email.com

email.com

Share

12/02/2023

အိုမင်းမသန်မစွမ်းဖြစ်နေတဲ့လူနာများ၊ ပြင်းထန်သောရောဂါဝေဒနာခံစားနေရတဲ့ လူနာရှင်များရဲ့ ၉၉% ဟာ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း ဝေဒနာကို ခံစားနေကြရပါတယ်။

ဒီလိုလူနာတွေကို ပြုစုဖို့ သူနာပြုတစ်ယောက်အနေနဲ့ တာဝန်ပေးအပ်ခံရတဲ့အခါ လူနာကို ဆေးတိုက်ချိန်ရောက်လို့ ဆေးတိုက်လိုက်တာမျိုးလို အလုပ်သဘောလို သာမန်စောင့်ရှောက်ခြင်းမျိုးမဟုတ်ဘဲ မိဘဘိုးဘွား ဆွေမျိုးသားချင်းလို စိတ်သဘောထားပြီး ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် Physical & Mental နှစ်ခုလုံးအတွက် ဂရုစိုက်ချစ်ခင်ခြင်း အစစ်အမှန်ကို ပြသသင့်ပါတယ်။ ဥပမာ Operation ဝင်ရတော့မယ့်လူနာရှင်ကို Shaving လုပ်ပေးတဲ့အခါ လူနာရှင်အတွက်ရော ဆရာဝန်၊ သူနာပြုဆရာမကြီးများအတွက်ပါ လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်အောင်မြင်စေဖို့တစ်ဖက်က ကူညီတဲ့အနေနဲ့ သေချာ Shave လုပ်ပေးတာမျိုးလို အသေးအဖွဲလေးကအစ Physical Health အောင်မြင်ဖို့ သေချာဂရုတစိုက်လုပ်ပေးပြီး ဒီလူနာရှင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာအောင် သင့်အနေနဲ့ ဘယ်လောက်ထိစိတ်အားထက်သန်မှုရှိကြောင်းကို ပြသရပါမယ်။

ရောဂါဝေဒနာအတွက် ဆေးဝါးက ၅၀% ဆောင်ပြီး ကျန် ၅၀% ကလူနာရှင်ရဲ့စိတ်ဆောင်ပါတယ်။ ဒါကြောင့် သူနာပြုတိုင်းသိထားရမှာက လူနာပြုစုတဲ့အခါ ခန္ဓာကိုယ်အတွက်ပဲ ပြုစုတာမဟုတ်ပဲ Mental Health ပါ ပါဝင်နေတယ်ဆိုတာပါ။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင် လူနာလိုအပ်ချိန်တိုင်း အမြဲအသင့်ရှိနေပေးတာ၊ စိတ်သက်သာရာရအောင် အားပေးစကားပြောပေးတာ၊ စကားပြောတဲ့အခါ ဟာသလေးနှောပြီး ပြောပေးတာစသဖြင့် လူနာစိတ်သက်သာရာရအောင် ကိုယ့်ရဲ့ပွင်းလင်းမှု၊ ရက်ရောမှုတွေကို အကောင်းဆုံးချပြပြီး လူနာရဲ့စိတ်အာရုံကို ပြောင်းလဲပေးနိုင်ရပါမယ်။ အကယ်၍ လူနာရှင်ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာများ (သို့) စိုးရိမ်သောကများ (သို့) ခက်ခဲသောခံစားချက်များအတွက် အကောင်းဆုံးအဖြေမပေးနိုင်တဲ့အခါ ကြင်နာမှုကို ပြသခြင်းကလည်း လူနာရဲ့စိတ်ဝေဒနာကို တစ်ဝက်သက်သာစေပါတယ်။

နောက်လူနာရှင်ရဲ့ ဂုဏ်သိက္ခာကို လေးစားသမှုပြုခြင်း ပြသတာကလည်း လူရှင်အတွက် မိမိကိုယ်ကို ယုံကြည်မှုပိုတိုးလာစေပါတယ်။ ဖြူစင်သောစေတနာနဲ့ ကိုယ့်ရဲ့ကြင်နာမှု၊ ဂရုစိုက်ချစ်ခင်ခြင်းကို ပွင့်ပွင့်လင်းလင်းပြသတဲ့အခါ ပေးသူနဲ့ လက်ခံသူအတွင်း စိတ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေပြီး နှစ်အနည်းငယ်ကြာတဲ့အခါ လူနာရှင်ရဲ့ ကျန်းမာရေးအခြေအခနေဟာ သိသိသာသာပြောင်းလဲတိုးတက်လာတာကို မြင်တွေ့ရမှာပါ။

ဟန်ဆောင်ပြီး တကယ်စိတ်မဝင်စားဘူးဆိုရင်တော့ သင်ဒီအလုပ်ကနေ ရပ်လိုက်ပါ။⛔️

#အောင်စင်္ကြာ
#သူနာပြုအကူ


#ဆေးဝါးကျွမ်းကျင်
#ဂရုစိုက်ချစ်ခင်ခြင်းစစ်စစ်ဆိုတဲ့အဓိပ္ပာယ်

Chess.com - Play Chess Online - Free Games 22/11/2021

Chess.com
Linzarnishwe's Chess.com link
https://www.chess.com/zVZLL

Chess.com - Play Chess Online - Free Games Play chess online for free on Chess.com with over 50 million members from around the world. Have fun playing with friends or challenging the computer!

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Naung Yoe Street 12/5A Power Building Thaketa Yangon Myanmar(Burma)11231
Yangon
11231