Royal Heart

Royal Heart

Share

11/04/2026

ထိုင်းမှာအပူရှိန်က 60°C အထိ ရှိနိုင်တယ်? 🥵🔥 ဒီလောက်ပြင်းတဲ့ အပူဒဏ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ?

ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တွေကို အပူလျှပ်တာ (Heatstroke) မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အရေးကြီးအချက်တွေကို အခုပဲ ဖတ်ကြည့်လိုက်ပါဦး။ 💧🛡️

ဒီနေ့ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီးဌာန (DES) ကနေ အထူးသတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ ဧပြီလအစောပိုင်းမှာ အပူရှိန်ညွှန်းကိန်း (Heat Index) ဟာ လူသားတွေအတွက် အန္တရာယ်ရှိတဲ့ 60°C အထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

☀️🥵 အပူရှိန်ညွှန်းကိန်းဆိုတာက ပတ်ဝန်းကျင်အပူချိန်နဲ့ စိုထိုင်းဆကို ပေါင်းစပ်တွက်ချက်ထားတာဖြစ်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်က တကယ်တမ်းခံစားရမယ့် အပူရှိန်ကို ပြသတာပဲဖြစ်ပါတယ်။ စိုထိုင်းဆမြင့်လေ အပူဒဏ်က ပိုပြီး ပြင်းထန်လေပါပဲ။

အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေ၊

အပြင်ထွက်အလုပ်လုပ်ရသူတွေနဲ့ စိတ်ကျန်းမာရေးဆေးဝါး သုံးစွဲနေရသူတွေအတွက် ပိုပြီး အန္တရာယ်များပါတယ်။ ✨

ဒါကြောင့် ကျန်းမာရေးအတွက် အောက်ပါအချက်တွေကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ် - 👇

နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိ အပြင်ထွက်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေလုပ်တာကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ 🕙🚫

ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့ကို အနည်းဆုံး ရေ ၈ ဖန်ခွက် သောက်ပေးပါ။ 💧🥤

အရက်သေစာနဲ့ သကြားဓာတ်များတဲ့ အချိုရည်တွေကို အပူရှိန်ပြင်းချိန်မှာ ရှောင်ကြဉ်ပါ။ ❌🍺

လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ အပြင်ထွက်ရင် ထီး၊ ဦးထုပ်နဲ့ နေကာမျက်မှန်တွေ အမြဲဆောင်ထားပါ။ 🧢⛱️

အကယ်၍ ဆီးချို၊ သွေးတိုး ဒါမှမဟုတ် စိတ်ကျန်းမာရေးအတွက် ဆေးဝါးတွေ သုံးစွဲနေရတယ်ဆိုရင် အဲဒီဆေးဝါးအချို့က ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိမှုကို ထိခိုက်စေနိုင်တာကြောင့် ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ✨

#

10/04/2026

✈️ Travel Reminder for Myanmar Travelers
ခရီးထွက်မယ့် မိတ်ဆွေတို့ရေ… 🌏

ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပဖြစ်ဖြစ် ခရီးသွားရာမှာ
NRC (မှတ်ပုံတင်ကတ်) ကို မမေ့ဘဲ ယူဆောင်သွားဖို့ အရေးကြီးပါတယ်နော်။

🛫 လေဆိပ် Check-in ပြုလုပ်ရာတွင် NRC လိုအပ်ပါသည်။

✔️ ခရီးစဉ် အဆင်ပြေချောမွေ့စေရန်
✔️ မလိုအပ်တဲ့ အခက်အခဲများ မဖြစ်စေရန်

✈️
ခရီးသည်များအတွက် Booking ပြုလုပ်ချိန်တွင် NRC နံပါတ်များကို တစ်ခါတည်း ဖြည့်သွင်းပေးနိုင်ရန် ခရီးသည်များထံမှ NRC နံပါတ်များကို ကြိုတင် တောင်းခံမည်ဖြစ်ပါသည်။

📌 သို့သော် —
Booking တွင် ဖြည့်ထားပြီးဖြစ်သော်လည်း၊ ခရီးသွားသည့်နေ့တွင် NRC မူရင်းကို မဖြစ်မနေ ယူဆောင်သွားရန် လိုအပ်ပါသည်။

ခရီးစဉ္တစ်လျှောက်လုံး အဆင်ပြေပြီး ချောမွေ့စေဖို့ NRC ကို အမြဲယူသွားကြပါစို့ 🙌

Royal Heart Healthcare
Your Trusted Medical Tour Partner ✈️

31/03/2026

Simcard တွေ အသဲအသန်ဝယ်မရလို့ဆိုပြီး စိတ်မပူ‌တော့နဲ့နော်။

✅Handset တခုမှာ ဘယ် sim ဘဲထည့်ထည့်
* #06 # နှိပ်လိုက်ရင်
device identifier bar code တမျိုးဘဲ ထွက်ပါ တယ်

Phone setting ထဲက ABOUT မှာလညိး Device ဘားကုတိIME နံပတိပါပါတယ်

✅Device identity ကိုဘဲ စစိခိုင်းတာပါ

✅Sim 2ခုလူံးအတွက် တော့ IME1 ကော IME2 ကော စစ်ရမယ် နော်

IMEI 1ရော IMEI 2ရော စစ်လို့
✅အမှန်ခြစ် 3ခုလုံး စိမ်းပြီးသားဆို ရပါပြီ။

Simcard/ Esim မဖြစ်မနေထည့်ထားစရာမလိုပါဘူးတဲ့ CEIR Call Center က လည်း ပြောပါတယ်။

✅Esim ကို လည်း mpt card တွက် mpt4u
Orredo ကတိအတွက် U9 app ကနေ ဝန်ဆောင်မှုတောင်းခံနိုင်ပါတယ် mpt ဝန်ဆောင်ခ1500 ပေးရပါတယ်
တချို့ handset တွေတော့ app ထဲက လုပ်မရဘူး

😃နောက်တနည်းက Esim ရှိတဲ့ အသိတယောက်စီက QR ခဏတောင်းပြီး ဖုန်းအဝင် 1ခါ အထွက်1ခါ စကားပြောပေးပြီးရင် ရပြီ။ စစ်ကြည့်လိုက် 3ခုလုံးစိမ်းရင်ရပြီ။
Esim ကို ပြန်ပေးလိုက်တော့ 😁

oversea ခဏ ရောပ်နေရင်တော့
oversea ကနေ အဲ့ website ထဲ တော့ ဝင်မရပါ
မြန်မာပြညိထဲကဘဲ စစ်လို့ရမှာပါ

SIM card မရလို့ စိတ်ပူနေသူများအတွက်share ပေးပါ
don't copy pls .

20/03/2026

အပြန်မှာ Luggage တွေ သတိထားဖို့ 10kg ထက် ပို ဝယ်မရ
MAI Flight Service Update (Effective 19 March 2026)

Myanmar Airways International (MAI) မှ အောက်ပါ Extra Baggage service adjustment များကို ယာယီ ပြောင်းလဲသတ်မှတ်ထားပါသည်။

Baggage Policy
Outbound (မြန်မာမှ ပြည်ပသို့ထွက်ခွာ): Prepaid baggage ဝယ်ယူနိုင်သေးပါသည်။
Inbound (မြန်မာသို့ ဝင်ရောက်): Check-in တွင် အများဆုံး +10kg ထပ်မံဝယ်ယူခွင့်ပြုပါသည်။
Prepaid excess baggage: ယာယီကန့်သတ်ထားပါသည်။

Sky Smile Members
Ruby / Diamond member များ၏ additional baggage benefit များကို ယာယီပြင်ဆင်ထားပါသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00