Happy Family
18/02/2026
AIA Myanmar ဟာ လူမှုအသိုင်းအဝိုင်းများအတွက် ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်စေဖို့အတွက် အစဉ်အမြဲ ကူညီ၊ ပံ့ပိုးပေးသွားမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူ လျှောက်လှမ်းလာခဲ့တာ အခုဆိုရင် ၆ နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး ဒီခရီးစဉ်တစ်လျှောက်မှာ ပါဝင်ကူညီပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
၂၀၁၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စတင်အခြေပြုခဲ့တဲ့ AIA Myanmar ဟာ ယုံကြည်မှု၊ ခိုင်မာတဲ့ လက်တွဲပူးပေါင်းမှုတွေအပြင် အနာဂတ်အတွက် အပြုသဘောဆောင်တဲ့ မျှော်မှန်းချက်တွေအပေါ် အခြေခံထားပြီး လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ မပြောင်းလဲတဲ့ ရည်ရွယ်ချက်နဲ့အတူ မြောက်မြားစွာသော မိသားစုတွေရဲ့ အနာဂတ်ကို ကာကွယ်ပေးရင်း ပိုမိုအားကောင်းတဲ့ ငွေကြေးအတိုင်ပင်ခံအားအင်တစ်ခု ဖြစ်လာစေရေးမှအစ နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနဲ့ လူမှုအသိုင်းအဝိုင်းတွေ လိုအပ်နေတဲ့ ထောက်ပံ့မှုတွေကို စဉ်ဆက်မပြတ် အင်တိုက်အားတိုက် ကူညီပံ့ပိုး၊ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းများအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်ပြောင်းလဲမှုတွေကို ဆတက်ထမ်းပိုး ဖော်ဆောင်ရင်း AIA Myanmar ကနောင်နှစ်ပေါင်းများစွာတိုင် အားလုံးနဲ့အတူတကွ ဆက်လက် လျှောက်လှမ်းနေမှာ ဖြစ်ပါတယ်။
အခုလို AIA Myanmar နဲ့အတူ ခရီးစဉ်တစ်လျှောက်မှာ ပါဝင်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။
As we celebrate 6 years of AIA Myanmar, we reflect on our ongoing journey guided by our commitment to helping communities live Healthier, Longer, Better Lives. As we mark this meaningful milestone, we extend our heartfelt gratitude to everyone who has contributed to and walked alongside us throughout this journey.
Since 2019, AIA Myanmar has built our journey on trust, strong partnerships, and a deep belief in the potential of Myanmar. From protecting families, strengthening our agency force, to investing in technology and supporting communities in times of need, our purpose remains unchanged.
We are committed to continuing this journey, making a meaningful difference, and doing more for the people of Myanmar, today and in the years ahead.
Thank you for being part of our story.
18/02/2026
သင့်အတွက် ကျန်းမာတဲ့ ခန္ဓာကိုယ်ဆိုတာ ဘယ်လိုမျိုးလဲ။
ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်ဖို့ နေ့တိုင်း gym သွားရမယ်၊ အစားအသောက် လျှော့စားရမယ် စသဖြင့် လူမှုပတ်ဝန်းကျင်က သတ်မှတ်ချက်တွေကို ကြားဖူးကြမယ်ထင်ပါတယ်။ ပိန်သွယ်၊ လှပတဲ့ ခန္ဓာကိုယ်အချိုးအစားရရှိဖို့ တွန်းအားပေးခံရတာတွေရှိသလို ကျန်းမာခြင်းအပေါ် ဘောင်ခတ်ထားတဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့လည်း နှိုင်းယှဉ်ခြင်းခံကြရပါတယ်။
တကယ်တော့ ကျန်းမာခြင်းအပေါ် ရှုထောင့်ဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြားနိုင်သလို တစ်သမတ်တည်း သတ်မှတ်ချက်တွေလည်း မရှိပါဘူး။ ပိန်သွယ်တဲ့ခန္ဓာကိုယ်၊ ကြွက်သားတွေနဲ့ တောင့်တင်း၊ ကျစ်လစ်တဲ့ ခန္ဓာကိုယ်အချိုးအစားမရှိသော်လည်း တစ်နေ့တာမှာ အားအင်အပြည့်နဲ့ ကျန်းမာ၊ ကြံ့ခိုင်စွာ ဖြတ်သန်းနိုင်တယ်ဆိုရင်လည်း ကျန်းမာတယ်လို့ သတ်မှတ်နိုင်တယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။
အလုပ်သွားတဲ့အခါ ဒါမှမဟုတ် ဈေးဝယ်ထွက်တဲ့အခါ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ နေ့စဉ်ပြုလုပ်နေတဲ့အရာတွေဖြစ်တဲ့ အိမ်မှုကိစ္စတွေလုပ်ရင်း ပေါ့ပေါ့ပါးပါးကခုန်တာမျိုးပဲဖြစ်ဖြစ်၊ မိသားစုအတွက် အာဟာရရှိတဲ့ဟင်းလျာတွေကို ချက်ပြုတ်တာမျိုးပဲဖြစ်ဖြစ် လွယ်ကူ၊ ရိုးရှင်းတဲ့ နည်းလမ်းများစွာနဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်ရရှိအောင် လုပ်ဆောင်နိုင်ပါတယ်။
ကျန်းမာခြင်းဆိုတာ ပြီးပြည့်စုံတဲ့ နေထိုင်မှုတစ်ခုမဟုတ်ဘဲ အမြဲကျင့်သုံး၊ လုပ်ဆောင်နေရမဲ့ ရေရှည်ခရီးစဉ်တစ်ခုပါ။ AIA Myanmar နဲ့အတူ ကျန်းမာခြင်းရဲ့အဓိပ္ပါယ်ကို ပြန်လည်သုံးသပ်ရင်း နေ့စဉ်ဘဝမှာ ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ အလေ့အထကောင်းတွေကို စတင်မွေးမြူသွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
What does being healthy mean to you?
We are often told that being healthy means going to the gym every day or strictly limiting what we eat. Society pushes us towards a certain idea of an ideal body shape, measuring health against fixed standards and comparisons.
But in real life, health looks different for everyone, and it should never be a stereotype. It’s perfectly fine if you don’t have an “ideal” body shape or a fit and toned physique. As long as you feel strong, energised, and able to enjoy your daily life, you are healthy in your own way.
Walking to the office or the grocery store, dancing while doing household chores, or preparing nutritious meals for your beloved ones are all simple, meaningful ways to care for your body and live a healthy life.
Being healthy isn’t about having a perfect lifestyle. It’s about creating sustainable habits for the long term. At AIA Myanmar, we encourage you to rethink what healthy means and develop personalised practices that fit your lifestyle, your rhythm, and your real life.
18/02/2026
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက သင့်တစ်နေ့တာ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ခံစားနေရပြီလား။
ဒါတွေက ကြိုးစားရုန်းကန်နေသူတွေအတွက် ဘဝမှာ ပုံမှန်ဖြစ်လေ့ရှိတဲ့ စိတ်ခံစားချက်တစ်မျိုးသာဖြစ်ပြီး ဒီလက္ခဏာတွေကို ချိုးနှိမ်ဖို့၊ ကိုယ့်ကိုယ်ကို အပြစ်တင်၊ ဝေဖန်နေဖို့မလိုပါဘူး။
ဘဝဆိုတာ အနိမ့်အမြင့်တွေရှိတာကြောင့် ကောင်းမွန်တဲ့စိတ်ခံစားချက်တွေ အမြဲရှိနေမှာမဟုတ်သလို စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်၊ ရုန်းကန်နေရခြင်းဟာလည်း သင်ဘယ်လောက်ထိ စိတ်ပိုင်းဆိုင်ရာကျန်းမာ၊ ကြံ့ခိုင်သလဲဆိုတာ ပြသနေခြင်း မဟုတ်ပါဘူး။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ၊ ကြံ့ခိုင်ခြင်းဆိုတာ မိမိရဲ့ ခံစားချက်တွေကို နားလည်၊ လက်ခံပြီး ဘဝကို ရှေ့ဆက်နိုင်ခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
အကယ်၍ သင်က ညဉ့်နက်တဲ့အထိ အလုပ်လုပ်နေရတယ်၊ အစားအသောက်ပျက်နေတယ်၊ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေရှိနေတယ်၊ တစ်နေ့တာမှာ ဆက်လက်တောင့်ခံထားဖို့ အားတင်းနေရတယ်၊ တခြားသူတွေနဲ့ နှိုင်းယှဉ်မိနေတယ် စတဲ့ စိတ်ခံစားချက်မျိုးတွေကို မကြာခဏခံစားနေရပြီဆိုရင် ဒီအချက်လေးတွေကို သတိရပေးပါ။
- သင်ဟာ အကောင်းဆုံးကြိုးစား လုပ်ဆောင်နေပါတယ်။
- သင့်ကြိုးစားမှုတွေဟာ လုံလောက်ပါတယ်။
- ခဏလောက် အနားယူပြီး စိတ်ခွန်အားအပြည့်နဲ့ ရင်ဆိုင်ဖြတ်သန်းလိုက်ပါ။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာ၊ ကြံ့ခိုင်ခြင်းဟာ ကျန်းမာခြင်းသုခကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် AIA Myanmar နဲ့အတူ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေဆီသို့ အတူတကွလျှောက်လှမ်းကြပါစို့။
Stress and anxiety are normal signals from your body, especially when you are working hard. Those feelings are not meant to be suppressed, nor are they a judgment of who you are.
Life has its ups and downs, and we won’t feel good all the time. Good mental wellbeing isn’t about how much stress you can handle, but about how you accept yourself and manage your emotions even when things feel tough.
If you have been staying up late to finish work, skipping meals, have work stress, feeling overwhelmed by work stress, lacking the energy to get through the day, or finding yourself comparing your life to others, it may be time to pause and remember this:
- You are doing your best.
- You are enough.
- Give your mind a break. Rest, energise, and find courage for the days ahead.
At AIA Myanmar, we believe mental health is a vital part of overall wellbeing. That’s why we are here to support you in living Healthier, Longer, Better Lives.
18/02/2026
ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့အတူ ကင်ဆာရောဂါကို ကာကွယ်ကြမယ်။
ကင်ဆာရောဂါဖြစ်ခဲ့ရင် ဆေးကုသမှုစရိတ် အမြောက်အမြားကုန်ကျရုံသာမက ကုသမှုခရီးစဉ်ဟာလည်း ခက်ခဲ၊ ပင်ပန်းလွန်းလှပါတယ်။ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးဖြစ်တာကြောင့် မိမိရဲ့ နေ့စဉ်ဘဝနေထိုင်မှုပုံစံကို ပြန်လည်သုံးသပ်ရင်း အပြုသဘောဆောင်တဲ့အတွေးအခေါ်တွေ၊ လုပ်ဆောင်ချက်တွေနဲ့အညီ နေထိုင်မယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် လျှော့ချ၊ ကာကွယ်နိုင်မှာပါ။
ဒါကြောင့် ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ကင်ဆာရောဂါနေ့မှာ ကျန်းမာတဲ့နေထိုင်မှုပုံစံကို ဖော်ဆောင်ပေးနိုင်မဲ့ အလေ့အကျင့်ကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။
- ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ပါ။
- သကြား၊ အချို၊ အဆီနဲ့ အငံလွန်ကဲတဲ့ အစားအစာတွေကို ဆင်ခြင်စားသောက်ပါ။
- ဆေးလိပ်နဲ့ အရက် သောက်သုံးခြင်း ရှောင်ကြဉ်ပါ။
- ကင်ဆာဆိုတာ စောစောသိလေ၊ ပျောက်ကင်းအောင် ကုသနိုင်ဖို့ အခွင့်အရေးပိုရှိလေဖြစ်လို့ ပုံမှန် ဆေးစစ်ချက်တွေပြုလုပ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
AIA Myanmar နဲ့အတူ ကင်ဆာရောဂါကို ကာကွယ်ရင်း ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေရရှိ၊ ပိုင်ဆိုင်နိုင်စေဖို့ အားလုံးအတူ လုပ်ဆောင်ကြပါစို့။
Let’s prevent cancer together through a healthier lifestyle.
Cancer is one of the most challenging health conditions, both physically and financially. However, by making mindful choices in our everyday lives and rethinking what it means to live healthily, we can significantly reduce the risk of cancer.
On this World Cancer Day, we would like to share simple, healthy habits that can help you build a healthier lifestyle:
- Move your body to work up a sweat
- Limit foods that are high in sugar, fat and salt
- Avoid smoking and alcohol
- Regular health check‑ups are recommended because detecting cancer early leads to a higher chance of achieving good treatment results
Together with AIA Myanmar, let’s take steps to prevent cancer and live Healthier, Longer, Better Lives.
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |