Juniverse
“Happy Birthday” 🎈
Original Artist - Zennithlovesdaisy, Acey
Covered - Junie
Special thanks to our pianist - Ako Linn Htet Paing
ဒီသီချင်းက ချစ်ရသူရဲ့ မွေးနေ့တွေတိုင်းအတွက်ရည်ရွယ်ပါတယ်။ 💞
Original Artist ကိုယ်တိုင်က သူချစ်ရတဲ့ကောင်မလေးအတွက်ရည်ရွယ်ထားတဲ့ စာသားလှလှလေးတွေမို့ အရမ်းသဘောကျလို့ စာသား၊ပုံစံ ဘာမှပြောင်းခြင်းမရှိပဲ ပြန်ပြီး cover လေး ဖန်တီးဖြစ်တယ်။
ဒါလေးကို ဆိုမယ် ဆိုမယ်နဲ့ နှစ်နဲ့ ချီအောင် ကြာသွားသော်ငြား
အခွင့်လေးကြုံတုန်းမှာ သီဆိုခွင့်ပေးတဲ့ Zennithlovesdaisy နဲ့
သေချာလေး ဂျီကျသမျှ တီးထားပေးတဲ့ Pianist P Linn ကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း 😍
If - Bread 🖤☕️
Covered by Junie
Piano Instrumental by Saw Gyi
သီချင်းမတင်တာကြာလို့ ကောက်ခါငင်ခါ ကိုရီးစောကို အတင်းတီးခိုင်းပြီး ဆိုဖူးတဲ့ raw recording လေး တင်ပေးလိုက်ပါတယ်။
အမှန်က ဦးငှက်ရဲ့ တကယ်လို့များကို ဆိုချင်ခဲ့တာ…
မြန်မာလို သီချင်းဆိုရတာ ပိုအားရတယ်… မူရင်းတွေကလဲ အတော်ကောင်းတာမျိုးဆိုပေမယ့်!
ဘာရယ်မဟုတ် ပျော်လို့ ဆိုလိုက်ပေမယ့် Copyright ပြဿနာတွေကြောက်လို့ English version တွေရှိရင် Eng ကိုပဲ ရွေးဆိုဖြစ်တော့တာများပါတယ်။
အိုင်သီချင်းဆိုတဲ့အလုပ်ကို စိတ်လိုလက်ရ ပျော်လို့ဆိုတာမျိုးပဲဖြစ်စေချင်တော့တာမို့ အရင်လို ခဏ ခဏတော့ တင်မှာ မဟုတ်ပါဘူး။
10/07/2023
ဆိုပြဖို့ သီချင်းလည်းမရှိသေးလို့
ဝကစ်လာတဲ့ မို့ ဓာတ်ပုံတွေပဲ ထိုင်ကြည့်တော့ဏော် 🥹
Click here to claim your Sponsored Listing.