Taste With Me
We, Taste With Me is an Authentic Food Vlog Channel which creating Food and Restaurants Blog Writing, Vlog Shooting, Honest Review Writing, Food Photography and Commercial Advertising.
ကိုရီးယားအရသာစစ်စစ်တွေကို တစ်နေရာထဲမှာ စုံစုံလင်လင်ရနိုင်တဲ့ တောင်ဥက္ကလာပမြို့နယ်က Korea Food Lover ဆိုတဲ့ ကင်မ်ချီမြေလေးရဲ့ Review Video လေးပဲ ဖြစ်ပါတယ်ရှင့်။🇰🇷🥢
Photo Post : https://www.facebook.com/share/p/tKANVQCy8drE44pM/?
18/03/2024
ဗိုလ်ဆွန်ပတ်လမ်းထဲက ဝါဖြေမုန့်ဈေးတန်းလေးမှာ မုန့်တွေအစုံဝယ်စားမယ်😋
အားလုံးပဲ မင်္ဂလာပါရှင်။
Taste With Me ကနေ ကြိုဆိုလိုက်ပါတယ်။🍽️
ဒီတခေါက် Taste With Me ရဲ့ "သွားစား" အစီအစဉ်လေးမှာတော့ ဆူးလေဘုရားအနီး ဗိုလ်ဆွန်ပတ်လမ်း (အလယ်ဘလောက်) မှာရှိတဲ့ ဝါဖြေမုန့်ဈေးတန်းလေးမှာ ယုတစ်ယောက် စိတ်ကြိုက် မုန့်တွေဝယ်စားခဲ့ရင်း လမ်းတလျှောက် တွေ့ခဲ့ရတဲ့ မုန့်လေးတွေကိုပါ ဖော်ပြပေးလိုက်ရပါတယ်ရှင့်။💁🏻♀️
("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)
#သွားစားမယ်
09/09/2023
ပင်လယ်စာတွေကို ဈေးနှုန်းသင့်တင့်ပြီး တဝကြီးစားချင်နေကြတဲ့သူတွေ ရှိလား?🙋🏻♀️
အားလုံးပဲ မင်္ဂလာပါရှင်။
Taste With Me ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🍽️
ဒီတခေါက် Taste With Me ရဲ့ "သွားစား" အစီအစဉ်လေးမှာတော့ ကမာရွတ်မြို့နယ်၊ အင်းယားပန်းခြံဝင်း (ကန်ဘောင်)မှာရှိတဲ့ Raw25 Fresh Seafood Distribution And Buffet ဆိုတဲ့ ပင်လယ်စာမူကထဆိုင်လေးကို Review ပေးချင်ပါတယ်ရှင်။🙋🏻♀️
ဒီဆိုင်လေးကတော့ ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေကို ဈေးတန်တန်လေးနဲ့ ကိုယ်စားနိုင်သလောက် အဝစားလို့ရတဲ့ မူကထဘူဖေးဆိုင်လေးပဲ ဖြစ်ပါတယ်ရှင်။🥢
ပုစွန်၊ ဂဏန်း၊ ဂုံး၊ ခရု၊ ကင်းမွန်၊ ရေဘဝဲ စတဲ့ ပင်လယ်စာမျိုးစုံရနိုင်တဲ့အပြင် ကြက်မဲ၊ ကြက်ဆင်၊ ဝက်သုံးထပ်သား၊ အမဲသား၊ ကြက်သဲ၊ ကြက်မြစ်၊ ကြက်တောင်ပံ၊ ကြက်ခြေထောက်၊ ငါးအသားလွှာ စတဲ့ အသားမျိုးစုံကိုလဲ ရနိုင်ပါသေးတယ်။ ပင်လယ်စာအတုမသုံးပဲ အစစ်တွေပဲသုံးထားပြီး လတ်လည်း လတ်ဆတ်တာကြောင့် ပင်လယ်စာကြိုက်သူတွေအတွက်တော့ စိတ်ချလက်ချနဲ့ တမုန်းဆွဲလို့ရတာပေါ့ရှင်။😋
ဒါတင်မကသေးဘဲ အသီးအရွက်၊ Sidedish (၁၂) မျိုး၊ အချိုပွဲတွေဖြစ်တဲ့ အအေး၊ ကျောက်ကျော၊ မြန်မာမုန့်၊ အသီးအနှံတွေနဲ့ ရေခဲမုန့်ပါ အစုံအလင်ရပါသေးတယ်ရှင်။🤤
အရည်အရသာအနေနဲ့ကတော့ တုန်ယမ်း၊ ချဥ်စပ်၊ မာလာ၊ အချိုဆိုပြီး (4)မျိုးရရှိနိုင်ပါတယ်ရှင့်။🍲
ဒါ့အပြင် (11) ယောက်လာစားရင် Cocktails (1) Tower Free လည်း ရဦးမှာဖြစ်ပါတယ်ရှင်။🍺
စိတ်ဝင်စားမှုအများဆုံးအချက်ဖြစ်မဲ့ ဈေးနှုန်းလေးကတော့ ပုံမှန်စျေး (19000) ကျပ်ဖြစ်ပြီး (30.9.2023)အထိကို 10% Discount လည်း ရှိတာမို့ တစ်ဦးကို အပြီးအစီး (17100) ကျပ်ပဲ ကျသင့်တော့မှာဖြစ်ပါတယ်ရှင့်။ အချိန်အားဖြင့်လည်း ၂ နာရီခွဲ ပေးထားတာမို့ အေးဆေး တဝကြီး စားလို့ရတာပေါ့ရှင်။🍴
အရသာအားဖြင့်တော့ ပင်လယ်စာတွေက လတ်ဆတ်ပြီး မူကထအိုးနဲ့တင်မဟုတ်ဘဲ မီးသွေးမီးဖိုလေးနဲ့ ကင်စားတဲ့အခါ ပုစွန်တို့ ဂဏန်းတို့က လတ်ဆက်တာကြောင့် မွှေးပြီး ချိုနေရောပါပဲရှင်။🦐🦀
ယုကတော့ မူကထထက် ဒီတိုင်း မီးသွေးမီးဖိုလေးနဲ့ ကင်စားခဲ့ရတာလေးကို ပိုသဘောကျခဲ့ပါတယ်ရှင်။😋
Taste With Me ရဲ့ Rating System လေးအရ...
အစားအသောက်အရသာပိုင်း : ⭐⭐⭐🌙
Service : ⭐⭐⭐
အစားအသောက်သန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐
ဆိုင်နေရာသန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐
(ဒီ Rating ပေးမှုများဟာ မိမိတို့ ဆိုင်ရောက်စဉ်အချိန်အတွင်း အခြေအနေများအပေါ်သာမူတည်ဆုံးဖြတ်ခြင်းဖြစ်ပြီး ဆိုင်၏အခြေအနေ၊ အချိန်အခါနှင့် တစ်ဦးချင်းစီ၏ စိတ်ခံစားချက်များအပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။)
ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ကြားထဲက ပင်လယ်စာအစုံအလင်အပြင် အသားလွှာတွေပါ ရနိုင်ပြီး ဈေးနှုန်းတန်တန်လေးနဲ့ အဝစားချင်သူတွေအတွက်တော့ သွားစားကြည့်သင့်တဲ့ဆိုင်လေးတစ်ဆိုင်ပဲ ဖြစ်ပါတယ်ရှင့်။🙆🏻♀️
Page Link: https://www.facebook.com/Raw25FreshSeafoodDistributionAndBuffet?mibextid=LQQJ4d
📍ဆိုင်လိပ်စာလေးကတော့ အင်းယားလမ်း၊ အင်းယားပန်းခြံဝင်း (ကန်ဘောင်)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်ရှင်။
("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)
#သွားစားမယ်
Click here to claim your Sponsored Listing.