Setember
`ရှင်သန်လိုစိတ် မရှိတော့တဲ့အခါတိုင်း ပြုံးပါ
မပြုံးလိုက်ရပဲ
ကုန်ဆုံးသွားတဲ့နေ့ရက်တွေတိုင်းမှာ
ဘဝက ကတယ် မပျော်စရာကြီး
တစ်ချို့ လောကဓံတွေက
ဟာသ လုပ်ပစ်လိုက်မှ သက်သာတယ်
တစ်ချို့သော ဒဏ်ရာတွေကျ
ပြုံးထားနိုင်မှ အဆင်ပြေတယ်
စိတ်ညစ်စရာတွေအရမ်းများလွန်းတဲ့အခါ
ဘယ်လောက်ပဲ ပြုံးထား ပြုံးထား
တကယ်ပျော်လာမှာတော့ မဟုတ်ပါဘူး
ဒါပေမယ့် ပြုံးထားပါ
ဘာဖြစ်လို့လဲဆိုတော့
အရာရာကို အပြုံးနဲ့ ရင်ဆိုင်တတ်ခြင်းဟာ
စိတ်ညစ်နေတာထက်စာရင်တော့
ခွန်အားတွေ တိုးစေသလို
ကိုယ့်ကိုယ်ကိုယ်လည်း
ယုံကြည်မှုတွေ ပိုရှိလာစေတယ်လေ
ရှုံသွားတာခြင်း တူရင်တောင်
ပြုံးထားတဲ့သူက သာတယ်
စိတ်ဓာတ်ကျတာခြင်း တူရင်တောင်
ပြုံးထားသူက ပြန်ထလာဖို့ လမ်းစတွေ့နိုင်တယ်
ဒုက္ခရောက်တာခြင်း တူရင်တောင်
ပြုံးထားတဲ့သူက စိတ်သက်သာရာရတယ်
အသည်းကွဲတာခြင်း တူရင်တောင်
ပြုံးထားနိုင်တဲ့သူက ခံနိုင်ရည် ပိုရှိတယ်
ပြုံးထားရုံနဲ့
တစ်ချို့ပြဿနာတွေ
ပြေလည်မသွားဘူးဆိုတာ သိပါတယ်
ပြုံးထားရုံနဲ့
စိတ်ညစ်စရာတွေ
တကယ်ပျောက်မသွားဘူးဆိုတာ သိပါတယ်
ဒါပေမယ့် ပြုံးထားပါ
ဘာမှ ထွက်ပေါက်ရှာမရရင်တောင်
အနည်းဆုံးတော့
ကိုယ်အဆင်မပြေတာတွေ လူမသိတော့ဘူးပေါ့
ကိုယ့်ထိခိုက် နာကျင်ခြင်းတွေအတွက်
လှောင်ရယ်မခံရတော့ဘူးပေါ့
အဆင်မပြေလဲ ပြုံးပါ
ရှင်သန်လိုစိတ် မရှိတော့တဲ့အခါတိုင်း ပြုံးပါ
အဆိုးလောကဓံတွေနဲ့ပဲကြုံကြုံ
အကောင်းလောကဓံတွေနဲ့ပဲကြုံကြုံ
ပျော်ရွှင်သည်ဖြစ်စေ
ဝမ်းနည်းသည်ဖြစ်စေ
အရာရာကို အပြုံးနဲ့ရင်ဆိုင်တတ်ခြင်းကလဲ
ဘဝနေနည်းတစ်မျိုးပါပဲ … … … … … ။
အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
ဘာတွေ မျှော်လင့်နေတာလဲ😂
သူတောင် မင်းကို သတိမရတာ🥴
မင်းကိုနွေးထွေးပေးတဲ့သူနဲ့ ပျော်ပါကွ😊
သူသာမင်းကိုချစ်ရင် မင်းသူ့ဆီ သွားစရာမလိုဘူး☺️
မင်းအနားကိုသူရောက်လာလိမ့်မယ်😌
သူရောက်လာမယ့်အချိန်ကျ မင်းလက်ခံပေးနိုင်ဖို့ပဲ☺️
အခုတော့ မင်း ဘာမှ မျော်လင့်မနေနဲ့😁
မင်းအလုပ်သာကြိုးစားလိုက်စမ်းပါ☺️
#
24.7.22
ဒီနေ့ အမှတ်မထင်
သူ့ကိုတွေ့လိုက်တယ်
သူအလုပ်တွေရူပ်နေတာကိုကြည့်ပြီး
ကျွန်တော် ပြုံးမိလိုက်တယ် ...?
ကျွန်တော်မရှိလည်း သူအဆင်ပြေနေတယ်ပေါ့
ဝမ်းသာပါတယ် သူအဆင်ပြေရင်
ကျွန်တော်ကတော့ သူ့စကားအတိုင်း
တိတ်ဆိတ်ပြီးနေပေးခဲ့လိုက်တယ်လေ
ခပ်ဝေးဝေးမှာနေရင် ကျွန်တော်
အခုဆို အဆင်ပြေလာပြီ နောက်ဆို
သူဆိုတာ ကျွန်တော့်အတွက် ဘဝကြီးမဟုတ်ကြောင်း
ကျွန်တော့် အတိတ်မှာ သူနဲ့ဆိုတဲ့ ခပ်ကြောင်ကြောင်
အတွေးတချို့ကို နောက်ဆို ဟာသတစ်ခုအဖြစ်
ရီမောပြီး ပြောနိုင်လိမ့်မယ်လို့ ထင်ပါတယ်
ကျွန်တော် အခုလို တိတ်ဆိတ်ပေးလိုက်တာ
သူ့ကို ဘယ်သူနဲ့မှ မတူတဲ့ အချစ်နဲ့ ချစ်ပေးခဲ့မိလို့ပါ
သူ ပျော်ရွင်ပါစေ ကျွန်တော် အဝေးရောက်နေလဲ
ကျေနပ်ပါတယ်ပေါ့☺️
#အဖီးလ်တွေ စပါပြီ😜
24.7.22
Click here to claim your Sponsored Listing.
Category
Website
Address
YANGON