Myanmar News

Myanmar News

Share

Mratt's Channel 28/06/2022

လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီးမှာ မြိုင်မြို့နယ်မှ မနန္ဒာဖြစ်ပြီး သရက်မြို့မရဲစခန်း မှ CDM ရဲတပ်သား ဇော်လင်း အောင်ကို လွတ်မြောက်စေရန် ကူညီပေးမှုဖြင့် စစ်တပ်နှင့် ပျူစောထီးက ခေါင်းဖြတ် သတ်ခဲ့

By ရန်ကုန်ခေတ်သစ်

ယခုရက်ပိုင်းအတွင်း လူမှုကွန် ရက်များတွင် အမျိုးသမီး တစ်ဦးကို‌ ခေါင်းဖြတ် သည့် ဗီဒီယိုဖိုင် ပြန့်နှံ့နေပြီး စစ်တပ်ထောက်ခံသူများက အမျိုး သမီး တစ်ဦးကို PDF များ၏ ခေါင်းဖြတ် သတ်သည့် လုပ်ရပ်ဟု ဝါဒဖြန့်လျက်ရှိနေသည်။

အမှန်တကယ် လက်တွေ့တွင် အဆိုပါဗီဒီယိုထဲတွင် ခေါင်းဖြတ်ခံရသူ အမျိုး သမီး မှာ မြိုင်မြို့နယ်၊ ကြံစိမ့်ကြီးကျေးရွာမှ လမ်းခင်းကျောက် လုပ်ငန်း လုပ် ကိုင်သူ မနန္ဒာ (ရန်ကုန်မှ ခဏပြန်လာသူ) ဖြစ်ပြီး ၎င်းသည် သရက်မြို့မ ရဲ စခန်းမှ CDM ရဲတပ်သား ဇော်လင်း အောင် ထွက်ပြေး လွတ်မြောက်စေရန် ကူညီ ဖေးမ ခဲ့သူ ဖြစ်သည်။

စစ်တပ်၊ ရဲနှင့် ပျူစောထီးများက CDM ရဲတပ်သား ဇော်လင်းအောင်ကို ကူညီ ပေးမှုဖြင့် မနန္ဒာကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် ခေတ်သစ် က စုံစမ်း သိရှိရသည်။

ယင်းအခြေအနေများနှင့်ပတ်သက်ပြီး မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ခေါင်းဖြတ်သတ်တဲ့ဖြစ်စဉ် မြိုင်မှာဖြစ်တာလား။ အသတ်ခံ ရတဲ့ အမျိုးသမီးက ဘယ်သူလဲ။ ဘာကြောင့် အသတ်ခံရတာလဲ။

ဖြေ။ ။ ဒီကိစ္စ မြိုင်မှာ ဖြစ်တဲ့ကိစ္စ မှန်ပါတယ်။ မြိုင်မြို့နယ်၊ ကြံစိမ့်ကြီး ကျေးရွာအုပ်စု၊ ကြံစိမ့်ကြီး ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စပါ။ ရှင်မတောင် တောင် ခြေအနီးမှာ ကြံစိမ့်ကြီးကျေးရွာအုပ်စု ကြံစိမ်းကြီး ကြံစိမ့်လေး၊ တောင် ကြား ဆိုတဲ့ ရွာ ၃ ရွာရှိတယ်။

ပခုက္ကူ တပ်မ ၁၀၁ နဲ့ မြိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ကြံစိမ့်ကြီးကျေးရွာကို ရောက်ရှိလာပြီးတော့ CDM လုပ်တဲ့ ရဲတပ်သား ဇော်လင်းအောင်ကို လိုက်လံ ရှာ ဖွေရာမှာ CDM ရဲ ဇော်လင်းအောင် ထွက်ပြေးတာကို လက်ခံ ကူညီပေးတဲ့ အတွက် ကျေးရွာသူ လမ်းခင်းကျောက်ထုတ်လုပ်ငန်းလုပ်သူ မနန္ဒာ (ရန်ကုန်မှ ခဏ ပြန်လာသူ)ကို မေးမြန်းပြီး ခေါင်းဖြတ်သတ်ဖြတ်တယ်။

CDM လုပ်တဲ့ ရဲတပ်သားဇော်လင်းအောင်က သရက်မြို့မရဲစခန်းက ရဲ။ ဇာတိ က မြိုင်က ။ အဲဒါ CDM လုပ်ပြီး မြိုင်ကို ပြန်လာတာ။ အဲဒါကို ရန်ကုန်ကနေ ပြန်ရောက်လာတဲ့ မနန္ဒာက ရဲတပ်သား လွတ်သွားအောင် ကူညီပေး လိုက် တယ်။

အဲဒီအမှုနဲ့ စစ်ဆေးမေးမြန်းမှုမရှိဘဲနဲ့ တပ်နဲ့ပါလာတဲ့ ပျူစောထီးတွေက မကျေ နပ် ချက်နဲ့ စွပ်စွဲပြီးတော့ မနန္ဒာကို ခေါင်းဖြတ် သတ်တာ။ နောက်လူ တွေ မလုပ်ရဲအောင် အကြောက်တရားနဲ့ လုပ်ပြသွားတာ။ ခေါင်းဖြတ် သတ်တဲ့ သူတွေက တပ်မ ၁၀၁၊ မြိုင်ရဲစခန်း ပူးပေါင်းထားတဲ့ ရှင်မတောင်ဆရာတော် (မဘသ) ခေါင်း ဆောင်တဲ့ ပျူစောထီး(ခေါ်) ပြည်သူ့စစ်တွေက အဲဒီလို သတ် သွား တာပါ။ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မှာ ဖြစ်တာပါ။

မေး။ ။ မနန္ဒာကို ခေါင်းဖြတ်သတ်တာကို စစ်တပ်ဘက်က ဝါဒဖြန့် တာက PDF က ခေါင်းဖြတ်သတ်သလို ဝါဒဖြန့် နေတယ်။ အဲဒါ မဟုတ်ဘူးဆိုတာ ဘယ်လို ခိုင်ခိုင်မာမာရှင်းနိုင်မလဲ။

ဖြေ။ ။ အဲဒီဒေသက မြိုင်နဲ့ ရေစကြို နယ်ကြား ဒေသဖြစ်ပါတယ်။ အဲဒီ ဒေသ ဟာ မြိုင်အစွန်အဖျားဖြစ်တဲ့အပြင် ရှင်မတောင် သဘာ၀ ထိန်း သိမ်းရေး နယ်မြေအတွင်းမှာ ကျရောက်နေတဲ့ ဒေသလည်းဖြစ်တယ်။

ပြီးခဲ့တဲ့ NLD အစိုး ရ လက်ထက်မှာ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုး တက် စေရေးနဲ့ ရေပြတ် လပ်မှု မရှိစေရေး အထူး အလေး ထား ဆောင်ရွက်ပေးခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေရဲ့ မသိနားမလည်မှုကို အသုံးချပြီး စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ပုံစံလိုမျိုး ဆောင်ရွက်ခဲ့ခြင်း ဖြစ် တယ်။

အဓိက CDM ဝန်ထမ်းတွေ၊ တပ်CDM တွေ ၊ ရဲ CDM တွေ လက်မခံရဲအောင် စံပြအနေနဲ့ လုပ်တယ်ဆိုပြီး ကြုံးဝါးပြီး သေချာ ရိုက်ကူးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ် ကို ဒေသခံတွေ အားလုံး သိကြတယ်။ မြိုင်မှာ ဒီဖြစ်စဉ်က နာမည် ကြီး ဖြစ် စဉ်ပါ။ စစ်တပ်၊ ပျူစောထီးနဲ့ ရဲတွေ ဘယ်လောက်ရက်စက်လဲဆိုတာ ပြည်သူ တွေ သိသွားတဲ့လုပ်ရပ်ပါ။

မေး။ ။ လုပ်ငန်းရှင် မနန္ဒာကို ခေါင်းဖြတ်သတ်တဲ့အထဲမှာ ပါတဲ့ တပ်နာ မည်၊ ရဲစခန်းနဲ့ ပျူစောထီးတွေကို သေသေချာချာ ပြန်ပြောပေးပါ။

ဖြေ။ ။ တပ်က ပခုက္ကူ တပ်မ ၁၀၁၊ မြိုင်ရဲစခန်းနဲ့ ကန်နီရွာ ၊ သရက်ကွ၊ ဝက်ပုတ် ကျေးရွာမှာနေတဲ့ ပြည်သူ့စစ်(ခေါ်) ပျူစောထီးက လုပ်ခဲ့တာ ဖြစ် ပါတယ်။

ဒီလို ဗီဒီယို ရိုက်ကူးပြီးတော့ PDF တွေအားကောင်းတဲ့ ဒေသ ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အားကောင်းတဲ့ ဒေသ၊ ပြည်သူ့အာဏာ ပြည်သူပိုင်တဲ့ နေရာ တွေမှာ သပ်လျှိုသွေးခွဲဖို့ တမင်ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးပြီး PDF တွေကို အထင် လွဲအောင် လုပ်ဖို့ ၊ PDF အားပေးတဲ့သူတွေ ကြောက်အောင် ခြိမ်း ခြောက် ဖို့ ရိုက်ကူးသွားခဲ့တာပါ။

မြိုင်မြို့နယ်တစ်မြို့နယ်လုံးမှာ စစ်တပ်က ပြည်သူ့စစ်(ခေါ်)ပျူစောထီး ၆ ဖွဲ့ အင်အား (၂၀၀)ဦး၊ လက်နက်(၁၂၀) တပ်ဆင်ထားရှိပါတယ်။

vedio

စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ဖမ်းဆီးထားခဲ့သော မနန္ဒာ။

များများ share ပေးပါ မအလ သားတွေဘယ်လောက်ယုတ်မာလဲဆိုတာ ကမ္ဘာကပိုသိအောင်လို့
Vedio link ပါ
ရောဂါအခံရှိလို့ စိတ်မခိုင်ရင် လုံးဝမကြည့်သင့်ပါ❌
-

Mratt's Channel Mratt Kyaw Thu's Public Channel for News Update. It's verifed Channel. Please be aware of fake ones.

26/06/2022

"တိုင်းပြည်အတွက် ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရပေမယ့်စစ်အာဏာရှင်ကို ဆက်လက်လှန်တော်လှန်မယ်" ဆိုတဲ့ pdf လူငယ်တစ်ဦး

"ကိုယ့်သူငယ်ချင်းတွေလည်း အများကြီးသေသွားတာ။ ငါက လက်ကလေးပဲ ပြတ်တာ ဘာမှမဖြစ်ဘူး...တော်လှန်ရေးဆက်လုပ်လို့ရသေးတယ်ဆိုတဲ့အတွေးနဲ့ပဲ ဆက်လုပ်နေတာ"

သတင်းများဆက်လက် ကြည့်ရှု့ရန် Page လေးကို like လုပ်ထားကြပါဦး

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon