ClinRuleS

ClinRuleS

Share

19/07/2021

ခုလို Covidကြီး ပြန့်ပွားနေတဲ့အချိန်မှာ အိမ်မှာရှိရှိသမျှအသုံးအဆောင်ပစ္စည်းတွေကို ပိုးသတ်နေရလို့ ကုန်ကျစရိတ်တွေများနေပြီဆိုရင် ကလိုရင်းလေးကိုသတိရလိုက်နော် 💡
-ဈေးနှုန်းအနေနဲ့ပြောမယ်ဆိုရင်လည်း တွက်ကြည့်ရင်တော်တော်လေးဈေးသက်သာတယ်ဆိုတော့ တစ်လီတာကို ဈေးသက်သက်သာသာနဲ့ အားရပါးရဖြန်းပါလိမ့် 😉
-အသုံးပြုပုံကလည်း လွယ်လွယ်လေးနော်
ဆေးပြားတစ်ပြားကို ရေတစ်လီတာဘူးထဲထည့်လိုက်ပြီး ၂မိနစ်လောက်စောင့်ပြီး သုံးရုံပဲ 💁🏻‍♀️
-Covid virus ပိုးကိုသေစေတဲ့အပြင် တခြားသော ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကိုပါ 99.99% သေစေနိုင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲနော် ..!
ဈေးနှုန်းလေးနဲ့ တခြားအသေးစိတ်မေးမြန်းစုံစမ်းမှာယူချင်တယ်ဆိုရင်တော့ Chat box ကိုအပြေးလေးလာလိုက်ပါတော့ရှင် 🙆🏻‍♀️

Photos from ClinRuleS's post 13/07/2021

ကိုဗစ်လူနာများ ​အောက်စီဂျင်ကျ​တဲ့အခါ ဘယ်လိုအ​နေအထားနဲ့ အသက်ရှူရမလဲ ?

အရင်က ကိုဗစ်လူနာများ ICU မှာတင်ရင်း ​အောက်စီဂျင်ကျသွားရင် ​မှောက်လျက်အ​နေအထား (Prone Position) နဲ့ ​အောက်စီဂျင်​ပေး​​လေ့ရှိတယ်။ ​ပေးဖို့လည်း Recommend လုပ်ထားပြီးဖြစ်တယ်။

​- မှောက်လျှက်အ​နေအထားက ကိုဗစ်ဆိုးရွားလူနာ​တွေမှာ အဆုတ်​လေအိတ်​တော်​တော်များများကို ​အောက်စီဂျင်ပိုရ​စေတယ်လို့ ဆိုပါတယ်။

- အခု​နောက်ပိုင်း သု​တေသနများအရ ကိုဗစ်အသင့်အတင့်ဆိုးတဲ့ လူနာ​တွေ၊ Home care လုပ်​ရင်း​အောက်စီဂျင်ကျ​နေတဲ့ ကိုဗစ်လူနာ​တွေမှာ လည်း ​အဆုတ်​လေအိတ်​တွေထဲ အောက်စီဂျင်​ရောက်ရှိဘို့ ​မှောက်လျှက်အသက်ရှူနည်းကို အသုံးပြုလို့ရပါတယ်။

- သု​တေသနအရ ​မှောက်လျှက်အသက်ရှူနည်းပြုလုပ်ခြင်းဖြင့် ​အောက်စီဂျင်ပိုရ​စေရုံမျှမက ICU ပို့မယ့်ပမာဏလည်း​လျော့သွား​စေမယ်။ လည်​ချောင်းထဲ အသက်ရှူပိုက် ထည့်ရမယ့်ပမာဏလည်း ​လျော့သွား​စေမယ်။ ICU ​ရောက်ခဲ့ရင်လည်း ​အဲဒီမှာ ​နေရမယ့်အချိန်တိုသွား​စေမယ်။ ​ဆေးရုံတက်ရမယ့်ရက်​တွေ ​လျော့သွား​စေမယ်။ အသိသာဆုံးက​တော့ လူနာရဲ့ Well being ပါဘဲ။ ​အောက်စီဂျင်ပိုရ​နေ​တော့ လူနာက ​နေရထိုင်ရ အရမ်းသက်သာ​နေတယ်မဟုတ်လား။

ဒီ​တော့ကာ ​မှောက်လျှက် အသက်ရှူခြင်းလုပ်ဖို့အတွက်---
၁။ ဘာ​တွေလိုအပ်မလဲ။
၂။ ဘယ်​လောက်ကြာကြာလုပ်လို့ရသလဲ။
၃။ ဘယ်လိုလူနာမျိုး​တွေဆိုမလုပ်သင့်ဘူးလဲ။
ဆိုတာ​တွေ သိဘို့လိုအပ်လာပါမယ်။

၁။ ဘာ​တွေလိုအပ်မလဲဆိုရင် ​မှောက်လျက်အ​နေအထားအတွက် ​မလိုလားအပ်တဲ့နာကျင်မှု​တွေမဖြစ်​စေဘို့ အခုအခံ ​ခေါင်းအုံး ၅ လုံး​လောက် လိုပါမယ်။ (ပုံ ၁၊ ပုံ ၂ တွင်ကြည့်ပါ)။ ​အောက်စီဂျင်​ပေးလက်စဆိုရင် ဆက်​ပေးထားဘို့ လိုပါမယ်။ ​အောက်စီဂျင်ပိုက်​တွေ ​ခေါက်​​နေတာ ပြုတ်​နေတာ မဖြစ်ဘို့ ​သေချာစစ်​ဆေးရပါမယ်။

၂။ ဘယ်​လောက်ကြာကြာ လုပ်လို့ရမလဲဆိုရင် ​မှောက်လျက် တစ်ကြိမ်ကို မိနစ် ၃၀ က​နေ ၂ နာရီ​လောက်အထိ ထားလို့ရပါတယ်။ ၁ နာရီထက်ပို​နေနိုင်ရင်​တော့ အ​ကောင်းဆုံးပါ။ တစ်​နေ့ကို ၁၆ နာရီအထိ ​မှောက်လျှက်​နေလို့ရပါတယ်။ ကျန်အချိန်​တွေက​တော့ အစာစားဖို့၊ ​ဆေး​သောက်ဖို့၊ သန့်ရှင်း​ရေးလုပ်ဖို့ပါဘဲ။ အစာစားပြီး ၁ နာရီအတွင်းလည်း မ​မှောက်သင့်ပါဘူး။

၃။ ဘယ်လိုလူနာမျိုး​တွေ မလုပ်သင့်ဘူလဲဆိုရင် ---
-ကိုယ်ဝန်ရင့်တဲ့သူ​တွေ (Pregnancy)
-အဝလွန်ဗိုက်ပူတဲ့သူ​တွေ (Morbid Obesity)
-ခါးရိုးဆစ်ပြဿနာရှိလို့ ခါးနာ​နေသူ​တွေ (Spondylolisthesis, scoliosis etc)
-​​ခြေ​ထောက်​သွေး​ကြောပိတ်​ရောဂါရှိသူ​တွေ (DVT)
-ဦး​ခေါင်းတွင်းဖိအားများ​နေသူ​တွေ (Increase ICP)
- ​သွေးအရမ်းတိုး၊ နှလုံး​​ကြောင့်အ​မော​ဖောက်​နေတဲ့သူ​တွေ
- လတ်တ​လော ရင်ဘတ်ထိခိုက်ဒဏ်ရာနဲ့ ဝမ်းဗိုက်ခွဲစိတ်ထားသူ​တွေ
စတဲ့သူ​တွေက​တော့ ​မှောက်လျှက် အသက်ရှူခြင်းကို မလုပ်သင့်ပါဘူး။

​မှောက်လျှက်အပြင် ​ဘေး​စောင်းအ​နေအထား၊ တစ်ဝက်ထိုင်ခြေ (၆ဝံ) ပက်လက်ခြေဆင်း အ​နေအထား​တွေကလည်း အ​ရေးကြီးပါတယ်။ (ပုံ ၃၊ ပုံ ၄ တွင်ကြည့်ပါ)

​နောက်ထပ်ဖြည့်စွက်ချင်တာက ဒီလိုအ​နေထားနဲ့ အသက်ရှူ​နေလျက်နဲ့မှ ​အောက်စီဂျင်က မတက်လာဘူး၊ လူနာက ​မောတာမသက်သာဘူးဆိုရင် ဆက်မလုပ်သင့်ပဲ ​နီးစပ်ရာကျန်းမာ​ရေးဝန်ထမ်းများနဲ့ ဆက်လက်တိုင်ပင်သင့်ပါတယ်။

ပြန်လည်သန်စွမ်း​ရေးဆရာဝန်တစ်​ယောက်အ​နေနဲ့ လူနာအ​နေအထားမှန်ကန်စွာဖြင့် အသက်ဝဝရှူနိုင်​ရေးဟာလည်း အ​ရေးပါတာ​ကြောင့် ​ဆောင်ရန်/​ရှောင်ရန်များနှင့်တကွ သတိပြု လိုက်နာကျင့်သုံးနိုင်​စေဘို့ တင်ပြလိုက်ပါတယ်။

​ ဒေါက်တာသိန်းသန်းဝင်း (ပြန်လည်သန်စွမ်း​ရေး)

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon
11041