What I know
14/04/2026
ဒီတစ်ခါ
ဆရာသိုးဆောင်းရေးတဲ့
"အကြင်သူသည်"
ချစ်ရက်လိုက်တာ နန်နွယ်ရယ်.......
သူပြောတဲ့အချစ်ဆိုတာ......
ကာကွယ်ပေးလိုမှုတဲ့......
လောကမှာ ချစ်ရင်းသေမယ်........
မုန်းရင်းသေမယ်.......
လူနှစ်မျိုးရှိတယ်
နန်းနွယ်ကတော့......
ချစ်ရင်းသေမဲ့လူစားပဲ...
နန်နွယ်ရယ်........
ခန္ဓာသည်တစ်ယောက်အတွက်
ကိုယ့်မှာရှိသမျှနဲ့ ပုံအောပြီး
ကာကွယ်ပေးခဲ့တာ
သူ့ကိုပြန်မချစ်တဲ့ လူတစ်ယောက်အတွက်တဲ့လေး
ကျွန်မကိုယ်တိုင်လည်း ဘယ်လိုဖြစ်လို့လဲ...လို့မေးခွန်းထုတ်မိတယ်
ဒီလိုမင်းသားမွဲသွားတဲ့ ကာရိုက်တာဆန်းတယ်မလား
ဒါပေမဲ့ဆရာ့ရဲ့ ရည်ရွယ်ချက်ကရှင်းရှင်းလေး....
အချစ်ဆိုတာ
ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးခြင်းပဲတဲ့
အဲဒါကိုနှောင်းလူတွေ သိစေလို၏တဲ့
ဒီဇာတ်လမ်းကိုဖတ်ရင် ဆင်ခြင်စရာတွေရှိခဲ့တယ်
"My body my choice" ဆိုတဲ့လူတွေ
နန်းနွယ်ကိုအားနာသင့်တယ်
သူ့ခမျာ အဿပြာထောင်ချီနှင့်
သူချစ်သောသူ၊ သူ့ကိုပြန်မချစ်သောသူ၊
ခန္ဓာသည်တစ်ဦး၏ညများစွာကို
ကာကွယ်ပေးခဲ့တာ သူ့တစ်ဘဝပဲမဟုတ်လား
"My body my choice" ဆိုတာမျိုးက ကျွန်မတို့မြန်မာထုံးတမ်းနဲ့လည်းမညီပါဘူး
ကိုယ်ကိုယ်ကိုယ်တန်ဖိုးမထားရာရောက်တယ်
အဲ့ဒီလို ကိုယ်ကဖြစ်ချင်သလိုဖြစ်ခဲ့ပြီး
တစ်ချိန်ကျ
ကိုယ်အမှန်တကယ်ချစ်ရသူနဲ့တွေ့ရရင်….............
@သိုးဆောင်းရဲ့စာဖတ်ပရိတ်သတ်
@စာပေချစ်သူများ
#စာဖတ်မယ်reviewရေးမယ်
13/04/2026
ဆရာမမယ်ညိုရဲ့
"ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပါပဲ"
ကိုနောက်တစ်ခါ review ရေးပေးလိုက်ပါတယ်။
ဇော်ရယ်.........
ဇော်ကမေကို ချစ်တယ်လို့ ပြောခဲ့တယ်နော်.
အခုလည်း အချစ်မလျော့ဘူးပြောတာပဲ....
မေဘက်က ဇော့်ကိုပြန်မချစ်နိုင်ပေမဲ့
မယားဝတ္တရားတော့ မပျက်ခဲ့ပါဘူး
ဇော်ရဲ့ အချစ်ကပဲ မစစ်မှန်ခဲ့လို့လား.....
အချစ်ကပဲ ဆန်းကြယ်လွန်းလို့လာ....
ကျွန်မစိတ်ထဲ ဒွိဟဖြစ်နေတယ်။
မေ့ကို သဲသဲလုပ်ချစ်ခဲ့တဲ့ ဇော်....
ဘယ်လိုဖြစ်သွားတာလဲ
ဧကန္တ မေဝဋ်လည်တာများလားပေါ့..
နောက်ဆုံးအချိန်အထိ
ဇော်မဖြေခဲ့တဲ့မေးခွန်းရဲ့အဖြေကို
ကျွန်မလည်းသိချင်မိတယ်
အဲ့ဒီမိန်းကလေးကိုမေ့ထက်ပိုချစ်သွားပြီလား.....
ဆိုတာကိုပေါ့
အိမ်ထောင်ရေးဖောက်ပြန်တဲ့ဇာတ်လမ်းပေါ့....
အဆုံးသတ်မလှတဲ့ဇာတ်လမ်းပေါ့...
ဒါပေမဲ့ .....
ဆရာမရဲ့လက်စွမ်းနဲ့ နူးညံ့သိမ်မွေ့နေတာပဲ
တစ်ပါးအမျိုးသားကိုချစ်မိနေရှာတဲ့
သူမလေးကိုသနားမိတယ်
ကိုယ့်မှာကာမပိုင်ရှိနေပြီး
တစ်ပါးအမျိုးသမီးကို
ချစ်ကြောင်းကြိုက်ကြောင်းပြောတတ်တဲ့
ယောက်ျားမျိုးကိုမကြိုက်ဘူး
ဒါဟာ ယောက်ျားကောင်းယောက်ျားမြတ်တို့ရဲ့ လုပ်ရပ်မဟုတ်ဘူးလေး......
ဒါပေမဲ့.....အချစ်.......
အချစ်မှာအပြစ်မရှိဘူးလေး
အချစ်ဖြစ်ခြင်းမှာ ဘယ်သူမှမမှားဘူးလေး
ဒါပေမဲ့ ပြုမိခြင်းမှာ အပြစ်ရှိမည့်အကြောင်း
ကျွန်မတရေးရေးမြင်လာတာပဲ
အမှန်အတိုင်ဝန်ခံရရင်
အိမ်ထောင်ရှင်ယောက်ျားလေးတစ်ယောက်က အပျိုမိန်းမငယ်တစ်ယောက်ကို
ချစ်ဖို့မပြောနဲ့
စိုက်ကြည့်နေတာမျိုးကိုတောင်
ကျွန်မသိပ်မုန်းတယ်။
ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့
ကျွန်မရဲ့နှလုံးသားလေးလည်း
နူးညံ့ပျော့ပျောင်းခဲ့ပါတယ်။
@မယ်ညိုရဲ့စာဖတ်ပရိတ်သတ်
@စာပေချစ်သူများ
#စာဖတ်မယ်reviewရေးမယ်
10/04/2026
🖤 ကိုယ့်ကိုယ်ကိုယ် သနားစရာအဖြစ်ပဲ မြင်နေတဲ့သူတွေ…
တစ်ခါတစ်လေ
လောကကြီးက မကောင်းလို့မဟုတ်ပါဘူး—
ကိုယ့်မျက်လုံးနဲ့ကိုယ် ကိုယ့်ကိုယ်ကို မလေးစားတော့တာပါ။
💭 “ငါမတတ်ဘူး”
💭 “ငါမတန်ဘူး”
💭 “ငါ့ဘဝက မကောင်းဘူး”
ဒီလိုစကားတွေကို
နေ့တိုင်း ကိုယ့်ကိုယ်ကို ပြောနေမယ်ဆိုရင်…
ဘယ်သူမှ သင့်ကို မကူညီနိုင်တော့ပါဘူး။
💊 အမှန်ကတော့…
ဒီလိုစိတ်အတွက်
အပြင်က “ဆေး” မရှိပါဘူး။
✔️ ကိုယ့်ကိုယ်ကို လက်ခံခြင်း
✔️ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်း
✔️ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း
ဒီ ၃ ခုပဲက
တကယ်ကုနိုင်တဲ့ ဆေးပါ။
🌱 မှတ်ထားပါ
ကိုယ့်ကိုယ်ကို သနားနေခြင်းက
အချိန်တိုင်း သင့်ကို နောက်ကျစေပါတယ်။
သနားမနေနဲ့—
တိုးတက်ဖို့ စတင်လိုက်ပါ။ ✨
06/04/2026
ဆရာမမယ်ညိုရဲ့
"ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာ မင်းပါပဲ" စာအုပ် ရင်ထဲထိတယ်။
စာအုပ်ထဲက ကျွန်မဆိုတဲ့"မေ"
အချစ်ဆိုတာ ........
တမင်ဖန်တီးယူရတာ မဟုတ်ပေမဲ့
သူမကတော့.......
ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ချစ်နေမိရင်..... ရယူပိုင်ဆိုင်ရဖို့ထက်
လက်လွတ်တတ်ဖို့လည်း ....
သူမသင်ယူခဲ့ရတယ်။
"မင်းချစ်ချစ်မချစ်ချစ်
ကိုယ်ကတော့ဆက်ချစ်နေမှာပဲ"
လို့ဆိုတဲ့ အစ်ကို.......
"လွန်ခဲ့တဲ့၁၀နှစ်က
မင်းဘယ်မှာရောက်နေတာလဲ"
လို့ဆိုတတ်တဲ့အစ်ကို.....
မျက်ဝန်းညိုညိုနဲ့ အစ်ကို......
ဒီလိုစကားပြောတိုင်းမှာ မေရင်နာရပါတယ်
အစ်ကိုနဲ့ပတ်သက်သမျှ
ရင်ထဲနင့်နေအောင် ခံစားရပေမဲ့
မေအစ်ကို့ကိုချစ်တယ်......
အစ်ကိုရဲ့ဆုံးဖြတ်ချက်က နာကျင်ရပေမဲ့ မှန်တယ်
ဒီဇာတ်လမ်းတစ်ခုလုံးမှာ ဘယ်သူမှန်သလဲ၊ဘယ်သူမှားသလဲ ကျွန်မမဆုံးဖြတ်တတ်ဘူး။
မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ
အားလုံးက အချစ်ကြောင့်ပဲ......
အချစ်ကြောင့်နာကျင်ရပေမဲ့....
တစ်ချို့သောသူတွေက
ချစ်နေရရင်ကို ကျေနပ်ကြတာ
နောင်ဘဝသာတကယ်ရှိခဲ့ရင်...
အစ်ကိုနဲ့ ၁၀နှစ်စောပြီးတွေ့ပါစေ မေရယ်.......
ဆရာမရဲ့ဇာတ်လမ်းကို ဖတ်ပြီး ကျွန်မလည်း ခံစားရပါတယ်
မေရယ်...... မေ့ကိုသနားလိုက်တာ
မေ့ကိုတစ်ချိန်လုံးနာကျင်စေတာ အစ်ကိုပေါ့
ဒါပေမဲ့ ကျွန်မလည်း မေ့လိုပဲ
အစ်ကို့ကိုမုန်းမရမေ့မရခဲ့ပါဘူး.....
သိပါတယ်အစ်ကိုဘယ်လမ်းကိုပဲရွေးရွေး
နာကျင်ရမဲ့သူတစ်ဦးဦးတော့ရှိရမှာပဲ
အဲ့ဒီတော့ နာကျင်စေပေမဲ့
အစ်ကိုရဲ့ရွေးချယ်မှုမှန်ကန်တဲ့အတွက်
အစ်ကို့ကိုလေးစားတယ်
ဒီလိုစာရေးဆရာရဲ့စာအုပ်reviewတွေကို အလျဉ်းသင့်သလို ဖော်ပြပေးသွားမှာမို့ ❤️နဲ့ follow ပေးဖို့မမေ့ပါနဲ့
@မယ်ညိုfans
@စာချစ်သူများ
#ဦးစားပေးဖော်ပြလိုမှု
@ဆရာမမယ်ညို #စာရေးဆရာ
ဘဝမှာ “နောက်မှလုပ်မယ်” လို့
ပြောလို့ရတဲ့အရာတွေရှိသလို
နောက်ကျသွားရင်
ပြန်မရနိုင်တော့တဲ့အရာတွေလည်း ရှိပါတယ်။
💛 မိဘနဲ့အချိန်ပေးခြင်း
သူတို့က အမြဲမစောင့်နိုင်ပါဘူး။
ကိုယ်မိဘကိုပြန်ကြည့်လိုက်ပါ။
တစ်ရက်ထက်တစ်ရက်
အိုမင်းသွားတာပါ။
🌱 အိပ်မက်ကို စတင်ခြင်း
အချိန်မစောင့်ပါဘူး…
သင်ပဲ စတင်ရမှာပါ။
🤝 ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ဆက်ဆံခြင်း
နောက်ကျသွားရင် ပြောခွင့်တောင်
မရနိုင်တော့ပါဘူး။
တစ်ခါတစ်လေ
“အချိန်ရှိသေးတယ်” လို့ ထင်နေတတ်ပါတယ်။
ဒါပေမယ့် အချိန်ဟာ
ဘယ်သူ့အတွက်မှ မစောင့်ပါဘူး။
တစ်ချို့အရာတွေက
အချိန်မှန်တဲ့အချိန်မှာ လုပ်မှသာ အဓိပ္ပါယ်ရှိပါတယ်။
မနက်ဖြန်အတွက် မထားနဲ့…
ဒီနေ့ကနေ စပါ။ ⏳✨
#ဦးစားပေးဖော်ပြလိုမှု
သူတို့ကို လူတွေ အားနည်းတယ်လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် အမှန်မှာ…
သူတို့ဟာ စိတ်နူးညံ့လွန်းတဲ့သူတွေပါ။
💭 သိမ်ငယ်တတ်တဲ့သူတွေမှာ ရှိတတ်တဲ့အရာတွေ
🤍 ခံစားချက်နက်ရှိုင်းတယ်
အခြားသူတွေ မခံစားမိတဲ့
အရာလေးတွေတောင်
သူတို့က အလွန်နက်ရှိုင်းစွာ
ခံစားတတ်ပါတယ်။
🧠 အမြဲ ကိုယ့်ကိုယ်ကို
စဉ်းစားတတ်တယ်
“ငါမှားနေပြီလား?”
“ငါမလုံလောက်ဘူးလား?”
လို့ ကိုယ့်ကိုယ်ကို ပြန်မေးနေတတ်ပါတယ်။
💔 လွယ်လင့်တကူ
နာကျင်တတ်တယ်
စကားလေးတစ်ခွန်းတောင်
စိတ်ထဲမှာ
ကြာရှည် ထားတတ်ပါတယ်။
💡 ဒါပေမယ့်…
သိမ်ငယ်တတ်တာပါ
အားနည်းမှုမဟုတ်ပါဘူး။
ဒါဟာ
ကိုယ့်အတွင်းစိတ်
နူးညံ့ပြီး
လူတွေကို
နားလည်နိုင်စွမ်းရှိခြင်းပါ။❤️❤️❤️❤️❤️
23/03/2026
🌱 ဘယ်လိုရှေ့ဆက်ရမလဲ?
တစ်ခါတစ်လေ
ဘယ်လမ်းကို လျှောက်ရမလဲ မသိတော့တဲ့အချိန်တွေ ရှိတတ်ပါတယ်။
ဒါပေမယ့်
ရှေ့ဆက်ဖို့ဆိုတာ အဖြေကြီးတွေ မလိုပါဘူး။
💡 စတင်ဖို့ အချက် ၃ ချက်
🌿 ၁။ သေးသေးလေးနဲ့ စပါ
ကြီးကြီးမားမား မလိုပါဘူး။
ဒီနေ့ လုပ်နိုင်တဲ့ အရာလေးတစ်ခုနဲ့ စပါ။
🧠 ၂။ ပြီးပြည့်စုံဖို့ မလိုပါဘူး
မှားနိုင်ပါတယ်။ လမ်းလွဲနိုင်ပါတယ်။
ဒါပေမယ့် မရပ်မနား လျှောက်နေဖို့က ပိုအရေးကြီးပါတယ်။
💪 ၃။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ
မသေချာမှုရှိပေမယ့်
သင် လျှောက်နိုင်တဲ့အင်အား ရှိပါတယ်။
💛 မှတ်ထားပါ
ရှေ့ဆက်တာဆိုတာ
မြန်မြန်ပြေးတာ မဟုတ်ပါဘူး။
မရပ်မနား လျှောက်နေခြင်းပါ။
မသေချာသေးရင်တောင်…
တစ်လှမ်းလှမ်းလိုက်ပါ။
လမ်းက လျှောက်ရင်းနဲ့ ပေါ်လာမှာပါ။ 🌿✨
21/03/2026
အချစ်ဆိုတာ အမြဲလှပပြီး နူးညံ့နေတယ်လို့
လူတွေထင်တတ်ကြပါတယ်။
ဒါပေမယ့် တစ်ချို့အချစ်တွေထဲမှာ
မမြင်ရတဲ့ အဆိပ် လေးတွေ ပါနေတတ်ပါတယ်။
မထင်မရှား
စိတ်ပင်ပန်းစေတယ်…
ကိုယ့်တန်ဖိုးကို လျော့ကျစေတယ်…
ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားစေတတ်ပါတယ်။
💔 ကိုယ့်ကို နာကျင်စေတဲ့အချစ်က
တကယ့်အချစ်မဟုတ်ပါဘူး။
တကယ့်အချစ်ဆိုတာ
ချုပ်ချယ်တာမဟုတ်ဘူး
နားလည်ပေးတာပါ။
တကယ့်အချစ်ဆိုတာ
နာကျင်စေတာမဟုတ်ဘူး
အေးချမ်းစေတာပါ။
17/03/2026
ဖတ်လို့အကောင်းဆုံးစာသား
လူအများစုက
Motivation ရလာမှ စတင်လုပ်ကြတယ်။
ဒါပေမယ့် အမှန်တကယ် အောင်မြင်တဲ့သူတွေက
စတင်လုပ်လိုက်မှ Motivation ရလာတာပါ။
လုပ်ချင်စိတ်လာမယ်ဆိုပြီး
အချိန်ကြာကြာ စောင့်နေကြတယ်။
ဒါပေမယ့်
အလုပ်ကို စတင်လိုက်တဲ့အချိန်မှာပဲ
စိတ်အားတက်မှုတွေ နောက်က လိုက်လာတတ်ပါတယ်။
💡 လူသိနည်းတဲ့ လျှို့ဝှက်ချက်ကတော့ —
Motivation က
စတင်လုပ်ဖို့ အကြောင်းမဟုတ်ဘူး။
လုပ်ပြီးမှ နောက်ကလိုက်လာတဲ့ အရာပါ။
အဲဒါကြောင့်…
မစတင်ရသေးရင်
စိတ်အားတက်မယ်ဆိုတာ မလာသေးပါဘူး။
Start first.
Motivation will follow. 🚀
15/03/2026
ကမ္ဘာပေါ်မှာ လူဦးရေတွေ တိုးလာနေပါတယ်။
မြို့တွေကြီးလာတယ်၊ လူတွေ ပိုများလာတယ်။
ဒါပေမယ့် တစ်ခါတစ်လေ
လူသားဆန်မှုတော့ နည်းလာသလို ခံစားရပါတယ်။
အချင်းချင်း နားလည်မှုနည်းလာတယ်။
ကိုယ်ချင်းစာစိတ် နည်းလာတယ်။
အမြန်ပြေးနေတဲ့ဘဝကြားမှာ
လူသားဆန်တဲ့ အနွေးဓာတ်တွေ မေ့လျော့နေတတ်ပါတယ်။
မှတ်ထားပါ
ကမ္ဘာကြီးကို ပြောင်းလဲဖို့ လူအများကြီး မလိုပါဘူး။
တစ်ယောက်ချင်းစီက
နည်းနည်းပိုမေတ္တာထားမယ်ဆိုရင်
လူသားဆန်မှု ပြန်တိုးလာနိုင်ပါတယ်။ 🌱✨
ကျွန်ုပ်တို့အားလုံးလူသားဆန်ဖို့လိုနေပြီ
“Be human, even in a busy world.”
Click here to claim your Sponsored Listing.
Category
Website
Address
Yangon