Ye Naing

Ye Naing

Share

23/05/2026

@

တချို့သော စိတ်ဒဏ်ရာတွေ Wound တွေက Randy တို့ ကိုယ်တိုင်ကနေ စတင်ခဲ့တာ မဟုတ်ပါပဲ မျိုးရိုး စဉ်ဆက်လိုက် လက်ဆင့်ကမ်းပြီး ရရှိ လာခဲ့တဲ့ Generational Trauma တွေပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်အတွင်းထဲမှာ ရှိနေတဲ့ တချို့သော နာကျင်မှုတွေက ကိုယ်က စတင်ခဲ့တာ မဟုတ်သလို တချို့သော ဝမ်းနည်းမှုတွေက ကိုယ် မမွေးဖွားမှီ အချိန်ကထဲက မိသားစုထဲ ရောက်ရှိ နေခဲ့တာပါပဲ။

တချို့သော ကြောက်ရွံ့မှုတွေက မျိုးဆက်အလိုက် အမွေအနှစ် တစ်ခုလို တိတ်တဆိတ် သယ်ဆောင်လာခဲ့ကြပြီး ဒီလို စိတ်ဒဏ်ရာ Trauma တွေ အကြောင်းကို ဘယ်သူ့ကိုမှ ထုတ်ဖော် မပြောရဲခဲ့ကြပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခါတလေမှာ အခြေအနေ အချိန်အခါ အရ စိတ်ဒဏ်ရာတွေကို ကုသ ပျောက်ကင်းဖို့ထက် အသက်ရှင်သန် ရပ်တည်နိုင်ဖို့က ပိုပြီး အရေးကြီးခဲ့လိုပါပဲ။

ဒီလို Trauma တွေ ဘယ်လို ပုံစံမျိုးနဲ့ မွေးကထဲက Randy တို့ရဲ့ အသက်သွေးကြေားထဲမှာ စီးဆင်းနေခဲ့လဲ ဆိုတော့ …

ပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့ အတွက် တိတ်ဆိတ်စွာ နေထိုင်တတ်ခဲ့တဲ့ အဖွားဖြစ်သူ စီက …

ဒါမှမဟုတ် အားနည်းချက်တွေ ရှိခြင်းကို အခြားသူတွေ သိရှိသွားခြင်းက အန္တရာယ်ရှိတယ်လို့ ဘဝက သင်ကြားပေးလိုက်တဲ့ အတွက် ခံစားချက်တွေကို ဖုံးကွယ် မြှုပ်နှံထားရမယ်လို့ ခံယူပြီး နေထိုင်တတ်ခဲ့တဲ့ အဖိုး ဖြစ်သူ စီက …

စိတ်ဒဏ်ရာ Wound တွေ Randy တို့ DNA ထဲ လှည့်ပတ် စီးဆင်းနေတာလဲ ဖြစ်နိုင်ပါတယ်။

ပြီးတော့ အလွန် ချစ်တတ်ပေမဲ့ ထို မေတ္တာတရားကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ဘေးကင်း လုံခြုံ စိတ်ချစွာ ဘယ်လို ဖော်ပြရမှန်း မသိခဲ့တဲ့ မိခင်စီက လည်းကောင်း …

လောကရဲ့ ဖိအားတွေ၊ မောပန်း နွမ်းနွယ်မှုတွေ သယ်ဆောင်ထားရင်း နောက်ဆုံး စိတ်ပိုင်း ဆိုင်ရာ ခံစားချက်တွေကို လစ်လျူရှုရင်း မိမိကိုယ် မိမိ ကာကွယ်နိုင်ဖို့ ကသာ အဓိက နည်းလမ်း တစ်ခု ဖြစ်လာတဲ့ ဖခင်ဖြစ်သူ စီက လည်းကောင်း …

စိတ်ဒဏ်ရာ Trauma တွေ လက်ဆင့်ကမ်း ကူးစက်သလို ဖြစ်လာခဲ့ပါတယ်။

ဒါတွေ အားလုံးဟာ မိသားစု ပုံစံ တစ်ခု ဖြစ်ပေါ်လာပြီး သတိ မထားမိပဲ Generational Trauma တစ်ခုအနေနဲ့ ကိုယ်တိုင်ကပါ သယ်ဆောင်ထားမိကာ

မိသားစု အလိုက် စိတ်ဒဏ်ရာ ကိုယ်စီနဲ့ ဆက်လက် တည်ရှိ နေတတ်ပါတယ်။

ဒါဟာ ကိုယ့် မိသားစုကမှ ဆိုးသွမ်းနေတာလဲ မဟုတ်သလို ကိုယ့် မိသားစုကမှ ကျိန်စာ သင့်နေတာလဲ မဟုတ်ပါဘူး။ မိသားစုတိုင်းမှာ သယ်ဆောင်လာတဲ့ Pattern ပုံစံတွေ ဆိုတာ ရှိပါတယ်။

ဒါတွေဟာ ဆိုးတာ၊ ကောင်းတာ မဟုတ်ပါပဲ မကုသရသေး၊ မကုစားရသေးတဲ့ နာကျင်မှု Unhealed Pain တွေပဲ ဖြစ်ပါတယ်။

ဒီလို Unhealed Pain တွေ Unhealed Trauma တွေ ထပ်ကာ ထပ်ကာ ဘာလို့ ပေါ်လာပြီး ထပ်ကာ ထပ်ကာ မိသားစုထဲ လက်ဆင့်ကမ်းနေရလဲ ဆိုတော့ …

ဒီ မိသားစုထဲမှာ ဘယ်သူမှာ မှ ဒီလို အကြောင်းအရာတွေကို သေသေချာချာ နားမလည်သေးလို့၊ သေသေချာချာ Awareness မရှိသေးလို့၊ ထုတ်ပြောဖို့ အတွက် စကားလုံးတွေ မရှိသေးလို့

ဒါမှမဟုတ် ထုတ်ဖော် ပြောကြားတာကို လက်ခံနိုင်ဖို့ အဆင်သင့် Ready မဖြစ်သေးလို့ပါပဲ။

Randy တို့ အားလုံးရဲ့ Nervous System ဟာ လုံခြုံစိတ်ချမှုကို လိုလားကြပါတယ်။ လူတိုင်းဟာ သူတို့ ကြုံတွေ့ ရတဲ့ အရာတွေကို ရင်ဆိုင်တဲ့ အခါမှာ အရမ်း Safe ဖြစ်ချင်ကြပါတယ်။

မကုစားရသေးတဲ့ ဒဏ်ရာတွေနဲ့ နေလာတာ ကြာတော့ ဒီ မကုစားရသေးတဲ့ Pattern တွေကပဲ ကိုယ့်အတွက် လုံခြုံ စိတ်ချမှု ရှိတယ်လို့ ကိုယ့် ကိုယ်ကို အမြဲ ပြောနေတတ်ပါတယ်။

ဒါ့ကြောင့် အပြင်လူတွေနဲ့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေ အချင်းချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူ သမီး ရည်းစာ Relationship အချင်းချင်းပဲ ဖြစ်ဖြစ် …

မိသားစုဝင်တွေ အချင်းချင်းပဲ ဖြစ်ဖြစ် ဘယ်လောက် ချစ်ချစ် သူတို့ စိတ်ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး ခလုတ်တိုက်မိရင်၊ တိုက်ဆိုင်သွားရင်၊ ဒါမှမဟုတ် ထုတ်ပြောဖြစ်ရင်

သူတို့ရဲ့ လုံခြုံမှုကို ချိမ်းခြောက်သလို ဖြစ်သွားပြီး ဆက်ဆက်ခါအောင် လက်မခံနိုင်တာ၊ တုန့်ပြန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါက Generational Trauma နဲ့ ပတ်သက်တဲ့ Awareness ဖြစ်အောင် ပြောပေးတာပါ။

လူတွေက သူတို့နဲ့ ရင်းနှီးကျွမ်းဝင် Familiar ဖြစ်တဲ့ အရာတွေကိုပဲ လိုချင်ကြတာ ဖြစ်တဲ့ အတွက် သူတို့ သယ်ဆောင်ထားတဲ့ စိတ်ဒဏ်ရာတွေက ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ …

ဘယ်လောက်ပဲ ယနေ့ခေတ်မှာ အသုံးမဝင်တော့ပါစေ သူတို့နဲ့ အသားကျနေပြီ ဖြစ်လို့ သူတို့ မစွန့်လွှတ်နိုင်ကြပါဘူး။

ကိုယ်တိုင်လဲ အဲ့ဒီလိုပါပဲ ပြောရတာသာ လွယ်တာပါ။ Let go လုပ်ဖို့ ဆိုတာ တကယ်ကို ခက်ပါတယ်။

စိတ်ဒဏ်ရာ Trauma တွေ ဆိုတာက Randy တို့ အာရုံကြော မှတ်ဉာဏ်တွေက တဆင့် ပုံသေမှတ်ထားပြီး ထပ်ကာ ထပ်ကာ သူ့အလိုလို ပြုမူနေမိတတ်တဲ့ အလေ့အကျင့် တစ်ခုပါပဲ။

ဒီကနေ ကိုယ့်ရဲ့ အပြုအမူ Behavior ဆိုတာ ဖြစ်လာတာပါ။ အဲ့ဒီ Behavior မှ တဆင့် ကိုယ့်ရဲ့ ကံကြမ္မာ Karma ဆိုတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။

ဒါကို အသိ သတိ Awareness လေးထားပြီး ပြုပြင်လို့ ရပါတယ်။

Generational Trauma တွေ ဆိုတာက စိတ်ခံစားမှု မှတ်ဉာဏ်တွေက တစ်ဆင့် … အာရုံကြော စနစ်တွေက တစ်ဆင့် … စိတ်ဒဏ်ရာ တုန့်ပြန်မှုတွေက တစ်ဆင့် …

မသိစိတ်ထဲက ယုံကြည်ချက်တွေက တစ်ဆင့် … လူတစ်ယောက်ရဲ ဆိတ်ဆိတ်နေခြင်းတွေက တစ်ဆင့် … ကြောက်စိတ်တွေက တစ်ဆင့် …

မိသားစု တစ်စုရဲ့ အချစ်ကို ဖော်ပြ ပုံမှ တစ်ဆင့် … မိသားစု အတွင်း နာကျင်မှုတွေကို ဖော်ပြပုံမှ တစ်ဆင့် … စီးဆင်း ရွေ့လျားလို့ နေပါတယ်။

ဒါကို သတိလေးထားပြီး ကြည့်ကာ ကိုယ်က အမှားအမှန် ဝေဖန် ပိုင်းခြားပြီး Break လုပ်နိုင်ဖို့ပဲ လိုပါတယ်။

ကိုယ်က Generational Trauma တွေ စိတ်ဒဏ်ရာ Wound တွေကို Break မလုပ်နိုင်ရင်တော့ ကိုယ်လဲ သယ်ဆောင်ထားသူ တစ်ယောက်၊ လက်ဆင့်ကမ်းသူ တစ်ယောက် ဖြစ်လာမှာပါပဲ။

ဘာလို့လဲ ဆိုတော့ မျိုးဆက် တစ်ဆက်က ဆင်းရဲ ဒုက္ခတွေကို ကြံ့ကြံ့ခံပြီး အသက်ရှင်သန် ကျန်ရစ်အောင် အများကြီး ကြိုးစားခဲ့ရတယ် ဆိုရင်

နောက်မျိုးဆက် တစ်ခုက အဲ့ဒီ ရှင်သန်မှု ပုံစံကို Auto အမွေ ဆက်ခံ ထားမိတတ်ကြလို့ပါ။

ပြီးတော့ အဲ့ဒီလို ရှင်သန်မှု ပုံစံမျိုးကို မိမိတို့ရဲ့ မူလ ပင်ကိုယ်လက္ခဏာ Identity လို့ မှားယွင်းစွာ မှတ်ယူ လိုက်မိ တတ်ကြပါတယ်။

ဒါ့ကြောင့် လက်ဆင့်ကမ်းလာတဲ့ စိုးရိမ် ပူပန်မှု Anxity တွေဟာ ပုံမှန် အရာ Normal ဖြစ်လာတယ်။ စိတ်ခံစားချက်တွေနဲ့ ဝေးကွာမှု Emotional Distance ဟာ သန်မာမှု Strength လို့ ထင်လာတယ်။

သူတပါး အလိုကျ လိုက်ဖြည့်စီးပေးနေမိတဲ့ People Pleasing ကို အချစ် Love လို့ သတ်မှတ်လာကြတယ်။

အလွန်အမင်း အမှီအခို ကင်းချင်တဲ့ Hyper Independence ဖြစ်ခြင်းကို ရင့်ကျက်မှု သန်မာမှုလို့ တစ်လွဲ မြင်လာတယ်။

နာကျင် ခံစားရတာတွေ၊ ဆင်းရဲ့ ဒုက္ခ ခံရတာတွေ ကိုကျတော့ သစ္စာ စောင့်သိမှု ဆိုပြီး အဓိပ္ပါယ် ဖွင့်လာကာ Relationship တွေမှာ ဖက်တွယ်ထား မိတတ်လာကြတယ်။

ဘာပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ရှုပ်ထွေးမှုတွေ၊ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှု Chaos တွေဟာ ကိုယ်ရဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အရာတွေလို သတ်မှတ်လာ မိတတ်ကြပါတယ်။

ဉပမာ မိန်းကလေးဆိုတာ အရာရာ သည်းခံရမယ် ဆိုတာမျိုး၊ ယောက်ျားလေးဆိုတာ ယောက်ျားကောင်း မောင်းမတစ်ထောင် ဆိုတာမျိုး

တစ်ဖက် အစွန်းကပ် မှားယွင်းတဲ့ အယူအဆတွေ၊ မှားယွင်းတဲ့ လက်ကိုင်ထားမှုတွေကို ဆုပ်ကိုင် ထားမိတတ်ပါတယ်။

မိသားစု အများစုက အသိဉာဏ် ပညာကို ကောင်းကောင်း လက်ဆင့် မကမ်းခဲ့နိုင်ကြပဲ စိတ် ခံစားချက်ပိုင်း ဆိုင်ရာ ရှင်သန်ခဲ့ရမှု ပုံစံတွေကိုပဲ လက်ဆင့် ကမ်းနိုင်ခဲ့ကြတာပါ။

ကလေး တစ်ယောက်ဟာ အရာရာကို ဆုပ်ယူ မှတ်သားထား နိုင်တာကြောင့် မိသားစုရဲ့ Trauma တွေ နာကျင်မှုတွေ အားလုံးကို ဆုပ်ယူထားပြီး မသိစိတ်က မှတ်မိနေကာ …

အဲ့ဒီ ဆုပ်ယူထားမိတဲ့ အတိုင်း တုန့်ပြန် ပြောဆို ပြုမူ နေထိုင် တတ်ကြပါတယ်။ Randy တို့ အားလုံးဟာ တစ်ချိန်က အရမ်းကို ဖြူစင်ခဲ့ကြတဲ့ ကလေးတွေပါ။

အဲ့ဒီ ကလေးတွေက မိသားစုရဲ့ Generational Trauma တွေကို အမွေ ဆက်ခံခဲ့ပြီး မိသားစုရဲ့ Energy တွေ၊ နေထိုင် မှီခိုခဲ့တဲ့ အိမ်တစ်အိမ်ရဲ့ Energy တွေ၊ ပတ်ဝန်းကျင်က Energy တွေကိ စုပ်ယူထားမိတတ်ကြပါတယ်။

အိမ် တစ်အိမ်၊ မိသားစု တစ်စုဟာ ဘယ်လို Energy နဲ့ ဖွဲ့စည်းထားလဲ ဆိုတာ အရမ်းကို‌ အရေးကြီးပါတယ်။

ကိုယ်ချင်းစာတရား၊ စိတ်ချမ်းသာမှု၊ ချစ်ခြင်းတရားနဲ့ ဉာဏ်ပညာ စတဲ့ Energy တွေနဲ့ ဖွဲ့စည်းထားတာလား …

သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒတွေပဲ ကြီးစိုးနေကျတာတွေ၊ အတ္တတွေ၊ စိုးရိမ်ကြောင့်ကျမှုတွေ၊ ပူပန်မှုတွေ၊ ဝမ်းနည်းစရာတွေ၊ နာကျင်စရာတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ အိမ်လား စသည်ဖြင့် အရေးကြီးပါတယ်။

အဲ့ဒီလို Negative Energy တွေနဲ့ လွှမ်းမိုးနေတဲ့ အိမ်အတွင်းမှာ အငြင်းပွားမှုတွေ ရှိတဲ့ အခါ တင်းမာမှုတွေ၊ နာကျင်ခဲ့ပြီးနောက် တိတ်ဆိတ်သွားကြတာတွေ၊ ငွေကြေးနဲ့ ပတ်သက်တဲ့ ကြောက်ရွံ့မှုတွေ၊

အောင်မြင်မှု ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို အကောင်အထည် ဖော်ဆောင်မှုတွေနောက်က ကိုယ့်ကိုယ်ကို လိပ်ပြာ မလုံသလို ခံစားရတာတွေ၊ သူတပါးကို လုံးဝ မယုံကြည်တတ်တော့တာတွေ၊

ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းလာတာတွေ၊ အခြားသူတွေ အဆင်ပြေစေဖို့ အတွက် ကိုယ့်ကိုယ်ကို စွန့်လွှတ်တတ်တာတွေ အားလုံးကို အမွေဆက်ခံပြီး ကြီးပြင်း လာတတ်ကြပါတယ်။

အဲ့ဒီလို Randy တို့ အားလုံးဟာ နာကျင်မှု ဝမ်းနည်းမှု စိတ်ဒဏ်ရာတွေ အားလုံးကို စကားလုံးတွေနဲ့ ပြန်လည် ထုတ်ဖော် ပြောကြား မရှင်းပြတတ်ကြပေမဲ့

ကိုယ့်ရဲ့ ခန္ဓာကိုယ် Physical Body ကတော့ စွဲမြဲစွာ မှတ်ထားတတ်ကြပါတယ်။

Randy တို့ ငယ်ငယ်က ဒါမှမဟုတ် ကလေးငယ်တွေဟာ ကိုယ့်ရဲ့ မိဘတွေ ဘယ်လို ပြုမူ ပြောဆို နေထိုင် တုန့်ပြန်လဲ ဆိုတာ အားလုံးကို လိုက်လံ မှတ်သားထားတတ်ကြပါတယ်။

ကလေးငယ်တွေဟာ မိဘက စိတ် ဖိစီးလာတဲ့ အခါ ဘယ်လို တုန့်ပြန်လဲ ဆိုတာကို စောင့်ကြည့်တတ်ကြတယ်။

ပြီးတော့ ကိုယ်တိုင် စိတ်ခံစားချက်တွေ ပေါ်ပေါက်လာတဲ့ အခါ ဒါကို ဖော်ပြလိုက်ရင် မိဘတွေက လက်ခံကြိုဆိုမှာလား ဒါမှမဟုတ် အပြစ်ပေးမှာလား ဆိုတာကို သင်ယူတတ်ကြပါတယ်။

အချစ်ဆိုတာ ဘေးကင်း လုံခြုံစွာ ဖော်ပြလို့ ရတဲ့ အရာလား ဒါမှမဟုတ် စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ဒါလုပ်ပေးမှ ဟိုဟာ လုပ်ပေးမှ ဒီလို ဖြစ်မှ ဟိုလို ဖြစ်မှ ဆိုတဲ့ အရာလား …

မိမိတို့ရဲ့ အားနည်းချက်ကို ဖော်ပြတာဟာ ဆက်နွယ်မှု Connection ကို ပိုပြီး အားကောင်းစေတာလား ငြင်းပယ်မှု Rejection ကို ပိုပြီး ဖြစ်ပေါ်လာစေတာလား ဆိုတာတွေ အားလုံးကို သင်ယူခဲ့ရပါတယ်။

ဒါတွေ အားလုံးဟာ မိမိတို့ရဲ့ Family Blueprint မိသားစု ဘဝပုံစံ ဖြစ်လာပြီး အရွယ်ရောက်တဲ့ အချိန်က စလို့ မသိစိတ်ထဲမှာ သယ်ဆောင်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီအရာတွေ အားလုံးကို အသိ သတိလေးနဲ့ Awareness လုပ်ပြီး မလိုအပ်တဲ့ အရာတွေကို လွှတ်ချ Let go လုပ် Release ကာ Pattern ပုံစံတွေ Break လုပ်ရမှာပဲ ဖြစ်ပါတယ်။

ဒါတွေကို သတိ မထားမိတဲ့ အခါ လူအများစုဟာ အပြောင်းအလဲကို အသည်းအသန် လိုလား နေကြပေမဲ့

တူညီတဲ့ ဆက်ဆံရေးတွေ၊ တူညီတဲ့ ကြောက်ရွံ့မှုတွေ၊ တူညီတဲ့ စိတ်ခံစားချက်တွေ ထဲမှာပဲ သံသရာ ထပ်ခါ ထပ်ခါ လည်နေကာ ပိတ်မိနေတာပဲ ဖြစ်ပါတယ်။

Ref : Tr John

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …

15/05/2026

Being Single

ကျွန်မမှာ FREEDOM ဆိုတဲ့ Album တစ်ခုရှိတယ်။💜

Toxic တစ်ယောက်နဲ့ ပြတ်သွားပြီးတဲ့နောက်ပိုင်း ကိုယ်သွားချင်တဲ့နေရာကို စိတ်လွတ်ကိုယ်လွတ်သွား..။ အချိန်ကိုကြည့်စရာမလို..။ ပြန်မလာသေးဘူးလား ..အဲဒီမှာ ဘာလုပ်နေတာလဲ..လို့မေးမယ့်သူမရှိ။ ဘယ်သူတွေနဲ့ရှိနေတာပါလို့ Report တင်နေစရာမလို..။ ဘာကိုမှ နောက်ဆံတင်းနေစရာမလို..။သူဘာတွေးထင်နေမလဲ..စိုးရိမ်ကြောက်လန့်နေစရာမလို..။ပြဿနာရှာလာရင် ရှင်းပြစရာမလို..။ အထေ့ အငေါ့ အရွဲ့ ခနဲ့တဲ့တဲ့ စကားတွေကို စိတ်တိုနေစရာမလို..။ မဟုတ်တရုတ်..တွေ့သမျှလူနဲ့လျှောက်ပေးစား..စွပ်စွဲပြောဆိုနေတာတွေကိုနာကျင်စရာမလို..။ တစ်နေ့တစ်နေ့အကုသိုလ်အပင်းအဆိပ်တွေမျိုနေရသလို သရဲရုပ်ပေါက်နေစရာမလို..။🙅‍♀️

လုံးဝအေးအေးဆေးဆေး သူငယ်ချင်းတွေနဲ့ တွေ့တယ်။စကားပြောတယ်။ သွားရင်းလာရင်း ကိုယ်ကြိုက်တဲ့နေရာမှာရပ်ပြီး ကိုယ်တစ်ယောက်တည်း ကိုယ်ကြိုက်တာဝင်စားတယ်။ သူဘာစားချင်လဲ..ဘယ်သွားချင်လဲ.. ညှိနေစရာမလို။ယုတ်စွအဆုံး ကားထဲမှာဖွင့်တဲ့သီချင်းတောင်မှ ကိုယ်ကြိုက်တဲ့သီချင်း..သူကြိုက်တဲ့သီချင်း ရွေးနေစရာမလို။ အိမ်ပြန်ရောက်တဲ့အခါရောက်ပြီနော်လို့ပြောစရာမလိုသလို သူအပြင်သွားရင်လည်း ပြန်ရောက်ပြီလို့ပို့လာမယ့် စာကိုမျှော်နေစရာမလို..။ အရာရာဟာလွတ်လပ်သွားလိုက်တာဆိုတာ..။

💜အဲဒီလိုလွတ်လပ်မှုကိုခံစားရတဲ့ အခိုက်အတန့်လေးတွေတိုင်းကို ဝမ်းမြောက်စွာ၊မိမိကိုယ်ကိုဂုဏ်ယူစွာနဲ့မှတ်တမ်းတင်ထားမိတဲ့ FREEDOM ဆိုတဲ့ Album တစ်ခုပေါ့။ အဲဒီ Album ထဲမှာ ဓာတ်ပုံလေးတွေကဝိုင်တစ်ခွက်လည်းဖြစ်နိုင်တယ်။ အသားကင်တစ်ချောင်းလည်းဖြစ်နိုင်တယ်။ ပန်းလေးတစ်ပွင့်လည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အရာအားလုံးဟာ လှပစွာလွတ်လပ်နေကြတယ်။

ဘဝကတိုးချဲ့နေသလိုခံစားရတယ်။ Expand ဖြစ်နေတယ်။ နေရာလွတ်တွေရှိလာပြီးအသက်ရှူချောင်လာတယ်။

💎Single ဖြစ်သွားတာကိုမကြောက်ပါနဲ့။
Being Single က မိန်းမအများစု မကြုံခဲ့ဖူးတဲ့ အခွင့်အရေးတစ်ခုကို ပေးတတ်ပါတယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ပြန်သိခွင့်ပါ။ တခြားသူရဲ့ Expectation မရှိဘဲ၊ Influence မရှိဘဲ၊ သူနဲ့
Fit ဖြစ်အောင်လိုက်ညှိနေဖို့ မလိုဘဲ ကိုယ့်ကိုယ်ကို မေးနိုင်တဲ့ အချိန်တစ်ခုပါ။ “ငါဘာကို တကယ်ပျော်ရွှင်သလဲ” “ငါဘယ်လိုဘဝမျိုး တည်ဆောက်ချင်သလဲ” “ငါ့ကို ဘာက အေးချမ်းစေသလဲ” ဆိုတဲ့ မေးခွန်းတွေက ရိုးရှင်းပေမယ့် အဖြေတွေက ဘဝတစ်ခုလုံးကို ပြန်ပုံဖော်ပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခါမှာ ကိုယ့်ဘဝက တစ်ယောက်ယောက်အတွက် မဟုတ်ဘဲ ကိုယ့်အတွက်ပဲ ဖြစ်လာတာဖြစ်လို့ပါ။

ဒီအချိန်ကာလအတွင်းမှာ အရေးကြီးဆုံးပြောင်းလဲမှုတစ်ခုက ကိုယ့် Company ကို ကိုယ်ကြိုက်လာခြင်းပါ။ အစမှာ ငြိမ်သက်တိတ်ဆိတ်သွားတဲ့နေရာလွတ်တွေကိုအသားမကျနိုင်သေးဘူး။ အဲဒီ ကွက်လပ်တွေကို ဖြည့်ချင်စိတ်ရှိတတ်ပါတယ်။

စဉ်းစားပါ..။

📌အမြန်ဖြည့်လိုက်ရင် မှားဖို့ပဲများပါတယ်။ Wrong Person တွေနဲ့တွေ့ဖို့ပဲများတယ်။
ဒီအချိန်မှာစိတ်ရှည်ဖို့လိုအပ်တာပေါ့။ ကျော်ဖြတ်သွားတယ်ဆိုတာ Move On လုပ်တာပါပဲ။ ထွေးပြီးသားတံတွေးကို ပြန်မမျိုဖို့လိုအပ်တယ်လေ။ နှစ်ပေါင်းများစွာစွဲလာခဲ့တဲ့အလေ့အကျင့် Rhythm တွေကြောင့် အရင်နေရာကိုပြန်ပြီးရောက်သွားတတ်ပါတယ်။ ဒါတွေမရှိရင်၊မကြားရရင်၊မလုပ်ရရင်..မနေနိုင်သလိုလိုပေါ့။နာကျင်ရတာတွေ၊ပြဿနာတက်ရတာတွေ၊ Drama တွေမရှိတော့တာတွေက အစ တစ်ခုခု လိုအပ်နေသလိုလို..။မပြည့်စုံသလိုလို..။

ဒါပေမဲ့ တဖြည်းဖြည်း ကိုယ့်အနားမှာ ကိုယ်ရှိနေရတာကို အဆင်ပြေလာတတ်ပါတယ်။ မနက်ခင်းတိတ်ဆိတ်မှုတွေကို ခံစားတတ်လာတယ်။ ညနေခင်းတွေရဲ့ ဖြည်းဖြည်းချင်းကုန်ဆုံးမှုကို Appreciate လုပ်တတ်လာတယ်။ ဘယ်သူ့ကိုမှ ရှင်းပြစရာမလိုဘဲ ကိုယ့်နေ့ကိုယ်
အေးဆေးသက်သာ ဖြတ်သန်းနိုင်ခြင်းကို တန်ဖိုးထားတတ်လာတယ်။ Being alone ဆိုတာ Being empty မဟုတ်ဘူး၊ Being with yourself ဖြစ်လာတယ်လေ။

📌ဘဝရဲ့ ပြည့်စုံမှုကို Relationship ထဲမှာ မရှာပါနဲ့။ Relationship တချို့ဟာဘဝကိုပြည့်စုံ
စေတာမှန်ပေမဲ့ ကိုယ်တစ်ယောက်တည်းကလည်းတခြားပုံစံတစ်မျိုးနဲ့ ပြည့်စုံမှုကို ခံစားနိုင်လာတတ်ပါတယ်။ အဲဒီ Fullness က တိတ်ဆိတ်တယ်၊ ဒါပေမဲ့ငြိမ်သက်တယ်။

ကိုယ်ဘယ်သူလဲဆိုတာနဲ့ ကိုက်ညီတဲ့ပုံစံနဲ့ နေထိုင်နေခြင်းကနေ လာတယ်။ Emotional Tension မရှိတဲ့ မနက်ခင်းတွေကနေ လာတယ်။ ကိုယ့် Values နဲ့ကိုက်ညီတဲ့ Choice တွေ ချနိုင်ခြင်းကနေ လာတယ်။ ဒီပြည့်စုံမှုက တစ်ခြားသူတစ်ယောက်အပေါ် မူတည်မနေ
ဘူး။ အဲဒီ Feeling ကို တစ်ခါလောက် နှစ်နှစ်ကာကာ ကြုံဖူးသွားပြီဆိုရင် Happiness ဆိုတာကို နားလည်ပုံက ပြောင်းသွားပါလိမ့်မယ်။

💎Being single ဆိုတာ Fix လုပ်ရမယ့် Problem မဟုတ်ဘူး။ အဲဒါက Rebuild လုပ်ရမယ့် Next Chapter တစ်ခုပါ။ Strength တည်ဆောက်နေတဲ့အချိန်၊ Clarity ရှာနေတဲ့အချိန်၊ Self-Trust ပြန်တည်ဆောက်နေတဲ့အချိန်ပါ။ အဖတ်ဆယ်လို့မရတော့
တဲ့ Relationship တစ်ခုကို ပြန်အလုပ်ဖြစ်အောင် ကြိုးစားနေရခြင်းကနေ စိတ်မပျံ့လွင့်တော့ဘဲ ဘဝကို Meaningful ဖြစ်အောင် ပြန်တည်ဆောက်နိုင်တဲ့ အချိန်ပါ။ ဒီလိုဘဝတစ်ခုက နောက်လာမယ့်အရာအားလုံးရဲ့ Foundation ဖြစ်လာတတ်ပါတယ်။

Being Single ဆိုတာ အချစ်မရှိခြင်းမဟုတ်သလို မချစ်တတ်ခြင်းလည်းမဟုတ်ဘူး။ အဲဒါက ပိုနက်ရှိုင်းတဲ့ အချစ်တစ်ခုရဲ့ အစပါ။

14/05/2026

ဒေါသ မထိန်းနိုင်ရင်
တန်ဖိုးရှိဆုံး အရာတွေ
ဆုံးရှုံးရတတ်တယ်
ပွင့်လင်းမှု မရှိပြန်ရင်
နားလည်မှုတွေ လွဲတတ်တယ်
ဆုံးဖြတ်ချက် မပြတ်သားရင်
အခွင့်အရေးတွေ လက်လွှတ် ဆုံးရှုံးရတတ်တယ်
မာနချင်း ပြိုင်မိရင်တော့
ကိုယ့်အပေါ် အကောင်းဆုံးသူတွေကို ဆုံးရှုံးရတတ်တယ်
ဘယ်သူမဆို သည်းမခံ နိုင်တော့တဲ့
တစ်နေ့တော့ လွှတ်ချတတ်ကြတာပါပဲ...
​“မလုံလောက်တဲ့ လောကလူသား"

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Min Street
Yangon

Opening Hours

09:00 - 17:00