Future Lab Consultancy Service
At Future Lab Consultancy Service, we empower medical and testing laboratories to achieve ISO 15189, ISO 17025, and ISO 15190 excellence.
📋 QMS Setup | 🧪 Safety Programs | ✅ Accreditation Support
Your trusted partner for quality, safety, and success.
08/04/2026
Double launching program _ QBW + SBW (starting on 4th May 2026)🎉🎉🎉
=======================================
Future Lab Consultancy Service (Daw Su Hlaing Tint) ရဲ့ Quality Building Weeks (QBW - 7th Batch) နဲ့ Safety Building Weeks (SBW - 4th Batch) အစီအစဉ်များကို လာမည့် ၂၀၂၆ ခုနှစ်၊ မေလ (၄) ရက်နေ့မှာ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
“Medical laboratories play a vital role in diagnosing diseases, monitoring treatment efficacy, and guiding patient care.” ဆိုတဲ့အတိုင်း ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းတွေဟာ ကျန်းမာရေးမဏ္ဍိုင်ရဲ့ မရှိမဖြစ်ထောက်တိုင်တစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍရဲ့ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။ လူနာများအတွက် တိကျမှန်ကန်ပြီး အရည်အသွေးပြည့်မီတဲ့ ဓာတ်ခွဲအဖြေတွေကို အချိန်နဲ့တစ်ပြေးညီ ပေးနိုင်ဖို့ဆိုတာ ဓာတ်ခွဲခန်းတိုင်းရဲ့ ပဓာနရည်မှန်းချက်ပဲ ဖြစ်ပါတယ်။
စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်မှာ မိမိတို့ဓာတ်ခွဲခန်း နောက်ကောက်ကျမကျန်ရစ်ခဲ့စေဖို့အတွက် Laboratory Quality Management System (LQMS) ကို စနစ်တကျ တည်ဆောက်ကျင့်သုံးရန် အထူးလိုအပ်နေပါပြီ။ LQMS ကို တည်ဆောက်တဲ့နေရာမှာလည်း Safety (ဘေးကင်းလုံခြုံမှု) ကို မေ့ထားလို့ မရပါဘူး။
Safety နဲ့ Quality ဟာ ခွဲခြားလို့မရတဲ့ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှု (Safety) ကို အာမခံချက်မပေးနိုင်ဘဲ တိကျမှန်ကန်တဲ့ ရလဒ် (Quality) ကို ရေရှည်ထိန်းသိမ်းဖို့ဆိုတာ မဖြစ်နိုင်သလို၊ ဘေးအန္တရာယ်ကင်းရှင်းတဲ့ လုပ်ငန်းခွင်ဖြစ်မှသာ စိတ်အေးချမ်းသာစွာနဲ့ အဆင့်မြင့်အရည်အသွေးစံနှုန်းတွေကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ Future Lab Consultancy Service မှ သင့်ဓာတ်ခွဲခန်းရဲ့ Quality ရော Safety ပါ ဟန်ချက်ညီညီ မြှင့်တင်နိုင်ဖို့အောက်ပါရည်ရွယ်ချက်များဖြင့် သင်တန်း (၂) ခုကို တစ်ပြိုင်တည်း Launch လုပ်လိုက်ရခြင်း ဖြစ်ပါတယ်။
🎯 သင်တန်း၏ အဓိကရည်ရွယ်ချက်များ:
💎နိုင်ငံတကာအသိအမှတ်ပြု ISO 15189:2022 နှင့် ISO 15190:2020 စံနှုန်းများကို အခြေခံကျကျ နားလည်သဘောပေါက်စေရန်။
💎ဓာတ်ခွဲခန်းအတွင်း အရည်အသွေးစီမံခန့်ခွဲမှုစနစ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး အမှားအယွင်းကင်းသော ရလဒ်များ ထွက်ပေါ်လာစေရန်။
💎လုပ်ငန်းခွင်အတွင်း ဖြစ်ပွားနိုင်သော ဇီဝအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ပြီး ဝန်ထမ်းနှင့် ပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေးကို မြှင့်တင်ရန်။
💎စဉ်ဆက်မပြတ် တိုးတက်မှု (Continual Improvement) ရှိသော ဓာတ်ခွဲခန်းယဉ်ကျေးမှုတစ်ရပ်ကို ခိုင်မာစွာ တည်ဆောက်နိုင်ရန်။
---------------------------------------------
၁။ Quality Building Weeks (QBW) - 7th Batch
• ကြာမြင့်ချိန်: 12 Weeks (Based on ISO 15189:2022)
• သင်တန်းကြေး: 150,000 MMK
• LQMS မိတ်ဆက်မှစတင်၍ SMART Action Plan ရေးဆွဲသည်အထိ အသေးစိတ် လေ့လာရမည့် အစီအစဉ်။
၂။ Safety Building Weeks (SBW) - 4th Batch
• ကြာမြင့်ချိန်: 10 Weeks (Based on ISO 15190:2020)
• သင်တန်းကြေး: 200,000 MMK
• Biosafety, Facility Safety မှသည် Biorisk Management အထိ ဓာတ်ခွဲခန်းဘေးကင်းရေး အလုံးစုံ ပါဝင်ပါသည်။
---------------------------------------------
📖 သင်တန်းမှာ ဘာတွေလေ့လာရမလဲ? သင်တန်းကာလတစ်လျှောက် အပတ်စဉ် Weekly Theme များအလိုက် စနစ်တကျ လေ့လာသွားရမှာ ဖြစ်ပါတယ်။
✅ Video Lectures: အပတ်စဉ် မိနစ် ၂၀ မှ ၃၀ ကြာ Pre-recorded lecture video များဖြင့် အချိန်မရွေး လေ့လာနိုင်ပါမယ်။
✅ Hands-on Practice: Brainstorm exercises နှင့် Assignments များဖြင့် လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်အောင် လေ့ကျင့်ပေးပါမယ်။
✅ Exclusive Tool (QBW အတွက်): ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရာတွင် အလွန်အသုံးဝင်သည့် SLIPTA Checklist (Excel Format) ကို ပေးအပ်ပါမယ်။ (Yes/No ဖြေရုံဖြင့် မိမိဓာတ်ခွဲခန်း၏ အခြေအနေကို Bar chart & Radar chart များဖြင့် အလိုအလျောက် မြင်တွေ့နိုင်မည့် Tool ဖြစ်ပါတယ်။)
✅ Real-world Assessment: SLIPTA Checklist ကို သုံးပြီး မိမိတို့ဓာတ်ခွဲခန်း၏ လက်ရှိမြေပြင်အနေအထားကို ကိုယ်တိုင်စစ်ဆေးအကဲဖြတ်ကာ SMART Action Plan များ ရေးဆွဲရပါမယ်။
✅ Zoom Live Discussion: အပတ်စဉ် တနင်္လာနေ့တိုင်း (ည ၇:၃၀ မှ ၈:၃၀ အထိ) Zoom Live ရှိပါမည်။ သင်ခန်းစာများနှင့် SLIPTA Tool အသုံးပြုမှုများအပေါ် သိလိုသမျှကို တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်ပါမည်။
---------------------------------------------
🎁 Special Combo Promotion! Quality ရော Safety ပါ အပြည့်အဝ လေ့လာလိုသူများအတွက် သင်တန်း (၂) ခုလုံး ပေါင်းတက်ပါက ၃၅၀,၀၀၀ ကျပ် အစား ၃၀၀,၀၀၀ ကျပ် (၃ သိန်း) တည်းဖြင့် တက်ရောက်ခွင့်ရရှိမည့် အထူးအခွင့်အရေး!
သင့်ဓာတ်ခွဲခန်းရဲ့ အနာဂတ်ကို ယုံကြည်စိတ်ချစွာ ပုံဖော်ဖို့အတွက် Page messenger/Comment မှ တစ်ဆင့် QBW ဟု ရိုက်ပြီး အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
သို့မဟုတ် Viber no. +95 97 880 35413 ကို ဆက်သွယ်နိုင်ပါတယ်။
(မှတ်ချက် - သင်တန်းကြေး ပေးသွင်းပြီးပါက Telegram Private Group ထဲသို့ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်ရှင်။)
ခင်မင်လေးစားစွာဖြင့်
စုလှိုင်တင့် 🧿
17/07/2025
A Practical Overview of ISO 15189:2022 Technical Know-How
===========
သင်ကြားမည့်ဆရာမ - ဒေါ်စုလှိုင်တင့်
နေ့ရက် - (၄-၅-၆) သြဂုတ်လ ၂၀၂၅ (တနင်္လာ၊ အင်္ဂါ နှင့် ဗုဒ္ဓဟူးနေ့)
အချိန် - ည (၇း၃၀) နာရီမှ (၁၀:၀၀) နာရီ (မြန်မာစံတော်ချိန်)
သင်မည့်ပုံစံ - Online via Zoom
သင်တန်းကြေး - ပုံမှန် (၇၅၀၀၀- ခုနှစ်သောင်းခွဲကျပ်)
အထူးအစီအစဉ် (၁) အနေဖြင့် ယခုပို့စ်ကို Like & share လုပ်ပါက (၅၀၀၀ ကျပ်) Discount ရရှိမည်ဖြစ်ပြီး သင်တန်းကြေး (၇) သောင်းကျပ်သာ ပေးသွင်းရမည် ဖြစ်ပါသည်။
အထူးအစီအစဉ် (၂) အနေဖြင့် Future Lab Consultancy Service/ ဒေါ်စုလှိုင်တင့်မှ ပို့ချဖူးသော သင်တန်းတစ်ခုခုကို တက်ရောက်ဖူးပါက 20% Discount ရရှိမည်ဖြစ်ပြီး သင်တန်းကြေး (၆) သောင်းကျပ်သာ ပေးသွင်းရမည် ဖြစ်ပါသည်။
*** Discount တစ်မျိုးကိုသာ ခံစားခွင့်ရရှိပါမည်။
သင်တန်းရည်ရွယ်ချက် - မြန်မာနိုင်ငံ၏ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းများအနေဖြင့် နိုင်ငံတကာအသိအမှတ်ပြုသော ISO 15189:2022 accreditation ရရှိရန် ကြိုးစားပြင်ဆင်ကြရာတွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် Technical requirements များအကြောင်းကို ဆွေးနွေးတင်ပြနိုင်ရန် ရည်ရွယ်ပါသည်။
ပို့ချမည့် အကြောင်းအရာများ - (၃) ရက်တာ သင်တန်းအချိန်အတွင်းမှာ အောက်ပါ အကြောင်းအရာများကို ဝေဝေဆာဆာ ဆွေးနွေးကြပါမည်။
👉ISO 15189:2022 Accreditation ကို ရရှိရန်အတွက် Clause တစ်ခုချင်းစီအလိုက် ပြင်ဆင်လိုက်နာရမည့်အရာများကို မိတ်ဆက်ပြောပြခြင်း၊
👉အဓိက နားလည်သဘောပေါက်ထားရမည့် Technical requirements များ (အထူးသဖြင့် Clause 7: Process requirements အကြောင်း ဆွေးနွေးခြင်း)
👉ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို အတွေ့အကြုံများအပေါ်အခြေခံ၍ ဝေမျှခြင်း၊
👉ISO 15189:2022 accreditation ရရှိရန် ကြိုးစားနေသည့် ခရီးလမ်းတစ်လျှောက် ကြုံတွေ့နိုင်သော အခက်အခဲများ၊ စိန်ခေါ်မှုများအတွက် အဖြေရှာကြခြင်း စသည်တို့ ဖြစ်ပါသည်။
တက်ရောက်သင့်သည့်သူများ- အခုလက်ရှိ၌ဖြစ်စေ၊ နောင်မကြာမီအချိန်တစ်ခုအတွင်း၌ ဖြစ်စေ ISO 15189:2022 accreditation ရယူရန် ကြိုးစားနေသော ဓာတ်ခွဲခန်းများမှ Laboratory Manager များ၊ Quality officers များ၊ Technical supervisors များ၊ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များ တက်ရောက်သင့်သော သင်တန်းဖြစ်ပါတယ်။
သင်တန်းကြေး ပေးသွင်းပြီးပါက သင်တန်းမစမီ (၁) ရက်အလိုတွင် Viber မှတစ်ဆင့် Lecture notes များ နှင့် ZOOM ID ပေးပို့ပေးပါမည်။
Pre-test & Post-test ဖြေပြီး သင်တန်းအချိန်ပြည့်တက်ရောက်သူများအား သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပါမည်။
တက်ရောက်လိုပါက ပုံပါ QR code မှ တစ်ဆင့် (သို့မဟုတ်) ကွန်မန့်၌ ဖော်ပြထားသော လင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
ခင်မင်လေးစားစွာဖြင့်
စုလှိုင်တင့် 🧿
Click here to claim your Sponsored Listing.