Try Me

Try Me

Share

Photos from Try Me's post 10/04/2022

ကျောက်ကျောအမဲ ဘယ်ကရလဲ••?
အအေးဖျော်ရည်တွေမှာသုံးတဲ့
ကျောက်ကျောမဲမဲတုန်းကြီးကို စားသာစားနေကြတာ
ဘယ်လိုလုပ်မှန်း သိတဲ့သူက နည်းပါတယ်။
လုပ်နည်းကလည်း လျို့ဝှက်ထားလို့
သိပ်မသိကြပါဘူး။
ဘယ်ကနေ ထုတ်မှန်းလည်း မသိတဲ့သူများပါတယ်။
🔺ကျောက်ကျော
🔺အင်္ဂလိပ်အမည် Grass jelly plant
🔺သိပ္ပံအမည် Platostoma palustre
မော်လမြိုင်ဒေသအခေါ်. လိပ်သဲပင်၊
ရှမ်းပြည်ဘက်အခေါ်. နမ့်ပင်တူး ဆိုတဲ့ အပင်က
ထုတ်ယူပါတယ်။
အမဲရောင်ကျောက်ကျောပြုလုပ်နည်းမှာ
အပင်ကိုရေဆေး ကြိတ်ခြေပြီး၊ စစ်ရည်ရယူပါတယ်။
အရည်ကုန်ရအောင် ရေလေးနည်းနည်းစီ
လောင်းထည့်ပေးရပါတယ်။
အဲဒီအရည်ကိုစစ်ယူပြီး အပူပေးကျိုချက်ရပါတယ်။
အရည်အတော်လေး ပျစ်လာပီဆိုရင်
ကော်မှုန့်(သို့)ဆန်မှုန့်ကို လောင်းထည့်ပြီး
မီးမြှင်းမြှင်းနဲ့ ကြိုရပါတယ်။
starch (ကော်မှုန့်) မပါဘဲသူ့ချည်းသက်သက်ကျိုရင်
ကျောက်ကျောမဖြစ်ပါဘူး။
ကော်မှုန့်နည်းနည်းထည့်မှ ဓာတ်ပြုပြီး
ကျောက်ကျောဖြစ်ပါမယ်။
တစ်ချို့ကတော့ ကော်မှုန့်ကို တစ်ပါထဲ ထည့်ကျိုကြပါတယ်။
ကြိုက်နှစ်သက်ရာပေါ့။
ရှမ်းပြည်နယ်နဲ့ အထက်ချင်းတွင်း ဘက်တွေမှာတော့
သုပ်စားကြပါတယ်။
အောက်ပြည်ဘက်ကတော့
အအေးဖျော်ရည်တွေနဲ့ တွဲဖက်သောက်သုံးကြပါတယ်။
လတ်လတ် ဆက်ဆက် ကျောက်ကျောပင်
(ရှမ်းအခေါ်-နမ့်ပင်းတူး အပင်) ကနေ ခူးပြီး ၊
ရေဆေး ၊
ခြေပြီး နယ် ၊
ဇကာတိုက် အနှစ်ကို ယူ ၊
ဆန်မုန့် အနည်းငယ် ထည့်ပြီး ၊
မီးနဲ့ လက် မပြတ်တမ်း မွှေ ၊
ပျစ်လာပြီ ဆိုရင် အအေးခံ ထားပြီး ၊
နောက်တစ်ရက် အတုံးလေးတွေ တုံးပြီး
ဈေးမှာ ရောင်းတာပါ ။
ကျောက်ကျော ပင်များကို
သတ်မှတ် ထားတဲ့ အချိန် ရောက်ရင်
အမြစ်ပါ မကျန် နှုတ်ပြီး အခြောက်လှန်း ကာ
ကိုယ်တိုင် လာဝယ် ကြသူများလည်း ရှိသလို
မန္တလေး ကို တိုက်ရိုက် တင်ပို့ ရောင်းချ ကြတဲ့
ဒေသ ထုတ်ကုန်ပေါ့ ။
ယနေ့ မြင်တွေ့နေ ရတဲ့
မန်းကျည်း ဖျော်ရည်ထဲလည်း ထည့်
ဖာလူဒါ ၊ ရွှေရင်အေး ထဲလည်း ထည့်
သီးသန့် ကျောက်ကျော ဖျော်ရည် ဆိုပြီးလည်း
သောက်ကြတဲ့ မည်းမည်း ကျောက်ကျောလေးတွေဟာ
အခု ပြထားတဲ့ အပင်က ရတာပေါ့ ။
◾ကျောက်ကျောမဲ၏ ဆေးဘက်၀င်ပုံ
၁။ အစာချေဖျက်နှုန်း ကောင်းမွန်စေပါတယ်။
အဓိက က Fiber
(အမျှင်ဓာတ် ပါ၀င်မှု များပြားတာကြောင့်) ။
၂။ လည်ပင်းနာတာကို သက်သာစေပါတယ်။
သူ့မှာပါ၀င်တဲ့ Compound တမျိုးက
လည်ပင်းနာတာကို သက်သာစေပြီး
ကလေးတွေအတွက် အိမ်သုံးဆေး အနေနဲ့လဲ
တိုက်ကျွေးကြပါတယ်။
၃။ သွေးတိုးကို ထိန်းညှိပေးနိုင်တယ်။
Black grass jelly ကသွေးတွင်း cholesterol ကိုလဲ
လျော့ကျစေနိုင်ပါတယ်။
၄။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့
antioxidants တွေ ပါ၀င်ပါတယ်။
၅။ အားလုံးအတွက် ပိုပြီး စိတ်၀င်စားစေတဲ့
နောက်တမျိုးကတော့ ဝိတ်ကျစေပါတယ်။
သွေးတွင်း ကယ်လိုရီ ဓာတ်ကို လျော့ကျစေပြီး
သူ့မှာပါ၀င်တဲ့ သကြားဓာတ်က လူ့ခန္ဓာကိုယ်အတွက်
Energy အနေနဲ့ပဲအသုံးပြုပါတယ်တဲ့ ။
၆။ ငှက်ဖျားဝေဒနာတွေကို သက်သာစေတယ်။
၇။ ဝမ်းချုပ်ခြင်း
၈။ ရောင်ရမ်းခြင်း
၉။ဆီးချိုရောဂါ
၁၀။၀မ်လျှောခြင်း
၁၁။ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ
၁၂။ ကိုယ်ခံအားတိုးပွားစေခြင်း
….စတဲ့
ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေပါတယ်။
ဒါကြောင့်
အကျိုးများပြားလှတဲ့ ကျောက်ကျောဖျော်ရည်ကို မကြာခဏ သောက်သုံးပေးဖို့ မမေ့ပါနဲ့။
◾◾
ဗဟုသုတအနေနဲ့ နောက်ထပ်ခု ပြောပြပေးချင်တာက
ပင်လယ်ကထွက်ရှိတဲ့ ရေမှော်ကျောက်ကျော
Agar လို့ခေါ်တဲ့ နောက်ကျောက်ကျော တစ်မျိုးကိုတော့
ပင်လယ်ကထွက်ရှိတဲ့ ရေမှော်(red algae or brown algae) မျိုးစိတ်တစ်မျိုးကနေ
ထုတ်လုပ်တာပါ။
မူရင်းရေးသားသူအား လေးစားစွာဖြင့်
ပြန်လည်မျှဝေပေးပါသည်။
Crd:

23/03/2022

🚨အထူးအစီအစဉ်🚨

ဒီအချိန်တွေကတော့ အသက်ရှင်ရတာ ပျော်စရာကောင်းနေမယ်မထင်ပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ Try Me မိသားစုက MG ချစ်သူများအတွက် အကြည်ဓာတ်လေးရအောင် တတ်နိုင်တဲ့ဘက်ကလုပ်ပေးချင်ပါတယ်။

🌱နေကြာပင်ပျိုအော်ဒါမှာယူလိုပါက (၁၅၀)ဂရမ်တစ်ဘူးကို မူလစျေး(၂၈၀၀)ကျပ်အစား (၂၃၀၀)ကျပ်တည်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်

🌱နေကြာ Grow Kit မှာယူလိုသူများအတွက် မူလစျေး(၁၁၀၀၀)အစား (၉၀၀၀)ကျပ်တည်းနဲ့ ရောင်းချပေးသွားပါမယ်

ပရိုမိုးရှင်းကာလ - (၂၀၂၂)ခုနှစ် မတ်လ(၂၄)မှမတ်လ(၃၁)အထိသာ

22/03/2022

သာဂိတို့ရွာမှာ နေကြာခင်းလည်း လုပ်လိုက်သေးတယ်😁
ပုံကတော့ကြာပြီ။ နေကြာခူးပြီးလို့ ဆီတောင်ဖြစ်တော့မယ်။

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00