Asia Haemo Care - AHC
23/08/2024
ဆီးစစ်တဲ့အခါ Microscope အောက်မှာ တွေ့လိုက်ရတဲ့
ရှည်ရှည်အချောင်းလေးတွေ က ကျန်းမာရေးအတွက်
ဘယ်လောက်အရေးပါတဲ့နေရာမှာ ရှိနေလဲ ???
Urinary Casts 💦
.............
🔬🔍
Urinary Cast ဆိုတာ
လူနာတွေရဲ့ ဆီးကို microscope အောက်မှာ စစ်ဆေးတဲ့အခါမှာ
တခါတလေ တွေ့ရတတ်တဲ့ အချောင်းပုံစံ /အိတ်အရှည် ပုံစံလို အရာလေးတွေ
ဖြစ်ပါတယ်။
................
💊
ဒီ Cast လေးတွေကို တွေ့ရခြင်းဟာ
ကျောက်ကပ်မှာ ဘယ်လို ပြဿနာတွေ ဖြစ်နေလဲ၊
ဘယ်လို ရောဂါကူးစက်မှု မျိုးတွေ ကြုံတွေ့ နေရလဲဆိုတာတွေကို
ညွှန်ပြပေးနိုင်ပါတယ်။
................
💠 Cast အမျိုးအစားများ 💠
⚜ 1. Hyaline Cast
⚜ 2. Red Blood Cell Cast
⚜ 3. White Blood Cell Cast
⚜ 4. Bacterial Cast
⚜ 5. Fatty Cast
⚜ 6. Renal tubular epithelial Cast
⚜ 7. Pigment Cast
⚜ 8. Granular Cast
⚜ 9. Waxy Cast
ပုံမှန်ကျန်းမာတဲ့လူတွေ ရေသောက်နည်းတဲ့အခါ (ဒါမှမဟုတ်) ရေဓာတ်ခမ်းခြောက်နေတဲ့ အခါ
သူတို့ရဲ့ဆီးမှာ ရံဖန်ရံခါတွေ့ရတတ်တဲ့ သိပ်မထူးခြားတဲ့ Cast တွေ ရှိသလို
အရေးကြီးတဲ့ ကျန်းမာရေးအခြေအနေတွေကို ညွှန်ပြပေးနိုင်တဲ့ Cast အမျိုးအစားတွေလည်း အများကြီးရှိပါတယ်။
🔴⚪🔵
Cast တွေဟာ သူတို့ကိုဖြစ်ပေါ်စေတဲ့ အရာတွေအပေါ်လိုက်ပြီး
အမျိုးအစား ကွဲပြားသွားပါတယ်။
➖ ပရိုတိန်း၊ သွေးနီဥ၊ သွေးဖြူဥ၊ ဘက်တီးယား၊
ကိုယ်တွင်းအင်္ဂါတွေရဲ့ အပေါ်ယံလွှာဆဲလ်၊ အဆီ အစရှိတဲ့ အရာတွေ
အများကြီးကနေ ပြုလုပ်ထားနိုင်ပါတယ် ။
⚠
Cast အမျိုးအစားတစ်ခုချင်းစီဟာ သူတို့ကိုပြုလုပ်ထားတဲ့အရာတွေအပေါ်မူတည်ပြီး
ရောဂါဖြစ်ပေါ်လာစေတဲ့အကြောင်းရင်းကို ခန့်မှန်းညွှန်ပြပေးနိုင်တဲ့အထိ အရေးပါတဲ့ အတွက် -
ဆရာဝန်ကြီးတွေ ရောဂါတစ်ခုကို အဖြေရှာ ကုသတဲ့နေရာမှာ အထိုက်အလျောက် အကူအညီ ဖြစ်စေပါတယ်။
⚜💠 1. Hyaline Cast
Uromodulin လို့ခေါ်တဲ့ ပရိုတိန်း တစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ Cast ဖြစ်ပါတယ်။
ပုံမှန်ရေသောက်နည်း ရေဓာတ်ခမ်းခြောက် တဲ့အခါ၊ အပြင်းအထန်
လေ့ကျင့်ခန်းလုပ်ထားတဲ့အခါ တွေမှာ တွေ့ရတတ်သလို
နာတာရှည် ကျောက်ကပ်ရောဂါသမားတွေမှာလဲ တွေ့ရတတ် ပါတယ်။
⚜💠 2. Red Blood Cell Cast
သွေးနီဥတွေနဲ့ ပြုလုပ်ထားပြီး၊
အနီရောင် or လိမ္မော်နီရောင် cast တွေ ဖြစ်ပါတယ်။
ကျောက်ကပ် သွေးယိုစီးခြင်း နဲ့
ကျောက်ကပ်အတွင်းရောင်ရမ်းမှု (Glomerulonephritis) တို့
ဖြစ်ပေါ်တဲ့ အခြေအနေတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။
⚜💠 3. White Blood Cell Cast
သွေးဖြူဥ တွေနဲ့ ပြုလုပ်ထားတဲ့ cast တွေဖြစ်ပါတယ်။
ကျောက်ကပ်ရောင်ရမ်းမှု နဲ့ ကျောက်ကပ်တွေအထိ ရောက်လာတဲ့
ရောဂါကူးစက်မှုတွေမှာ တွေ့ရတတ်ပါတယ်။
⚜💠 4. Bacterial Cast
Cast တွေရဲ့အထဲမှာ ဘက်တီးယားတွေ တွေ့နေရတဲ့ Cast တွေဖြစ်ပါတယ်။
ရောဂါကူးစက်မှုတစ်ခုခု ရှိနေပြီဆိုတဲ့ သိသာတဲ့အချက်ပြမှုတစ်ခုဖြစ်ပြီး၊ WBC cast တွေနဲ့အတူ တွေ့ရတတ်ပါတယ်။
⚜💠 5. Fatty Cast
အဆီတွေနဲ့ ပြုလုပ်ထားတဲ့ cast တွေဖြစ်ပါတယ်။
ဆီးထဲမှာ အဆီတွေတွေ့နေရပြီဆိုတာက -
ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူးဆိုတဲ့
အချက်ပြတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
ဆီးထဲမှာ ပရိုတိန်းတွေအများကြီးပါနေတဲ့အခြေအနေ
(Nephrotic Syndrome)၊
ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကြောင့်ဖြစ်တဲ့ရောဂါ (Lupus)၊
အဆီဆဲလ်တွေ ကျောက်ကပ်ဆဲလ်တွေထဲစုပုံပြီးဖြစ်လာတဲ့ကျောက်ကပ်ရောဂါ (lipoid nephrosis) တွေမှာ
တွေ့ရတတ်ပါတယ်။
⚜💠 6. Renal Tubular Epithelial Cast
အရေပြားမှာ တွေ့ရတဲ့ ဆဲလ် တွေနဲ့ ပုံစံတူတဲ့
ခန္ဓာကိုယ်ထဲက ကလီစာတွေရဲ့ အပေါ်ယံအလွှာဆဲလ်တွေ
သေသွားပြီး စုပြုံလာတဲ့ အခြေအနေကြောင့် ဖြစ်လာတဲ့ cast တွေဖြစ်ပါတယ်။
ကျောက်ကပ်ပြွန်တွေ ဒဏ်ရာရနေတဲ့ အခြေအနေမျိုးမှာ တွေ့ရတတ်ပါတယ်။
⚜💠 7. Pigment Cast
အရောင်တွေပါတဲ့ cast တွေဖြစ်ပြီး၊
လက်ရှိသောက်နေရတဲ့ဆေးတွေကြောင့် ဖြစ်လာတတ်တာ ဖြစ်ပါတယ်။
ရောဂါအခြေနေတွေနဲ့တော့ သိပ်မဆိုင်တတ်ပါဘူး။
⚜💠 8. Granular Cast
Hyaline cast တွေနဲ့ နည်းနည်းဆင်တူတဲ့ cast တွေဖြစ် ပေမယ့်
နာတာရှည် ကျောက်ကပ်ရောဂါကြောင့် ဆဲလ်တွေပျက်ဆီးမှုများလာတဲ့အခြေအနေ နဲ့ ပိုပြီး ဆက်စပ်မှုရှိနေတတ်ပါတယ်။
ဆီးကျန်ခြင်း (urinary retention)
ဆီးပိုးဝင်ခြင်း (urinary tract infection UTI)
နာတာရှည် ပြင်းထန် ကျောက်ကပ်ရောဂါသမားတွေမှာ တွေ့ရတတ်ပါတယ်။
⚜💠 9. Waxy Cast
Granular Cast တွေကနေ ပုံပြောင်းပြီးဖြစ်လာတဲ့castပုံစံတွေပါ။
သိသာတဲ့ ဆဲလ်ပျက်ဆီးမှုတွေကြောင့် ဖြစ်လာတတ်ပါတယ်။
ဆီးကျန်ခြင်း (urinary retention) နဲ့ တခြားကျောက်ကပ်ရောဂါသမားတွေမှာ တွေ့ရတတ်ပါတယ်။
******
✴💠 Most Common အတွေ့ရအများဆုံး Cast💠✴
အပေါ်က ပြောထားတဲ့ cast တွေထဲ မှာမှ "Hyaline Cast" တွေကတော့
ရောဂါကူးစက်မှုတွေ နာတာရှည် ရောဂါတွေကြောင့်မဟုတ်ဘဲ
ပုံမှန်ကျန်းမာနေတဲ့သူတွေ ရေသောက်နည်းတာ၊
လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာတွေကြောင့်လဲ ဖြစ်လာနိုင်တာမို့လို့
Microscope အောက်မှာ ဆီးစစ်ဆေးမှုတွေ ပြုလုပ် တဲ့အခါ
တခြားcast တွေထက်စာရင် ပိုပြီးအတွေ့ရများတတ်ပါတယ်။
🔰🔰🔰🔰🔰🔰🔰🔰
🔬📄
💦Casts in Urine Routine Examination (U-RE) Results 💦
1️⃣
ဓာတ်ခွဲခန်းတွေမှာ ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်နဲ့ပဲဖြစ်ဖြစ်
မိမိသဘောဆန္ဒအရ ပဲ ဖြစ်ဖြစ် ဆီးစစ်ဆေးတဲ့အခါမှာ
ဆီးအဖြေ (Urine RE result )မှာ urinary cast တွေ ရှိကြောင်း တွေ့ခဲ့ရမယ်ဆိုရင်
အဲ့ဒိစစ်ဆေးမှုအဖြေဟာ
➖ သာမန် ဆီးစစ်တဲ့အချောင်းလေးကို ဆီးထဲကို နှစ်ပြီး
ပြောင်းလဲလာတဲ့အရောင်ကို တိုက်ကြည့်ပြီး၊ စစ်ဆေးအဖြေထုတ်ရုံမျိုး
မဟုတ်ပဲ
➖ ကျွမ်းကျင်တဲ့ ဓာတ်ခွဲပညာရှင်များမှ Microscope အောက်မှာ အသေအချာစစ်ဆေးပြီး အဖြေရှာပေးနိုင်တဲ့အခါမျိုးမှာသာ
တွေ့ရတတ်တဲ့ အဖြေမျိုး ဖြစ်ကြောင်း ။ ။
ပထမအဆင့်အနေနဲ့ သိရှိရမှာဖြစ်ပြီး ✅
..
2️⃣
ကိုယ့်ရဲ့ ဆီးအဖြေမှာ အပေါ်မှာပြောပြထားတဲ့ Cast တွေ ရှိကြောင်း
တွေ့ခဲ့မယ်ဆိုရင်
သာမန်အဖြေလေး တစ်ခုအနေနဲ့ သဘောထားပြီး ပေါ့ပေါ့လေးမနေပဲ
⚠ အရေးကြီးတဲ့ ကျန်းမာရေးအခြေအနေတွေကို
ညွှန်ပြပေးနေတဲ့ အချက်အလက်တစ်ခုအဖြစ် အရေးတယူထည့်သွင်း စဥ်းစားပေးမယ်ဆိုရင်
ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေ အတွက်
အချိန်လွန်မှ အသိနောက်ကျရတဲ့ဖြစ်ရပ်မျိုးတွေကနေ
အတတ်နိုင်ဆုံးရှောင်ရှားနိုင်မှာဖြစ်ကြောင်း။ ။✅
🙏🙏🙏
22/12/2023
Yellow Tips ⭐ - X.mas Sale 🎄💖🔔
......
Quality ကောင်း - ဘေးဘက်မှာ အမှတ်ရာလေးတွေပါတဲ့
အဝါရောင် Graduated Yellow Tips လေးတွေ ကို
အထူးလျှော့စျေး နဲ့ ရောင်းချပေးနေပါပြီ 🤗
.....
*10 - 100 ul
*Graduated, Glison
*1000 pcs/ Bag
....
အခုရေ ၁၀၀၀ ပါတဲ့တစ်ထုပ်ကို
မူရင်းစျေး - ၈၅၀၀ ကျပ်
Discount price - ၇၅၀၀ ကျပ် ‼
....
အထုတ်ရေ ၇၂ ထုပ်ပဲ ကျန်ပါတော့တယ် ရှင့် 🔔
အခုပဲ မြန်မြန်လေး မှာယူလိုက်တော့နော်
AHC -☎ 09-956 450 984
or page messenger
22/12/2023
Blue Tips 💧 - X.mas Sale 🎄✨🔔💖
......
Quality ကောင်း - ဘေးဘက်မှာ အမှတ်ရာလေးတွေပါတဲ့
အပြာရောင် Graduated Blue Tips လေးတွေ ကို
⭐ အထူးလျှော့စျေး နဲ့ ရောင်းချပေးနေပါပြီ 🤗
*100 - 1000 ul
*Graduated, Glison
*500 pcs/ Bag
....
အခုရေ ၅၀၀ ပါတဲ့တစ်ထုပ်ကို
မူရင်းစျေး - ၈၀၀၀ ကျပ်
Discount price - ၇၀၀၀ ကျပ်‼
....
အထုတ်ရေ ၆၆ ထုပ်ပဲ ကျန်ပါတော့တယ် ရှင့် ‼
အခုပဲ မြန်မြန်လေး မှာယူလိုက်တော့နော် 🍀🍀🍀
AHC - ☎ 09-956 450 984
or page messenger
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |