Earth Wise

Earth Wise

Share

20/01/2021

ပြောင်းလဲမှုလေးတစ်ခုကို အတူတူ စလိုက်ကြရအောင် 🎉✨🎗️

Earth Wiser လေးတို့အတွက် အသစ်ထပ်မံ ယူဆောင်လာတာကတော့ 21 Days Challenge Program လေးပဲဖြစ်ပါတယ်။

ဒီအစီအစဉ်လေးမှာတော့ အောက်က Poster မှာပြထားတဲ့ ဒီ (၆) ခုထဲကနေ ကိုယ်က ဘာတွေကို လုပ်ခဲ့ဖူးလဲ ဆိုတာကို Comment မှာ ဝန်ခံ ရမှာပါ။

(၁) အမှိုက်ချတာ
(၂) Plastic တွေ သုံးမိနေတာ
(၃) အမှိုက်မီးရှို့တာ
(၄) ကွမ်းတံတွေးထွေးတာ
(၅) ရေတွေ ဖွင့်ချထားမိတာ
(၆) ဆေးလိပ်သောက်တာ

(ဥပမာ- ကိုယ်က အမှိုက်ချဖူးတယ်ဆိုရင်
ကျွန်တော်/မ အမှိုက်ချဖူးပါတယ်၊ ဒီနေ့ကစပြီး နောင် ၂၁ ရက်တိုင်တိုင် ကျွန်တော်/မ အမှိုက်မချပါဘူး ဆိုပြီး ကိုယ့်ကိုယ်ကို Challenge ခေါ်ရမှာဖြစ်ပါတယ်)

ကိုယ်က ဒီ ၂၁ ရက်လုံးကို သတိပြု နေထိုင်ပြီးတဲ့အခါ ကိုယ့်မှာ ခိုင်မာတဲ့ အလေ့အကျင့်လေး တစ်ခုကိုရသွားပါလိမ့်မယ်။

ကိုယ့်ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ မိမိက စတင်လိုက်ကြရအောင်နော်

ဒီနေ့ကနေ 21 ရက်ကြာတဲ့အခါ Page မှာ Challenge ပြီးဆုံးကြောင်း Post တစ်ခု ပြန်တင်ပေးပါမယ်။ အဲဒီမှာ ကိုယ်က ဒီ ၂၁ ရက်လုံးမှာ အောင်မြင်လား၊ ကျဆုံးလား ဝန်ခံရမှာ ဖြစ်ပါတယ်။

ကဲ ဒါဆို ကိုယ်ကနေ ပြောင်းလဲမှု တစ်ခုကိ​ု စတင်လိုက်ကြရအောင်။ အားလုံးကို ၂၁ ရက်ကြာတဲ့အခါ ဂုဏ်ပြုပေးဖို့ စောင့်မျှော်နေပါတယ်နော်

“ It's never too late to love the earth ”



31/12/2020

HAPPY NEW YEAR!!!!!! 🥳🥳🥳🥳🥳

နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ကျန်းမာပျော်ရွှင်အောင်မြင်စွာဖြတ်သန်းနိုင်ကြပါစေလို့ Earth Wise မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

27/12/2020

အိမ်မှာနေပြီး ခလုတ်လေးတစ်ချက် နှိပ်လိုက်ရုံနဲ့ သင်ဟာ သဘာဝ ပတ်ဝန်းကျင်ကို စောင့်ရှောက်နေတဲ့သူဖြစ်သွားပါပြီ

ဒီ Our Future without Single Use Plastics campaign လေးကိုတော့ Thabawa Bamboo Toothbrush Company နဲ့ Great Change S Organizationနဲ့ ပူးပေါင်းပြီး ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

တစ်လတာ ကြာမြင့်မယ့် campaign လေးဖြစ်ပြီး ဒီတစ်လတာ ကာလအတွင်းမှာ သဘာဝ ဝါးသွားတိုက်တံ (၃) ချောင်း ရောင်းရတာနဲ့ သစ်ပင်တစ်ပင်စိုက်ပေးသွားမှာပဲ ဖြစ်ပါတယ်။🥳

အိမ်မှာနေရင်း သဘာဝ ဝါးသွားတိုက်တံ (၃) ချောင်း မှာယူလိုက်တာနဲ့ ကမ္ဘာမြေပြင်ပေါ်မှာ သစ်ပင်တစ်ပင် ရှင်သန်လာမှာပဲ ဖြစ်ပါတယ်။🌱

ကမ္ဘာကြီးဟာ ကားတွေကထွက်တဲ့ ဓာတ်ငွေ့တွေ၊ ‌စက်ရုံတွေကနေထွက်လာတဲ့ ဓာတ်ငွေ့တွေ၊ ဖုန်မှုန့်တွေကြောင့် နေမကောင်းဖြစ်နေပါတယ်။😥

ဒါ့အပြင် လူတွေက ကမ္ဘာကြီး‌ေနမ‌ေကာင်းမဖြစ်‌ေအာင် ကာကွယ်ပေးနေတဲ့ သစ်ပင်လေးတွေကို ရက်ရက်စက်စက် ခုတ်ပစ်ပါသေးတယ်။🙁

အဲ့လူတွေထဲမှာ သင်ကော ပါချင်လား🙁

မပါချင်ရင်တော့ ဒီ campaign လေးမှာ ပါဝင်လိုက်ကြရအောင်နော်🙆

သဘာဝ ဝါးသွားတိုက်တံကို သုံးချင်သူတွေအတွက် ဒီမှာ မှာယူနိုင်ပါတယ်👇👇

https://bit.ly/3atd4dh

ဒီ link ထဲ ဝင်ပြီး ကြိုက်နှစ်သက်တဲ့ သုံးချောင်း ရွေးပြီးရင် voucher code မှာ TBWXCGS ဆိုပြီး ရိုက်ထည့်လိုက်တာနဲ့ Our future without single use plastic campaign မှာ ပါဝင်သွားပြီဖြစ်တာကြောင့် ကမ္ဘာမြေပေါ်မှာ သစ်ပင်တစ်ပင် ရှင်သန်လာတော့မှာပဲဖြစ်ပါတယ်။🥳

ကဲ...ကမ္ဘာမြေကြီးပေါ်မှာ သစ်ပင်လေး‌‌ေတွတစ်ပင်မက ရှင်သန်လာဖို့ အဆင်သင့်ဖြစ်ပြီလား😍

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon