Swal

Swal

Share

မလေးရှားနိုင်ငံမှ ထုတ်လုပ်သော Swal နို့ဆီနို့စိမ်း ဟာ သာမန်နို့ဆီနို့စိမ်း တွေထက် ပရိုတင်းပါဝင်မှု ၁၅% ပိုများပြီးဗီတာမင် A, B1, D3 တို့ပါဝင်သည့်အတွက် ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ Halal ဖြစ်သည့်အတွက် လူမျိုးဘာသာ မရွေးစားသုံးနိုင်ပါတယ် ။

Photos from Swal's post 25/03/2026

နွေရာသီနဲ့အလိုက်ဖက်ဆုံးလည်း ဖြစ်တဲ့အပြင် အသားအရေအတွက်လည်း အထောက်အကူပြုမယ့် အချိုပွဲစဉ်းစားနေရင်တော့ Swal ကနေပြီး အရသာရှိရှိ ချိုချိုဆိမ့်ဆိမ့်လေးနဲ့ လွယ်လင့်တကူလုပ်စားလို့ရမယ့် သီးစုံအချိုပွဲ လုပ်နည်းလေး မျှဝေပေးပါရစေနော်။🥰✨
ပထမဆုံး မိမိကြိုက်နှစ်သက်ရာ အသီး၅မျိုးလေးကို အချိုပွဲပြင်လို့ရမယ့် အနေအထားလေးရအောင် တုံးပေးထားပါ။ မင်မင်တို့ရွေးချယ်ထားတဲ့ အသီးငါးမျိုးကတော့ ဌက်ပျော်သီး၊ဖရဲသီး၊စတော်ဘယ်ရီသီး၊ပန်းသီးနဲ့ စပျစ်သီးတို့ကို ရွေးချယ်ထားပါတယ်နော်။ အသီးလေးတွေအဆင်သင့်ဖြစ်ပြီဆိုရင် Swal နို့ဆီကို ထမင်းစားဇွန်း ၃ဇွန်းနဲ့ Swal နို့စိမ်း ၁ဇွန်းတို့ကို ခွက်တစ်ခုထဲမှာ ထည့်ပေးပြီး နှံ့စပ်အောင် ရောမွေထားပေးပါ။ ပါဝင်ပစ္စည်းလေးတွေအဆင်သင့်ဖြစ်အောင် ရေခဲလေးတွေကိုလည်း ခွက်တစ်ခုနဲ့ ချထားပေးပါနော်။ ပစ္စည်းအားလုံးစုံပြီဆိုရင်တော့ ဌက်ပျောသီးကို ခဏဖယ်ထားပြီး ကျန်တဲ့အသီးတွေကို ထည့်ပေးပါ။ ပြီးရင်တော့ မကြာသေးခင်ကမှ နှံ့စပ်အောင်ရောဖျော်ထားတဲ့ Swal ရဲ့ နို့ဆီ၊နို့စိမ်းအရည်လေးကို အသီးတွေရဲ့ အပေါ်ကနေ စမ်းလိုက်ပါနော်။ ပြီးရင်တော့ ရေခဲတုံးလေးတွေကို ထည့်ပေးပြီး ဖယ်ထားတဲ့ ဌက်ပျော်သီးလေးတွေကို ထပ်ပေါင်းပြီး မွှေပေးလိုက်ရင်တော့ ချိုချိုအေးအေးလေးနဲ့ လန်းဆန်းစေမယ့် သီးစုံအချိုပွဲလေး ရရှိနိုင်ပါပြီနော်။ လူကြီး၊လူငယ် မရွေး အကြိုက်တွေ့စေမှာမလို့ မလုပ်စားရသေးရင် ဒီနှစ်နွေရာသီအမီလေး လုပ်စားလိုက်ဖို့ အကြံပေးပါရစေနော်။ 🥰😉

#အားလုံးရဲ့အသည်းစွဲ #အဖျော်ဆရာများရဲ့အသည်းစွဲ #စွဲနို့ဆီနို့စိမ်း #စွဲမက်ဖွယ်ရာအရသာ #အိမ်တိုင်းရဲ့အသည်းစွဲ

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00