔺သူ့ဟာသူဓာတ်မပြိုကွဲရပါ
🔺ကွန်ပရက်ဆာဆီနဲ့အရောခံနိုင်စွမ်းရှိပြီးဓာတ်မပြုရပါ
🔺လျှပ်စစ်နဲ့ထိတွေ့ရင် ဓာတ်မပြိုကွဲရပါ
🔺အရည်ကနေအငွေ့၊အငွေ့ကနေအရည်ဘ၀ပြောင်းချိန် အပူစုတ်အား၊စွန့်အားကောင်းရပါမယ်။
🔺ထုတ်လုပ်မှုလွယ်ရပါမယ်
🔺ဈေးသက်သာရပါမယ်
🔺‌ပိုက်ပေါက်တဲ့အခါအလွယ်တကူစမ်းသပ်သိရှိနိုင်ရပါမယ်
🔺ဖိအားအရမ်းမနိမ့်ရသလို မမြင့်ရပါဘူး။
အလုပ်လုပ်တဲ့ဖိအားက ပတ်၀န်းကျင်လေဖိအားထက်မြင့်ရပါမယ်။
(0PSI ကနေ 500PSIကြားအကောင်းဆုံးပါ)
(R600ဆိုနိမ့်လို့ ပြဿနာရှိပါတယ်)
🔺ထုထည်ကျစ်လျစ်ရပါမယ်
🔺သတ်မှတ်ထားအ‌ခြေအနေတွေတဲ့အလုပ်လုပ်တဲ့အခါ စွမ်းအင်သုံးစွဲမှုသက်သာရပါမယ်
🔺သဘာ၀ပတ်၀န်းကျင်ကိုမထိခိုက်ရပါဘူး
စတဲ့အခြေခံအချက်တွေရှိပါတယ်။

🚩ဒီလိုအခြေခံအချက်တွေအားလုံးနဲ့ပြည့်စုံအောင်တော့ မရနိုင်ပေမယ့် အချက်အများစုနဲ့ကိုက်ရင်ကို လက်တွေ့မှာသုံးကြပါတယ်။
တခုချင်းစီမှာအားသာချက်အားနည်းချက်တွေတော့ရှိပါတယ်။

🚩အဲကွန်းဂက်စ်ရဲ့ သဘောသဘာ၀ကိုက
သတ်မှတ်ထားတဲ့ အရည်အသွေးတခုက
သူ့အလိုအလျောက်ဓာတုပြိုကွဲခြင်း
Chemically breakdown မဖြစ်ရပါ။
စနစ်ထဲက ဆီ၊ရေငွေတွေနဲ့လည်း
Misibiliy အရောဒဏ်ခံနိုင်ရတယ်ဆိုတာ တွေ့ရပါမယ်။

🚩ဒါပေမယ့် လက်တွေမှာ အရည်အသွေးမမီတဲ့
ဂက်စ်နဲ့ ဆီတွေ သုံးတာ၊ စနစ်ထဲမှာရေငွေ့တွေ ကုန်စင်အောင်
မလုပ်ပဲထားတတ်တာတွေကြောင့်
ဂက်စ်၊ဆီ၊ရေငွေ့အရောက Chemically breakdownဖြစ်ပြီး
အက်ဆစ်၊ဖယောင်းနဲ့ တခြားအရာတွေအဖြစ်ပြောင်သွားလို့
လည်ပတ်နေတဲ့ဂက်စ်တွေ၊ဆီတွေက ပိုက်မပေါက်ပဲ မူလပမာဏထက်လျော့သွားနိုင်ခြေရှိပါတယ်။

🚩ပိုက်တွေဖြုတ်ရင်
ပိုက်ထဲမှာ ဖယောင်းဂျိုးတွေကြည့်ရင်သိနိုင်ပါတယ်။

🚩ဖယောင်းရဲ့အဓိကလက်သည်က
ကွန်ပရက်ဆာဆီပါ။

🚩သတ်မှတ်ထားတဲ့ ဆီနဲ့ စနစ်မှာသုံးရမည့်ဂက်စ်က မကိုက်ညီတဲ့အခါ ၊ မူလကတည်းက ဆီအရည်အသွေးက အဲကွန်းစနစ်မှာ
မသုံးသင့်တဲ့အရည်အသွေးဖြစ်နေတာ၊ စနစ်ထဲမှာ ရေငွေ့ရှိနေတာတွေက အဓိကပြဿနာပါ။

နောက်ဂက်စ်လျော့တဲ့ပြသနာတခုကအသေးစားယိုစိမ့်မှု
Micro leaks ပါ။
ပိုက်ပေါက်တဲ့နေရာတွေက
အဲကွန်းနဲ့အအေးခန်းတွေမှာ
နေရာမျိုးစုံဖြစ်နိုင်ပါတယ်။

ပိုက်ဂျွိုင်း
ပိုက်ချင်းထိတဲ့နေရာ
၀ရိန်ဆော်တဲ့နေရာ
Flare nutခေါင်း
Shaft seal
Compressor gaskets
နပ်ခေါင်းတွေ
အအေးကွိုင်
အပူကွိုင်
ပိုက်အကွေးတွေမျိုးစုံဖြစ်နိုင်ပါတယ်။

တချို့အရမ်းသေးတဲ့ Microအဆင့်အပေါက်တွေက လချီမှ နှစ်ချီလောက်နေမှ တပေါင်လောက်လျော့တာ၊ဆယ်နှစ်နေမှတ‌ေပါင်လျော့တာ စသဖြင် အပေါက်ကလည်းမျိုးစုံပါ။

အပေါက်က အရမ်းသေးနေလို့ဖြစ်စေ၊ဂျီးခံနေရင်ဖြစ်စေ လေဖိအားPSI 100 ကနေ200ကြားထိုးစမ်းပြီး ရေနှစ်ကြည့်၊ဆပ်ပြာမြှပ်တင်ကြည့် မပြပါဘူး။
ပေါက်နေရင်တောင် အထွက်နည်း အပေါက်သေးလွန်းလို့
အီလက်ထရောနစ် Leak detectorအကောင်းစားမျိုးနဲ့ ရှာမှ တွေ့နိုင်တာမျိုးပါ။

အဲဒါမျိုးက ကြာမှလျော့၊ စမ်းလို့လည်းမတွေ့နဲ့ ဂက်စ်တွေအော်တို ပျောက်တယ်ထင်တာပါ။

သဘာ၀အရကို ရှိနေတဲ့အရာက
အလကားနေရင်းပျောက်သွား၊ကုန်သွားစရာတော့ မရှိပါ။

အပေါ်က ကျနော်ပြောခဲ့သလို
ဆီ‌တွေ၊ရေငွေ့တွေနဲ့ ဓာတ်ပြုလို့ တချို့တ၀က်လျော့တာဖြစ်ရင်ဖြစ်၊မဟုတ်ရင်တော့
Micro leaksနဲ့ ကိုယ်မမြင်တွေ့နိုင်တဲ့နေရာမှာပေါက်တာသေချာပါတယ်။

🚩 #အဲကွန်းတွေဂျီးပိတ်ပြီးမအေးတော့လို့
🚩 #ရေကျနေလို့ဆားဗစ်လုပ်ချင်တယ်ဆိုရင်တော့
ရှိပါတယ်ခင်ဗျာ။

⛔ဆားဗစ်အနေနဲ့ ဆေးခသပ်သပ်ချည်းဆိုရင်
1HP & 1.5HP အရွယ်အစားဆိုရင်
တလုံးကို ဝန်ဆောင်ခ 45000/-ပဲယူပါတယ်ခင်ဗျာ။ပိုမယူပါ။ကားခထပ်မတောင်းပါခင်ဗျာ။

⛔ဂက်စ်ထပ်ဖြည့်ရတယ်ဆိုရင်တော့
တလုံးကို 60000/- စီယူပြီး ပြည့်သည်အထိဖြည့်ပေးပါတယ်ခင်ဗျ။အစအဆုံးဖြည့်ရရင်တော့
90000/-ယူပါတယ်ခင်ဗျာ။

သူ့အောက်စျေးလျှော့ပေးလို့မရပါဘူးခင်ဗျာ။
အဲဒါထက် ထပ်လျှော့ခိုင်းရင် စက်ချည်းတပ်ဆင်ခချည်းယူနေသူ အဲကွန်းသမားတွေအတွက်
အဆင်မပြေတော့တဲ့အပြင်
အိမ်ရှင်အတွက်ပါစေတနာပိုနိုင်မှာ
မဟုတ်တော့ပါဘူးခင်ဗျာ။

🛑အဲကွန်းကောင်းကောင်းတပ်ဆင်သူ
အဲကွန်းဆားဗစ်ကောင်းကောင်းလိုချင်ရင် စျေးထပ်မလျှော့ခိုင်းကြပါနဲ့ခင်ဗျာ😖😖😖😖။

🔊အဲကွန်းအသစ်ပဲဆင်ဖို့လိုအပ်ရင်ဖြစ်စေ
အဟောင်းပြင်ဖို့ လိုအပ်ရင်ဖြစ်စေ
ကျနော်တို့ Service အဖွဲ့ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

အာမခံနဲ့အဆင်ပြေသည်အထိ
ဝန်ဆောင်မှုပေးပါမယ်ခင်ဗျာ။

#အဲကွန်း #အဲယားကွန်း
machine ...ရခေဲသတ်ေတာ
. Engineering group

ကျနော်တို့ဂျင်းမထည့်ပါခင်ဗျာ။
လူကြီးမင်းကလည်းဂျင်းထည့်လိုရမည့်သူ
မဟုတ်လောက်ပါ။

မိတ်ဟောင်းမိတ်သစ်
Customer ... များအားလုံးကို .....
အထူးလှိုက်လဲစွာ...ကြိုဆိုလျက် ပါ ....🌿🙏🙏🙏







🚩သုခလမ်း ၊ကျောက်မြောင်း၊တာမွေ
☎️၀၉၄၂၈၁၂၀၆၄၆
ဆက်သွယ်မေးမြန်းနိုင်ပါတယ်..ဗျ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

Photos from Hyper Engineering Group's post 28/10/2024

🚩ကွန်ပြူတာဆာဗာအခန်းသုံးအဲကွန်းစနစ် Unit

CRAC Unitဆိုတာ Computer Room Air Conditioning Unit ကိုအတိုကောက်ခေါ်တာပါ။
Precision အဲကွန်းစနစ်တမျိုးလို့လည်းဆိုနိုင်ပါတယ်။
အခန်းရဲ့ အပူချိန် ၊စိုထိုင်းဆတွေကို သတ်မှတ်ထားတဲ့အတိအကျ ဘောင်အတွင်း ထိန်းသိမ်းပေးနိုင်တဲ့စနစ်ဖြစ်လို့ပါ။

တကယ်က ဒီစနစ်ကို
#ကွန်ပျူတာဆာဗာ
Center အခန်းတွေတင်သုံးကြတာမဟုတ်ပါဘူး #အိုင်တီနဲ့ဆက်စပ်နေရာတွေ၊
#လျှပ်စစ်ထိန်းချုပ်ခန်းတွေ၊
လို့ခေါ်တဲ့ Uninterruptable Power Supply စနစ်တပ်ဆင်ထားတဲ့ အခန်းတွေမှာလည်းသုံးကြပါတယ်။
#အပူချိန်နဲ့စိုထိုင်းဆ တိတိကျကျလိုအပ်တဲ့ နေရာတွေမှာ Unitအဲကွန်းတွေကို သုံးကြပါတယ်။
အဓိကကတော့ဒီနေရာတွေမှာသုံးတာပေါ့။

♦️Data Centers / Mission Critical Spaces
♦️Space Control Room
♦️Data Halls
♦️IT Rooms
♦️Electrical Switch Rooms
♦️UPS [uninteruptable power supply] Rooms

တကယ်က ဒီစနစ်ဟာလည်း ရိုးရိုးအိမ်သုံး Split Aircon နဲ့ အလုပ်လုပ်ပုံအခြေခံကအတူတူပါပဲ။

နည်းနည်းပိုတာက ကွန်ပျူတာဆာဗာအခန်းတွေ၊ ဒေတာစင်တာတွေ၊အာကာသထိန်းချုပ်ရေးစင်တာ‌တွေဟာ ငွေကြေး၊အချက်အလက်အရ ပျက်စီးသွားရင် တန်ဖိုးကြီးလို့ CRAC Unit တပ်ထားခြင်းဖြင့် အခန်းရဲ့ အပူချိန် (Temperature) ၊စိုထိုင်းဆ (Relative Humidity) ကို လိုချင်တဲ့ အတိုင်းအတာပမာဏအတွင်း အတိကျဆုံး ထိမ်းသိမ်း ပေးနိုင်သလို စက်ပစ္စည်းတွေ အပူချိန်လွန်ကဲပျက်စီးတာ စိုထိုင်းဆပြောင်းလဲလို့Error တက်ပျက်စီးတာကနေကာကွယ်ပေးနိုင်ခြင်းပါ။

သူ့မှာလည်း သာမာန်အိမ်သုံးအဲကွန်းစက်တွေလိုပဲ အခြေခံအားဖြင့် 2C2E လို့ခေါ်တဲ့
♦️Compressor
♦️Condenser
♦️Expansion Device
♦️Evaporator
အခြေခံအစိတ်အပိုင်း လေးခုပါတာပါပဲ။
အလုပ်လုပ်ပုံကလည်း အခြေခံအားဖြင့်အတူတူပါပဲ။

🚩Expansion Valve
CRAC Unitတွေမှာ
Expansion Valve အမျိုးအစားကိုတော့ Electronic Expansion Valve (EEV)ကို အများဆုံးသုံးထားတတ်ပါတယ်။

🚩Evaporator

Evaporator လို့ခေါ်တဲ့အအေးကွိုင်ဟာ AHU သို့မဟုတ် သာမာန် Evaporator Coil ကိုသုံးထားတတ်ပါတယ်။

(၁)Direct Expansion လို့ခေါ်တဲ့ အိမ်သုံးအဲကွန်း တွေမှာလို Evaporator အင်ဒိုးယူနစ်ထဲကို အဲကွန်းဂက်စ် တိုက်ရိုက်ဖြတ်သန်းသုံးစွဲတဲ့စနစ်ရယ်

(၂)အင်ဒိုးယူနစ်ထဲကို ရေအေး Chilled Water ဖြတ်သန်းပြီး သအသုံးပြုတဲ့စနစ်ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ဒီစနစ်ကိုတော့ (Computer Room Air Handling Unit) လို့ခေါ်ပါတယ်။

Indoor unitမှာ AHU ကိုသုံးတဲ့အခါ သူ့ထဲမှာ
ပါ၀င်တဲ့အသေးစိတ်ပစ္စည်းတွေကတော့

♦️Unit Frame ဖရိမ်
♦️Panels [sides, bottom and top] ဘေးအကာ
♦️Sound attenuation [sound attenuation/absorbing foam/fiber glass insulation sandwiched between the panel skin] ဖော့ဒါမှမဟုတ် အပူကာ
♦️Access doors to various compartments တံခါး
♦️Inspection windows ပြူတင်းတံခါး
♦️Base frame အောက်ခံဖရိမ်
♦️Supply air plenum လေအေးထွက်အပေါက်
♦️Return air plenum အခန်ထဲကလေပြန်၀င်တဲ့အပေါက်
♦️Filters လေစစ်ဇကာ
♦️Fan section လေပန်ကာအခန်း
♦️Energy efficient fans စွမ်းအင်သုံးစွဲမှုသက်သာစေတဲ့ အင်ဒိုးပန်ကာ
♦️Fan guards ပန်ကာအကာ
♦️Variable speed drive VSD ကွန်ထရိုး
♦️Motors ပန်ကာမော်တာ
♦️Vibration isolators အင်ဒိုးငြိမ်အောင်ထိန်းတဲ့ပစ္စည်း
♦️Cooling coil အအေးကွိုင်
♦️Condensate drip pan ရေခံဗန်း
♦️Condensate pipework ရေကျပိုက်
♦️Condensate pump [if required] ရေပန့်
♦️Reheat coil [if required] အပူကွိုင်
♦️Humidifier [if required] ရေငွေထုတ်စက်
♦️Control/expansion valves EEV ဗား
♦️Control panel
♦️Control wiring
♦️Network switch [if using multiple units] နက်၀ပ်ကြိုးနဲ့စက်
အဲဒါတွေပါ၀င်ပါမယ်။

ကျန်တာတွေကတော့

♦️Compressor ကွန်ပရက်ဆာ
♦️Range of refrigerant pipework အင်ဒိုးအောက်ဒိုးကြားပိုက်
♦️Refrigerant [R407A] ဂက်စ်
♦️External air cooled condenser, consisting of,
♦️Condenser unit frame အပူကွိုင်ဖရိမ်
♦️Condenser unit panels အပူကွိုင်ဘးအကာ
♦️Condeser fans အပကွိုင်ပန်ကာ
♦️Condenser coils အပူကွိုင် စတာ တွေ ပါပါမယ်။

အခြေခံတည်ဆောက်ပုံ ဒီဇိုင် (၃)မျိုးရှိပါတယ်တဲ့။
(1)Down Flow Unit
(2)Up Flow Unit
(3)Frontal Flow Unit

🚩(1)Down Flow Unit
ဒါကတော့ အခန်းထဲက ပြန်လာတဲ့လေ( Return Air )က အအေးကွိုင် အပေါ်က ပြန်၀င်ပြီး အခန်းထဲပြန်ပို့မယ့် လေအေး (Supply Air )က အအေးကွိုင်အင်ဒိုးယူနစ် အောက်ခြေကနေပြန်ထွက်တဲ့စနစ်ပါ။
အိမ်သုံးအဲကွန်း Floor Stand အဲကွန်း အင်ဒိုးက လေထွက်တာနဲ့ပြောင်းပြန်ပါ။

ဒီစနစ်မှာ အင်ဒိုးကထွက်တဲ့လေကို သွပ်ပုံး (Duct Line)နဲ့ သယ်ပြီး ဖြန့်တဲ့အခါ အခန်းအောက်ခြေကြမ်းခင်းကနေ အပေါ်ကို မှုတ်ထုတ်တဲ့စနစ်ကိုသုံးရပါတယ်။

♦️ဒါကို Under Floor Supply လို့လည်းခေါ်ပါတယ်။

ဒီစနစ်မှာ လေအေး (Supply Air)က ကြမ်းခင်းအောက်ကနေလအပေါ်ကို မှုတ်ထုတ်တာဖြစ်လို့ အခန်းအောက်ခြေမှာ Duct line တွေထားဖို့ ၊ တကယ်အသုံးပြုမည့်ကြမ်းခင်းကို ကွန်ကရစ်ကြမ်းခင်းအထက် မြင့်ပေးထားရပါတယ်။ ဒါကို Raised Floor လို့ခေါ်ပါတယ်။အောက်မှာ ပုံထည့်ပေးထားပါတယ်။

🚩(2)Up Flow Unit
ဒါကတော့ အခန်းထဲက ပြန်လာတဲ့လေ( Return Air )က အအေးကွိုင် အောက်က ပြန်၀င်ပြီး အခန်းထဲပြန်ပို့မယ့် လေအေး (Supply Air )က အအေးကွိုင်အင်ဒိုးယူနစ် အပေါ်ထိပ်ဘက်ကနေပြန်ထွက်တဲ့စနစ်ပါ။

🚩(2)Frontal Flow Unit
ဒါကတော့ အခန်းထဲက ပြန်လာတဲ့လေ( Return Air )က အအေးကွိုင် အောက်က ပြန်၀င်ပြီး အခန်းထဲပြန်ပို့မယ့် လေအေး (Supply Air )က အအေးကွိုင်အင်ဒိုးယူနစ် ရှေ့မျက်နှာကနေပြန်ထွက်တဲ့စနစ်ပါ။
အိမ်သုံးအဲကွန်း Floor Stand အဲကွန်း အင်ဒိုးက လေထွက်တာနဲ့အတူတူပါ။ အဲဒီပုံစံပါပဲ။

ဒါကတော့ လေထွက်တဲ့ပုံစံကိုလိုက်ပြီး အသုံးချမှုကွဲပြားတာကိုဖော်ပြတာပါ။တခုခြင်းစီမှာအားသာအားနည်းချက်တွေရှိလို့အခန်းအမျိုးအစား နဲ့သင့်တော်တဲ့လေဖြန့်ဖြူးမှုပုံစံကို သုံးရပါတယ်။

🚩ဂက်စ်အမျိုးအစား
CRAC Unit တွေမှာသုံးစွဲတဲ့ ဂက်စ်အမျိုးအစားတွေကတော့ သဘာ၀ပတ်၀န်းကျင်ကိုမထိခိုက်စေတဲ့၊ အလွယ်တကူ မီးမလောင် ၊အဆိပ်မသင့်တဲ့ ဂက်စ်အမျိုးအစားတွေကို အသုံးပြုကြပါတယ်။

အထူးသဖြင့်တော့ Blended Refrigerant တွေသုံးတတ်ကြပါတယ်။
နမူနာ
R-407A , R-407C , စသည်ပေါ့။

🚩အပူကွိုင် Condenser
အပူကွိုင် Condenser တွေကတော့
♦️အခန်းနဲ့ဝေးရာအပူစွန့်ထုတ်လို့အဆင်ပြေတဲ့နေရာ၊♦️ပြုပြင်ထန်းသိမ်းဖို့အဆင်ပြေတဲ့နေရာမှာ
တပ်ဆင်လေ့ရှိပါတယ်။

🚩ပြုပြင်ထိန်းသိမ်းခြင်း

CRAC Unit အဲကွန်းတွေကို ပုံမှန်စစ်ဆေးတာ၊သန့်ရှင်းတာ ၊ ပြပြင်တာတွေကို အချိန်မှန်မှန် လိုအပ်သလိုလုပ်ရပါတယ်။မဟုတ်ရင် အခန်းရဲ့
♦️အပူချိန်
♦️စိုထိုင်းဆ
စတာတွေဟာ သတ်မှတ်ထားတဲ့ အတိုင်းအတာ ပမာဏအတွင်း ထိန်းချုပ်လို့မရတာတွေဖြစ်နိုင်လို့ပါ။အဲဒီအခါ အခန်းထဲက တန်ဖိုးရှိတဲ့ ပစ္စည်းတွေဟာ အပူချိန်လွန်ကဲ ၊စိုထိုင်းဆ မမှန်ပြီး မတော်တဆပျက်စီးသွားနိုင်လို့ပါ။

#ကိုနန္ဒမိုး

Telephone

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 00:00 - 00:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00