Fanny Channel
31/03/2025
ယနေ့ 31.3.2025ရက်နေ့ နံနက်4:30 ခန့်အချိန်တွင်နိုင်ငံကျော်အဆိုတော် တေးသံရှင် ဂျေညီညီ ကွယ်လွန်ကြောင်း သိရပါသည်..
08/12/2024
ခြေလှမ်းမပျက် ဆက်သွားဖို့
ဘယ်လောက်ခက်တယ်ဆိုတာ နားလည်ပါတယ်
အများကြီး ပြိုခဲ့ဖူးသူချင်းမဟုတ်လား
မင်းကိုလည်း ယုံတယ်
မေတ္တာတရားကိုလည်း ယုံတယ်
ဒါကြောင့်လည်း မဆုံအောင် နေလိုက်တော့တာ။ ။
02/12/2024
လူတွေဟာ ရယ်စရာကောင်းကြောင်း "
😄😄😄😄😄😄😄😄😄😄😄
တစ်နေ့ -
မျောက်နှစ်ကောင် စကားပြောကြတယ်
ပထမမျောက်က ပြောတယ်
" လူ့ဘဝက သိပ်ပျော်ဖို့ကောင်းတာဘဲကွာ "
ဒုတိယမျောက်ကပြောတယ်
" လူ့ဘဝက ပျော်ဖို့မကောင်းဘူးကွ လူတွေကရယ်စရာကောင်းနေတာ "
ပထမမျောက်က ပြန်ပြောတယ်
"ဘာလို့လည်းကွ " ???
ထိုအခါ ... ဒုတိယမျောက်က -
ထိုသို့ဖြေကြားပါလေတော့တယ်
" လူတွေဟာ ပြုံးနေတိုင်း ပျော်နေတာ မဟုတ်သလို ...
ငိုနေတိုင်းလည်း ဝမ်းနည်းနေတာမဟုတ်ဘူးကွ "
" မင်းပုခုံးကိုဖတ်ထားတဲ့ လူတိုင်းလည်း
မင်းလူမဟုတ်ဘူးကွ "
" မင်းကိုလက်တစ်ဖက်နဲ့ နှုတ်ဆက်နေတဲ့အချိန်မှာ
ကျန်တစ်ဖက်က ဓားတစ်လက်နဲ့
မင်းနောက်ကျောကိုချိန်ထားပြီးသား "
" မင်း အကြိမ်တစ်ရာကောင်းပေမဲ့
တစ်ကြိမ်မကောင်းလိုက်တာနဲ့
မင်းဟာ လူဆိုးစာရင်း Auto ဝင်သွားရော "
" တစ်ခါတစ်လေ ချို့တဲ့သူကို သနားသလိုနဲ့
သူတို့အတွက် အခွင့်အလမ်းရဖို့ကိုလည်း မြင်တတ်တယ်ကွ "
" တစ်နေ့လုံးနေလို့ အိမ်ကဘုရားဘက်လှည့်ပြီး
လမ်းမလျှောက်တဲ့သူတွေက လပြည့်နေ့ကျတော့
ဘုရားဖူးသွားလိုက်ကြတာ ... "
" အရမ်းချစ်ပါတယ် ခွဲမသွားပါဘူး ဆိုတဲ့အတွဲတွေ
ပြတ်လည်းပြတ်ရော နောက်ချစ်သူရှေ့မှာ
တစ်ယောက်ကိုတစ်ယောက် အပြစ်ပြောလိုက်တာကွာ ... "
" အိမ်ကမိဘကိုသာ ရှာကျွေးဖို့မေ့နေတာ
ချစ်သူရှေ့ကျ ချစ်ဘာလိုချင်လည်း ပြောတဲ့ကောင်တွေက တစ်ပုံကြီးကွာ "
" အိမ်မှာ ဆန်တစ်ပြည်လောက်စားတဲ့ မိန်းမတွေကလည်း
သူတိုဘဲတွေရှေ့ကျ မုန့်ဟင်းခါး တစ်ပွဲမကုန်တဲ့
ဇွတ် အစားနည်းမိန်းမတွေလည်းရှိသေးတယ် "
" တရားစခန်းဝင်ပြီး အိမ်စိတ်မချရတာနဲ့
ဘယ်လောက်ချမ်းသာကြောင်း
သားနဲ့သမီး ဘယ်လောက်တော်ကြောင်းပြောတဲ့
ဇွတ်တရားပေါက်နေတဲ့ သူတွေလည်းအများကြီး "
" အရာရာသိနေတဲ့ ဇွတ် ပညာရှိကြီးတွေလည်း တစ်ပုံကြီး "
" အမှန်တရားတွေပြောဖို့လား ...
ယောင်လို့တောင်မစဥ်းစားနဲ့
Auto ရွာပြင်ပို့လိုက်တာ " 😄😄😄
" မောတယ်ကွာ ...
ဒီနေ့တော့ ဒီလေါက်ဘဲနောက်နေ့မှ ဆက်ပြောပြမယ် "
" ဒါပေမဲ့ ... အဲ့လူတွေမသိတာ
သူတို့ဟာဘာကောင်ဖြစ်ဖြစ်
နောက်ဆုံးတော့ သူတို့ဟာ သေလူပါဘဲ
မွေးဖွားခြင်းက သေဆုံးခြင်းရဲ့အစပါ "
" ပေါ့သေးသေးတော့မထင်နဲ့
" မျောက်ချေးနဲ့ မသေးဆေး " ဖော်လို့ရတယ်ဆိုပြီး
ကြားကြည့်ပါလား ...
ငါတို့မျောက်တွေ ချေးပါချိန်တောင်ရမှာမဟုတ်ဘူး
ဗိုက်ခွဲပြီး ချေးယူသွားလို့ မျောက်မျိုးပါတုံးသွားမယ် "
ထိုစကားကြောင့် ...
ပထမ မျောက်က ထပ်မေးတယ်
" ဘာကြောင့် လူ့ဘဝကအဲ့လောက်တောင်ရှုပ်ထွေးရတာလည်းကွာ "
ထိုအခါ ... ဒုတိယမျောက်က ထပ်ပြောတယ်
" လူဘဝ ကရှင်းပါတယ်
မွေးဖွားပြီးရင် သေရမယ် ရှင်းရှင်းလေး
လူတွေကသာ ရှုပ်နေတာ
ဘာကြောင့်ရှုပ်တာလည်းမမေးနဲ့တော့ ...
သူတို့က " လူ " တွေဖြစ်နေလို့ကိုရှုပ်နေတာ "
စကားအဆုံး၌
မျောက်သုံးကောင်
အတွေးကိုယ်စီဖြင့် ပြုံးလိုက်လေတော့သည် 😄😄😄
နေ့သစ်
Credit
Click here to claim your Sponsored Listing.
Address
HI