Pyae sone linn

Pyae sone linn

Share

19/05/2023

တစ်ခါတစ်လေမှာ...
စိတ်ခံစားချက်ကို
ဦးစားပေးလွန်းရင်

နောက်ဆုံး ရလာမှာက
နောင်တ တွေပေါ့ ။

အဲ့လိုနောင်တတွေ
နာကျင်စရာတွေ ရလာသည့်တိုင်
ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ဆိုတဲ့
စကားတွေ ကြောင့်

ပိုပြီး နာကျင်ရတတ်တယ် ။

#သျှင်ယွန်း

19/05/2023

မျက်နှာဖုံးနှောက်က ကျတဲ့မျက်ရည်
---------------------------------------
ငါနင့်ကို အရမ်းချစ်တယ်
ဒါပေမဲ့ မဖစ်နိုင်ပါပူး

နင်က ငါမဟုတ်တဲ့
တခြားတယောက်ကို ချစ်နေတာလေဟာ

ငါတကယ်ပြောတာပါ
လောကမှာ ကိုယ်ဖစ်ချင်တာ တစ်ခုလုပ်ခွင့်ရှိရင်

ငါလေ နင့်ရင်ထဲမှာရှိတဲ့
နင်တကယ်ချစ်တဲ့ သူရဲ့

မျက်နှာ ပုံစံအတိုင်း
ငါ ခွဲစိတ်ပြုပြင်လိုက်ချင်တယ်ဟာ

ပြီးရင်
ငါလေ

နင့်ကို
အရမ်းချစ်

အရမ်းကြင်နာ
အရမ်းအလိုလိုက်

အရမ်းသဝန်တို
အရမ်း မနာလိုျှနင်လိုသမျှ
ငါအကုန်ဖြည့်ဆည်းပေးချင်တာ

အာ့လိုဆို
နင်အရမ်း ပျော်သွားမှာလား

ဟုတ်မှာဘာလေ
နင်ပျော်မှာဘာ

နင်ပျော်ရင် ငါလဲ ပျော်မှာဘာ
မျက်ရည်ကျရုံ တခုပဲ့ပေါ့

ငါကျတဲ့ မျက်ရည်ဟာ
မြစ်ချောင်း အင်းအိုင်

ပင်လယ် ပြင်တွေလောက်
မများပေမဲ့

အဓိပ္ပါယ်ကတော့
နှိုင်းယှဉ်လို့မရပါပူးကွာ

ငါဆုတောင်းပါတယ်
ငါ့မျက်နှာဖုံး

တနေ့ နင်လာခွာပါစေလို့
အာ့နောက်က မျက်ရည်ကို

ကြည့်ပြီး နင်
နောင်တ မရပါစေနဲ့လို့

ဆုတောင်းရင်း

18/05/2023

ငါကြေကွဲရသလောက် မင်းပျော်ပါစေ ...

ဒါဟာ မင်းအတွက် ကိုယ်ပေးနိုင်တယ်လို့ထင်တဲ့ ဆုတောင်းလေး တစ်ခုပါ မင်းမရှိတော့တဲ့ဘ၀မှာ အစစအရာရာ အဆင်ပြေလာမှာလဲ မဟုတ်သလို ပြေအောင်နေဖို့လဲ သိပ်ပြီးတွေးဖြစ်မယ်မထင်ဘူး ။ အများကြီး ကြေကွဲနေတဲ့သူမို့ မင်းကို အများကြီး ပျော်စေချင်ရုံပါ ။

အဆင်မပြေဘူးဆိုတဲ့ အသံလေးကြားရင် နေနိုင်အောင်နေတဲ့ကြားက ​ပြေးပြေးကြည့်တတ်တဲ့ အကျင့်လေးကလဲ အခုချိန်ထိ ပြင်ဖို့ခက်တယ် ။ TikTok Viber facebook မင်းရှိနေတဲ့ နေရာတိုင်း မင်းမသိအောင် ခိုးခိုးပြီးကြည့်ပြီး ခိုးခိုးငိုရတာလေးတွေကို သဘောကျ နှစ်ခြိုက်နေမိတယ်ပဲထင်ပါတယ် ။ တကယ်ဆို ငါ ကိုယ်တိုင်လဲ ဒီ၀ဋ်တွေက ကိုယ်လဲ လွှတ်ချင်ပါပြီ ဒါပေမယ့် မရုန်းထွက်မိသေးတာ ။

ငါ မရှိလဲ အဆင်​ပြေနေတာပဲဆိုတာကို သိတာပေါ့ ။ ဒါပေမယ့် တစ်နေရာရာများ ငါ့ကို လိုလာမလားဆိုပြီး အဆင်ပြေရဲ့လား ငေးကြည့်နေမိတာ ။ မတော်တဆများ ငါ့ကို လွမ်းမလား လိုက်ရှာနေမိတာ ။ ပြီးတော့ အကြိမ်ကြိမ်အခါခါလဲ ကိုယ်တွေးထားတာနဲ့ လွဲပါတယ် ။ ဘယ်တုန်းကမှ မလိုအပ်ခဲ့ဖူးဆိုတဲ့ အမှန်တရားကို လက်သင့်မခံချင်ခဲ့တာပါ ။

ထားပါတော့... ဒီနေ့မှာ ဒီလိုကျန်ခဲ့ရမယ်ဆိုတဲ့ ကံပဲ ပါလာခဲ့တာနေမှာပါဆိုပြီး ကံတရားကိုပဲ အပြစ်တင်ပါတယ် မင်းကို အပြစ်လုံး၀မမြင်ပါဘူး ။ တစ်ခုပဲ ...ကိုယ်ကြေကွဲရသလောက် မင်းကိုတော့ ပျော်စေချင်တယ် ။ မဟုတ်ရင် ငါ ငိုကြွေးနေရတာတွေဟာ ဘယ်တန်ပါ့မလဲ ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

Photos from Pyae sone linn's post 01/05/2023

Please admin .တင်ခင့်ပြုပါခင်မျ စိန်ရွှေကုန်း ကျေးရွာ ။ဘွက်ကြီးရပ်ကွက် ဓမ္မရံသီဘုန်းကြီးကျောင်းလမ်းထဲ ပေ 20.50 အဝီစိရေတွင်း .မီတာဘောက်ပါ ခြံကွက် ရောင်းရန်ရှိသည် အိမ်အဟောင်းပါ ကားဝင်ထွက်လို့ရသည်။ ခေါ်ဈေး သိန်း150 လျှော့တင်းရှိပါသည် ဆက်သွယ်ရန် ။09.972829869

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Sein Shwe Konw. Ward. Hmawbi Tsp
Yangon

Opening Hours

09:00 - 17:00