Ideya

Ideya

Share

19/02/2026

လုပ်ငန်းခွင်မှာ အလုပ်လုပ်ကြတဲ့အခါ ဒီလိုလူတွေနဲ့တွေ့ရင်တော့ စိတ်ညစ်ဖို့ အင်မတန်ကောင်းပြီလို့သာ မှတ်ထားလိုက်တော့ ..
ဘယ်လိုလူတွေလဲဆိုတော့ လုပ်ငန်းခွင်မှာ စိတ်ညစ်စရာကောင်းတဲ့ လုပ်ဖော်ကိုင်ဖက် (၁၀) မျိုးပဲ။ အဲ့ဒီထဲက (၅) မျိုးအကြောင်းကို အရင်ပြောပြပါမယ်။ အဲ့ဒါ ဘယ်လိုလူတွေလဲဆိုတော့ -
၁)။ ဆုံးဖြတ်ချက်မချနိုင်တဲ့သူတွေ -
အမှားလုပ်မိမှာကို ကြောက်ပြီး ဆုံးဖြတ်ချက်မချဘဲ အချိန်ဆွဲနေတတ်သူတွေ
၂)။ နိုင်လိုမင်းထက်ပြုတတ်သူတွေ -
ပြိုင်ဆိုင်မှုကို အလွန်အကျွံလုပ်ပြီး အနိုင်ရရေးကိုပဲ ဦးတည်သူတွေ
၃)။ ပြဇာတ်မင်းသား/မင်းသမီးတွေ -
ကိစ္စသေးသေးလေးကို ပုံကြီးချဲ့ပြီး ပြဿနာရှာတတ်သူ (Drama Queen) တွေ ဖြစ်တယ်။ အာရုံစိုက်ခံရမှုကို လိုလားကြတဲ့သူတွေ
၄)။ ရိုးရာတွေကို ဖီဆန်တတ်သူတွေ -
စည်းကမ်းတွေကို ချိုးဖောက်မယ်၊ ပြီးရင် အထက်လူကြီးတွေကို မလေးမစား ပြောဆိုတတ်တာကို ဂုဏ်ယူတတ်သူတွေ
၅)။ လေပေါတတ်တဲ့သူ/ပျင်းစရာကောင်းတဲ့သူတွေ -
အစည်းအဝေးတွေမှာ PowerPoint စာမျက်နှာပေါင်းများစွာနဲ့ ပျင်းစရာကောင်းအောင် ပြောတတ်သူလိုမျိုးတွေ
သူတို့တွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ရမဲ့ နည်းစနစ်တွေရှိပါတယ်။ ဥပမာ - ဒရမ်မာကွင်းတွေ/ကင်းတွေနဲ့ကြုံတွေ့ရတာမျိုးဆိုရင် သူတို့ရဲ့ ပုံကြီးချဲ့တာတွေကို လုံး၀လျစ်လျူရှုထားဖို့လိုပါတယ်၊ တုံ့ပြန်မှုတွေ မလုပ်ပါနဲ့ .. ကိုယ့်အထက်လူကြီးက ကိုယ့်ကို တည်ငြိမ်တဲ့ professional တစ်ယောက်ဆိုပြီး မြင်စေချင်ရင် ဒီလိုလူတွေနဲ့ ရောနှောပြီး မနေမိဖို့လိုပါတယ် ..။
ဒီလိုမျိုး လုပ်ဖော်ကိုင်ဘက်တွေကိုလည်း စီမံခန့်ခွဲတတ်ဖို့၊ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့ နည်းလမ်းတွေကို သိချင်တယ်ဆိုရင် ဖားနေဖို့မလိုဘဲ အလုပ်မှာ ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတဲ့ လျှို့ဝှက်ချက်တွေပါတဲ့ Ideya ရဲ့ Digital Product Summarized Ebook ကို ဖတ်ကြည့်ပါ။
ပုံမှန်ရောင်းစျေး မြန်မာငွေ (၅) သောင်းကျပ်ကို ပထမဆုံး first-sale အဖြစ် (60% OFF❗️) (၂) သောင်းကျပ်တည်းကျသင့်မှာမို့ Chat Box ကနေ တစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

03/11/2025

“ ခင်ဗျားရဲ့ လုပ်ငန်းတူ ပြိုင်ဘက်တွေက ကိုယ်တိုင်အချိန်ကုန် မခံကြဘူး ..”
ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဒီနေ့လိုခေတ်မျိုးမှာ ကိုယ်နဲ့လုပ်ငန်းတူတွေထက် အမြဲ ခြေတစ်လှမ်းသာအောင် စောင့်ကြည့်ပြီး လိုက်လုပ်နေရတာပါ။ ကိုယ့်လုပ်ငန်း၊ ပစ္စည်းနဲ့ဝန်ဆောင်မှုအတွက် ကိုယ်ကိုယ်တိုင် အစအဆုံး ပို့စ်တွေတင်ဖို့အတွက် idea တွေ စဉ်းစားရ၊ လူစိတ်ဝင်စားနိုင်အောင်ဆိုပြီး စမ်းရေးကြည့်ရ၊ တင်ရ လုပ်နေရတာနဲ့တင် တကယ့်ကို အရေးကြီးတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းတာတွေ၊ ပစ္စည်းလာဝယ်တာတွေ၊ နောက်ပြီး သက်သာတဲ့ စျေးနှုန်းတွေနဲ့ ပိုကောင်းတဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် လုပ်နေရမဲ့ အချိန်တွေကို ဒီလိုမျိုး ဖဲ့ပေးလိုက်ရတာက အဆင်မပြေပါဘူး။
Ideya ရဲ့ “Content Writing Service” ကို သုံးကြည့်ပါ။ လူကြီးမင်းတို့ လုပ်ငန်း၊ ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် လူစိတ်ဝင်စားနိုင်မဲ့ အရေးအသားတွေ၊ ခေါင်းစဉ်တွေ၊ ပို့စ်တွေကို ဖန်တီးပေးနိုင်ပါတယ်။ Digital Marketing Field ထဲမှာ Content Marketing Professional အနေနဲ့ လုပ်လာတာ သက်တမ်း (၁၀) နှစ်ကျော်ရှိတဲ့ professional content writers/copywriters တွေ၊ လက်လီအရောင်းလုပ်ငန်းမှာ ဆယ်စုနှစ် တစ်စုကျော်စာ အတွေ့အကြုံ ရှိတဲ့ Professional တွေ၊ NGO Project တွေအတွက်၊ ဆေးဝါးလုပ်ငန်းတွေ၊ ဆေးရုံဆေးခန်းတွေအတွက် Content တွေ create လုပ်ပေးနိုင်တဲ့ Medical Content Professional တွေလည်း Ideya မှာ ရှိပါတယ်။
ဥပမာအနေနဲ့ နေ့တိုင်းအသစ်အသစ်တွေ အမြဲထွက်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေအတွက် Tech Contents တွေကနေ စပြီး ရေးရလည်းခက်၊ နောက်ခံ background မရှိရင် တော်တန်ရုံ ရေးလို့ အဆင်မပြေကြတဲ့ Medical Contents တွေအထိပါ ရေးသားပေးနိုင်တာမို့ လူကြီးမင်းတို့အတွက် အချိန်ကုန်၊ လူပင်ပန်းဖြစ်တာကို သက်သာစေပြီး လုပ်ငန်းအတွက်အများကြီး အကျိုးကျေးဇူးရှိစေမယ်ဆိုတာကို အာမခံ နိုင်ပါတယ်။
Ideya ရဲ့ Content Writing Service Fees လေးကတော့ Content တစ်ပုဒ်ကို 15,000/- ks ကနေ စပြီး ရှိမှာ ဖြစ်ပြီးတော့ ရေးရတဲ့ အကြောင်းအရာပေါ် မူတည်ပြီးတော့ စျေးနှုန်းအပြောင်းအလဲ ရှိမှာ ဖြစ်ပါတယ်။
အသေးစိတ် ထပ်သိချင်တယ်ဆိုရင် Page Messenger or Viber (09 448 22 33 44) မှာ လာရောက် စုံစမ်းလို့ရပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon