Mufti Muhammad Anas

Mufti Muhammad Anas

Share

Photos from M***i Muhammad Anas's post 20/04/2026

မေးခွန်းစာလွှာ၏ အကြောင်းအရာ အနှစ်ချုပ်

၁။ ဆော်ဒီအစိုးရ၏ စည်းမျဉ်းအသစ် (၂၀၂၆ ဟဂျ်)
စာထဲတွင် ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် ဟဂျ်ရာသီ၌ ဆော်ဒီအစိုးရသည် "ဒမေရှုကုရ်" (ဟဂ်ျ၏ကုရ်ဘာနီ) နှင့် ပတ်သက်၍ စည်းမျဉ်းအသစ် ထုတ်ပြန်ထားကြောင်း သိရသည်။
မည်သည့် ပုဂ္ဂလိကအဖွဲ့အစည်း သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်မှ မိမိအစီအစဉ်ဖြင့် ကုရ်ဘာနီ ပြုလုပ်ခွင့်မရှိတော့ပါ။
ဟဂ်ျပြုသူများအနေဖြင့် အစိုးရသတ်မှတ်ထားသော ငွေကြေး (၇၂၀ ရီယာလ်ခန့်) ကို ကြိုတင်ပေးသွင်းရမည်ဖြစ်ပြီး အစိုးရကသာ တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်သည်။
စည်းကမ်းဖောက်ဖျက်ပါက ဥပဒေအရ အရေးယူမည်ဟု ဆိုထားသည်။

၂။ ရှရီအသ်တရားတော်အရ ယခုအခက်အခဲ မှာ ဟန်နဖီ (Hanafi) မဇ်ဟဗ်အရ ဟဂျ်ပြုလုပ်သူသည် (ကေရာန်) သို့ (သမသ်သို့အ်) ပြုလုပ်သူဖြစ်ပါက အလုပ်သုံးခုကိုအစဉ်လိုက် (Sequence) လုပ်ဆောင်ရန်မှာ အရေးကြီးသော တာဝန် (Wajib) ဖြစ်ပါသည်။
အစဉ်လိုက်လုပ်ဆောင်ခြင်းမှာ- ပထမဦးစွာ “ရမီ"ပြုပြီး၊ ဒုတိယမှာ“ကုရ်ဘာနီ" ပြုလုပ်ရမည်ဖြစ်ပြီး၊ ထို့နောက်မှသာ "ခေါင်းတုံးရိတ်ခြင်း သို့မဟုတ် ဆံပင်ညှပ်ခြင်း" (Halq or Qasr) ကို ပြုလုပ်ရမည် ဖြစ်သည်။
အကယ်၍ အစိုးရက တာဝန်ယူဆောင်ရွက်မည်ဆိုပါက ဟဂ်ျပြုသူသည် မိမိ၏ကုရ်ဘာနီကို မည်သည့်အချိန်တွင် အတိအကျ ပြီးစီးသွားမည်ကို မသိရှိနိုင်တော့ပါ။
အကယ်၍ ကုရ်ဘာနီ မပြီးဆုံးမီ ဆံပင်ရိတ်မိပါက ဟန်နဖီမဇ်ဟဗ်အရ ပြစ်ဒဏ် (Dam/Penalty) ထိုက်သင့်နိုင်ပါသည်။

၃။ မေးခွန်းတောင်းဆိုချက်
ထို့ကြောင့် စာရေးသူက အောက်ပါအတိုင်း မေးမြန်းထားပါသည် -
ဤကဲ့သို့ မိမိကိုယ်တိုင် ကုရ်ဘာနီ လုပ်ဆောင်ခွင့်မရှိသော အခြေအနေမျိုးတွင် အစဉ်လိုက် (Sequence) မလိုက်နာနိုင်ပါက အဆင်ပြေနိုင်ပါသလား?
ဟန်နဖီ ပညာရှင်များဖြစ်ကြသော (Sahibain)၏အဆိုကိုယူ၍ ကျင့်သုံးပါက ဤအခြေအနေမျိုးတွင် ကင်းလွတ်ခွင့် ရနိုင်ပါသလား?

အဖြေလွှာ၏ အနှစ်ချုပ် (ဘာသာပြန်)

၁။ အခြေခံ လိုက်နာရန် အချက်
အကယ်၍ မေးခွန်းပါအတိုင်း ဆော်ဒီအစိုးရ၏ စည်းမျဉ်းသစ်များ ရှိနေပါက ဟဂ်ျပြုသူများ အနေဖြင့် တတ်နိုင်သမျှ ဂရုစိုက်သင့်သည်။
အကယ်၍ အစိုးရ သို့မဟုတ် တာဝန်ရှိအဖွဲ့အစည်းက ကုရ်ဘာနီပြုလုပ်မည့် အချိန်အတိအကျကို အကြောင်းကြားပေးပါက၊ ထိုအချိန် မတိုင်မီ ဆံပင်မရိတ်ပါနှင့်။
ကုရ်ဘာနီ ပြီးစီးလောက်ပြီဟု ခိုင်မာသော ယုံကြည်ချက် (သို့မဟုတ်) ထင်မြင်ချက် ရှိသည့်အချိန်အထိ ဆံပင်ရိတ်ခြင်းကိုရွှေ့ဆိုင်းထားသင့်သည်။

၂။ အခက်အခဲရှိလာပါက ကင်းလွတ်ခွင့်
အကယ်၍ အစွမ်းကုန် ကြိုးစားသော်လည်း အစီအစဉ်အတိုင်း (ကုရ်ဘာနီ အရင်လုပ်ပြီးမှ ဆံပင်ရိတ်ခြင်း) ကို မလုပ်ဆောင်နိုင်ပါက၊ ဆိုးရွားသော အခက်အခဲမှ ကာကွယ်ရန်အတွက် အောက်ပါအတိုင်း ခွင့်ပြုချက် ရှိပါသည် -
အခြားပညာရှင်များ၏ အဆိုအရ (Sahibain - Imam Abu Yusuf နှင့် Imam Muhammad): ဤပညာရှင်နှစ်ဦး၏ အဆိုအရ အစဥ်အလိုက် (Sequence) မဖြစ်ခဲ့ပါကလည်း ပိုင်ကြောင်း ဖော်ပြထားသည်။

အခြား မဇ်ဟဗ် (Mazhab) များ၏အဆို-
Imam Shafi'i စသည့် အခြားပညာရှင်ကြီးများ၏ အဆိုအရလည်း ဤသို့ အစီအစဉ်လွဲချော်ခြင်းကြောင့် အပြစ်မထိုက်ကြောင်း ဆိုထားသည်။
ထို့ကြောင့် အလွန်အမင်း အခက်အခဲဖြစ်လာပါက ဤအဆိုများအပေါ် အခြေခံ၍ ကုရ်ဘာနီ မတိုင်မီ ဆံပင်ရိတ်မိသွားသော်လည်း အပြစ်မထိုက် (သို့မဟုတ်) ပြစ်ဒဏ် (Dam) ပေးဆောင်ရန် မလိုဟု ဆုံးဖြတ်ပေးထားပါသည်။

🖋️မုဖ်သီ မုဟမ္မဒ် အနတ်စ် (မဟ်မူဒီ၊ အခ်သရီ) တာမွေ

16/01/2026

ရဂျဗ်လ ၂၇ ရက်ည (ရှဗေမေ့အ်ရာ့ဂျ်) နဲ့ ပတ်သက်တဲ့ ရှင်းလင်းချက်-

ရဂျဗ်လ ၂၇ ရက်ညဟာ မေ့အ်ရာ့ဂျ် (ကောင်းကင်ဘုံသို့ ခရီးစဉ်) ကြွမြန်းတော်မူခဲ့တဲ့ညလို့ လူသိများပေမဲ့၊ ဒါဟာ အတိအကျပဲလို့တော့ အသေအချာ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆင့်ပြန်ချက်တွေ အမျိုးမျိုး ကွဲပြားနေလို့ပါ။ တချို့က ရဗီအွလ်အောင်ဝလ်လ၊ တချို့က ရဂျဗ်လ၊ တချို့က ရမဿွာန်လ စသဖြင့် အသီးသီး ဖော်ပြကြပါတယ်။ တကယ်လို့ ဒီညဟာ ထူးထူးခြားခြား အရေးကြီးပြီး သီးသန့်အိဗါဒသ် (ဝတ်ပြုမှု) တွေ လုပ်ရမယ့်ည ဖြစ်မယ်ဆိုရင် ဒီရက်စွဲကို အတိအကျ မှတ်တမ်းတင် ထိန်းသိမ်းထားကြမှာပါ။ အခုလို ရက်စွဲ မရေမရာ ဖြစ်နေတာကပဲ ဒီညမှာ သီးသန့် လုပ်ဆောင်ရမယ့် ဝတ်ပြုမှု မရှိဘူးဆိုတာကို ပြသနေပါတယ်။

မေ့အ်ရာ့ဂျ် ခရီးစဉ်ဟာ ဟစ်ဂျရတ် မတိုင်ခင်က ဖြစ်ပွားခဲ့တာပါ။ အဲဒီနောက်ပိုင်း တမန်တော်မြတ် (‎ﷺ) သက်တော်ထင်ရှား ၁၂ နှစ်ခန့် ရှိနေသေးပေမယ့် ဒီညကို သီးသန့်ကျင်းပဖို့ ဒါမှမဟုတ် ရှဗေကဒရ်ညလိုမျိုး နိုးကြားပြီးဝတ်ပြုဖို့ ဘယ်တုန်းကမှ မိန့်ကြားခဲ့တာ မရှိပါဘူး။ တမန်တော်မြတ်ကြီး (‎ﷺ)ကိုယ်တိုင်လည်း မလုပ်ခဲ့သလို၊ ဆွဟာဗာကြီးတွေကိုလည်း တိုက်တွန်းခဲ့တာ မရှိပါဘူး။ ကိုယ်တော်မြတ် (‎ﷺ)ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၁၀၀ အတွင်းမှာလည်း ဆွဟာဗာကြီးတွေက ဒီညကို အထူးတလည် ကျင်းပခဲ့တာမျိုး မရှိခဲ့ပါဘူး။

တမန်တော်မြတ် (‎ﷺ)နဲ့ ဆွဟာဗာကြီးတွေ မလုပ်ခဲ့တဲ့ ကိစ္စတစ်ခုကို ဘာသာရေးရဲ့ အစိတ်အပိုင်းတစ်ခုလိုမျိုး၊ ဒါမှမဟုတ် စွန္နတ်တော် တစ်ခုလိုမျိုး သတ်မှတ်ပြီး လုပ်ဆောင်တာဟာ "ဗိဒ်အသ်" (သာသနာ့ဘောင်ထဲ အသစ်တီထွင်ခြင်း) ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေကနေ ရှောင်ကြဉ်ရပါမယ်။

ရဂျဗ်လဟာ မြင့်မြတ်တဲ့လ လေးလထဲက တစ်လဖြစ်လို့ အိဗါဒသ်လုပ်ရင် ကုသိုလ်ပိုရတာ မှန်ပါတယ်။ ဒါပေမဲ့၂၇ ရက်နေ့ကိုမှ သီးသန့်သတ်မှတ်ပြီး ဥပုသ်စောင့်တာမျိုး ဒါမှမဟုတ် ညဘက်မှာ "ဆွလာသုလ် ရဂါအိဗ်" လိုမျိုး သီးသန့်ဝတ်ပြုတာတွေဟာ ခိုင်လုံတဲ့ ဟဒီးစ်တော်တွေနဲ့ သက်သေအထောက်အထားမရှိပါဘူး။ "ဒီနေ့မှာ ရိုဇာတစ်ရက်စောင့်ရင် အခြားရက်ပေါင်း ၁၀၀၀ စောင့်တာနဲ့တူတယ်" ဆိုတဲ့ ပြောဆိုချက်တွေဟာလည်း မှန်ကန်မှု မရှိပါဘူး။

ဒီလို မှားယွင်းတဲ့ယူဆချက်တွေကို အစ္စလာမ့်ပညာရှင်ကြီးတွေက အမြဲတမ်း တားမြစ်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ပညာရှင်ကြီး ဟာဖိဇ် အိဗ်နေ့ ဟဂျရ် အပ်စ်ကလာနီ (ရဟ်) ဆိုရင်
” تبيين العجب بما ورد في فضل رجب“
“ရဂျဗ်လ၏ ထူးကဲမှုများနှင့် ပတ်သက်၍ တင်ပြထားသောအံ့ဖွယ်ရာများကို ရှင်းလင်းခြင်း။” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်တစ်အုပ်တောင် သီးသန့် ရေးသားခဲ့ပြီး၊ အဲ့ဒီလနဲ့ ပတ်သက်ပြီး လူတွေကြားထဲ ပျံ့နှံ့နေတဲ့ အထောက်အထား မခိုင်လုံတဲ့ ဆင့်ပြန်ချက်တွေ၊စကားတွေကို ပညာရပ်ပိုင်းဆိုင်ရာအရ ရှင်းလင်း တင်ပြခဲ့ပါတယ်။

အလ္လာဟ်အရှင်မြတ်ကျွန်တော်တို့ အားလုံးကိုမှန်ကန်တိကျသောလမ်းစဉ်ပေါ်တွင် သေတဖန်သက်တဆုံး လျှောက်လှမ်းနိုင်စွမ်း ချီးမြှင့်ပေးသနာတော်မူပါစေ။

🖋️ မုဖ်သီ မုဟမ္မဒ် အနတ်စ် (မဟ်မူဒီ အခ်သရီ) တာမွေ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon