Ever Smile

Ever Smile

Share

14/09/2024

🙏🙏🙏

25/05/2024

မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ၊ အရောင်းအဝယ် အလုပ်အကိုင်‌‌ အစစအရာရာ အဆင်ပြေ ကြီးပွားတိုးတက်ကြပါစေရှင့်

#ချစ်တဲ့ MT

22/05/2024

စီးပွားဥစ္စာ ဒီရေအလားတိုးပွား ချမ်းသာလိုရာပြည့်ပါစေရှင့်

#ချစ်တဲ့

05/05/2024

ကိုယ့်ခန္ဓာလှဖို့ ပြင်ကြတယ် စိတ်နေစိတ်ထားလှဖို့ ပြင်ကြရင် အရမ်းကိုကောင်းတဲ့ ......

လောကလူတွေမှာ……
အရေးကြီးဆုံးက
ကောင်းအောင်ပြင်ဖို့ အရေးကြီးဆုံးပဲ။

မြတ်စွာဘုရား သာသနာနဲ့
ကြုံတွေ့တဲ့ အချိန်မှာမှ မိမိကိုယ်ကို
ကောင်းအောင် မပြင်လိုက်နိုင်ဘူးဆိုရင်

နောင် ကောင်းအောင် ပြင်ဖို့ဆိုတာ
တော်တော်ခဲယဉ်းသွားလိမ့်မယ်။

လောကလူတွေ
ဘာတွေကို ပြင်ဆင်တုန်းဆို
ကိုယ့်ခန္ဓာကိုယ်ကို လှဖို့ပဖို့ ပြင်ကြတယ်။

သို့သော် မပြင်ဘဲနေတာ ဘာလဲဆိုရင်
အကျင့်စရိုက်တွေ မပြင်ဘူး။
စိတ်နေသဘောထားတွေ မပြင်ဘူး။

လောဘကြီးတဲ့သူကလည်း ပြင်ဖို့ စိတ်မဝင်စားဘူး။

ဒေါသကြီးတဲ့သူကလည်း ပြင်ဖို့ စိတ်မဝင်စားဘူး။

မသိမလိမ္မာ မောဟကြီးနေတဲ့သူကလည်း ပြင်ဖို့ စိတ်မဝင်စားဘူး။

လူတွေဟာ စိတ်မပြင်နိုင်လို့ သံသရာထဲမှာ
တဝဲလည်လည် ဖြစ်နေတာလေ။

အခု မြန်မာနိုင်ငံမှာ လူလာဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓဘာသာဝင် မိသားစုက မွေးဖွားလာလို့

မြတ်စွာဘုရားဟောကြားတဲ့ တရားဓမ္မတွေကို နာယူရလို့ ဘုရားတရားကို သိတတ်လာကြတယ်။

ဒီလိုပုဂ္ဂိုလ်တွေထဲကမှ စိတ်ကို ဖြူစင်ဖို့ မကြိုးစားဘူးဆိုရင်
ကျန်တဲ့ပုဂ္ဂိုလ်တွေက ဒီဘက်ကို သတိတောင်
မရဘူး။အမှတ်တောင်မရဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားသာသနာတော်နဲ့ တွေ့ကြုံလာတဲ့ အခိုက်ကလေးမှာ

စိတ်ရဲ့အညစ်အကြေးဆိုတာ
ဘာတွေလဲ။

စိတ်မဖြူစင်ဘူးဆိုတာ ဘာလဲ။

စိတ်ကို မဖြူစင်စေတဲ့ စိတ်ရဲ့အညစ်အကြေးတွေကို
ဘယ်လိုသန့်ရှင်းရေး လုပ်ရမလဲဆိုတာတွေ သိရှိနားလည်ထားဖို့ လိုတယ်။

အခုလို တရားပွဲကြီးတွေ ကျင်းပတာ ဒါတွေသိအောင်
လုပ်တာနော်။ တကယ်ကတော့ ကိုယ့်ဘဝမှာ မကောင်း
တဲ့အရာတွေကို ဖယ်ရှားလို့ ကောင်းတဲ့အရာတွေကို
လက်ခံကြိုးစားဖို့ ကောင်းအောင်ပြင်တတ်ဖို့အတွက်
ပညာယူနေတဲ့သဘောပဲ။

တရားနာတယ်ဆိုကတည်းက မြတ်စွာဘုရားဟောတဲ့
တရားကို ဓမ္မကထိကဆရာတော်တွေဆီက တို့နာမယ်။
နာပြီးရင် သင်ခန်းစာယူသင့်တဲ့ဟာ ယူမယ်။ ရှောင်သင့်
တာ ရှောင်မယ်။ ဆောင်သင့်တာ ဆောင်မယ်။

ကိုယ့်ဘဝနဲ့ပတ်သက်ပြီး ဘဝကို ရှင်းရှင်းလင်းလင်း
မြင်ဖို့ရာအတွက် မြတ်စွာဘုရားဟောတဲ့ တရားအဆုံးအမတွေ နာယူကြရမှာ ဖြစ်တယ်။

အဲဒီလိုနာယူပြီး တရားဓမ္မကို လိုက်နာကျင့်သုံးတဲ့
ပုဂ္ဂိုလ်ကျမှ အကျိုးသက်ရောက်မှုဆိုတာ ဖြစ်လာနိုင်မယ်
ပေါ့။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် အကျိုးသက်ရောက်မှု
ဆိုတာ မဖြစ်နိုင်ဘူး။

- ဒေါက်တာအရှင်နန္ဒမာလာဘိဝံသဆရာတော်ဘုရားကြီး

ဆရာတော်ဟောကြားတော်မူသော " အလေးထား၍
စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် " တရားတော်မှ။

Posted by Words of Buddha

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Mingalar Taung Nyunt Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00