Tele.Dr
04/03/2026
🩺 အသည်းကျန်းမာရေး အခမဲ့ဆွေးနွေးနိုင်မယ့် အခွင့်အရေး ✨
လာမယ့် မတ်လ (၇) ရက်နေ့ ကနေစပြီး... 🗓️ အသည်းရောဂါဆေးပညာဌာန (ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) ရဲ့ တွဲဖက်ပါမောက္ခ ဒေါက်တာမေကြည်ကျော် ကိုယ်တိုင် ပါဝင်ဆွေးနွေးပေးထားတဲ့ ကျန်းမာရေးအသိပညာပေး Video Series လေးကို လိုတိုရှင်း မိခင်နဲ့ကလေး page မှာ တင်ဆက်ပေးသွားဖို့ ရှိပါတယ်ရှင်။ 🎥💖
ဒီဗီဒီယိုလေးတွေကို ကြည့်ရှုရင်းနဲ့ ဆရာမကြီးနဲ့ အသည်းကျန်းမာရေး အခမဲ့ ဆွေးနွေးခွင့် ရယူနိုင်မယ့် အစီအစဉ်လေးလည်း ပါဝင်တာမို့... 🎁 မိမိနဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် လက်မလွှတ်တမ်း စောင့်ကြည့်ပေးကြဖို့ သတင်းပါးလိုက်ပါရစေနော်။ 👩⚕️🤝👨👩👧👦
15/12/2025
အောင်လံ က အန်တီ ပေါ့
အသည်းရေဖျဉ်းစွဲနေတော့ အသည်းအထူးကုဆရာဝန်မကြီး Prof Win Win Swe နဲ့ ပြနေရတာပါ
အန်တီရဲ့ သားက သီးရွက် ကုန်သည်
Covidကာလ ထဲ က အန်တီက ဆေးရုံတက်လိုက် အွန်လိုင်းပြလိုက်နဲ့ပါပဲ
အန်တီ ကံကောင်းတာ က အန်တီ သားရော ချွေးမရော က တအားဂရုစိုက်တာ
မှတ်မိသလောက် Covidကာလ တလျှောက်လုံး အန်တီ အတွက် ဆေးဝယ်ပေးရတာပါ
ဆေးဝယ်ဖို့ တန်းစီနေရတဲ့အချိန် ညီမလေး ဘယ်လောက်စျေးကြီးကြီး အကို ပေးပါ့မယ် ရအောင်ဝယ်ပေးပါပေါ့
Tele Doctor ကလည်း ကိုယိ့လူနာ အတွက် လိုအပ်တာဆိုတော့ မရရအောင် ဝယ်ပေးတာပါ
Covid ကာလ ဆေးတွေ တန်းစီဝယ်ရတဲ့ အချိန်ပေါ့
ကိုယ့်ကလည်း ကိုယ့်အလုပ်အတွက် ရော လိုအပ်နေတာ အတွက်ရော စေတနာလေးနဲ့ လုပ်ပေးလို့ထင်ပါရဲ့
ဆေးပို့ပေးရင် မုနိ့ဖိုးပေးတာတဲ့ မယူဘူးနော်
မုန့်ဖိုးပေးရင် နောကိခါ မဝယ်ပေးဘူးလို့ ပြောလိုက်မှ
ရန်ကုန်ဆေးခနိးလာပြတိုင်း လက်ဆောင်တွေ အမြဲ ပို့ပေးတော့တာပါပဲ
Lock Down ဖြစ်နေချိန်တောင် ညီမလေး စားစရာမရှိမှာဆိုးလို့ ဆိုပြီး ဆီ၁၀ပိသာပုံးတွေလိုက် ပို့လိုက်
သူ့ပွဲရုံ က ထွက်တာ ရော တခြားပွဲရုံ က ပစ္စည်းတွေရော ပို့တာ
ဘာလို့ ပေးတာ လဲ မေးတော့ အဖြေကလေ…
ညီမလေး ဆေးဝယ်ပေးလို့ အမေ က အသက်ဆက်ရှင်နေတာတဲ့
တခါမှ မသိတဲ့ မိသားစုလိုက်ကြီးရဲ့ အချစ်တော်လေး
Tele Doctor….
အန်တီဆေးရုံတက် ဆေးဖြန်းတော့ သတင်းမေးသွားတာ
ဆရာမလေး မြတ်ဆု လာမယ်ဆိုလို့ အမျိုးတွေ က လာကြည့်တာတဲ့
ပြီးတော့ နယ်က ချက်လာတဲ့ ဟင်းတွေ နဲ့ ဆေးရုံမှာထမင်းတွေကျွေးတာ..မစားဘူးဆိုတော့
ကိုညီလေး က မှာလိုက်တယ် …သူ့ညီမလေး ကို ဂရုစိုက်ပေးပါ တကူးတက လာကြည့်ပေးတာပါတဲ့
အန်တီကလည်း Covidကာလဆိုတော့ အလုပ်အဆင်မပြေရင် အောင်လံ မှာနေတဲ့ ပွဲရုံ လုပ်တတ်အောင်သင်ပေးမယ်တဲ့…
အဲ့နောက်ပိုင်း အန်တီနေကောင်းတော့ ၆လ တနှစ်နေမှ ဆေးခနိး ပြရတယ်…
Tele မကြညိ့ပဲ လူကိုယ်တိုင်ပဲ လာပြရတာမို့ အဆက်အသွယ် မရှိပေမယ့် လက်ဆောင်တွေ ကတော့ ရမြဲပါ🥰🥰🥰
မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့
တဦးက စေတနာ တဦးက မေတ္တာ …..
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon