Witt Hmone

Witt Hmone

Share

26/04/2026

အစ်မရဲ့ ယောကျာ်းက သင်္ဘောသားလေ ညီမလေး
ဒေါ်လာနဲ့လစာရတယ် အစ်မက အလုပ်လုပ်စရာ မလိုဘူးလေတဲ့ .....ဪလို့ပဲ ပြောမိတော့တယ်
တကယ်ပဲ ယောကျာ်းက သင်္ဘောသား ဒေါ်လာစားဆို မိန်းမကအလုပ်လုပ်စရာ မလိုတော့ဘူးတဲ့လား ?
သားသမီးပျိုးထောင်နေရတဲ့ မိန်းမတွေကတော့ ချွင်းချက်ပေါ့လေ
သူပြောတဲ့ ပုံစံက ပေါ့ပေါ့ပါးပါးနဲ့ အနာဂတ်အတွက်လည်း တွေးပူတဲ့ ပုံလဲ မပေါ်သလို ဝတ်စားထားတာလဲ တကယ်ကို လှလှပပလေးပါပဲ
အဲ့တော့ မရိုမသေပြောရရင် အစ်မရဲ့ ယောကျာ်းက အကြောင်းကြောင်းကြောင့် သင်္ဘောမလိုက်နိုင်တော့တဲ့ တစ်နေ့ အစ်မ ဘာလုပ်မလဲမေးတော့ ဒီလိုပဲ တခုခု လုပ်ရမှာပဲတဲ့ ၊ ကြားရတာ ရင်လေးမိ
တကယ်ဆို အနာဂတ်အတွက် Plan ရှိကို ရှိသင့်တာ
ကျွန်မ အမြဲပြောနေကျစကားရှိတယ် ယောကျာ်းရေ ရှင် သင်္ဘောပေါ်မှာ နာမကျန်းဖြစ်နိုင်တာလဲရှိသလို အခြေအနေ တခုခုကြောင့် ဒီအလုပ်ကို စွန့်လွှတ်လိုက်ရမယ်ဆို ငါ ဘာလုပ်ပေးရမလဲလို့ စဉ်းစားထားတာ ရှိသလား ၊ မရှိရင် ကျွန်မ အကြံပေးနိုင်တယ်
လက်ရှိကျွန်မလုပ်နေတဲ့ အလုပ်အပေါ်လဲ Investment လုပ်ချင်ရင် လုပ်နိုင်သလို ၊ ရှင်စိတ်ကူးထားတဲ့ အလုပ်ရှိမယ်ဆို ကျွန်မ ကြိုပြီး သင်ယူထားပါရစေလို့
သူနားချင်တဲ့ အခါ နားနိုင်အောင်လို့ အလုပ်အကိုင် တခုတော့ အခြေကျအောင် လုပ်ထားပေးရမှာ ကျွန်မတို့ မဟေသီတွေရဲ့ တာဝန်မလား ?
ဒီဘက်ခေတ် အိမ်ထောင်တခုမှာ အိမ်ထောင်ဦးစီး တစ်ယောက်တည်းရဲ့ ဝင်ငွေ အပေါ်မှာပဲ မှီခိုနေတာဟာ အရမ်းကို အန္တာရယ်များလွန်းပါတယ်။
သူတို့တချိန်ချိန် အနားယူချင်တဲ့အခါ အေးအေးဆေးဆေးနဲ့ ဝင်ငွေတစ်ခုရနိုင်ဖို့ အခုထဲက စီစဉ်ထားသင့်တယ်လို့ အကြံပေးပါရစေ၊ ဆရာမကြီးလားဆိုရင်တော့ မဟုတ်ပါဘူး ဒီတိုင်းမြင်နေတွေ့နေရတာလေးကို အမြင်မတော်လို့ ပြောမိခြင်းပါ၊
အဲ့အစ်မကိုတော့ ကျွန်မအမျိုးသားသည်လည်း သင်္ဘောသားဆိုတာ မပြောပြဖြစ်လိုက်ပါဘူး။
photo - crd (From Pinterest)

19/11/2025

သင်္ဘောသားတစ်ယောက်ရဲ့ဇနီးမန့်ထားတာလေး တွေ့တော့ စိတ်မကောင်းဖြစ်မိတာလေးပါ ..
သူရှာသူသုံးတယ် သူ့မိသားစုကိုပဲ ကြည့်တယ်တဲ့
တစ်ယောက်ကကျတော့ သူ့ယောကျာ်းရဲ့ အိမ်ကစီမံခန့်ခွဲပြီး မုန့်ဖိုးသဘောလောက်ပဲပေးတယ်တဲ့
နောက်ပြီး အမျိူးသမီးအတော်များတဲ့ Gp တခုမှာ
တွေ့မိတာလေးက သူလဲ ပညာတတ်အမျိူးသမီး တစ်ယောက် ချစ်သူကတော့ Seaman ပေါ့ သူတို့ ယူကြဖို့တိုင်ပင်ကြတဲ့အခါ ယောကျာ်းလေးဘက်ကနေ ယူပြီးရင် ဝင်ငွေကို သူ့မိသားစုကိုပဲ အပ်နိုင်မယ်ဖြစ်ကြောင်းနဲ့ ကိုယ့်ဝင်ငွေကို ကိုယ်တိုင်ပဲ Manage လုပ်ကြမယ့်အကြောင်းပြောလို့ RS ကို Break လုပ်လိုက်ရကြောင်း ဖတ်မိတယ်။

ဒီနေရာမှာ လူအမျိူးမျိူးရှိတာမို့ နှစ်ဖက်မျှတွေးပြီး ရေးထားကြောင်း ကြိုပြောပါရစေ။

💌သင်္ဘောသားတစ်ယောက်ရဲ့ လစာဝင်ငွေဟာ မက်လောက်စရာပါ၊ မှန်ပါတယ် ဒီနိုင်ငံအနေအထားနဲ့ဆို တော်တော်လေး မတ်လောက်တဲ့ ပမာဏရကြတာကိုး။
ကျွန်မပြောဖူးသလိုပဲ သင်္ဘောသားတစ်ယောက် အပေါ်ရောက်ဖို့ဆိုတာ မိသားစုရဲ့ ပံ့ပိုးမှုကလဲ အများကြီးလိုအပ်တဲ့အတွက် အရင်ဆုံး ပံ့ပိုးပေးခဲ့ရသူဟာ မိဘနဲ့ မိသားစုပဲ။

💌ဖြစ်နိုင်ရင် သင်္ဘောသားတစ်ယောက်အနေနဲ့လည်း ကိုယ့်မှာ ချစ်သူရှိတယ် အိမ်ထောင်ထူထောင်ဖို့အတွက် ရည်ရွယ်ထားတယ်ဆိုရင် ကိုယ့်စိတ်ကြိုက် ကိုယ့်မိသားစုကိုပြန်လည် ဖြည့်ဆည်းပေးပြီးမှ အိမ်ထောင်ပြုသင့်တယ်။
မိဘဘက်က စဉ်းစားရင်လည်း ဟုတ်ပါတယ် ငါတို့ပျိူးထောင်ပေးလိုက်တယ် အကြွေးမကြေခင်ပဲ အိမ်ထောင်ပြုသွားတယ်ဆိုရင် သူတို့စိုက်တဲ့အပင် အသီးအပွင့်တောင် မစားလိုက်ရတော့ စိတ်ခုမှာ အမှန်ပဲ။

💌အဲ့ဒါတွေ အားလုံးပြီးတဲ့ နောက်မှ အိမ်ထောင်ပြုသွား တယ်ဆိုရင် အမျိူးသားရော အမျိူးသမီးရဲ့ ဝင်ငွေဟာ နှစ်ဖက်မိဘတွေနဲ့ အပြည့်အဝ မသက်ဆိုင်တော့ဘူး။ လင်မယားနှစ်ယောက်ပေါင်းဝင်ငွေထဲက တတ်နိုင်တဲ့ Amount ကို နှစ်ဦးသဘောတူညီမှုနဲ့ နှစ်ဖက်မိဘကို ထောက်ပံ့ပေးခွင့်တော့ရှိရမယ်။
ငါ့မိဘအဆင်မပြေလို့ ငါ့မိဘပဲ ထောက်ပံ့မယ် လုပ်လို့ မရတော့ဘူး ။ မိဘတွေ အနေနဲ့ကလည်း အိမ်ထောင် ကျပြီး သားသမီးတွေရဲ့ ဝင်ငွေကို အပြည့်အဝ ယူချင်လို့ မရတော့ဘူး။ ဒါဟာ ခါးသီးလဲ လက်ခံရမယ့် အချက်ပါ။

💌သင်္ဘောသားမိဘများအနေနဲ့ ကိုယ့်သား ပင်လယ်ထဲမှာ ခက်ခက်ခဲခဲရှာထားရတဲ့ ပိုက်ဆံကို မိန်းမက ကွယ်ရာမှာ သုံးဖြုန်းနေမှာဆိုးလို့ စိတ်ပူတာတို့ အိမ်ထောင်ရေးဝင်ရောက်စွက်ဖက်တာတို့ မလုပ်မိဖို့ အရေးကြီးတယ်။
ဒါတော်တော်များများကြုံတွေ့ဖူးကြမှာပါ။
ဒီလိုတွေ ဖြစ်မလာအောင် မင်္ဂလာပွဲ မစခင်ထဲက သမီးရည်းစား ညှိနှိုင်းပြေလည်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ရှင်။

💌သင်္ဘောသားတစ်ဦးရဲ့ ဇနီးတွေ ၊ မိဘတွေ ဖြစ်နိုင်ရင်
အဆင်ပြေပြေနဲ့ ပျော်ပျော်ရွှင်ရွှင်နေနေကြတာကိုပဲ မြင်ချင်မိတာအမှန်ပါ။ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ သားကောင်းရော လင်ကောင်းပါ ဖြစ်ဖို့ ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် လိုအပ်တယ်လေနော်။

💌 သင်္ဘောသားတိုင်းလဲ ကိုယ့်သားမယား ပြန်မကြည့်တတ်တဲ့သူမဟုတ်သလို ဇနီးမယားတိုင်းလဲ လင်ရှာသမျှ သုံးဖြုန်းနေတာ မဟုတ်ပါဘူး။ အဓိက လူနဲ့ပဲ သက်ဆိုင်တာပါ။ကိုရွှေသင်္ဘောသားများအားလုံး ကိုယ့်ရဲ့မူလပထမ မိသားစုလေးရော လက်ရှိကိုယ်တိုင် ထူထောင်ထားတဲ့ မိသားစုလေးပါ ပျော်ရွှင်နိုင်ကြဖို့ မျှော်လင့်ပါတယ်..💌💌

ကူးယူဖော်ပြခွင့်မပြု ။ လွတ်လပ်စွာ Share နိုင်ပါသည်။

16/11/2025

ညီမလေးတို့ရေ .........💌
လောကမှာလေ သူတို့သားကို လက်ထပ်ရမယ့် အမျိူးသမီးလက်ထဲ အသာတကြည် ထည့်ပေးလိုက်တဲ့ မိဘမျိူးအလွန်ရှားပါတယ်ကွယ်။ သူတို့မှာ လက်မလွှတ်ပေးနိုင်တဲ့ အကြောင်းပြချက် မျိူးစုံရှိတယ်။
အိမ်ထောင်ပြုခါန်ီး ညီမလေးတို့အနေနဲ့ သူ့မိသားစုနဲ့ တွေ့ဆုံညှိနှိုင်းရတဲ့အခါမှာ အဆင်မပြေတာလေးတွေ
ကတောက်ကဆဖြစ်ရတာလေးတွေ ကြုံရကြတယ် မလား။ ဒါက သဘာဝပဲမို့ ကိုယ်က လက်ခံတတ်ရမယ်။
နောက်ပြီး သူ့မိသားစုနဲ့ အဆင်ပြေခြင်း /မပြေခြင်းထက် ကိုယ်ယူမယ့် ယောကျာ်းရဲ့ အကြောင်းကို ကိုယ်က အသိဆုံးပဲမို့ စတွဲကတည်းကနေ ခုချိန်ထိ ကိုယ့်အပေါ် ကြင်ကြင်နာနာ ရှိရဲ့လား ၊ ဦးစားပေးရဲ့လား ၊ တန်ဖိုးထားရဲ့လားဆိုတာ ညီမလေးတို့ အသိဆုံးပါနော်။
သူ့မိသားစုနဲ့ ဘယ်လောက်ပဲ အဆင်မပြေဖြစ်ဖြစ် သူက ကိုယ့်အပေါ်တော့ အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့ ယောကျာ်းတစ်ယောက်တော့ ဖြစ်နေရမယ်။
ယောကျာ်းတစ်ယောက်ရဲ့ အစစ်မှန် Version ကို ချစ်သူဖြစ်တဲ့ တို့မိန်းမသားတွေပဲ မြင်ရကြတာလေနော်၊ ကိုယ့်အပေါ် ကာကွယ်ပေးနိုင်တဲ့ ယောကျာ်းဆို သူနဲ့ ရှေ့ဆက်လိုက်ပါ ။ မကာကွယ်ပေးနိုင်တဲ့ ယောက်ျားဆိုရင်လည်း လွှတ်ချလိုက်ဖို့ ဝန်မလေးပါနဲ့။ တွဲတာကြာပြီး မယူလို့ ပတ်ဝန်းကျင်က ကဲ့ရဲတာကို စိတ်ဆင်းရဲရမှာက ခနပါ ။ ယူပြီးမှ အဆင်မပြေဖြစ်ရင် စိတ်ဆင်းရဲမှာက တစ်သက်လုံးမို့ ကိုယ့်ဘဝလေးကလဲ ကိုယ့်မိဘအတွက် တန်ဖိုးရှိတာ မမေ့နဲ့နော်။
အမျိူးသမီးတိုင်း ကိုယ့်အပေါ် တန်ဖိုးထား ချစ်ခင်ပေးတဲ့ သူနဲ့သာ ဆုံဆည်းရပါစေ ။

#အမျိုးသမီးတို့အတွက်
#ကူးယူဖော်ပြခွင့်မပြုပါ

02/11/2025

တဖြေးဖြေးနဲ့ စဉ်းစားမိတာလေးရှိတယ် ....
ငါဘာလို့ ဒီအသက်အရွယ်ရောက်တော့ သွားဖော်လာဖော်မရှိသလောက် အရမ်းနည်းသွားရတာလဲလို့
သေချာတွေးတော့မှ ကိုယ့်ဘက်က စခေါ်မှ အခေါ်ပြောလုပ်တဲ့ အပေါင်းအသင်းတွေကို ဖြတ်တောက်လိုက်ကတည်းက မရှိသလောက်ကို ဖြစ်သွားတာ။

ကျွန်မမှာ အကျင့်တခုရှိတယ် ကိုယ်အရမ်းခင်မင်ရတဲ့
မိတ်ဆွေတွေလိုအပ်တဲ့အရာ/ အကြောင်းအရာတခုခုဖြစ်စေ တိုက်ဆိုင်တာလေးတွေ့ရင် အမြဲ Share လုပ်ပေးတာ comment ပေးတာလေးတွေ လုပ်ဖြစ်တယ်။

တခါတလေ သူတို့ဆီက တုံ့ပြန်မှုလေးတွေ ကိုယ်မထင်ထားတဲ့ဘက်ခြမ်းကဖြစ်နေတတ်ရော၊
cb လိုနေရာမျိူးမှာ Share လုပ်ပေးလို့ Reply ပြန်မလုပ်တာကိုတော့ မအားလို့ မမြင်လို့ပဲနေမှာပါလို့ တွေးပေးလို့ ရပေမယ့် Cmt လေးတွေကိုကျတော့ ကိုယ့် cmt ကိုပဲ ရှောင်ကွင်းအဖက်မလုပ်သွားတာမျိူး။

အရမ်းခင်ပါတယ်ဆိုတဲ့ ခရီးတွေအတူတူထွက်ဖူးတဲ့သူတွေက ကိုယ်တစ်ယောက်တည်း ကွက်ချန်ပြီး တွေ့ကြတာမျိူး ၊ ကိုယ့်ဘက်က React လေးတခုပေးလိုက်အခါမှ လာခဲ့ပါလားဆိုတဲ့ အနေအထားမျိူးကို ငြင်းဆိုခြင်းနဲ့ကျွန်မရှောင်ထွက်လာခဲ့လိုက်တယ်။

အဲ့နောက်ပိုင်း နေတတ်အောင်နေရင်းနဲ့မှ ကျွန်မတကယ်နေတတ်သွားတာ။ သူတို့မရှိလဲ ကိုယ်ပျော်နိုင်တာ သိလိုက်ရတော့ ကိုယ်မပါပဲ သူတို့လဲပျော်နိုင်တာ မထူးဆန်းတော့ဘူး၊ ကျွန်မတို့တွေဟာလေ တခါတလေ ကိုယ့်ကို မလိုအပ် တဲ့ ပတ်ဝန်းကျင်မှာ ပိတ်မိနေတတ်ပြီး ကိုယ်တိုင်ပျော်ရမယ့်အချိန်တွေကို ကုန်ဆုံးစေခဲ့တယ်ကိုယ့်ကိုတကယ်ချစ်တဲ့သူတွေနဲ့လဲ ဝေးကွာစေခဲ့တယ်။

ကိုယ့်ဘက်ကလဲ စခေါ် ကိုယ်မအားလည်း ကိုယ့်ကို သတိတရရှိပေးတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုပဲ တန်ဖိုးထားပေးမယ်၊ ဘာမဟုတ်တဲ့သူတွေအတွက် အချိန်လဲမပေးတော့ဘူး ဘာရင်းနှီးမှုမှလဲ မပြတော့ဘူး၊ အကူညီလိုအပ်ချိန်မှ လာရောလဲ မကူညီပေးတော့ဘူး။

တန်ဖိုးရှိတဲ့သူ အနည်းငယ်လောက်နဲ့ပဲ Quality Time တွေမျှဝေမယ် ၊ Quality Talk လုပ်မယ် ၊ တန်ဖိုးရှိတဲ့ အချိန်လေးတွေကို ချစ်ခင်ရတဲ့ Quality Person အတွက်ပဲ အကုန်ခံသွားပါတော့မယ်။
သူတို့ဆက်ဆံတဲ့အပေါ် မူတည်ပြီး ကိုယ်လဲပြောင်းပေးလိုက်ရုံပါပဲ ...💌💌

ကူးယူဖော်ပြခွင့်မပြု။

28/10/2025

ဖောက်ပြန်ခြင်းကနေပဲ Trauma ရနိုင်တာလား ?

အခုခေတ် အိမ်ထောင်သည် အမျိုးသမီးတွေ လက်ရှိ သူတို့အိမ်ထောင်ရေးမှာ ကြုံတွေ့နေရတဲ့ စိတ်ဒဏ်ရာ (Trauma) တွေဟာ ကိုယ့်ရဲ့ ပါတနာ ဖောက်ပြန်ခြင်းဆီကပဲ ရနေတာလားဆိုတော့ မဟုတ်ပါဘူး။

အိမ်ထောင်သည် အမျိုးသမီးတွေ စိတ်ဒဏ်ရာ ရနိုင် တဲ့ အိမ်ထောင်ရေး အခြေအနေတွေဟာ အမျိုးမျိုး ရှိနိုင်ပါတယ်။
အထူးသဖြင့် အာရှနိုင်ငံတွေလို ယဉ်ကျေးမှု၊ လူမှုဓလေ့ထုံးတမ်းနဲ့ Gender Inequality မညီမျှမှု တွေရှိနေတဲ့ ဒေသတွေမှာ ပိုပြီး အဖြစ်များ၊ ပြင်းထန်နိုင်ပါတယ်။
အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အိမ်ထောင်ရေးနဲ့ ဆက်နွှယ်နေတဲ့ စိတ်ဒဏ်ရာရစေနိုင်တဲ့အကြောင်းအရာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိမ်ထောင်ဖက်ဆီက အ​ြ ကမ်း ဖက်ခံရခြင်း

• ရုပ်ပိုင်းဆိုင်ရာ အ​ြ ကမ်းဖက်ခြင်း
တခုခုဆို စကားနဲ့မပြောပဲ လက်ပါခြင်း ၊ရိုက်နှက်ခြင်း ၊အပြစ်မရှိအပြစ်ရှာပြီး ညှင်းပန်းနှိပ်စက်ခြင်း။
(ဒီလို လုပ်ရက်တွေဟာအိမ်ထောင်သည် အမျိူးသမီးမှာသာမက ဒီလိုမိသားစုတွေမှာမွေးဖွားလာရတဲ့ သားသမီးတွေမှာလဲ စိတ်ဒဏ်ရာ ရသွားနိုင်ပါတယ်။)
• လိင်ပိုင်းဆိုင်ရာ အ​ြ ကမ်းဖက်ခြင်းအိမ်ထောင်ဖက်မှ အတင်းအဓမ္မ လိင်ဆက်ဆံခြင်း (marital r**e) ခံရခြင်း။
• စိတ်ပိုင်းဆိုင်ရာ အ​ြ ကမ်းဖက်ခြင်းခြိမ်းခြောက်ခြင်း၊ အပေါင်းအဖော်တွေကြားအရှက်ရစေခြင်း၊ မိသားစု (ဒါမဟုတ်) မိတ်ဆွေသူငယ်ချင်းတွေကိုအဆက်အသွယ် ဖြတ်တောက်စေခြင်း၊ Physically / Mentally အချိန်ပြည့် ထိန်းချုပ်ခြင်းနဲ့ ၊ ရုပ်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခြင်း။
• ငွေကြေးပိုင်းဆိုင်ရာ ထိန်းချုပ်ခြင်း (Economic Abuse):
ငွေကြေးသုံးစွဲခွင့် လုံးဝမပေးခြင်း ၊ပေးတာယူ ကျွေးတာစား ၊ ပေးတာနဲ့ လောက်ငှအောင်သုံးဒါမျိုးတွေပေါ့ ၊အလုပ်လုပ်ခွင့်လဲ မပေးဘူး ၊သူတို့အပေါ်ပဲ မှီခိုနေစေခြင်း။
၂။ မိသားစု /ဆွေမျိုးများရဲ့ အ​ြ ကမ်း ဖက်ခံရခြင်း (Familial/In-Law Violence):
• ခင်ပွန်းသည်ရဲ့ မိသားစု (ယောက္ခထီး/ ယောက္ခမ/ယောက်မ စသဖြင့်) နဲ့အတူနေထိုင်ရတဲ့အခါ သူတို့ရဲ့ ဖိအားပေးမှုတွေ ကြုံတွေ့ရတတ်ခြင်း။ တစ်ယောက်တည်း အိမ်မှုကိစ္စများ အလွန်အကျွံ လုပ်ရခြင်းတွေ ကြုံရတတ်ပါတယ်။ တခါတလေ ကိုယ့်အိမ်ထောင်ဖက်ရဲ့ Finical အခြေအနေတွေထိပါ ဝင်ရောက်စွက်ဖက်ခြင်းကိုပါ ခံရခြင်း။
၃ ။အိမ်ထောင်ပျက်မှာကို ကြောက်ရွံ့ခြင်း
အမျိုးသမီးတော်တော်များများကအိမ်ထောင်ရေးကို တန်ဖိုးထားကြပြီး ကွာရှင်းတာ / အိမ်ထောင်ပျက်မှာကို အရမ်းကြောက်ကြတာ၊ အိမ်ထောင်ပျက်သွားခဲ့ရင် ရှက်ဖို့ကောင်းတယ် ၊ ဂုဏ်သိက္ခာ ကျဆင်းစေတယ်လို့ သူတို့က မြင်တယ်၊ မိဘ (ဒါမှမဟုတ်) ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်တာ ဖိအားပေးတာတွေ ကြုံရတာ။အဲ့ဒါတွေကြောင့်ပဲ အ​ြ ကမ်းဖက်မှုကိုခံစားနေရရင်တောင်မှ အိမ်ထောင်ရေးကို မပျက်စီးစေပဲ သည်းခံနေတာ၊ သားသမီးမျက်နှာကြောင့် ၊ စီးပွားရေးကြောင့် အမျိူးမျိူးပေါ့နော် ဒါမျိူးတွေ ကြုံတွေ့ ခံစားနေရတတ်ပါတယ်။

ဒီအချက်တွေအတိုင်း ကြုံတွေ့ခံစားနေရတဲ့ အမျိုးသမီးတွေဟာ စိုးရိမ်ပူပန်မှု၊စိတ်ဓာတ်ကျခြင်း၊စိတ်ဒဏ်ရာလွန်ကဲပြီး စိတ်ဖိစီးမှုများတဲ့ ရောဂါ လက္ခဏာတွေ ခံစားရတာ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နည်းပါးခြင်း စတဲ့ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

လက်ရှိ ကိုယ်ကြုံတွေ့ခံစားနေရတဲ့ အခြေအနေတွေကိုလည်း Cmt (ဒါမှမဟုတ်) Private အနေနဲ့ လည်းရင်ဖွင့်လို့ရပါတယ်နော် 💌💌💌
ကူးယူဖော်ပြခွင့်မပြု ၊ လွတ်လပ်စွာ မျှဝေနိုင်ပါသည်။
#အမျိုးသမီးလေးများအတွက်

#

20/05/2024

Personal Boundary Setting ချထားတာတောင်
တခါတလေ လူတွေက အလိုက်မသိကြဘူးနော်
ကိုယ်က မကြိုက်ပါဘူး မလုပ်ချင်ပါဘူးလို့ ဒဲ့ပြော ဒဲ့ငြင်းနေရက်နဲ့ ငါတို့က ကောင်းစေချင်လို့ စေတနာနဲ့ပြောတာဆိုပြီး သူများဘဝထဲ လာလာပြီး Judge လုပ်လိုက် Manage လုပ်ချင်လိုက်နဲ့ တော်တော်ကြီးကို အာရုံနောက် စိတ်အနှောင့်အယှက်ပေးလွန်းတယ် Why ??????????
နေရာတကာမှာ ဆရာကြီး ဆရာမကြီးလုပ်နေလို့ သူကတော့ လူတတ်ကြီး လူတော်ကြီးဆိုပြီး ဘယ်သူမှ ချီးမွန်းမနေဘူးပါနော် ပါးစပ်က ထုတ်မပြောတာပဲရှိမယ် စိတ်ထဲမှာတော့ -ျီးထုတ်ကြီးလို့ပဲ သတ်မှတ်သွားကြမှာ ဘယ်သူကတော့ ဘယ်လိုအောင်မြင်နေပြီ ဘယ်လိုတွေ ချမ်းသာနေပြီး နင်တို့ရော ဘယ်လိုအခြေအနေလဲ မိဘအပေါ်ရော ဘာတွေလုပ်ပေးနေလဲ အရမ်းလျှာရှည်လွန်းတယ် ကိုယ့်ဘဝနဲ့ ကိုယ်ဘာတွေပဲ လုပ်နေလုပ်နေ သူတို့ကမျက်လုံးဒေါက်ထောက်ပြီး လိုက်ကြည့်လိုက်ပြော သူတို့ကမှ တကယ်အားယားနေတာ သူတို့မသိကြဘူး ဒီလိုအကျင့်ရှိတဲ့သူတွေကို ကိုယ်တင်မပြောနဲ့ ကိုယ့်မိသားစုနဲ့ပါ မပတ်သက်စေချင်ဘူး ကျွန်မကတော့ရှိသမျှ Social Account တွေ Phone No. တွေကအစ အကုန် Block လုပ်ပြစ်တာပဲ ဒီလို အရည်လည်းမရ အဖတ်လည်းမရ သူတို့ကျဘာမှဟုတ်မနေပဲ ကိုယ့်ဘဝကို အားအားယားယား လာဝေဖန်နေတဲ့ Chee Htoke တွေကို ဘဝထဲက အပြီးအပိုင်ထုတ် Block လုပ်ပြစ်လိုက်ပါတယ်။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon